Premier League Transfer News

4 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ ခြေစမ်းပွဲကစားမယ့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရမှုအတွက် အာဆင်နယ်ပရိသတ်တွေကတော့ ဝမ်းသာနေကြပေမယ့် ကာယကံရှင် နောက်ခံလူ ဂါဘရီယယ်လ်ကတော့ “ငါက ဘတ်စကက်ဘောသမားလား”လို့ နိုင်ငံတာဝန်ရှိသူတွေအပေါ် တွစ်တာမှာ လှောင်ပြောင်ရေးသားသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ပေါလ်မာဆန်က ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂျော်ဂျင်ညိုကို ရလိုက်တဲ့အပေါ် ချီးကျူးခဲ့ပေမယ့် သူ့ရဲ့ အသင်းဟောင်းအနေနဲ့ ချန်ပီယံဆုအတွက် အခွင့်အရေးများအောင် အားဖြည့်ခဲ့ခြင်းသာဖြစ်ပြီး အီတလီသားအနေနဲ့ တကယ်တမ်းမှာ ဂန်းနားတွေရဲ့ ပေါ်လစီနဲ့ မကိုက်ညီတဲ့သူဖြစ်လို့ နွေရာသီမှာ ပြန်ထွက်သွားရင် မအံ့ဩဘူးလို့ဆိုသွားခဲ့။

– အသင်းမှာ ပုံမှန်ကစားခွင့် မရတာကြောင့် နွေရာသီမှာ ထွက်ခွာတော့မယ်လို့ သတင်းပြေးနေတဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနီအတွက် ကမ်းလှမ်းမှုတွေ ရှိလာရင် အာဆင်နယ်တို့ဘက်က လက်ခံစဉ်းစားသွားဖွယ်ရှိနေပြီး ခေါ်ယူစဉ်က ပေါင် ၂၅ သန်း ပေးခဲ့ရတဲ့ စကော့တလန် နောက်ခံလူအတွက် အမြတ်အစွန်းကို ရှာဖွေသွားဖွယ်ရှိနေ။

– အင်တာဗျူးမှာ မေးမြန်းလာမှုတွေအပေါ် လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က “အာဆင်နယ်လား… သူတို့အကြောင်း ပြောရင် ဘုရားတမိရတယ်”လို့ ဖြေလိုက်ပြီး သူတို့တွေရဲ့ လက်ရှိပုံစံနဲ့ ရလဒ်ကောင်းတွေက အမြင့်မှာ ပျံသန်းနေတာဖြစ်တယ်လို့ဆိုပြီး ကစားပုံကောင်းကိုလည်း ပိုင်ဆိုင်ထားကြောင်း မှတ်ချက်ပေးသွားခဲ့။

– ဘရိုက်တန်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုအနေနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို လက်မှတ်ထိုးလိုက်ပြီဖြစ်ပြီး အနည်းဆုံး နောက်တစ်ရာသီအတွင်းမှာ တောင်ပိုင်းကမ်းခြေသားတွေဆီကနေ ထွက်ခွာဖို့ မရှိတော့လို့ အာဆင်နယ်တို့အနေနဲ့ ဝက်စ်ဟမ်းရဲ့ ဒက်ကလန် ရိုက်စ်ကိုပဲ အာရုံစိုက်သွားဖို့ရှိနေ။

– ‌နွေရာသီမှာ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ စာချုပ်ကုန်ဆုံးတော့မယ့် တောင်ပံတိုက်စစ်မှူး ဇာဟာအနေနဲ့ အာဆင်နယ်အသင်းကို အလွတ်ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဂန်းနားပရိသတ်တစ်ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် အိုင်ဗရီကို့စ်သားအနေနဲ့ ဘယ်တောင်ပံနဲ့ တိုက်စစ်မှူးနေရာတွေမှာ ကစားပေးနိုင်မှာဖြစ်ကြောင်းသိရ။

– အာဆင်နယ်ချန်ပီယံမဖြစ်ဘူးလို့ တရားသေပြောနေတဲ့ ဂယ်ရီ နဗီးလ်အတွက် တွစ်တာမှာ ပရိသတ်တွေက ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲရင် ကတုံးရိတ်မလားလို့ စိန်ခေါ်ခဲ့မှုကို မန်ယူနောက်ခံလူဟောင်းကတော့ ဖြစ်လာရင် ဂန်းနားအင်္ကျီဝတ်ပြပြီး ဂုဏ်ပြုပေးပါ့မယ်လို့ တုံ့ပြန်ပြီး မဖြစ်ခဲ့ရင်တော့ သူ့ကို တောင်းပန်ဖို့ ပြောသွားခဲ့။

– အာဆင်နယ်အသင်းပိုင်ရှင် ခရိုယန်ကီတွေအနေနဲ့ အသင်းရဲ့ လုပ်ငန်းစဉ်မှာ အကောင်းဆုံး ပဲ့ကိုင်မှုပေးနေတဲ့ နည်းပြ မီခယ်လ် အာတီတာကို ကြီးကြီးမားမား ထောက်ပံ့ပေးသွားဖွယ်ရှိနေပြီး နွေရာသီမှာ ဝက်စ်ဟမ်းကပ္ပတိန် ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ ဘတ်ဂျက် ခွင့်ပြုပေးသွားမယ်လို့ဆို။

– ပွဲပန်းပြီး ခြေနုတ်ခြေသိမ်းလေးနေတာ သိသာလွန်းနေတဲ့ ဝါရင့်ကွင်းလယ်လူ ဂရာနစ် ချာကာကို လာမယ့် ဘုန်းမောက်နဲ့ပွဲမှာ အနားပေးသွားမယ်လို့ သတင်းထွက်နေခဲ့ပြီး ဖာဘီယို ဗီယာရာကို ပွဲထုတ်သွားဖွယ်ရှိသလို သောမတ်စ် ပါတေးကိုလည်း ပွဲအစကတည်းက ထည့်သွင်းဖွယ်ရှိပြီး နေမကောင်းဖြစ်ထားတဲ့ ဂျော်ဂျင်ညိုကတော့ အရန်ခုံထိုင်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘရာဇီးလ္လက္ေ႐ြးစင္အသင္းရဲ႕ ေျခစမ္းပြဲကစားမယ့္ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရမႈအတြက္ အာဆင္နယ္ပရိသတ္ေတြကေတာ့ ဝမ္းသာေနၾကေပမယ့္ ကာယကံရွင္ ေနာက္ခံလူ ဂါဘရီယယ္လ္ကေတာ့ “ငါက ဘတ္စကက္ေဘာသမားလား”လို႔ ႏိုင္ငံတာဝန္ရွိသူေတြအေပၚ တြစ္တာမွာ ေလွာင္ေျပာင္ေရးသားသြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ေပါလ္မာဆန္က ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ေဂ်ာ္ဂ်င္ညိဳကို ရလိုက္တဲ့အေပၚ ခ်ီးက်ဴးခဲ့ေပမယ့္ သူ႔ရဲ႕ အသင္းေဟာင္းအေနနဲ႔ ခ်န္ပီယံဆုအတြက္ အခြင့္အေရးမ်ားေအာင္ အားျဖည့္ခဲ့ျခင္းသာျဖစ္ၿပီး အီတလီသားအေနနဲ႔ တကယ္တမ္းမွာ ဂန္းနားေတြရဲ႕ ေပၚလစီနဲ႔ မကိုက္ညီတဲ့သူျဖစ္လို႔ ေႏြရာသီမွာ ျပန္ထြက္သြားရင္ မအံ့ဩဘူးလို႔ဆိုသြားခဲ့။

– အသင္းမွာ ပုံမွန္ကစားခြင့္ မရတာေၾကာင့္ ေႏြရာသီမွာ ထြက္ခြာေတာ့မယ္လို႔ သတင္းေျပးေနတဲ့ ဘယ္ေနာက္ခံလူ ကီရန္ တီယာနီအတြက္ ကမ္းလွမ္းမႈေတြ ရွိလာရင္ အာဆင္နယ္တို႔ဘက္က လက္ခံစဥ္းစားသြားဖြယ္ရွိေနၿပီး ေခၚယူစဥ္က ေပါင္ ၂၅ သန္း ေပးခဲ့ရတဲ့ စေကာ့တလန္ ေနာက္ခံလူအတြက္ အျမတ္အစြန္းကို ရွာေဖြသြားဖြယ္ရွိေန။

– အင္တာဗ်ဴးမွာ ေမးျမန္းလာမႈေတြအေပၚ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က “အာဆင္နယ္လား… သူတို႔အေၾကာင္း ေျပာရင္ ဘုရားတမိရတယ္”လို႔ ေျဖလိုက္ၿပီး သူတို႔ေတြရဲ႕ လက္ရွိပုံစံနဲ႔ ရလဒ္ေကာင္းေတြက အျမင့္မွာ ပ်ံသန္းေနတာျဖစ္တယ္လို႔ဆိုၿပီး ကစားပုံေကာင္းကိုလည္း ပိုင္ဆိုင္ထားေၾကာင္း မွတ္ခ်က္ေပးသြားခဲ့။

– ဘ႐ိုက္တန္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ကြင္းလယ္လူ မြိဳက္ဆက္စ္ ကိုင္စီဒိုအေနနဲ႔ ၂၀၂၇ ခုႏွစ္အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ကို လက္မွတ္ထိုးလိုက္ၿပီျဖစ္ၿပီး အနည္းဆုံး ေနာက္တစ္ရာသီအတြင္းမွာ ေတာင္ပိုင္းကမ္းေျခသားေတြဆီကေန ထြက္ခြာဖို႔ မရွိေတာ့လို႔ အာဆင္နယ္တို႔အေနနဲ႔ ဝက္စ္ဟမ္းရဲ႕ ဒက္ကလန္ ႐ိုက္စ္ကိုပဲ အာ႐ုံစိုက္သြားဖို႔ရွိေန။

– ‌ေႏြရာသီမွာ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ ေတာင္ပံတိုက္စစ္မႉး ဇာဟာအေနနဲ႔ အာဆင္နယ္အသင္းကို အလြတ္ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနၿပီး ဂန္းနားပရိသတ္တစ္ဦးျဖစ္တဲ့ အသက္ ၃၀ အ႐ြယ္ အိုင္ဗရီကို႔စ္သားအေနနဲ႔ ဘယ္ေတာင္ပံနဲ႔ တိုက္စစ္မႉးေနရာေတြမွာ ကစားေပးႏိုင္မွာျဖစ္ေၾကာင္းသိရ။

– အာဆင္နယ္ခ်န္ပီယံမျဖစ္ဘူးလို႔ တရားေသေျပာေနတဲ့ ဂယ္ရီ နဗီးလ္အတြက္ တြစ္တာမွာ ပရိသတ္ေတြက ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲရင္ ကတုံးရိတ္မလားလို႔ စိန္ေခၚခဲ့မႈကို မန္ယူေနာက္ခံလူေဟာင္းကေတာ့ ျဖစ္လာရင္ ဂန္းနားအက်ႌဝတ္ျပၿပီး ဂုဏ္ျပဳေပးပါ့မယ္လို႔ တုံ႔ျပန္ၿပီး မျဖစ္ခဲ့ရင္ေတာ့ သူ႔ကို ေတာင္းပန္ဖို႔ ေျပာသြားခဲ့။

– အာဆင္နယ္အသင္းပိုင္ရွင္ ခ႐ိုယန္ကီေတြအေနနဲ႔ အသင္းရဲ႕ လုပ္ငန္းစဥ္မွာ အေကာင္းဆုံး ပဲ့ကိုင္မႈေပးေနတဲ့ နည္းျပ မီခယ္လ္ အာတီတာကို ႀကီးႀကီးမားမား ေထာက္ပံ့ေပးသြားဖြယ္ရွိေနၿပီး ေႏြရာသီမွာ ဝက္စ္ဟမ္းကပၸတိန္ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ ဘတ္ဂ်က္ ခြင့္ျပဳေပးသြားမယ္လို႔ဆို။

– ပြဲပန္းၿပီး ေျခႏုတ္ေျခသိမ္းေလးေနတာ သိသာလြန္းေနတဲ့ ဝါရင့္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို လာမယ့္ ဘုန္းေမာက္နဲ႔ပြဲမွာ အနားေပးသြားမယ္လို႔ သတင္းထြက္ေနခဲ့ၿပီး ဖာဘီယို ဗီယာရာကို ပြဲထုတ္သြားဖြယ္ရွိသလို ေသာမတ္စ္ ပါေတးကိုလည္း ပြဲအစကတည္းက ထည့္သြင္းဖြယ္ရွိၿပီး ေနမေကာင္းျဖစ္ထားတဲ့ ေဂ်ာ္ဂ်င္ညိဳကေတာ့ အရန္ခုံထိုင္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.