Match Report Premier League

ငှက်ကျားကို ချက်စားပြီး ဂန်းနားကို ဖမ်းစားမှာလို့ သတိပေးလိုက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ဖိုဒန်နဲ့ ဟားလန်းတို့ကို တွဲဖက်ပေးလာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ လာဆယ်လက်စ်၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ လောင်းစတပ်ဖ်တို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ ကယ်လမ် ဝီလ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာပါ။

အားလုံး ခန့်မှန်းထားတဲ့အတိုင်း အဝေးကွင်းမှာ ငှက်ကျားတွေ ပိတ်ကစားလာခဲ့သလို မန်စီးတီးတို့ကတော့ ဂိုးပေါက်ရှာတွေ့ဖို့ ဘောလုံး ပိုင်ဆိုင်မှုသာနဲ့ ကြိုးပမ်းလာခဲ့ကြပြီး ပွဲမတိုင်ခင်က နယူးကာဆယ်လ်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးလို့ အချိုကျွေးထားတဲ့ ဂွါဒီယိုလာကတော့ အက်ဒီဟောင်းတို့ကို အမှန်အကန်စားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရိုဒရီက ညာခြမ်းကို တင်ပေးခဲ့တဲ့ ဖြတ်တင်ပေးပို့မှုကို လက်ခံရရှိခဲ့တဲ့ ဖိုဒန်က တစ်ကိုယ်တော် ပါဝါရိန်းဂျားအစွမ်းနဲ့ ဧရိယာထဲကို ဆွဲဝင်ခဲ့ရာမှာ နယူးကာဆယ်ခံစစ်က လေးငါးယောက် ဝိုင်းဖျက်လို့ မပျက်တဲ့ အနေအထားမှာ ဂိုးသမား နစ်ခ် ပုပ်နဲ့ အနီးကပ် ကန်ထည့်သွားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ မန်စီးတီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ နယူးကာဆယ်လ်တို့ ချေပဂိုး ပြန်ရဖို့ ကြိုးစားလာခဲ့ပေမယ့် အိမ်မပြည့်တဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ဂေါ်ဒန်တစ်ယောက်တည်း မျက်နှာငယ်နေခဲ့ရသလို အသင်းကို ဘာမှ မကူတတ်တဲ့ ဒန်ဘန်းနဲ့ သုံးယောက်ခံစစ်ကစားပြီး ထရစ်ပီယာကို ညာခြမ်းက ရှေ့တက်ခိုင်းဖို့ကလည်း တကယ်တမ်းမှာတော့ အမှားတွေပဲဖြစ်နေခဲ့ပါတယ်။

အလုပ်မဖြစ်တဲ့ တိုက်စစ်ကို ပြောင်းလဲဖို့ နယူးကာဆယ်လ်တို့ဘက်က စတင်အပြောင်းအလဲလုပ်ခဲ့ပြီး လောင်းစတပ်ဖ်၊ ဂေါ်ဒန်နဲ့ ဝီလ်ဆန်တို့ အစား ဝီလော့ခ်၊ စန်မက်ဇီမန်နဲ့ အီဆက်ခ်တို့ကို ထည့်သွင်းခဲ့ပေမယ့် အဝါထိထားတဲ့ ဂျိုလင်တန်ကို မလဲခဲ့တာက အက်ဒီဟောင်းရဲ့ ဉာဏ်ရည်ကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့သလို မန်စီးတီးခံစစ်ကို အနည်းငယ် ဖိအားပေးနိုင်ခဲ့တာကလွဲရင် ဂိုးပေါက်ခြိမ်းခြောက်ဖို့က လိုအပ်ချက်တွေ များနေခဲ့တာပါ။

ဟားလန်းကတော့ ဒီနေ့ပွဲမှာ ဂိုးသွင်းဖို့ထက် တစ်ဖက်အသင်းရဲ့ ခံစစ်ကို ထင်ယောင်ထင်မှားဖြစ်အောင် Dummy Run တွေနဲ့ ဦးဆောင်သွားခဲ့တာကြောင့် ၂၇ ဂိုးထက် ထပ်မတိုးခဲ့သလို မန်စီးတီးဂိုးသမား အီဒါဆန်ကတော့ ဒလန်လား မေးရလောက်အောင်ဖြစ်ခဲ့ပြီး သူ့ကြောင့်ပဲ ပင်နယ်တီ ပေးရမလိုလို အနေအထားကိုတောင် ရောက်ရှိခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာ ဒီဘရိုင်းနားအစား ဘာနာဒို ဆေးလ်ဗား ဝင်လာခဲ့ပြီး နှစ်မိနစ်အကြာမှာတော့ အိမ်ရှင်တွေ ဒုတိယဂိုး ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ထရစ်ပီယာရဲ့ ဘောလုံးပေးမှားတာကနေ ဘယ်ခြမ်းက ဂရီးလစ်ရှ် ဆွဲပြေးပြီး ချိုးပေးရာမှာ ဟားလန်းက မယူဘဲ နောက်ပေါက်နဲ့ ချပေးတဲ့ ဘောလုံးကို ဘာနာဒိုက ဧရိယာထဲကနေ အနီးကပ် ကန်သွင်းယူသွားခဲ့တာပါ။

မတော်တဆ ရှေ့တက်လာတဲ့ ဒန်ဘန်းအနေနဲ့ ဂရီးလစ်ရှ်ကို တက်နင်းအပြီးမှာတော့ ဟားလန်းနဲ့ ပွဲဖြစ်ပြီး တစ်ဝါစီ ထိခဲ့အပြီးမှာတော့ မိုးလွန်မှ ထွန်ချတဲ့အနေနဲ့ နယူးကာဆယ်လ်တို့ဘက်က အယ်လ်မီရွန်အစား မာဖီနဲ့ အရှည်ကြီးအစား တားဂက်တို့ကို ထည့်သွင်းခဲ့ပေမယ့် မန်စီးတီးတို့ရဲ့ ပါးနပ်တဲ့ အသင်းကြီး ခြေစွမ်းရှေ့မှာ ပြန်လာဖို့တော့ အချိန်မမီတော့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာ‌တော့ မန်ချက်စတာစီးတီးတို့က နယူးကာဆယ်လ်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဦးဆောင်သူ အာဆင်နယ်တို့ကို ဆက်လက် ဖိအားပေးနိုင်ခဲ့သလို မှားရင်တော့ စားမှာပဲလို့ ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပြီး ငှက်ကျားတွေကတော့ အက်ဒီဟောင်းရဲ့ အမှားတွေမှာ လေးပွဲဆက် နိုင်ပွဲပျောက်ရင်း အဆင့် ၄ ကိုတောင် ဝင်နိုင်ဖို့ မရေရာတော့တဲ့ အဖြစ်ကို ရောက်ရှိသွားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ အာကန္ဂ်ီ၊ ႐ူဘင္ ဒီယက္စ္နဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္နဲ႔ ဒီဘ႐ိုင္းနားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ ဖိုဒန္နဲ႔ ဟားလန္းတို႔ကို တြဲဖက္ေပးလာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ထရစ္ပီယာ၊ လာဆယ္လက္စ္၊ ေဘာ့တ္မန္၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဂ်ိဳလင္တန္နဲ႔ ေလာင္းစတပ္ဖ္တို႔ကို စုဖြဲ႕ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ ကယ္လမ္ ဝီလ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

အားလုံး ခန႔္မွန္းထားတဲ့အတိုင္း အေဝးကြင္းမွာ ငွက္က်ားေတြ ပိတ္ကစားလာခဲ့သလို မန္စီးတီးတို႔ကေတာ့ ဂိုးေပါက္ရွာေတြ႕ဖို႔ ေဘာလုံး ပိုင္ဆိုင္မႈသာနဲ႔ ႀကိဳးပမ္းလာခဲ့ၾကၿပီး ပြဲမတိုင္ခင္က နယူးကာဆယ္လ္က ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးလို႔ အခ်ိဳေကြၽးထားတဲ့ ဂြါဒီယိုလာကေတာ့ အက္ဒီေဟာင္းတို႔ကို အမွန္အကန္စားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ႐ိုဒရီက ညာျခမ္းကို တင္ေပးခဲ့တဲ့ ျဖတ္တင္ေပးပို႔မႈကို လက္ခံရရွိခဲ့တဲ့ ဖိုဒန္က တစ္ကိုယ္ေတာ္ ပါဝါရိန္းဂ်ားအစြမ္းနဲ႔ ဧရိယာထဲကို ဆြဲဝင္ခဲ့ရာမွာ နယူးကာဆယ္ခံစစ္က ေလးငါးေယာက္ ဝိုင္းဖ်က္လို႔ မပ်က္တဲ့ အေနအထားမွာ ဂိုးသမား နစ္ခ္ ပုပ္နဲ႔ အနီးကပ္ ကန္ထည့္သြားႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ မန္စီးတီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ နယူးကာဆယ္လ္တို႔ ေခ်ပဂိုး ျပန္ရဖို႔ ႀကိဳးစားလာခဲ့ေပမယ့္ အိမ္မျပည့္တဲ့ ဘယ္ျခမ္းတိုက္စစ္မွာ ေဂၚဒန္တစ္ေယာက္တည္း မ်က္ႏွာငယ္ေနခဲ့ရသလို အသင္းကို ဘာမွ မကူတတ္တဲ့ ဒန္ဘန္းနဲ႔ သုံးေယာက္ခံစစ္ကစားၿပီး ထရစ္ပီယာကို ညာျခမ္းက ေရွ႕တက္ခိုင္းဖို႔ကလည္း တကယ္တမ္းမွာေတာ့ အမွားေတြပဲျဖစ္ေနခဲ့ပါတယ္။

အလုပ္မျဖစ္တဲ့ တိုက္စစ္ကို ေျပာင္းလဲဖို႔ နယူးကာဆယ္လ္တို႔ဘက္က စတင္အေျပာင္းအလဲလုပ္ခဲ့ၿပီး ေလာင္းစတပ္ဖ္၊ ေဂၚဒန္နဲ႔ ဝီလ္ဆန္တို႔ အစား ဝီေလာ့ခ္၊ စန္မက္ဇီမန္နဲ႔ အီဆက္ခ္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ အဝါထိထားတဲ့ ဂ်ိဳလင္တန္ကို မလဲခဲ့တာက အက္ဒီေဟာင္းရဲ႕ ဉာဏ္ရည္ကို ေမးခြန္းထုတ္စရာ ျဖစ္ခဲ့သလို မန္စီးတီးခံစစ္ကို အနည္းငယ္ ဖိအားေပးႏိုင္ခဲ့တာကလြဲရင္ ဂိုးေပါက္ၿခိမ္းေျခာက္ဖို႔က လိုအပ္ခ်က္ေတြ မ်ားေနခဲ့တာပါ။

ဟားလန္းကေတာ့ ဒီေန႔ပြဲမွာ ဂိုးသြင္းဖို႔ထက္ တစ္ဖက္အသင္းရဲ႕ ခံစစ္ကို ထင္ေယာင္ထင္မွားျဖစ္ေအာင္ Dummy Run ေတြနဲ႔ ဦးေဆာင္သြားခဲ့တာေၾကာင့္ ၂၇ ဂိုးထက္ ထပ္မတိုးခဲ့သလို မန္စီးတီးဂိုးသမား အီဒါဆန္ကေတာ့ ဒလန္လား ေမးရေလာက္ေအာင္ျဖစ္ခဲ့ၿပီး သူ႔ေၾကာင့္ပဲ ပင္နယ္တီ ေပးရမလိုလို အေနအထားကိုေတာင္ ေရာက္ရွိခဲ့ေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာ ဒီဘ႐ိုင္းနားအစား ဘာနာဒို ေဆးလ္ဗား ဝင္လာခဲ့ၿပီး ႏွစ္မိနစ္အၾကာမွာေတာ့ အိမ္ရွင္ေတြ ဒုတိယဂိုး ရရွိသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ထရစ္ပီယာရဲ႕ ေဘာလုံးေပးမွားတာကေန ဘယ္ျခမ္းက ဂရီးလစ္ရွ္ ဆြဲေျပးၿပီး ခ်ိဳးေပးရာမွာ ဟားလန္းက မယူဘဲ ေနာက္ေပါက္နဲ႔ ခ်ေပးတဲ့ ေဘာလုံးကို ဘာနာဒိုက ဧရိယာထဲကေန အနီးကပ္ ကန္သြင္းယူသြားခဲ့တာပါ။

မေတာ္တဆ ေရွ႕တက္လာတဲ့ ဒန္ဘန္းအေနနဲ႔ ဂရီးလစ္ရွ္ကို တက္နင္းအၿပီးမွာေတာ့ ဟားလန္းနဲ႔ ပြဲျဖစ္ၿပီး တစ္ဝါစီ ထိခဲ့အၿပီးမွာေတာ့ မိုးလြန္မွ ထြန္ခ်တဲ့အေနနဲ႔ နယူးကာဆယ္လ္တို႔ဘက္က အယ္လ္မီ႐ြန္အစား မာဖီနဲ႔ အရွည္ႀကီးအစား တားဂက္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ မန္စီးတီးတို႔ရဲ႕ ပါးနပ္တဲ့ အသင္းႀကီး ေျခစြမ္းေရွ႕မွာ ျပန္လာဖို႔ေတာ့ အခ်ိန္မမီေတာ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာ‌ေတာ့ မန္ခ်က္စတာစီးတီးတို႔က နယူးကာဆယ္လ္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ၿပီး ဦးေဆာင္သူ အာဆင္နယ္တို႔ကို ဆက္လက္ ဖိအားေပးႏိုင္ခဲ့သလို မွားရင္ေတာ့ စားမွာပဲလို႔ ၿခိမ္းေျခာက္ႏိုင္ခဲ့တာျဖစ္ၿပီး ငွက္က်ားေတြကေတာ့ အက္ဒီေဟာင္းရဲ႕ အမွားေတြမွာ ေလးပြဲဆက္ ႏိုင္ပြဲေပ်ာက္ရင္း အဆင့္ ၄ ကိုေတာင္ ဝင္ႏိုင္ဖို႔ မေရရာေတာ့တဲ့ အျဖစ္ကို ေရာက္ရွိသြားခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.