Premier League

တန်ဟက်ကို မန်ယူနိုက်တက်မသွားဖို့ တားဆီးခဲ့တဲ့ သရဲနီနည်းပြဟောင်း

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း လူးဝစ္စ ဗန်ဟားလ်က အဲရစ် တန်ဟက်ကို ပြီးခဲ့တဲ့နှစ်မှာ မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်လာမှာကို သတိပေး တားဆီးခဲ့တယ်လို့ သိရပါတယ်။

တန်ဟက်ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ ပရီးမီးယားလိဂ်ကလပ်အသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့အတွက် အိုင်းယက်စ်အသင်းကို စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ အိုးထရက်ဖို့ဒ်မှာ အသင်းကို မယုံနိုင်စရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့သူဖြစ်ပြီး ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်လ်ကို ၂-၀ နဲ့ အနိုင်ယူပြီးနောက် ၆ နှစ်အတွင်း ပထမဆုံး ဆုဖလားကို ရရှိအောင် ဦးဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တန်ဟက်ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ De Graafschap အသင်းဖော်ဟောင်း ဟန်းစ် ခရိုင်းက အိုင်းယက်စ် နည်းပြဟောင်း အစပိုင်းမှာ အပြောင်းအရွှေ့အတွက် သတိပေးခြင်းခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး မန်ယူနိုက်တက်နည်းပြဟောင်း ဗန်ဟားလ်က တစ်နိုင်ငံတည်းသားကို ပရီးမီးယားလိဂ်ကလပ်မှာ ရှိနေတဲ့ အရှုပ်ထုပ်အကြောင်းပြောပြခဲ့တယ်လို့ သိရပါတယ်။

“အသင်းမှာ အစပိုင်းတုန်းက ဝရုန်းသုန်းကား ဖြစ်နေခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒို ထောင်ထားခဲ့တဲ့ မိုင်းတွေရှိခဲ့တယ်။ အဲရစ်က ယူနိုက်တက်ကို သွားချင်တယ်။ ဘာလို့လဲဆိုတော့ သူက အလားအလာတွေနဲ့ စိန်ခေါ်မှုတွေကို မြင်ခဲ့လို့ပါ။ ဗန်ဟားလ်က တန်ဟက်ကို ဘာပြောခဲ့လဲသိလား။ ခင်ဗျား မသိဘူးမလား။ ‘အဲရစ် ယူနိုက်တက်က ကြီးမားတဲ့ အရှုပ်ထုပ်ကြီးတစ်ခုပဲ။ အဲဒီကို မသွားစမ်းပါနဲ့’တဲ့”လို့ ပြောကြားခဲ့ပါတယ်။

လူးဝစ္စ ဗန်ဟားလ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းက ဆာအဲလက်စ် ဖာဂူဆန်လက်ထက်နောက်ပိုင်း ဖြတ်သန်းနေရတဲ့ ရုန်းကန်မှုတွေအကြောင်းကို သိသူဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ရာသီ ၂ ခုကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။

ဒတ်ချ်လူမျိုး ဝါရင့် နည်းပြကြီးဟာ အသင်းကို အက်ဖ်အေဖလားအောင်ပွဲရယူပေးနိုင်ခဲ့ပြီးနောက်ပိုင်း ရက်ပိုင်းအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဗန်ဟားလ်က မန်ချက်စတာယူနိုက်တက်ကို စီးပွားရေးဆန်တဲ့ ကလပ်အသင်းလို့ ထင်မြင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း လူးဝစၥ ဗန္ဟားလ္က အဲရစ္ တန္ဟက္ကို ၿပီးခဲ့တဲ့ႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္နည္းျပျဖစ္လာမွာကို သတိေပး တားဆီးခဲ့တယ္လို႔ သိရပါတယ္။

တန္ဟက္ဟာ ၂၀၂၂ ခုႏွစ္ ေႏြရာသီမွာ ပရီးမီးယားလိဂ္ကလပ္အသင္းကို ၃ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔အတြက္ အိုင္းယက္စ္အသင္းကို စြန႔္ခြာခဲ့တာ ျဖစ္ပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာ အိုးထရက္ဖို႔ဒ္မွာ အသင္းကို မယုံႏိုင္စရာ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ခဲ့သူျဖစ္ၿပီး ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ နယူးကာဆယ္လ္ကို ၂-၀ နဲ႔ အႏိုင္ယူၿပီးေနာက္ ၆ ႏွစ္အတြင္း ပထမဆုံး ဆုဖလားကို ရရွိေအာင္ ဦးေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တန္ဟက္ရဲ႕ အခင္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ De Graafschap အသင္းေဖာ္ေဟာင္း ဟန္းစ္ ခ႐ိုင္းက အိုင္းယက္စ္ နည္းျပေဟာင္း အစပိုင္းမွာ အေျပာင္းအေ႐ႊ႕အတြက္ သတိေပးျခင္းခံခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး မန္ယူႏိုက္တက္နည္းျပေဟာင္း ဗန္ဟားလ္က တစ္ႏိုင္ငံတည္းသားကို ပရီးမီးယားလိဂ္ကလပ္မွာ ရွိေနတဲ့ အရႈပ္ထုပ္အေၾကာင္းေျပာျပခဲ့တယ္လို႔ သိရပါတယ္။

“အသင္းမွာ အစပိုင္းတုန္းက ဝ႐ုန္းသုန္းကား ျဖစ္ေနခဲ့ပါတယ္။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေထာင္ထားခဲ့တဲ့ မိုင္းေတြရွိခဲ့တယ္။ အဲရစ္က ယူႏိုက္တက္ကို သြားခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ သူက အလားအလာေတြနဲ႔ စိန္ေခၚမႈေတြကို ျမင္ခဲ့လို႔ပါ။ ဗန္ဟားလ္က တန္ဟက္ကို ဘာေျပာခဲ့လဲသိလား။ ခင္ဗ်ား မသိဘူးမလား။ ‘အဲရစ္ ယူႏိုက္တက္က ႀကီးမားတဲ့ အရႈပ္ထုပ္ႀကီးတစ္ခုပဲ။ အဲဒီကို မသြားစမ္းပါနဲ႔’တဲ့”လို႔ ေျပာၾကားခဲ့ပါတယ္။

လူးဝစၥ ဗန္ဟားလ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ဆာအဲလက္စ္ ဖာဂူဆန္လက္ထက္ေနာက္ပိုင္း ျဖတ္သန္းေနရတဲ့ ႐ုန္းကန္မႈေတြအေၾကာင္းကို သိသူျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာ ခက္ခဲၾကမ္းတမ္းတဲ့ ရာသီ ၂ ခုကို ျဖတ္သန္းခဲ့သူျဖစ္ပါတယ္။

ဒတ္ခ်္လူမ်ိဳး ဝါရင့္ နည္းျပႀကီးဟာ အသင္းကို အက္ဖ္ေအဖလားေအာင္ပြဲရယူေပးႏိုင္ခဲ့ၿပီးေနာက္ပိုင္း ရက္ပိုင္းအၾကာမွာပဲ ရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ဗန္ဟားလ္က မန္ခ်က္စတာယူႏိုက္တက္ကို စီးပြားေရးဆန္တဲ့ ကလပ္အသင္းလို႔ ထင္ျမင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.