Premier League

ဖလား ၄ လုံးရရင် အံ့အားသင့်ဖွယ် ဆုကြေးပမာဏ ရမယ့် ယူနိုက်တက်ကစားသမားများ

မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ ယခုရာသီမှာ သမိုင်းဝင် ဆုဖလား ၄ လုံး တပြိုင်နက် ရယူနိုင်မယ်ဆိုရင် တစ်ဦးကို ပေါင် ဝ.၅ သန်းအထိ ရရှိမယ်လို့ သိရပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပြီးခဲ့တဲ့အပတ်မှာ နယူးကာဆယ်လ် ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရပြီး ကာရာဘောင်းဖလားကို ရရှိခဲ့ပြီးနောက် ယခုရာသီ ပထမဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဝင်ဘလေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကာစီမီရိုနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့လို ကစားသမားတွေဟာ ကာရာဘောင်းဖလား အနိုင်ရရှိခဲ့တဲ့အတွက် ဆုကြေးအနေနဲ့ တစ်ဦးကို ပေါင် ၆၅၀၀၀ ဝန်းကျင် ရရှိခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယခုရာသီမှာ ဆုဖလားတွေ ထပ်မံ ရရှိမယ်ဆိုရင် ဆုကြေးငွေတွေ ထပ်ရစရာ ရှိနေပြီး တန်ဟက်ရဲ့အသင်းဟာ လက်ရှိမှာ နောက်ထပ်ဆုဖလားပြိုင်ပွဲ ၃ ခုမှာ ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းသာ အက်ဖ်အေလား၊ ယူရိုပါလိဂ်တို့ကို ထပ်မံ ရရှိခဲ့မယ်ဆိုရင် ကစားသမားတစ်ဦးချင်းစီတိုင်းဟာ နောက်ထပ် ပေါင် ၈၅၀၀၀ ဆုကြေးအဖြစ် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝက်စ်ဟမ်းယူနိုက်တက်ကို ၃-၁ နဲ့ နောက်ကနေ အနိုင်ယူနိုင်ခဲ့ပြီးနောက် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာကို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း Play-off အဆင့်မှာ အနိုင်ရရှိပြီးနောက်ပိုင်း ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ ဦးဆောင်နေတဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့မယ်ဆိုရင် ကစားသမားတစ်ဦးချင်းစီဟာ နောက်ထပ် ပေါင် ၂၅၀၀၀၀ အထိ ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ ကျန်ရှိနေတဲ့ ဆုဖလားပြိုင်ပွဲ ၃ ခုစလုံးမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် စုစုပေါင်း ဆုကြေးငွေ ပေါင် ၄၈၅၀၀၀ အထိ ရရှိသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြဟာ ယခုရာသီမွာ သမိုင္းဝင္ ဆုဖလား ၄ လုံး တၿပိဳင္နက္ ရယူႏိုင္မယ္ဆိုရင္ တစ္ဦးကို ေပါင္ ဝ.၅ သန္းအထိ ရရွိမယ္လို႔ သိရပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့အပတ္မွာ နယူးကာဆယ္လ္ ယူႏိုက္တက္ကို ၂-၀ နဲ႔ အႏိုင္ရၿပီး ကာရာေဘာင္းဖလားကို ရရွိခဲ့ၿပီးေနာက္ ယခုရာသီ ပထမဆုံး ဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဝင္ဘေလမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကာစီမီ႐ိုနဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔လို ကစားသမားေတြဟာ ကာရာေဘာင္းဖလား အႏိုင္ရရွိခဲ့တဲ့အတြက္ ဆုေၾကးအေနနဲ႔ တစ္ဦးကို ေပါင္ ၆၅၀၀၀ ဝန္းက်င္ ရရွိခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ယခုရာသီမွာ ဆုဖလားေတြ ထပ္မံ ရရွိမယ္ဆိုရင္ ဆုေၾကးေငြေတြ ထပ္ရစရာ ရွိေနၿပီး တန္ဟက္ရဲ႕အသင္းဟာ လက္ရွိမွာ ေနာက္ထပ္ဆုဖလားၿပိဳင္ပြဲ ၃ ခုမွာ ယွဥ္ၿပိဳင္ေနဆဲ ျဖစ္ပါတယ္။

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းသာ အက္ဖ္ေအလား၊ ယူ႐ိုပါလိဂ္တို႔ကို ထပ္မံ ရရွိခဲ့မယ္ဆိုရင္ ကစားသမားတစ္ဦးခ်င္းစီတိုင္းဟာ ေနာက္ထပ္ ေပါင္ ၈၅၀၀၀ ဆုေၾကးအျဖစ္ ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဝက္စ္ဟမ္းယူႏိုက္တက္ကို ၃-၁ နဲ႔ ေနာက္ကေန အႏိုင္ယူႏိုင္ခဲ့ၿပီးေနာက္ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ဘာစီလိုနာကို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း Play-off အဆင့္မွာ အႏိုင္ရရွိၿပီးေနာက္ပိုင္း ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ ဦးေဆာင္ေနတဲ့ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ အံ့အားသင့္ဖြယ္ အႏိုင္ရရွိခဲ့မယ္ဆိုရင္ ကစားသမားတစ္ဦးခ်င္းစီဟာ ေနာက္ထပ္ ေပါင္ ၂၅၀၀၀၀ အထိ ရရွိမွာျဖစ္ပါတယ္။

ဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြဟာ က်န္ရွိေနတဲ့ ဆုဖလားၿပိဳင္ပြဲ ၃ ခုစလုံးမွာ ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့မယ္ဆိုရင္ စုစုေပါင္း ဆုေၾကးေငြ ေပါင္ ၄၈၅၀၀၀ အထိ ရရွိသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.