Premier League

အနှေးနဲ့အမြန် စီးတီးနည်းပြသစ်ဖြစ်လာမယ့်သူကို ပြောပြလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက မန်စီးတီးဂန္တဝင် ဗင်းဆင့် ကွန်ပနီဟာ လာမယ့် အနာဂတ်မှာ အသင်းရဲ့ နည်းပြဖြစ်လာနိုင်တယ်လို့ တစ်ကြိုပေးလိုက်ပါတယ်။

ဘယ်လ်ဂျီယမ်ဂန္တဝင်နောက်ခံလူဟာ လက်ရှိမှာ ချန်ပီယံရှစ်အသင်းဖြစ်တဲ့ ဘန်လေကို နည်းပြပေးနေသူဖြစ်ပြီး ကွန်ပနီဟာ မန်ချက်စတာစီးတီးအသင်းနဲ့အတူ အလွန်ထူးခြားကောင်းမွန်တဲ့အလုပ်တွေကို လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ကွန်ပနီရဲ့ အောင်မြင်မှုတွေအတွက် အထင်ကြီးမိခဲ့ပြီး မကြာသေးမီက “ကျွန်တော် ခြေစွမ်းတည်ငြိမ်မှုနဲ့ပတ်သက်ပြီး အထင်ကြီးမိခဲ့ပါတယ်။ ချန်ပီယံရှစ်က ပွဲပမာဏကြောင့် ခက်ခဲပါတယ်။ အခုအချိန်အထိ ခြေစွမ်းတည်ငြိမ်မှုက မယုံနိုင်စရာကောင်းပါတယ်။ သူတို့တွေက မယုံနိုင်စရာကောင်းပါတယ်။ သူတို့တွေက လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ပြန်ပြီး တန်းတက်နိုင်ဖို့ နီးစပ်နေပါတယ်”

“ကျွန်တော့်တစ်ဦးတည်းအမြင်အရ ဘန်လေက သူ့ရဲ့အောင်မြင်မှုတွေအတွက် ဝမ်းမြောက်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေအားလုံးကလည်း သူ ပြန်လာမှာကို ပျော်ရွှင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ သူက အနှေးနဲ့အမြန် ပြန်လာပါလိမ့်မယ်။ အဲဒီတော့ သူ့ရဲ့ ကံကြမ္မာက မန်စီးတီးရဲ့ နည်းပြဖြစ်လာမယ်လို့ ရေးထားပြီးသားလို့ ထင်ပါတယ်”

“အဲဒါက ဖြစ်လာမှာပါ။ ဘယ်အချိန်ဖြစ်မလဲသာ ကျွန်တော် မသိတာ။ ဟုတ်တာပေ့ါ။ အဲဒါက အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပါ။ ဝင်ဘလေက ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ မယုံနိုင်စရာ အခွင့်အရေးပါ။ ကျွန်တော်တို့ ဗင်နီနဲ့ သူ့အသင်းကို ယှဉ်ပြိုင်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက ဗင်းဆင့် ကွန်ပနီ မန်စီးတီးနည်းပြ ဖြစ်လာဖို့က အနှေးနဲ့အမြန်သာ ဖြစ်တယ်လို့ ယုံကြည်နေပြီး “သူက စီးတီးအတွက် နည်းပြဖြစ်လာလိမ့်မယ်ဆိုတာ အနှေးနဲ့ အမြန်ပဲလို့ ကျွန်တော် ပြောခဲ့တယ်။ ဘယ်အချိန်လဲဆိုရင် ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော် တော်တော်လေး သေချာပါတယ်။ ဟင့်အင်း(အဲဒီအကြောင်း သူနဲ့ မပြောခဲ့ပါဘူး)။ အဲဒါက ကျွန်တော့် ခံစားချက်ဖြစ်ပြီး ကျွန်တော် မှားကောင်း မှားနိုင်ပါတယ်”

“သူ့ရဲ့ အလုပ်ကျင့်ဝတ်၊ ပွဲဗဟုသုတ၊ လေးစားမှုအများကြီးရှိမှု၊ သူလုပ်ခဲ့တာတွေကို လုပ်နေဖို့ အတွေ့အကြုံမျိုးက အရမ်းခက်ခဲပါတယ်။ သူက အဲဒါကို တကယ်ကို ကောင်းကောင်း လုပ်နေတာပါ။ သူက အသင်းကို၊ ပတ်ဝန်းကျင်ကို၊ ကျွန်တော်တို့ပရိသတ်တွေ၊ ကျွန်တော်တို့လူတွေ လိုအပ်နေတာကို သိပါတယ်။ ကံကြမ္မာက ရေးထားပြီးသားပါ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာက မန္စီးတီးဂႏၲဝင္ ဗင္းဆင့္ ကြန္ပနီဟာ လာမယ့္ အနာဂတ္မွာ အသင္းရဲ႕ နည္းျပျဖစ္လာႏိုင္တယ္လို႔ တစ္ႀကိဳေပးလိုက္ပါတယ္။

ဘယ္လ္ဂ်ီယမ္ဂႏၲဝင္ေနာက္ခံလူဟာ လက္ရွိမွာ ခ်န္ပီယံရွစ္အသင္းျဖစ္တဲ့ ဘန္ေလကို နည္းျပေပးေနသူျဖစ္ၿပီး ကြန္ပနီဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔အတူ အလြန္ထူးျခားေကာင္းမြန္တဲ့အလုပ္ေတြကို လုပ္ေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ ကြန္ပနီရဲ႕ ေအာင္ျမင္မႈေတြအတြက္ အထင္ႀကီးမိခဲ့ၿပီး မၾကာေသးမီက “ကြၽန္ေတာ္ ေျခစြမ္းတည္ၿငိမ္မႈနဲ႔ပတ္သက္ၿပီး အထင္ႀကီးမိခဲ့ပါတယ္။ ခ်န္ပီယံရွစ္က ပြဲပမာဏေၾကာင့္ ခက္ခဲပါတယ္။ အခုအခ်ိန္အထိ ေျခစြမ္းတည္ၿငိမ္မႈက မယုံႏိုင္စရာေကာင္းပါတယ္။ သူတို႔ေတြက မယုံႏိုင္စရာေကာင္းပါတယ္။ သူတို႔ေတြက လာမယ့္ရာသီ ပရီးမီးယားလိဂ္ကို ျပန္ၿပီး တန္းတက္ႏိုင္ဖို႔ နီးစပ္ေနပါတယ္”

“ကြၽန္ေတာ့္တစ္ဦးတည္းအျမင္အရ ဘန္ေလက သူ႔ရဲ႕ေအာင္ျမင္မႈေတြအတြက္ ဝမ္းေျမာက္ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ပရိသတ္ေတြအားလုံးကလည္း သူ ျပန္လာမွာကို ေပ်ာ္႐ႊင္ၾကလိမ့္မယ္လို႔ ထင္ပါတယ္။ သူက အေႏွးနဲ႔အျမန္ ျပန္လာပါလိမ့္မယ္။ အဲဒီေတာ့ သူ႔ရဲ႕ ကံၾကမၼာက မန္စီးတီးရဲ႕ နည္းျပျဖစ္လာမယ္လို႔ ေရးထားၿပီးသားလို႔ ထင္ပါတယ္”

“အဲဒါက ျဖစ္လာမွာပါ။ ဘယ္အခ်ိန္ျဖစ္မလဲသာ ကြၽန္ေတာ္ မသိတာ။ ဟုတ္တာေပ့ါ။ အဲဒါက အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပါ။ ဝင္ဘေလက ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ မယုံႏိုင္စရာ အခြင့္အေရးပါ။ ကြၽန္ေတာ္တို႔ ဗင္နီနဲ႔ သူ႔အသင္းကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာက ဗင္းဆင့္ ကြန္ပနီ မန္စီးတီးနည္းျပ ျဖစ္လာဖို႔က အေႏွးနဲ႔အျမန္သာ ျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး “သူက စီးတီးအတြက္ နည္းျပျဖစ္လာလိမ့္မယ္ဆိုတာ အေႏွးနဲ႔ အျမန္ပဲလို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္။ ဘယ္အခ်ိန္လဲဆိုရင္ ကြၽန္ေတာ္ မသိဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ေတာ္ေတာ္ေလး ေသခ်ာပါတယ္။ ဟင့္အင္း(အဲဒီအေၾကာင္း သူနဲ႔ မေျပာခဲ့ပါဘူး)။ အဲဒါက ကြၽန္ေတာ့္ ခံစားခ်က္ျဖစ္ၿပီး ကြၽန္ေတာ္ မွားေကာင္း မွားႏိုင္ပါတယ္”

“သူ႔ရဲ႕ အလုပ္က်င့္ဝတ္၊ ပြဲဗဟုသုတ၊ ေလးစားမႈအမ်ားႀကီးရွိမႈ၊ သူလုပ္ခဲ့တာေတြကို လုပ္ေနဖို႔ အေတြ႕အႀကဳံမ်ိဳးက အရမ္းခက္ခဲပါတယ္။ သူက အဲဒါကို တကယ္ကို ေကာင္းေကာင္း လုပ္ေနတာပါ။ သူက အသင္းကို၊ ပတ္ဝန္းက်င္ကို၊ ကြၽန္ေတာ္တို႔ပရိသတ္ေတြ၊ ကြၽန္ေတာ္တို႔လူေတြ လိုအပ္ေနတာကို သိပါတယ္။ ကံၾကမၼာက ေရးထားၿပီးသားပါ”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.