Premier League

အာဆင်နယ်ဖလားရ၊ မရ ပရိသတ်တွေတောင်သိတယ်လို့ ပြောလိုက်တဲ့ ဘရစ်ချ်

ချဲလ်ဆီးနဲ့ မန်စီးတီးကြယ်ပွင့်ဟောင်း ဝိန်း ဘရစ်ချ်က အာဆင်နယ်ပရိသတ်တွေတောင် ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ ဂန်းနားတွေ နောက်ကောက်ကျလိမ့်မယ်ဆိုတာကို သိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ယခုရာသီမှာ ၁၃ ပွဲသာ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး စိတ်လှုပ်ရှားဖွယ် ပုံစံကောင်းကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ ယနေ့ညနေမှာ ဘုန်းမောက်ကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမယ့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲမှာ ၁၉ ပွဲအထိ အနိုင်ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အာဆင်နယ်က အလွန်ကောင်းမွန်တဲ့ ပုံစံကောင်း ပြသနေပေမယ့်လည်း အင်္ဂလန်နောက်ခံလူဟောင်း ဝိန်း ဘရစ်ခချ်က ဆုဖလားပြိုင်ပွဲမှာ ဂန်းနားတွေ ခြေချော်တော့မှာ အနှေးနဲ့အမြန်သာ ဖြစ်တယ်လို့ ယုံကြည်နေပြီး ဂန်းနားပရိသတ်တွေတောင် ဘယ်အချိန် ခြေချော်မလဲဆိုတာကို စောင့်နေကြတာလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မန်ချက်စတာစီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဆုဖလားကို ရသွားမယ်လို့ ထင်တယ်။ အားလုံးက အာဆင်နယ် ခြေချော်တာကိုပဲ စောင့်နေကြတာပါ။ သူတို့တွေရဲ့ ပရိသတ်တွေတောင်မှ တစ်ချိန်မဟုတ် တစ်ချိန် ခြေချော်သွားမယ်ဆိုတာကို သိနေတယ်လို့ ထင်ပါတယ်”

“ကျွန်တော့်အတွက်ကတော့ အဲဒါက ဖြစ်လာမယ့်အရာဖြစ်ပြီး မန်ချက်စတာစီးတီးက ကျော်တက်သွားမယ်ဆိုတာကို မြင်နိုင်ပါတယ်။ “လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အနည်းငယ်ခြေချော်ခဲ့ပြီးနောက်ပိုင်း ၃ ပွဲဆက်တိုက် နိုင်ပွဲ ပြန်လည်ရယူထားနိုင်ခဲ့တာဖြစ်ပြီး ယနေ့မှာ အမှတ်ပေးဇယားအောက်ဆုံးက ရေရင် ဒုတိယဖြစ်နေတဲ့ ဘုန်းမောက်ကို သက်တောင့်သက်သာ အနိုင်ယူသွားနိုင်မယ်လို့ ယုံကြည်ချက်ရှိနေမှာ ဖြစ်ပါတယ်။

ဘရစ်ချ်က ဂန်းနားတွေဟာ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေရသူတွေနဲ့ ရင်ဆိုင်ကစားရာမှာ ရမှတ်လျော့ကျလိမ့်မယ်လို့ မျှော်လင့်နေပြီး အာဆင်နယ်ဟာ မန်စီးတီးသာ နယူးကာဆယ်လ်ကို စနေနေ့ အစောပိုင်းမှာ အနိုင်ကစားနိုင်ခဲ့ရင် ဖိအားတွေကို ခံစားရနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “အာဆင်နယ်က အရမ်းကောင်းနေခဲ့ပါတယ်။ ဒါပမယ့် ကျွန်တော် သူတို့ကို တကယ် ခြေချော်စေချင်ပါတယ်။ ကျွန်တော့်အတွက်တော့ အဲဒါက မန်စီးတီးပွဲအပေါ်မှာ အများကြီး မူတည်ပါတယ်။ စီးတီးသာ ကာဆယ်လ်ကို အနိုင်ယူနိုင်ရင် အာဆင်နယ်အပေါ်မှာ ဖိအားတွေ ရှိလာတော့မှာဖြစ်ပြီး ဘုန်းမောက်ကလည်း အခုအချိန်မှာ တိုက်ပွဲဝင်နေတဲ့အသင်းပါ”

“ကျွန်တော် သူတို့ထဲက တစ်သင်း ခြေချော်မယ်လို့ မြင်တယ်။ မန်စီးတီးသာ ရမှတ်လျော့ကျခဲ့ရင် အာဆင်နယ်အတွက် ကြီးမားတဲ့ အခွင့်အရေးဖြစ်လာမယ်ဆိုတာ သိသာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးနဲ႔ မန္စီးတီးၾကယ္ပြင့္ေဟာင္း ဝိန္း ဘရစ္ခ်္က အာဆင္နယ္ပရိသတ္ေတြေတာင္ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲမွာ ဂန္းနားေတြ ေနာက္ေကာက္က်လိမ့္မယ္ဆိုတာကို သိေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ ယခုရာသီမွာ ၁၃ ပြဲသာ ကစားဖို႔ က်န္ေတာ့တဲ့အခ်ိန္မွာ လက္ရွိ ခ်န္ပီယံ မန္ခ်က္စတာစီးတီးနဲ႔ ၅ မွတ္အကြာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနၿပီး စိတ္လႈပ္ရွားဖြယ္ ပုံစံေကာင္းကို ပိုင္ဆိုင္ေနတာျဖစ္ပါတယ္။ ယေန႔ညေနမွာ ဘုန္းေမာက္ကို အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမယ့္ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၅ ပြဲမွာ ၁၉ ပြဲအထိ အႏိုင္ရရွိခဲ့ၿပီး ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

အာဆင္နယ္က အလြန္ေကာင္းမြန္တဲ့ ပုံစံေကာင္း ျပသေနေပမယ့္လည္း အဂၤလန္ေနာက္ခံလူေဟာင္း ဝိန္း ဘရစ္ခခ်္က ဆုဖလားၿပိဳင္ပြဲမွာ ဂန္းနားေတြ ေျခေခ်ာ္ေတာ့မွာ အေႏွးနဲ႔အျမန္သာ ျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ဂန္းနားပရိသတ္ေတြေတာင္ ဘယ္အခ်ိန္ ေျခေခ်ာ္မလဲဆိုတာကို ေစာင့္ေနၾကတာလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“မန္ခ်က္စတာစီးတီးက အာဆင္နယ္ကို ေက်ာ္ျဖတ္ၿပီး ဆုဖလားကို ရသြားမယ္လို႔ ထင္တယ္။ အားလုံးက အာဆင္နယ္ ေျခေခ်ာ္တာကိုပဲ ေစာင့္ေနၾကတာပါ။ သူတို႔ေတြရဲ႕ ပရိသတ္ေတြေတာင္မွ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ ေျခေခ်ာ္သြားမယ္ဆိုတာကို သိေနတယ္လို႔ ထင္ပါတယ္”

“ကြၽန္ေတာ့္အတြက္ကေတာ့ အဲဒါက ျဖစ္လာမယ့္အရာျဖစ္ၿပီး မန္ခ်က္စတာစီးတီးက ေက်ာ္တက္သြားမယ္ဆိုတာကို ျမင္ႏိုင္ပါတယ္။ “လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ အနည္းငယ္ေျခေခ်ာ္ခဲ့ၿပီးေနာက္ပိုင္း ၃ ပြဲဆက္တိုက္ ႏိုင္ပြဲ ျပန္လည္ရယူထားႏိုင္ခဲ့တာျဖစ္ၿပီး ယေန႔မွာ အမွတ္ေပးဇယားေအာက္ဆုံးက ေရရင္ ဒုတိယျဖစ္ေနတဲ့ ဘုန္းေမာက္ကို သက္ေတာင့္သက္သာ အႏိုင္ယူသြားႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနမွာ ျဖစ္ပါတယ္။

ဘရစ္ခ်္က ဂန္းနားေတြဟာ တန္းဆင္းဇုန္က လြတ္ေျမာက္ဖို႔ တိုက္ပြဲဝင္ေနရသူေတြနဲ႔ ရင္ဆိုင္ကစားရာမွာ ရမွတ္ေလ်ာ့က်လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး အာဆင္နယ္ဟာ မန္စီးတီးသာ နယူးကာဆယ္လ္ကို စေနေန႔ အေစာပိုင္းမွာ အႏိုင္ကစားႏိုင္ခဲ့ရင္ ဖိအားေတြကို ခံစားရႏိုင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “အာဆင္နယ္က အရမ္းေကာင္းေနခဲ့ပါတယ္။ ဒါပမယ့္ ကြၽန္ေတာ္ သူတို႔ကို တကယ္ ေျခေခ်ာ္ေစခ်င္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ အဲဒါက မန္စီးတီးပြဲအေပၚမွာ အမ်ားႀကီး မူတည္ပါတယ္။ စီးတီးသာ ကာဆယ္လ္ကို အႏိုင္ယူႏိုင္ရင္ အာဆင္နယ္အေပၚမွာ ဖိအားေတြ ရွိလာေတာ့မွာျဖစ္ၿပီး ဘုန္းေမာက္ကလည္း အခုအခ်ိန္မွာ တိုက္ပြဲဝင္ေနတဲ့အသင္းပါ”

“ကြၽန္ေတာ္ သူတို႔ထဲက တစ္သင္း ေျခေခ်ာ္မယ္လို႔ ျမင္တယ္။ မန္စီးတီးသာ ရမွတ္ေလ်ာ့က်ခဲ့ရင္ အာဆင္နယ္အတြက္ ႀကီးမားတဲ့ အခြင့္အေရးျဖစ္လာမယ္ဆိုတာ သိသာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.