Premier League

ဆော်ဒီ ပရိုလိဂ်က ရော်နယ်လ်ဒိုအတွက် ဇာတ်ညွှန်းရေးထားတာလို့ ထင်မြင်ခဲ့ကြတဲ့ ပရိသတ်များ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သောကြာနေ့က အယ်လ်ဘာတင်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသမားနဲ့ တစ်ဦးချင်း ရင်ဆိုင်တွေ့ခဲ့ရာမှာ ထူးထူးဆန်းဆန်းအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပြီးနောက် ပရိသတ်တွေကို စိတ်ရှုပ်ထွေးစေခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး အယ်လ်နာဆာအသင်းနဲ့ မက်မောလောက်ဖွယ် စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် ဆော်ဒီ အာရေဗျက ကစားသမားဘဝကို အသားကျနေခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအတွက် ၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ အိမ်ကွင်း Mrsool Park မှာ ကစားခဲ့တဲ့ အယ်လ်ဘာတင်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုဟာ ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေဟာ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုး ငြင်းပယ်ခြင်း မခံရမီ ဂိုးရှေ့ကို ပြေးလွှားသွားခဲ့ချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် စိတ်ရှုပ်ထွေးခဲ့ကြတာဖြစ်ပြီး ဗီဒီယိုဖိုင်ထဲမှာ ရော်နယ်လ်ဒိုက အယ်လ်ဘာတင်ဂိုးရှေ့ကို ပြေးလွှားသွားခဲ့ပြီးနောက် ဥရုဂွေးဂိုးသမား ကမ်ပါနာနဲ့ တစ်ဦးချင်းရင်ဆိုင်တွေ့ခဲ့တာဖြစ်ပါတယ်။

ကမ်ပါနာဟာ ရော်နယ်လ်ဒိုက ၎င်းကို ကျော်သွင်းမယ်လို့ ယူဆခဲ့တဲ့ပုံစံနဲ့ ၎င်းရဲ့ ပင်နယ်တီဧရိယာအစွန်မှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဆီ ထူးထူးဆန်းဆန်း ခုန်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုက သိပ်တောင် အားမစိုက်လိုက်ရဘဲ ကမ်ပါနာကို လှည့်ထွက်ပြီး ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို အားပျော့တဲ့ ဘယ်ခြေကန်ချက်နဲ့ ကန်သွင်းယူခဲ့တာကြောင့် အယ်လ် ဘာတင်ကစားသမားတွေက အချိန်မီ ဂိုးပေါက်ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာပြီးကတည်းက ပရိသတ်တစ်ဦးက ဆော်ဒီ ပရိုလိဂ်က ရော်နယ်လ်ဒိုအတွက် ဇာတ်ညွှန်းရေးသားထားတာလို့ ထူးထူးဆန်းဆန်း ပြောဆိုခဲ့ပါတယ်။

ပရိသတ်တစ်ဦးက “ဘာကြောင့်သူက ထခုန်တာလဲ”လို့ စိတ်ရှုပ်ထွေးဟန်နဲ့ မေးခွန်းထုတ်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီဇာတ်ညွှန်းကို ငါလည်း ဝယ်ဖို့ လိုအပ်နေပြီ”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေသာၾကာေန႔က အယ္လ္ဘာတင္အသင္းကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသမားနဲ႔ တစ္ဦးခ်င္း ရင္ဆိုင္ေတြ႕ခဲ့ရာမွာ ထူးထူးဆန္းဆန္းအျဖစ္အပ်က္တစ္ခု ျဖစ္ခဲ့ၿပီးေနာက္ ပရိသတ္ေတြကို စိတ္ရႈပ္ေထြးေစခဲ့ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး အယ္လ္နာဆာအသင္းနဲ႔ မက္ေမာေလာက္ဖြယ္ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ ေဆာ္ဒီ အာေရဗ်က ကစားသမားဘဝကို အသားက်ေနခဲ့ၿပီျဖစ္ပါတယ္။ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတဲ့ ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာအတြက္ ၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

အသက္ ၃၈ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးဟာ အိမ္ကြင္း Mrsool Park မွာ ကစားခဲ့တဲ့ အယ္လ္ဘာတင္နဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ၎ရဲ႕ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈဟာ ဂိုးစည္းေပၚကေန ရွင္းထုတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရိသတ္ေတြဟာ ေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုး ျငင္းပယ္ျခင္း မခံရမီ ဂိုးေရွ႕ကို ေျပးလႊားသြားခဲ့ခ်ိန္မွာ ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္စဥ္ေၾကာင့္ စိတ္ရႈပ္ေထြးခဲ့ၾကတာျဖစ္ၿပီး ဗီဒီယိုဖိုင္ထဲမွာ ေရာ္နယ္လ္ဒိုက အယ္လ္ဘာတင္ဂိုးေရွ႕ကို ေျပးလႊားသြားခဲ့ၿပီးေနာက္ ဥ႐ုေဂြးဂိုးသမား ကမ္ပါနာနဲ႔ တစ္ဦးခ်င္းရင္ဆိုင္ေတြ႕ခဲ့တာျဖစ္ပါတယ္။

ကမ္ပါနာဟာ ေရာ္နယ္လ္ဒိုက ၎ကို ေက်ာ္သြင္းမယ္လို႔ ယူဆခဲ့တဲ့ပုံစံနဲ႔ ၎ရဲ႕ ပင္နယ္တီဧရိယာအစြန္မွာ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းဆီ ထူးထူးဆန္းဆန္း ခုန္ဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုက သိပ္ေတာင္ အားမစိုက္လိုက္ရဘဲ ကမ္ပါနာကို လွည့္ထြက္ၿပီး ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို အားေပ်ာ့တဲ့ ဘယ္ေျခကန္ခ်က္နဲ႔ ကန္သြင္းယူခဲ့တာေၾကာင့္ အယ္လ္ ဘာတင္ကစားသမားေတြက အခ်ိန္မီ ဂိုးေပါက္ကာကြယ္မႈ ျပဳလုပ္ႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ ထြက္ေပၚလာၿပီးကတည္းက ပရိသတ္တစ္ဦးက ေဆာ္ဒီ ပ႐ိုလိဂ္က ေရာ္နယ္လ္ဒိုအတြက္ ဇာတ္ၫႊန္းေရးသားထားတာလို႔ ထူးထူးဆန္းဆန္း ေျပာဆိုခဲ့ပါတယ္။

ပရိသတ္တစ္ဦးက “ဘာေၾကာင့္သူက ထခုန္တာလဲ”လို႔ စိတ္ရႈပ္ေထြးဟန္နဲ႔ ေမးခြန္းထုတ္ခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဒီဇာတ္ၫႊန္းကို ငါလည္း ဝယ္ဖို႔ လိုအပ္ေနၿပီ”လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.