Premier League

ကွင်းထဲမှာ ညံ့ဖျင်းလို့ အသင်းဖော်တွေ စိတ်ပျက်နေသူကိုမှ ဆက်ကစားခိုင်းနေတဲ့ အန်ချယ်လော့တီ

ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား ဒန်နီ ကာဗာဟယ်ဟာ မကြာသေးမီက ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပြီးနောက်ပိုင်း ကြီးမားတဲ့ ပြစ်တင်ဝေဖန်မှုတွေ ရရှိခဲ့ပါတယ်။

ဒီပြစ်တင်ဝေဖန်မှုတွေဟာ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအသင်းကို ဘာနေဗျူးမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကာဗာဟယ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရှိနေခဲ့တဲ့ ကာလအတွင်း မြင့်မားတဲ့ စွမ်းဆောင်ရည်အဆင့်အတန်းကို ပြသခဲ့သူဖြစ်ပေမယ့်လည်း အသက်အရွယ်ရလာပြီဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ တခြားရွေးချယ်စရာတွေကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

အများစုက ဒန်နီ ကာဗာဟယ်ဟာ ကွင်းထဲမှာ ရှိနေချိန်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဒုက္ခအိုးလေးဖြစ်ခဲ့တယ်လို့ ယူဆခဲ့ကြပြီး ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ အသင်းအတွက် ဘာအကူအညီမှ မဖြစ်ခဲ့တာဖြစ်ပါတယ်။

ကာဗာဟယ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းက ၁-၀ နဲ့ ရှုံးနိမ့်နေချိန်မှာ အပိုင်အခွင့်အရေးကို လွဲချော်ခဲ့ပြီး အရေးကြီးတဲ့ အခြေအနေတွေမှာလည်း ခံစစ်ကစားပုံ ကောင်းကောင်းလည်း မကစားပြနိုင်ခဲ့သလို ဘာစီလိုနာနည်းပြ ဇာဗီကို ပြဿနာသွားရှာလို့ အဝါကတ်ပြခံခဲ့ရသေးတာဖြစ်ပါတယ်။

El Nacional ရဲ့သတင်းအရ ကာဗာဟယ်ရဲ့အသင်းဖော်တွေဟာ လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြပြီး နည်းပြ အန်ချယ်လော့တီက စပိန်နောက်ခံလူကို ဆက်လက်ရွေးချယ်နေတဲ့အတွက်လည်း အဝတ်လဲခန်းထဲမှာ စိတ်ပျက်မှုတွေ ကြီးထွားလာနေတယ်လို့ သိရပါတယ်။

နာချို ဖာနန်ဒက်ဇ်ဟာ ကစားပေးလို့ရနိုင်တဲ့အခြေအနေရှိနေတဲ့အချိန်မှာ အားအထားရဆုံး အဖြေဖြစ်လာမယ်လို့ ယုံကြည်ရပြီး ဒေးဗစ် အလာဘာနဲ့ ဖာလန်း မန်ဒီတို့ကလည်း မကြာမီအချိန်အတွင်း ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတော့မှာဖြစ်တာကြောင့် ကာဗာဟယ်အနေနဲ့ ပွဲထွက်ခွင့်မှာ နောက်ပိုရောက်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်က စပိန်နောက်ခံလူရဲ့ အကောင်းဆုံးနေ့တွေဟာ ကုန်ဆုံးသွားခဲ့ပြီဖြစ်တယ်လို့ ယုံကြည်နေတာကြောင့် ယခုလာမယ့်နွေရာသီမှာ ညာနောက်ခံကစားသမားသစ် ခေါ်ယူဖို့တောင် အစီအစဉ် ဆွဲထားပြီးသားဖြစ်တယ်လို့ သိရပြီး ရီးရဲလ် ဗယ်လာဒိုးလစ်နောက်ခံလူ အိုင်ဗန် ဖရက်စ်နီဒါကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ေနာက္ခံကစားသမား ဒန္နီ ကာဗာဟယ္ဟာ မၾကာေသးမီက ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ေတြ ျပသခဲ့ၿပီးေနာက္ပိုင္း ႀကီးမားတဲ့ ျပစ္တင္ေဝဖန္မႈေတြ ရရွိခဲ့ပါတယ္။

ဒီျပစ္တင္ေဝဖန္မႈေတြဟာ ကိုပါဒယ္ေရးဖလား ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ဘာစီလိုနာအသင္းကို ဘာေနဗ်ဴးမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ ကာဗာဟယ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ရွိေနခဲ့တဲ့ ကာလအတြင္း ျမင့္မားတဲ့ စြမ္းေဆာင္ရည္အဆင့္အတန္းကို ျပသခဲ့သူျဖစ္ေပမယ့္လည္း အသက္အ႐ြယ္ရလာၿပီျဖစ္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အေနနဲ႔ တျခားေ႐ြးခ်ယ္စရာေတြကို ရွာေဖြရေတာ့မွာ ျဖစ္ပါတယ္။

အမ်ားစုက ဒန္နီ ကာဗာဟယ္ဟာ ကြင္းထဲမွာ ရွိေနခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ရဲ႕ ဒုကၡအိုးေလးျဖစ္ခဲ့တယ္လို႔ ယူဆခဲ့ၾကၿပီး ဘာစီလိုနာနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္က စြမ္းေဆာင္ရည္ဟာ အသင္းအတြက္ ဘာအကူအညီမွ မျဖစ္ခဲ့တာျဖစ္ပါတယ္။

ကာဗာဟယ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းက ၁-၀ နဲ႔ ရႈံးနိမ့္ေနခ်ိန္မွာ အပိုင္အခြင့္အေရးကို လြဲေခ်ာ္ခဲ့ၿပီး အေရးႀကီးတဲ့ အေျခအေနေတြမွာလည္း ခံစစ္ကစားပုံ ေကာင္းေကာင္းလည္း မကစားျပႏိုင္ခဲ့သလို ဘာစီလိုနာနည္းျပ ဇာဗီကို ျပႆနာသြားရွာလို႔ အဝါကတ္ျပခံခဲ့ရေသးတာျဖစ္ပါတယ္။

El Nacional ရဲ႕သတင္းအရ ကာဗာဟယ္ရဲ႕အသင္းေဖာ္ေတြဟာ လက္ရွိ အေျခအေနနဲ႔ပတ္သက္ၿပီး မေက်မနပ္ ျဖစ္ေနၾကၿပီး နည္းျပ အန္ခ်ယ္ေလာ့တီက စပိန္ေနာက္ခံလူကို ဆက္လက္ေ႐ြးခ်ယ္ေနတဲ့အတြက္လည္း အဝတ္လဲခန္းထဲမွာ စိတ္ပ်က္မႈေတြ ႀကီးထြားလာေနတယ္လို႔ သိရပါတယ္။

နာခ်ိဳ ဖာနန္ဒက္ဇ္ဟာ ကစားေပးလို႔ရႏိုင္တဲ့အေျခအေနရွိေနတဲ့အခ်ိန္မွာ အားအထားရဆုံး အေျဖျဖစ္လာမယ္လို႔ ယုံၾကည္ရၿပီး ေဒးဗစ္ အလာဘာနဲ႔ ဖာလန္း မန္ဒီတို႔ကလည္း မၾကာမီအခ်ိန္အတြင္း ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာေတာ့မွာျဖစ္တာေၾကာင့္ ကာဗာဟယ္အေနနဲ႔ ပြဲထြက္ခြင့္မွာ ေနာက္ပိုေရာက္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရန္တီႏို ပီးရက္ဇ္က စပိန္ေနာက္ခံလူရဲ႕ အေကာင္းဆုံးေန႔ေတြဟာ ကုန္ဆုံးသြားခဲ့ၿပီျဖစ္တယ္လို႔ ယုံၾကည္ေနတာေၾကာင့္ ယခုလာမယ့္ေႏြရာသီမွာ ညာေနာက္ခံကစားသမားသစ္ ေခၚယူဖို႔ေတာင္ အစီအစဥ္ ဆြဲထားၿပီးသားျဖစ္တယ္လို႔ သိရၿပီး ရီးရဲလ္ ဗယ္လာဒိုးလစ္ေနာက္ခံလူ အိုင္ဗန္ ဖရက္စ္နီဒါကို ေခၚယူဖို႔ ႀကိဳးပမ္းသြားဖြယ္ ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.