Premier League

လီဗာပူးလ်နဲ့ပွဲအတွက် မန်ယူနိုက်တက်ကို သတိပေးလိုက်တဲ့ အာဆင်နယ်ဂန္တဝင်

အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အန်းဖီးမှာ လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲစဉ်မတိုင်ခင် ယုံကြည်မှုရှိနေလို့ မရနိုင်ဘူးလို့ ပြောကြားခဲ့ပြီး အိမ်ရှင်တွေက တကယ်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်လိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ခါးသီးပြိုင်ဘက် လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပြီးခဲ့တဲ့အပတ်မှာ ကာရာဘောင်းဖလားကို ရရှိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ယုံကြည်ချက်တွေက မိုးထိမြင့်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၆ နေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ယခုရာသီမှာတော့ အဆင့် ၃ နေရာအထိ တက်လှမ်းထားနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ကတော့ ယခုရာသီမှာ ခြေစွမ်းပိုင်းတည်ငြိမ်မှုရရှိဖို့ ရုန်းကန်နေရတာကြောင့် ထိပ်ဆုံး ၄ နေရာနဲ့ ၆ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ရန်သူရဲ့မြေမှာ အောင်ပွဲရယူနိုင်ဖို့ အခွင့်အရေးကောင်းအဖြစ် ရှိနေတာဖြစ်ပေမယ့်လည်း အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က လီဗာပူးလ်အနေနဲ့ စွမ်းဆောင်ရည်ကောင်း ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

“လီဗာပူးလ်အတွက် အရမ်းကောင်းတဲ့ပွဲဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ဒီတစ်ပွဲတည်းနဲ့ မှန်ကန်အောင် လုပ်ဖို့ ကြိုးပမ်းသွားမှာမို့လို့ပါ။ လီဗာပူးလ်အသင်းက ဒီရာသီမှာ အရမ်းမကောင်းခဲ့ပါဘူး။ သူတို့တွေက ယာယီခြေစွမ်းပျောက်ဆုံးနေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့တွေ လုပ်ခဲ့တာတွေကို ကြည့်လိုက်ပါ။ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုရှိနေခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူတို့တွေ ကောင်းကောင်း အနားရခဲ့ပြီး ဒီပွဲစဉ်မှာ ကောင်းမယ့်ပုံပါပဲ။ သူတို့တွေက တနင်္ဂနွေနေ့မှာ တကယ်ကောင်းမွန်တဲ့ပုံစံမှာ ရှိနေတော့မယ်လို့ ကျွန်တော် ထင်ပါတယ်”

“ဒီကွင်းထဲက အငွေ့အသက်က မယုံနိုင်စရာကောင်းပါလိမ့်မယ်။ လီဗာပူးလ်က ဝုလ်ဗ်စ်ကို နောက်ဆုံးပွဲမှာ အနိုင်ယူခဲ့တယ်။ သူတို့တွေ ပဲလေ့စ်နဲ့ အဝေးကွင်းမှာ သရေကျခဲ့တယ်။ နယူးကာဆယ်လ်ကို အနိုင်ယူခဲ့ပြီး အဲဗာတန်ကို အနိုင်ယူခဲ့တယ်။ သူတို့တွေက နည်းနည်း နိုင်ပွဲဆက်ပုံစံကောင်းမှာ ရှိနေပြီး ဒီပွဲက သူတို့အတွက် ကြီးမားတဲ့ပွဲပါ။ မန်ချက်စတာယူနိုက်တက်ကလည်း သူတို့တွေ ပြန်လာပြီလို့ ထင်နေမှာဖြစ်ပြီး ဒီပွဲအတွက် ယုံကြည်ချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအခြေအနေက သူတို့အတွက် အရမ်းအသစ်ဖြစ်နေပြီး သူတို့တွေ အန်းဖီးကို ယုံကြည်ချက်အပြည့်နဲ့သွားပြီး နိုင်ပွဲရယူသွားနိုင်မယ်လို့ ကျွန်တော် မထင်ဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့်ပွဲစဉ်အတွက် ဒဏ်ရာပြဿနာအသစ်မရှိနေပေမယ့်လည်း တန်ဟက်ရဲ့အသင်းဘက်မှာတော့ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲကို လွဲချော်ခဲ့တဲ့ လုခ် ရှောရဲ့ ကြံ့ခိုင်မှုကို အကဲဖြတ်သွားရဖို့ ရှိနေတာဖြစ်ပြီး နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့တဲ့ ဆန်ချိုကတော့ အန်းဖီးက ပွဲမှာ ပြန်ပါလာဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂႏၲဝင္ မာတင္ ကီယြန္က မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အန္းဖီးမွာ လီဗာပူးလ္နဲ႔ ကစားရမယ့္ပြဲစဥ္မတိုင္ခင္ ယုံၾကည္မႈရွိေနလို႔ မရႏိုင္ဘူးလို႔ ေျပာၾကားခဲ့ၿပီး အိမ္ရွင္ေတြက တကယ္ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ကို ျပသႏိုင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တနဂၤေႏြေန႔မွာ ခါးသီးၿပိဳင္ဘက္ လီဗာပူးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ဖို႔ ႀကိဳတင္ျပင္ဆင္ေနတာျဖစ္ၿပီး အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့အပတ္မွာ ကာရာေဘာင္းဖလားကို ရရွိခဲ့ၿပီးေနာက္ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာေၾကာင့္ ယုံၾကည္ခ်က္ေတြက မိုးထိျမင့္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၆ ေနရာမွာသာ ရာသီၿပီးဆုံးႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ယခုရာသီမွာေတာ့ အဆင့္ ၃ ေနရာအထိ တက္လွမ္းထားႏိုင္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္ကေတာ့ ယခုရာသီမွာ ေျခစြမ္းပိုင္းတည္ၿငိမ္မႈရရွိဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ထိပ္ဆုံး ၄ ေနရာနဲ႔ ၆ မွတ္အထိ ကြာဟေနတာျဖစ္ပါတယ္။

တနဂၤေႏြေန႔ပြဲစဥ္ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ရန္သူရဲ႕ေျမမွာ ေအာင္ပြဲရယူႏိုင္ဖို႔ အခြင့္အေရးေကာင္းအျဖစ္ ရွိေနတာျဖစ္ေပမယ့္လည္း အာဆင္နယ္ဂႏၲဝင္ မာတင္ ကီယြန္က လီဗာပူးလ္အေနနဲ႔ စြမ္းေဆာင္ရည္ေကာင္း ျပသႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားတာျဖစ္ပါတယ္။

“လီဗာပူးလ္အတြက္ အရမ္းေကာင္းတဲ့ပြဲျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ဒီတစ္ပြဲတည္းနဲ႔ မွန္ကန္ေအာင္ လုပ္ဖို႔ ႀကိဳးပမ္းသြားမွာမို႔လို႔ပါ။ လီဗာပူးလ္အသင္းက ဒီရာသီမွာ အရမ္းမေကာင္းခဲ့ပါဘူး။ သူတို႔ေတြက ယာယီေျခစြမ္းေပ်ာက္ဆုံးေနတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ သူတို႔ေတြ လုပ္ခဲ့တာေတြကို ၾကည့္လိုက္ပါ။ အလြန္အမင္း ပင္ပန္းႏြမ္းနယ္မႈရွိေနခဲ့တာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ သူတို႔ေတြ ေကာင္းေကာင္း အနားရခဲ့ၿပီး ဒီပြဲစဥ္မွာ ေကာင္းမယ့္ပုံပါပဲ။ သူတို႔ေတြက တနဂၤေႏြေန႔မွာ တကယ္ေကာင္းမြန္တဲ့ပုံစံမွာ ရွိေနေတာ့မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”

“ဒီကြင္းထဲက အေငြ႕အသက္က မယုံႏိုင္စရာေကာင္းပါလိမ့္မယ္။ လီဗာပူးလ္က ဝုလ္ဗ္စ္ကို ေနာက္ဆုံးပြဲမွာ အႏိုင္ယူခဲ့တယ္။ သူတို႔ေတြ ပဲေလ့စ္နဲ႔ အေဝးကြင္းမွာ သေရက်ခဲ့တယ္။ နယူးကာဆယ္လ္ကို အႏိုင္ယူခဲ့ၿပီး အဲဗာတန္ကို အႏိုင္ယူခဲ့တယ္။ သူတို႔ေတြက နည္းနည္း ႏိုင္ပြဲဆက္ပုံစံေကာင္းမွာ ရွိေနၿပီး ဒီပြဲက သူတို႔အတြက္ ႀကီးမားတဲ့ပြဲပါ။ မန္ခ်က္စတာယူႏိုက္တက္ကလည္း သူတို႔ေတြ ျပန္လာၿပီလို႔ ထင္ေနမွာျဖစ္ၿပီး ဒီပြဲအတြက္ ယုံၾကည္ခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ ဒီအေျခအေနက သူတို႔အတြက္ အရမ္းအသစ္ျဖစ္ေနၿပီး သူတို႔ေတြ အန္းဖီးကို ယုံၾကည္ခ်က္အျပည့္နဲ႔သြားၿပီး ႏိုင္ပြဲရယူသြားႏိုင္မယ္လို႔ ကြၽန္ေတာ္ မထင္ဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားရမယ့္ပြဲစဥ္အတြက္ ဒဏ္ရာျပႆနာအသစ္မရွိေနေပမယ့္လည္း တန္ဟက္ရဲ႕အသင္းဘက္မွာေတာ့ ဝက္စ္ဟမ္းကို အႏိုင္ရခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့တဲ့ လုခ္ ေရွာရဲ႕ ႀကံ့ခိုင္မႈကို အကဲျဖတ္သြားရဖို႔ ရွိေနတာျဖစ္ၿပီး နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ ဆန္ခ်ိဳကေတာ့ အန္းဖီးက ပြဲမွာ ျပန္ပါလာဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.