Match Report Premier League

ဘုန်းမောက်ကို VAR အကျောပေးပြီး Come Back အနိုင်ယူပြခဲ့တဲ့ ဆင်ပျံကြီး အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ဖာဘီယို ဗီယာရာနဲ့ အော်ဒီဂွါဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာတီနယ်လီ၊ ဆာကာနဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘုန်းမောက်တို့က‌တော့ ဂိုးသမား နီတို၊ ခံစစ်မှာ ဆီနက်ဆီ၊ မက်ဖမ်၊ စတီဖင်စ်၊ အဒမ် စမစ်နဲ့ ဇီမူရာတို့ကို စုဖွဲ့ပေးခဲ့ပြီး ကွင်းလယ်မှာတော့ ရော့သ်ဝဲလ်၊ ဘီလင်း၊ အူယက်တာရာနဲ့ ဆီမင်ညိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆိုလန်ကီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲစလို့ ဆယ်စက္ကန့်တောင် မပြည့်သေးခင်မှာပဲ အာဆင်နယ်တို့ ဂိုးပေးလိုက်ရပြီး ဒီဂိုးကိုတော့ စပေးဘောကနေ ညာခြမ်းက ဖြတ်တင်ပေးတဲ့ ဘောလုံးကို အထနှေးနေတဲ့ အိမ်ရှင် ခံစစ်က မဖျက်လိုက်နိုင်တာကနေ ဘုန်းမောက်တိုက်စစ်မှူး ဆိုလန်ကီက ယူဖို့ ကြိုးစားရာမှာ သူနဲ့ ခုပြီး လမ်းကြောင်း ပြောင်းလာတဲ့ ဘောလုံးကို နောက်က ပါလာတဲ့ ဘီလင်းက ပြေးပိတ်သွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးရအပြီးမှာ အာဆင်နယ်တို့ ချက်ချင်းလိုပဲ တုံ့ပြန်ဖို့ ကြိုးစားလာခဲ့ပြီး အော်ဒီဂွါဒ်ရဲ့ ကန်ချက်ကို နီတို ပုတ်ထုတ်ခဲ့ရသလို နောက်ကနေ ပါလာတဲ့ ဆာကာ ဆက်တိုက်ကန်သွင်းရာမှာလည်း မျက်နှာနဲ့ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဘုန်းမောက်တို့ ချက်ချင်း ဂိုးပြန်မပေးရဘဲ ထိန်းကစားခွင့် ရသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့ပဲ ဘောလုံးပိုင်ဆိုင်မှု ၈၆ ရာခိုင်နှုန်းအထိ အသာစီးယူပြီး ကစားနေခဲ့ချိန်မှာ ညာခြမ်းက တိုမီယာစုကတော့ ပက်ပက်စက်စက် ညံ့နေခဲ့ပြီး အသင်းကစားကွက်ကို မကူညီနိုင်ခဲ့သလို အထိန်းအသိမ်းနဲ့ ဖြတ်တင်မှု၊ ဘောလုံးဖြန့်ဝေမှုတွေမှာပါ လိုအပ်ချက်တွေ များနေခဲ့သလို ကပ္ပတိန် အော်ဒီဂွါဒ်ကလည်း ကန်မရမှ ဘောလုံးပေးဖို့ ကြိုးစားပြီး ဟီးရိုးဖြစ်ချင်နေတာက အသင်းအတွက် ခက်ခဲခဲ့တာပါ။

VAR ကတော့ ထုံးစံအတိုင်းပဲ အာဆင်နယ်တို့ကို နှောင့်ယှက်ဖျက်ဆီးသွားခဲ့သလို ဧရိယာထဲမှာ သိသိသာသာကြီး လက်ထိတဲ့ မက်ဖမ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို ပင်နယ်တီ မပေးဘဲ မျက်နှာပြောင်တိုက်သွားခဲ့ပြီး ဘုန်းမောက်တို့ တန်းဆင်းဇုန်လွတ်အောင် ကူညီမှာလားလို့ မေးစရာဖြစ်ခဲ့ချိန်မှာ နည်းပြ အာတီတာအတွက်တော့ စိတ်ပျက်စရာအဖြစ် ထရော့ဆတ် နာသွားခဲ့လို့ စမစ်ရိုးနဲ့ လူလဲခဲ့ရတဲ့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ညာနောက်ခံမှာ သုံးစားမရတဲ့ ဂျပန်သား တိုမီယာစုအစား ဘန်ဝှိုက်ကို အာဆင်နယ်တို့ ထည့်ကစားလာခဲ့ပေမယ့် ကွင်းလယ်ကစားကွက်ကတော့ တက်လာခြင်း မရှိခဲ့ဘဲ စမစ်ရိုးနဲ့ ဖာဘီယို ဗီယာရာတို့ရဲ့ ဘယ်ခြမ်းက အသင်းအတွက် အကူအညီ မရဘဲဖြစ်နေခဲ့သလို အော်ဒီဂွါဒ်ကလည်း ဖန်တီးမှု မလုပ်နိုင်ဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ ဘုန်းမောက်တို့ပဲ ဒုတိယဂိုး သွင်းယူသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ဖရီးကစ်ကနေ ဆက်ရတဲ့ ထောင့်ကန်ဘောကို ရော့သ်ဝဲလ်ကပဲ ဘယ်ခြမ်းကနေ ကန်တင်ပေးရာမှာ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ လိုက်မျောနေကြသူတွေ များနေတဲ့ ခံစစ်ကြားက ရောက်လာတဲ့ ဘောလုံးကို နောက်ခံလူ ဆီနက်ဆီက ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဆာကာရဲ့ ညာထောင့်ကန်ဘောကို ဂိုးသမား နီတို ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို စမစ်ရိုးက ညာဘက်ကို ခေါင်းပြန်တိုက်ချပေးခဲ့ရာမှာ အချိန်ကိုက် ပြေးဝင်လာနိုင်ခဲ့တဲ့ ပါတေးက အနီးကပ် အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ဂိုးပေးရအပြီးမှာ ဘုန်းမောက်တို့ဘက်က ဇီမူရာနဲ့ ဆီမင်ညိုတို့အစား ဖရက်ဒရစ်ခ်နဲ့ အန်ထော်နီတို့ကို ထည့်သွင်းခဲ့သလို အာဆင်နယ်တို့ကတော့ အလုပ်မဖြစ်တဲ့ စမစ်ရိုးအစား နယ်လ်ဆန်ကို နည်းပြ အာတီတာက ရဲရဲရင့်ရင့် လဲထည့်သွားခဲ့ပြီး ဒါက ပွဲထဲကို ပြန်လည်ဝင်နိုင်ဖို့ ကြီးမားတဲ့ အလှည့်အပြောင်းလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ အာဆင်နယ်တို့ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လူစားဝင်လာတဲ့ နယ်လ်ဆန်ရဲ့ ဘယ်ခြမ်းက ဖြတ်တင်ပေးပို့မှုကို ညာနောက်ခံလူ ဘန်ဝှိုက်က မြေမကျ ပြေးပိတ်ခဲ့ရာမှာ ဂိုးသမား နီတိုက ဂိုးစည်းကျော်မှ ပုတ်ထုတ်နိုင်ခဲ့လို့ ဒိုင်လူကြီး နာရီကနေ ဂိုးဝင်ကြောင်း အချက်ပေးမှုနဲ့အတူ နှစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ ဘုန်းမောက်တို့ရဲ့ အချိန်ဆွဲသမျှကို ခံစားခဲ့ရသလို VAR ရဲ့ လက်ထိသမျှ မပေးနဲ့လို့ ညွှန်ကြားထားသမျှကိုလည်း နာနာကျင်ကျင် ကျော်ဖြတ်ခဲ့ရပြီး နည်းပြ အာတီတာကတော့ သူတို့ရဲ့ နောက်ဆုံး ကြွေပစ်မှုအနေနဲ့ ကွင်းလယ်က ဖာဘီယို ဗီယာရာအစား ချာကာကို ထည့်ပြီး ပိတ်ကစားနေတဲ့ ဧည့်သည်တွေရဲ့ ဧရိယာထဲမှာ လူပိုရှိနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ အာဆင်နယ်တို့ တတိယဂိုးနဲ့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဒုတိယဂိုးကို ဖန်တီးပေးခဲ့တဲ့ နယ်လ်ဆန်ကပဲ သွင်းယူပေးခဲ့တာဖြစ်ပြီး ဘုန်းမောက်ခံစစ်က ရှင်းထုတ်လိုက်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူပေးခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့အနေနဲ့ ပြီးပြည့်စုံတဲ့ Come Back နိုင်ပွဲကို ဒိုင်ညစ်သမျှ ကျော်ဖြတ်ပြီး ဖန်တီးနိုင်ခဲ့သလို ဘုန်းမောက်တို့ရဲ့ အချိန်ဆွဲကစားမှုရဲ့ ရလဒ်က ဘာဖြစ်သွားတယ်ဆိုတာကို ပညာပေးနိုင်ခဲ့ကြပြီး သုံးဂိုး-နှစ်ဂိုး အောင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်က ငါးမှတ်ဖြတ် ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ဖာဘီယို ဗီယာရာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မာတီနယ္လီ၊ ဆာကာနဲ႔ ထေရာ့ဆတ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘုန္းေမာက္တို႔က‌ေတာ့ ဂိုးသမား နီတို၊ ခံစစ္မွာ ဆီနက္ဆီ၊ မက္ဖမ္၊ စတီဖင္စ္၊ အဒမ္ စမစ္နဲ႔ ဇီမူရာတို႔ကို စုဖြဲ႕ေပးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေရာ့သ္ဝဲလ္၊ ဘီလင္း၊ အူယက္တာရာနဲ႔ ဆီမင္ညိဳတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆိုလန္ကီတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲစလို႔ ဆယ္စကၠန႔္ေတာင္ မျပည့္ေသးခင္မွာပဲ အာဆင္နယ္တို႔ ဂိုးေပးလိုက္ရၿပီး ဒီဂိုးကိုေတာ့ စေပးေဘာကေန ညာျခမ္းက ျဖတ္တင္ေပးတဲ့ ေဘာလုံးကို အထေႏွးေနတဲ့ အိမ္ရွင္ ခံစစ္က မဖ်က္လိုက္ႏိုင္တာကေန ဘုန္းေမာက္တိုက္စစ္မႉး ဆိုလန္ကီက ယူဖို႔ ႀကိဳးစားရာမွာ သူနဲ႔ ခုၿပီး လမ္းေၾကာင္း ေျပာင္းလာတဲ့ ေဘာလုံးကို ေနာက္က ပါလာတဲ့ ဘီလင္းက ေျပးပိတ္သြားခဲ့တာျဖစ္ပါတယ္။

ဂိုးေပးရအၿပီးမွာ အာဆင္နယ္တို႔ ခ်က္ခ်င္းလိုပဲ တုံ႔ျပန္ဖို႔ ႀကိဳးစားလာခဲ့ၿပီး ေအာ္ဒီဂြါဒ္ရဲ႕ ကန္ခ်က္ကို နီတို ပုတ္ထုတ္ခဲ့ရသလို ေနာက္ကေန ပါလာတဲ့ ဆာကာ ဆက္တိုက္ကန္သြင္းရာမွာလည္း မ်က္ႏွာနဲ႔ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ဘုန္းေမာက္တို႔ ခ်က္ခ်င္း ဂိုးျပန္မေပးရဘဲ ထိန္းကစားခြင့္ ရသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္တို႔ပဲ ေဘာလုံးပိုင္ဆိုင္မႈ ၈၆ ရာခိုင္ႏႈန္းအထိ အသာစီးယူၿပီး ကစားေနခဲ့ခ်ိန္မွာ ညာျခမ္းက တိုမီယာစုကေတာ့ ပက္ပက္စက္စက္ ညံ့ေနခဲ့ၿပီး အသင္းကစားကြက္ကို မကူညီႏိုင္ခဲ့သလို အထိန္းအသိမ္းနဲ႔ ျဖတ္တင္မႈ၊ ေဘာလုံးျဖန႔္ေဝမႈေတြမွာပါ လိုအပ္ခ်က္ေတြ မ်ားေနခဲ့သလို ကပၸတိန္ ေအာ္ဒီဂြါဒ္ကလည္း ကန္မရမွ ေဘာလုံးေပးဖို႔ ႀကိဳးစားၿပီး ဟီး႐ိုးျဖစ္ခ်င္ေနတာက အသင္းအတြက္ ခက္ခဲခဲ့တာပါ။

VAR ကေတာ့ ထုံးစံအတိုင္းပဲ အာဆင္နယ္တို႔ကို ေႏွာင့္ယွက္ဖ်က္ဆီးသြားခဲ့သလို ဧရိယာထဲမွာ သိသိသာသာႀကီး လက္ထိတဲ့ မက္ဖမ္ရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈကို ပင္နယ္တီ မေပးဘဲ မ်က္ႏွာေျပာင္တိုက္သြားခဲ့ၿပီး ဘုန္းေမာက္တို႔ တန္းဆင္းဇုန္လြတ္ေအာင္ ကူညီမွာလားလို႔ ေမးစရာျဖစ္ခဲ့ခ်ိန္မွာ နည္းျပ အာတီတာအတြက္ေတာ့ စိတ္ပ်က္စရာအျဖစ္ ထေရာ့ဆတ္ နာသြားခဲ့လို႔ စမစ္႐ိုးနဲ႔ လူလဲခဲ့ရတဲ့ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ညာေနာက္ခံမွာ သုံးစားမရတဲ့ ဂ်ပန္သား တိုမီယာစုအစား ဘန္ဝႈိက္ကို အာဆင္နယ္တို႔ ထည့္ကစားလာခဲ့ေပမယ့္ ကြင္းလယ္ကစားကြက္ကေတာ့ တက္လာျခင္း မရွိခဲ့ဘဲ စမစ္႐ိုးနဲ႔ ဖာဘီယို ဗီယာရာတို႔ရဲ႕ ဘယ္ျခမ္းက အသင္းအတြက္ အကူအညီ မရဘဲျဖစ္ေနခဲ့သလို ေအာ္ဒီဂြါဒ္ကလည္း ဖန္တီးမႈ မလုပ္ႏိုင္ဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဘုန္းေမာက္တို႔ပဲ ဒုတိယဂိုး သြင္းယူသြားခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ဖရီးကစ္ကေန ဆက္ရတဲ့ ေထာင့္ကန္ေဘာကို ေရာ့သ္ဝဲလ္ကပဲ ဘယ္ျခမ္းကေန ကန္တင္ေပးရာမွာ ကိုယ့္အလုပ္ကိုယ္မလုပ္ဘဲ လိုက္ေမ်ာေနၾကသူေတြ မ်ားေနတဲ့ ခံစစ္ၾကားက ေရာက္လာတဲ့ ေဘာလုံးကို ေနာက္ခံလူ ဆီနက္ဆီက ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဆာကာရဲ႕ ညာေထာင့္ကန္ေဘာကို ဂိုးသမား နီတို ပုတ္ထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို စမစ္႐ိုးက ညာဘက္ကို ေခါင္းျပန္တိုက္ခ်ေပးခဲ့ရာမွာ အခ်ိန္ကိုက္ ေျပးဝင္လာႏိုင္ခဲ့တဲ့ ပါေတးက အနီးကပ္ အျပင္းကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ဂိုးေပးရအၿပီးမွာ ဘုန္းေမာက္တို႔ဘက္က ဇီမူရာနဲ႔ ဆီမင္ညိဳတို႔အစား ဖရက္ဒရစ္ခ္နဲ႔ အန္ေထာ္နီတို႔ကို ထည့္သြင္းခဲ့သလို အာဆင္နယ္တို႔ကေတာ့ အလုပ္မျဖစ္တဲ့ စမစ္႐ိုးအစား နယ္လ္ဆန္ကို နည္းျပ အာတီတာက ရဲရဲရင့္ရင့္ လဲထည့္သြားခဲ့ၿပီး ဒါက ပြဲထဲကို ျပန္လည္ဝင္ႏိုင္ဖို႔ ႀကီးမားတဲ့ အလွည့္အေျပာင္းလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ အာဆင္နယ္တို႔ သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လူစားဝင္လာတဲ့ နယ္လ္ဆန္ရဲ႕ ဘယ္ျခမ္းက ျဖတ္တင္ေပးပို႔မႈကို ညာေနာက္ခံလူ ဘန္ဝႈိက္က ေျမမက် ေျပးပိတ္ခဲ့ရာမွာ ဂိုးသမား နီတိုက ဂိုးစည္းေက်ာ္မွ ပုတ္ထုတ္ႏိုင္ခဲ့လို႔ ဒိုင္လူႀကီး နာရီကေန ဂိုးဝင္ေၾကာင္း အခ်က္ေပးမႈနဲ႔အတူ ႏွစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ဘုန္းေမာက္တို႔ရဲ႕ အခ်ိန္ဆြဲသမွ်ကို ခံစားခဲ့ရသလို VAR ရဲ႕ လက္ထိသမွ် မေပးနဲ႔လို႔ ၫႊန္ၾကားထားသမွ်ကိုလည္း နာနာက်င္က်င္ ေက်ာ္ျဖတ္ခဲ့ရၿပီး နည္းျပ အာတီတာကေတာ့ သူတို႔ရဲ႕ ေနာက္ဆုံး ေႂကြပစ္မႈအေနနဲ႔ ကြင္းလယ္က ဖာဘီယို ဗီယာရာအစား ခ်ာကာကို ထည့္ၿပီး ပိတ္ကစားေနတဲ့ ဧည့္သည္ေတြရဲ႕ ဧရိယာထဲမွာ လူပိုရွိႏိုင္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယဂိုးနဲ႔ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ဒုတိယဂိုးကို ဖန္တီးေပးခဲ့တဲ့ နယ္လ္ဆန္ကပဲ သြင္းယူေပးခဲ့တာျဖစ္ၿပီး ဘုန္းေမာက္ခံစစ္က ရွင္းထုတ္လိုက္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူေပးခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔အေနနဲ႔ ၿပီးျပည့္စုံတဲ့ Come Back ႏိုင္ပြဲကို ဒိုင္ညစ္သမွ် ေက်ာ္ျဖတ္ၿပီး ဖန္တီးႏိုင္ခဲ့သလို ဘုန္းေမာက္တို႔ရဲ႕ အခ်ိန္ဆြဲကစားမႈရဲ႕ ရလဒ္က ဘာျဖစ္သြားတယ္ဆိုတာကို ပညာေပးႏိုင္ခဲ့ၾကၿပီး သုံးဂိုး-ႏွစ္ဂိုး ေအာင္ပြဲနဲ႔ အမွတ္ေပးဇယားထိပ္က ငါးမွတ္ျဖတ္ ဦးေဆာင္မႈကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.