Other Leagues

မက်ဆီတစ်ဆုယူရင် တစ်ဆုလိုက်ယူရမှ ကျေနပ်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နာဆာနဲ့အတူ ပထမဆုံး တစ်လအပြည့်ကစားခဲ့တဲ့ ဖေဖော်ဝါရီလအတွက် ဆော်ဒီ ပရိုလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့သူဖြစ်ပြီး ရူဒီ ဂါစီယာရဲ့အသင်းအတွက် သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဖာတာနဲ့ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ပေါ်တူဂီကြယ်ပွင့်ဟာ အယ်လ် ဝါဒါ၊ ဒါးမက်တို့နဲ့ပွဲစဉ်မှာ စူပါဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး အယ်လ်တာဝမ်နဲ့ပွဲမှာလည်း ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ လက်ရှိ ဆော်ဒီ ပရိုလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၈ ပွဲကနေ ရမှတ် ၄၃ မှတ်နဲ့ ဦးဆောင်နေတာဖြစ်ပြီး ဒုတိယနေရာက အယ်လ်အစ်တီဟတ်ကို ၂ မှတ်ဖြတ်ထားတာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျက ဘဝကို အကောင်းဆုံး မစတင်နိုင်ခဲ့ဘဲ ပထမဆုံး ပွဲစဉ် ၂ ပွဲစလုံးမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာဖြစ်ပေမယ့်လည်း ဘလွန်ဒေါ ၅ ဆုရှင်ဟာ ခြေစွမ်းကို ထူးထူးခြားခြား အပြောင်းအလဲ ပြုလုပ်နိုင်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာကို ပြသနေတာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲပြီး အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ ပေါ်တူဂီတိုက်စစ်မှူးဟာ ထိပ်တန်းအဆင့်မှာ ဆက်လက် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူးလို့ ကောက်ချက်ချခဲ့ကြတာဖြစ်ပါတယ်။

ဆော်ဒီ ပရိုလိဂ်ဟာ ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝကာလအတွင်း ကစားခဲ့တဲ့ လိဂ်တွေရဲ့ အဆင့်အတန်းလောက်မဟုတ်ပေမယ့်လည်း အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အရှေ့အလယ်ပိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို ရယူဖို့အတွက် စိတ်အားထက်သန်နေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာ ကစားသမားဘဝ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ဘောလုံးနဲ့ပတ်သက်ပြီး ဆော်ဒီ အာရေဗျမှာ အယ်နာဆာအသင်းလုပ်ဆောင်နေတဲ့ စီမံကိန်းတွေကြောင့် ပူးပေါင်းခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ကြီးမားတဲ့ ဘောလုံးရည်မှန်းချက်တွေနဲ့ အလားအလာတွေ အများကြီး ရှိတဲ့နိုင်ငံဆိုတာကိုလည်း ပြသခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ နာဆာနဲ႔အတူ ပထမဆုံး တစ္လအျပည့္ကစားခဲ့တဲ့ ေဖေဖာ္ဝါရီလအတြက္ ေဆာ္ဒီ ပ႐ိုလိဂ္ရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားအျဖစ္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့လမွာ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသခဲ့သူျဖစ္ၿပီး ႐ူဒီ ဂါစီယာရဲ႕အသင္းအတြက္ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အယ္လ္ဖာတာနဲ႔ပြဲစဥ္မွာ ပထမဆုံးသြင္းဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေပၚတူဂီၾကယ္ပြင့္ဟာ အယ္လ္ ဝါဒါ၊ ဒါးမက္တို႔နဲ႔ပြဲစဥ္မွာ စူပါဟက္ထရစ္ သြင္းယူႏိုင္ခဲ့ၿပီး အယ္လ္တာဝမ္နဲ႔ပြဲမွာလည္း ဂိုးဖန္တီးမႈ ၂ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အယ္လ္နာဆာအသင္းဟာ လက္ရွိ ေဆာ္ဒီ ပ႐ိုလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၈ ပြဲကေန ရမွတ္ ၄၃ မွတ္နဲ႔ ဦးေဆာင္ေနတာျဖစ္ၿပီး ဒုတိယေနရာက အယ္လ္အစ္တီဟတ္ကို ၂ မွတ္ျဖတ္ထားတာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ အာေရဗ်က ဘဝကို အေကာင္းဆုံး မစတင္ႏိုင္ခဲ့ဘဲ ပထမဆုံး ပြဲစဥ္ ၂ ပြဲစလုံးမွာ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တာျဖစ္ေပမယ့္လည္း ဘလြန္ေဒါ ၅ ဆုရွင္ဟာ ေျခစြမ္းကို ထူးထူးျခားျခား အေျပာင္းအလဲ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးဆိုတာကို ျပသေနတာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လမ္းခြဲၿပီး အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အခ်ိန္မွာ ေပၚတူဂီတိုက္စစ္မႉးဟာ ထိပ္တန္းအဆင့္မွာ ဆက္လက္ ယွဥ္ၿပိဳင္ႏိုင္စြမ္း မရွိေတာ့ဘူးလို႔ ေကာက္ခ်က္ခ်ခဲ့ၾကတာျဖစ္ပါတယ္။

ေဆာ္ဒီ ပ႐ိုလိဂ္ဟာ ေရာ္နယ္လ္ဒိုရဲ႕ ကစားသမားဘဝကာလအတြင္း ကစားခဲ့တဲ့ လိဂ္ေတြရဲ႕ အဆင့္အတန္းေလာက္မဟုတ္ေပမယ့္လည္း အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အေရွ႕အလယ္ပိုင္းမွာ ႀကီးက်ယ္ခမ္းနားတဲ့အရာေတြကို ရယူဖို႔အတြက္ စိတ္အားထက္သန္ေနခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာ ကစားသမားဘဝ ပထမဆုံးသတင္းစာရွင္းလင္းပြဲမွာ ေဘာလုံးနဲ႔ပတ္သက္ၿပီး ေဆာ္ဒီ အာေရဗ်မွာ အယ္နာဆာအသင္းလုပ္ေဆာင္ေနတဲ့ စီမံကိန္းေတြေၾကာင့္ ပူးေပါင္းခဲ့တာျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္း ႀကီးမားတဲ့ ေဘာလုံးရည္မွန္းခ်က္ေတြနဲ႔ အလားအလာေတြ အမ်ားႀကီး ရွိတဲ့ႏိုင္ငံဆိုတာကိုလည္း ျပသခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.