La Liga Premier League

ထိပ်တန်းပစ်မှတ်ကို လိုချင်ရင် ယူရို ၆၅ သန်းပေးလို့ အပြောခံလိုက်ရတဲ့ အထည်ကြီးပျက် ဘာစီလိုနာ

ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ မန်ချက်စတာစီးတီးဟာ ဘာစီလိုနာပစ်မှတ် ဘာနာဒို ဆေးလ်ဗားရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၆၅ သန်းသတ်မှတ်လိုက်တယ်လို့ Catalonian daily Sport က ဖော်ပြခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ ၂၀၁၇ ခုနှစ်မှာ ယူရိုသန်း ၅၀ ဝန်းကျင်နဲ့ မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အဲဒီအချိန်ကတည်းက ဂွါဒီယိုလာရဲ့အသင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ် နောက်ဆုံး ၆ နှစ်အတွင်း ဆုဖလား ၁၁ လုံးအထိ ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ဟာ မကြာသေးမီက မန်ချက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့ချင်နေတဲ့ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိသူဖြစ်ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ပြသခဲ့ပေမယ့်လည်း ဖရန်ကီ ဒီ ယုံးက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခြင်းမရှိခဲ့တာကြောင့် ခေါ်ယူနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

ဇာဗီရဲ့အသင်းဟာ ဇန်နဝါရီလမှာ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ နောက်ထပ်တစ်ကြိမ် အားထုတ်ခဲ့ပေမယ့်လည်း မန်စီးတီးက ၎င်းတို့ရဲ့ အရေးပါတဲ့ကစားသမားနဲ့ရာသီလယ်မှာ လမ်းခွဲလိုတဲ့ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပြန်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလ ၂ ခုစလုံးမှာ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေမယ့်လည်း ကတ်တလန်အသင်းကြီးက ဘာနာဒို ဆေးလ်ဗားကို နူးကမ့်ကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ပြီး ယခုရာသီကုန်မှာ နောက်ထပ်တစ်ကြိမ် ကြိုးပမ်းသွားမယ်လို့ မျှော်မှန်းခြင်းခံနေရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကလည်း ယခုလာမယ့်နွေရာသီမှာတော့ ဘာနာဒို ဆေးလ်ဗားကို ရောင်းထုတ်တော့မယ့်ပုံပေါ်နေပြီး ယူရို ၆၅ သန်းဝန်းကျင် ကမ်းလှမ်းမှု ရရှိမယ်ဆိုရင် ပေါ်တူဂီကြယ်ပွင့်ကို ထွက်ခွာခွင့်ပေးသွားမယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ သတင်းရင်းမြစ်ကပဲ ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးျဖစ္တဲ့ မန္ခ်က္စတာစီးတီးဟာ ဘာစီလိုနာပစ္မွတ္ ဘာနာဒို ေဆးလ္ဗားရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ယူ႐ို ၆၅ သန္းသတ္မွတ္လိုက္တယ္လို႔ Catalonian daily Sport က ေဖာ္ျပခဲ့ပါတယ္။

ဘာနာဒို ေဆးလ္ဗားဟာ ၂၀၁၇ ခုႏွစ္မွာ ယူ႐ိုသန္း ၅၀ ဝန္းက်င္နဲ႔ မိုနာကိုအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ဂြါဒီယိုလာရဲ႕အသင္းအတြက္ အေရးပါတဲ့ကစားသမားအျဖစ္ ေနာက္ဆုံး ၆ ႏွစ္အတြင္း ဆုဖလား ၁၁ လုံးအထိ ရရွိေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ဟာ မၾကာေသးမီက မန္ခ်က္စတာစီးတီးအသင္းကေန ေျပာင္းေ႐ႊ႕ခ်င္ေနတဲ့ဆႏၵကို လွ်ိဳ႕ဝွက္ထားျခင္းမရွိသူျဖစ္ၿပီး ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ဘာနာဒို ေဆးလ္ဗားကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း ျပသခဲ့ေပမယ့္လည္း ဖရန္ကီ ဒီ ယုံးက မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ျခင္းမရွိခဲ့တာေၾကာင့္ ေခၚယူႏိုင္ျခင္းမရွိခဲ့တာ ျဖစ္ပါတယ္။

ဇာဗီရဲ႕အသင္းဟာ ဇန္နဝါရီလမွာ ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ကို ေခၚယူႏိုင္ဖို႔ ေနာက္ထပ္တစ္ႀကိမ္ အားထုတ္ခဲ့ေပမယ့္လည္း မန္စီးတီးက ၎တို႔ရဲ႕ အေရးပါတဲ့ကစားသမားနဲ႔ရာသီလယ္မွာ လမ္းခြဲလိုတဲ့ဆႏၵမရွိတာေၾကာင့္ အေျပာင္းအေ႐ႊ႕ မျဖစ္ေျမာက္ခဲ့ျပန္တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကာလ ၂ ခုစလုံးမွာ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့ေပမယ့္လည္း ကတ္တလန္အသင္းႀကီးက ဘာနာဒို ေဆးလ္ဗားကို ႏူးကမ့္ကို ေခၚယူဖို႔ စိတ္ပိုင္းျဖတ္ထားဆဲျဖစ္ၿပီး ယခုရာသီကုန္မွာ ေနာက္ထပ္တစ္ႀကိမ္ ႀကိဳးပမ္းသြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံေနရတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကလည္း ယခုလာမယ့္ေႏြရာသီမွာေတာ့ ဘာနာဒို ေဆးလ္ဗားကို ေရာင္းထုတ္ေတာ့မယ့္ပုံေပၚေနၿပီး ယူ႐ို ၆၅ သန္းဝန္းက်င္ ကမ္းလွမ္းမႈ ရရွိမယ္ဆိုရင္ ေပၚတူဂီၾကယ္ပြင့္ကို ထြက္ခြာခြင့္ေပးသြားမယ္လို႔ အေပၚမွာ ေျပာခဲ့တဲ့ သတင္းရင္းျမစ္ကပဲ ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.