Ligue1 Match Report

မက်ဆီနဲ့ စဖွင့်ပြီး အမ်ဘာပေနဲ့ အဆုံးသတ်ခဲ့လို့ နွန့်စ်ကို နိုင်ပွဲရခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဆာဂျီယို ရာမို့စ်၊ မားကင်ညို့စ်နဲ့ ဒါနီလို ပါရဲရားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မူခီယေးလီ၊ နူနို မန်ဒက်စ်၊ ဗီတင်ညာ၊ ဇိုင်ယာ-အမ်မရီနဲ့ ဖာဘီယန် ရူးဝီးဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မက်ဆီနဲ့ အမ်ဘာပေတို့နှစ်ဦးကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နွန့်စ်တို့ကတော့ ဂိုးသမား လာဖွန့်၊ ခံစစ်မှာ ဂျီရော့တို၊ ပယ်လွာ၊ ကတ်စတယ်လက်တို၊ ဆင်တွန်ဇီနဲ့ ဟက်ဒ်ဂျမ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ မိုလေး၊ မူဆာ ဆစ်ဆိုကိုနဲ့ မူတူးဆာမိတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဂါနာဂိုနဲ့ ဘလာ့စ်တို့ကို ပွဲထုတ်လာခဲ့ကြတာပါ။

ပွဲချိန် ၁၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဖာဘီယန် ရူးဝီးဇ်က ဘယ်ခြမ်းကို ခင်းပေးရာမှာ တောင်ပံကနေ ဖြတ်တင်ပေးခဲ့တဲ့ နူနို မန်ဒက်စ်ရဲ့ ပေးပို့မှုက နွန့်စ်နောက်ခံလူနဲ့ထိပြီး ဧရိယာထဲကို ပြန်ကျလာခဲ့တဲ့ ဘောလုံးကို မက်ဆီက အနိမ့်ဘော ပြေးပိတ်ပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ပီအက်စ်ဂျီတို့ပဲ ဒုတိယဂိုးနဲ့ ထပ်မံဦးဆောင်ခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဧရိယာထဲ ဆွဲဝင်လာတဲ့ အမ်ဘာပေ ဘောလုံးပျက်ရာကနေ နောက်က ပါလာတဲ့ နူနို မန်ဒက်စ်က ကန်သွင်းရာမှာ နွန့်စ်ဂိုးသမား လာဖွန့် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်ကနေ ပိတ်သွင်းဖို့ ပြေးဝင်လာတဲ့ မူခီယေးလီကို ဂိုးမသွင်းနိုင်အောင် တားဆီးဖို့ ကြိုးစားတဲ့ ဟက်ဒ်ဂျမ်ရဲ့ လျှောထိုးဖျက်ထုတ်မှုက ဘောလုံးကို ဂိုးထဲ ဝင်သွားစေခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ နွန့်စ်တို့ တစ်ဂိုးပြန်လည်ချေပသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဟက်ဒ်ဂျမ်က ရှေ့ကို ထိုးပေးရာမှာ တိုက်စစ်မှူး ဘလာ့စ်က လိုက်လံရယူခဲ့ပြီး ရှေ့က ပိတ်ထားတဲ့ ဗီတင်ညာကို ကျော်ပြီး ဂိုးရှေ့ကို ဖြတ်ပို့ရာမှာ ဂိုးထဲ ဝင်လာခဲ့တဲ့ ဘောလုံးကို အာရုံစိုက်မှု အားနည်းနေတဲ့ ဂိုးသမား ဒွန်နာရမ်မာ မဖမ်းနိုင်ခဲ့ဘဲ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာ နွန့်စ်တို့ပဲ ဒုတိယချေပဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီတစ်ခါမှာတော့ တိုက်စစ်မှူးနှစ်ဦးစလုံး ဂိုးသွင်းစာရင်းမှာ ပါဝင်သွားနိုင်ခဲ့တာဖြစ်သလို ကွင်းလယ်လူ မိုလေးရဲ့ ညာထောင့်ကန်ဘောကို တိုက်စစ်မှူး ဂါနာဂိုက နောက်ပြန်ခေါင်းတိုက်သွင်းခဲ့ရာမှာ ဒွန်နာရမ်မာကို ကျော်လာခဲ့တဲ့ ဘောလုံးကို နောက်ခံလူတွေဖြစ်တဲ့ ပယ်လွာနဲ့ ကက်စတယ်လက်တိုတို့ ခေါင်းတိုက်ဖို့ ကြိုးစားပေမယ့် မထိခဲ့တာကြောင့် ဂါနာဂိုရဲ့ ဂိုးပဲ ဖြစ်ခဲ့တာပါ။

ပထမပိုင်းမှာတော့ နှစ်ဂိုးစီသရေကျနေခဲ့ကြပြီး ပီအက်စ်ဂျီတို့အနေနဲ့ အပြောင်းအလဲလုပ်ချင်ပေမယ့် မင်းသားကွင်းမှာ အထူးကုဆေးရုံ ဖွင့်ရမယ့်ပုံ ပေါ်နေတဲ့ ပါရီသားတွေရဲ့ အရန်ခုံမှာ အီကီတီကီနဲ့ ကားလို့စ် ဆိုလာတို့နှစ်ယောက်ပဲ လောက်လောက်လားလား ရှိနေခဲ့တာကြောင့် နည်းပြ ဂယ်လ်တီယေးအနေနဲ့ ဒီလူတွေနဲ့ပဲ ဆက်ကစားဖို့ ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ပီအက်စ်ဂျီတို့ ဦးဆောင်ဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ မက်ဆီ ဖြတ်တင်ပေးတာကို နွန့်စ်ခံစစ်က ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို အမ်ဘာပေက ညာခြမ်းကနေ ဂိုးရှေ့ကို ထပ်မံဖြတ်တင်ပေးရာမှာ နောက်ခံလူ ဒါနီလို ပါရဲရားက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ သုံးဂိုး-နှစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒီနောက်မှာတော့ ပီအက်စ်ဂျီတို့ဘက်က မူခီယေးလီ၊ မားကင်ညို့စ်နဲ့ ဇိုင်ယာ-အမ်မရီတို့အစား ကားလို့စ် ဆိုလာ၊ ဘစ်ရှီယာဘူးနဲ့ ပမ်ဘီလီတို့ကို လဲကစားသွားခဲ့သလို နွန့်စ်တို့ဘက်ကတော့ မိုလေး၊ ပယ်လွာ၊ ဟက်ဒ်ဂျမ်၊ ဂါနာဂိုနဲ့ ဆစ်ဆိုကိုတို့အစား မိုစတာဖာ မိုဟာမက်၊ ဂျာအို ဗစ်တာ၊ ဆိုင်မွန်၊ ကိုကိုနဲ့ ဂူဆွန်းတို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်လာခဲ့ကြပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ နွန့်စ်နောက်ခံလူ ကတ်စတယ်လက်တိုရဲ့ အမှားကနေ ဖြတ်ယူနိုင်ခဲ့တဲ့ လူစားဝင်ကစားသမား ပမ်ဘီလီက ဧရိယာထဲကို အနိမ့်ဘော ချိုးပေးရာမှာ အမ်ဘာပေက တစ်ချက် ထိန်းပြီး ဘယ်ခြေနဲ့ တစ်ပတ်လှည့်ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ လေးဂိုး-နှစ်ဂိုးနဲ့ ပြီးဆုံးခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် ပီအက်စ်ဂျီတို့အနေနဲ့ လိဂန်အမှတ်ပေးဇယားမှာ ၂၆ ပွဲကစား ၆၃ မှတ်နဲ့ ဒုတိယနေရာက မာဆေးလ်ကို ၁၁ မှတ်အထိ ဖြတ်ပစ်လိုက်သလို ဒဏ်ရာတွေ များနေခဲ့ပေမယ့် အိမ်ကွင်းမှာ အမှားအယွင်းမရှိ နိုင်ပွဲရပြီး အမ်ဘာပေကတော့ ပြင်သစ်ဂိုးသွင်းဘုရင်ဆုအတွက် ၁၇ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ဆာဂ်ီယို ရာမို႔စ္၊ မားကင္ညိဳ႕စ္နဲ႔ ဒါနီလို ပါရဲရားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မူခီေယးလီ၊ ႏူႏို မန္ဒက္စ္၊ ဗီတင္ညာ၊ ဇိုင္ယာ-အမ္မရီနဲ႔ ဖာဘီယန္ ႐ူးဝီးဇ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီနဲ႔ အမ္ဘာေပတို႔ႏွစ္ဦးကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ႏြန႔္စ္တို႔ကေတာ့ ဂိုးသမား လာဖြန႔္၊ ခံစစ္မွာ ဂ်ီေရာ့တို၊ ပယ္လြာ၊ ကတ္စတယ္လက္တို၊ ဆင္တြန္ဇီနဲ႔ ဟက္ဒ္ဂ်မ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုေလး၊ မူဆာ ဆစ္ဆိုကိုနဲ႔ မူတူးဆာမိတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဂါနာဂိုနဲ႔ ဘလာ့စ္တို႔ကို ပြဲထုတ္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဖာဘီယန္ ႐ူးဝီးဇ္က ဘယ္ျခမ္းကို ခင္းေပးရာမွာ ေတာင္ပံကေန ျဖတ္တင္ေပးခဲ့တဲ့ ႏူႏို မန္ဒက္စ္ရဲ႕ ေပးပို႔မႈက ႏြန႔္စ္ေနာက္ခံလူနဲ႔ထိၿပီး ဧရိယာထဲကို ျပန္က်လာခဲ့တဲ့ ေဘာလုံးကို မက္ဆီက အနိမ့္ေဘာ ေျပးပိတ္ၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ ပီအက္စ္ဂ်ီတို႔ပဲ ဒုတိယဂိုးနဲ႔ ထပ္မံဦးေဆာင္ခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဧရိယာထဲ ဆြဲဝင္လာတဲ့ အမ္ဘာေပ ေဘာလုံးပ်က္ရာကေန ေနာက္က ပါလာတဲ့ ႏူႏို မန္ဒက္စ္က ကန္သြင္းရာမွာ ႏြန႔္စ္ဂိုးသမား လာဖြန႔္ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္ကေန ပိတ္သြင္းဖို႔ ေျပးဝင္လာတဲ့ မူခီေယးလီကို ဂိုးမသြင္းႏိုင္ေအာင္ တားဆီးဖို႔ ႀကိဳးစားတဲ့ ဟက္ဒ္ဂ်မ္ရဲ႕ ေလွ်ာထိုးဖ်က္ထုတ္မႈက ေဘာလုံးကို ဂိုးထဲ ဝင္သြားေစခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ႏြန႔္စ္တို႔ တစ္ဂိုးျပန္လည္ေခ်ပသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ဟက္ဒ္ဂ်မ္က ေရွ႕ကို ထိုးေပးရာမွာ တိုက္စစ္မႉး ဘလာ့စ္က လိုက္လံရယူခဲ့ၿပီး ေရွ႕က ပိတ္ထားတဲ့ ဗီတင္ညာကို ေက်ာ္ၿပီး ဂိုးေရွ႕ကို ျဖတ္ပို႔ရာမွာ ဂိုးထဲ ဝင္လာခဲ့တဲ့ ေဘာလုံးကို အာ႐ုံစိုက္မႈ အားနည္းေနတဲ့ ဂိုးသမား ဒြန္နာရမ္မာ မဖမ္းႏိုင္ခဲ့ဘဲ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာ ႏြန႔္စ္တို႔ပဲ ဒုတိယေခ်ပဂိုး ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီတစ္ခါမွာေတာ့ တိုက္စစ္မႉးႏွစ္ဦးစလုံး ဂိုးသြင္းစာရင္းမွာ ပါဝင္သြားႏိုင္ခဲ့တာျဖစ္သလို ကြင္းလယ္လူ မိုေလးရဲ႕ ညာေထာင့္ကန္ေဘာကို တိုက္စစ္မႉး ဂါနာဂိုက ေနာက္ျပန္ေခါင္းတိုက္သြင္းခဲ့ရာမွာ ဒြန္နာရမ္မာကို ေက်ာ္လာခဲ့တဲ့ ေဘာလုံးကို ေနာက္ခံလူေတြျဖစ္တဲ့ ပယ္လြာနဲ႔ ကက္စတယ္လက္တိုတို႔ ေခါင္းတိုက္ဖို႔ ႀကိဳးစားေပမယ့္ မထိခဲ့တာေၾကာင့္ ဂါနာဂိုရဲ႕ ဂိုးပဲ ျဖစ္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ႏွစ္ဂိုးစီသေရက်ေနခဲ့ၾကၿပီး ပီအက္စ္ဂ်ီတို႔အေနနဲ႔ အေျပာင္းအလဲလုပ္ခ်င္ေပမယ့္ မင္းသားကြင္းမွာ အထူးကုေဆး႐ုံ ဖြင့္ရမယ့္ပုံ ေပၚေနတဲ့ ပါရီသားေတြရဲ႕ အရန္ခုံမွာ အီကီတီကီနဲ႔ ကားလို႔စ္ ဆိုလာတို႔ႏွစ္ေယာက္ပဲ ေလာက္ေလာက္လားလား ရွိေနခဲ့တာေၾကာင့္ နည္းျပ ဂယ္လ္တီေယးအေနနဲ႔ ဒီလူေတြနဲ႔ပဲ ဆက္ကစားဖို႔ ေ႐ြးခ်ယ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ပီအက္စ္ဂ်ီတို႔ ဦးေဆာင္ဂိုး ထပ္မံရယူသြားႏိုင္ခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန မက္ဆီ ျဖတ္တင္ေပးတာကို ႏြန႔္စ္ခံစစ္က ရွင္းထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို အမ္ဘာေပက ညာျခမ္းကေန ဂိုးေရွ႕ကို ထပ္မံျဖတ္တင္ေပးရာမွာ ေနာက္ခံလူ ဒါနီလို ပါရဲရားက ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ သုံးဂိုး-ႏွစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒီေနာက္မွာေတာ့ ပီအက္စ္ဂ်ီတို႔ဘက္က မူခီေယးလီ၊ မားကင္ညိဳ႕စ္နဲ႔ ဇိုင္ယာ-အမ္မရီတို႔အစား ကားလို႔စ္ ဆိုလာ၊ ဘစ္ရွီယာဘူးနဲ႔ ပမ္ဘီလီတို႔ကို လဲကစားသြားခဲ့သလို ႏြန႔္စ္တို႔ဘက္ကေတာ့ မိုေလး၊ ပယ္လြာ၊ ဟက္ဒ္ဂ်မ္၊ ဂါနာဂိုနဲ႔ ဆစ္ဆိုကိုတို႔အစား မိုစတာဖာ မိုဟာမက္၊ ဂ်ာအို ဗစ္တာ၊ ဆိုင္မြန္၊ ကိုကိုနဲ႔ ဂူဆြန္းတို႔ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္လာခဲ့ၾကပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အႏိုင္ေသခ်ာေစမယ့္ စတုတၳဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ႏြန႔္စ္ေနာက္ခံလူ ကတ္စတယ္လက္တိုရဲ႕ အမွားကေန ျဖတ္ယူႏိုင္ခဲ့တဲ့ လူစားဝင္ကစားသမား ပမ္ဘီလီက ဧရိယာထဲကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ အမ္ဘာေပက တစ္ခ်က္ ထိန္းၿပီး ဘယ္ေျခနဲ႔ တစ္ပတ္လွည့္ကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ေလးဂိုး-ႏွစ္ဂိုးနဲ႔ ၿပီးဆုံးခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ ပီအက္စ္ဂ်ီတို႔အေနနဲ႔ လိဂန္အမွတ္ေပးဇယားမွာ ၂၆ ပြဲကစား ၆၃ မွတ္နဲ႔ ဒုတိယေနရာက မာေဆးလ္ကို ၁၁ မွတ္အထိ ျဖတ္ပစ္လိုက္သလို ဒဏ္ရာေတြ မ်ားေနခဲ့ေပမယ့္ အိမ္ကြင္းမွာ အမွားအယြင္းမရွိ ႏိုင္ပြဲရၿပီး အမ္ဘာေပကေတာ့ ျပင္သစ္ဂိုးသြင္းဘုရင္ဆုအတြက္ ၁၇ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.