Premier League

အသင်းသားတွေအားလုံးမှာ အမာရွတ် ကျန်နေတုန်းပဲလို့ ဝန်ခံလိုက်တဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က ပြီးခဲ့တဲ့ရာသီက နာကျင်စရာ အဖြစ်အပျက်ကနေ ရရှိခဲ့တဲ့ အမာရွတ်က အသင်းသားတွေဆီမှာ ကျန်ရစ်နေဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မေလတုန်းက အာဆင်နယ်ပရိသတ်တွေအတွက် မေ့ချင်ပေမယ့် မေ့လို့မရနိုင်တဲ့ ရက်စွဲတစ်ခု ရှိခဲ့ပြီး ၂၅ ပွဲ ကစားပြီးချိန်မှာ ဂန်းနားတွေဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပြီး အဆင့် ၅ နေရာက မန်ယူနိုက်တက်ထက် ၃ ပွဲ လျော့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်အေးလက်အေးဖြစ်နေတဲ့အနေအထားမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အာဆင်နယ်အသင်းဟာ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကို ၇ မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တော့မယ့်ပုံ ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ မြောက်လန်ဒန်ဒါဘီပွဲစဉ် ရောက်လာခဲ့ပြီး အာဆင်နယ်ရဲ့ ထိပ်ဆုံး ၄ နေရာ မျှော်လင့်ချက်ဟာ အဆန်းကြယ်ဆုံး အလှည့်အပြောင်းတွေနဲ့ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ အဆင့် ၄ နေရာကို ရယူသွားနိုင်ခဲ့ပြီး အာဆင်နယ်အသင်းဟာ ဘယ်နေရာမှာ မှားသွားခဲ့လဲဆိုတာကို တွေးတောရင်းနဲ့သာ ကျန်နေခဲ့ရတာ ဖြစ်ပါတယ်။

ဂန်းနားတွေရဲ့ ပွဲထွက်ဂိုးသမားဖြစ်တဲ့ ရမ်းစ်ဒေးလ်ဟာ အဲဒီအဖြစ်အပျက်ကို ဖွင့်ဟပြောဆိုခဲ့ပြီး ဒီရာသီမှာ အကောင်းဆုံးပုံစံ ပြသနေတဲ့ အာဆင်နယ် ကစားသမားတွေအတွက် အဲဒီအမာရွတ်က လှုံ့ဆော်ပေးခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

“အဲဒါက အများကြီး နာကျင်ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ရာသီပြီးခါနီးမှ ကိုယ့်နေရာကို ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ပရိသတ်တွေနဲ့ ကျွန်တော်တို့အတွက် ပိုလို့တောင် ဆိုးရွားစေခဲ့ပါတယ်။ အဲဒါက ဒီရာသီအစမှာ လှုံ့ဆော်ပေးခဲ့တဲ့ အချက်တစ်ချက် ဖြစ်ခဲ့တာ ကျိန်းသေပြီး အခု ကျွန်တော်တို့ မေ့ပစ်ရမယ့် တစ်စုံတရာလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရှိနေတဲ့ နေရာကြောင့်ပါ။ ဒါပေမယ့် နှစ်တစ်နှစ်ရဲ့အစမှာ အဲဒါက ကြီးမားခဲ့တာ ကျိန်းသေပါပဲ”

“ကျွန်တော်တို့ကို လှုံ့ဆော်ပေးနေတဲ့အရာက မနှစ်က အမာရွတ်ပါ။ ဘယ်သူကမှ အဲဒီကိစ္စနဲ့ ဘာဖြစ်ခဲ့လဲဆိုတာကို မမေ့ကြပါဘူး။ ဒါက ဒီအသင်းထဲမှာ ကြီးမားတဲ့ လှုံ့ဆော်မှုတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခု ကျွန်တော်တို့မှာမတူညီတဲ့ပြိုင်ပွဲတွေဖြစ်တဲ့ ပရီးမီးယားလိဂ်၊ ကာရာဘောင်း၊ အက်ဖ်အေဖလား၊ ယူရိုပြိုင်ပွဲတွေမှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတွေ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကစားသမားတွေထဲက အချို့က အဲဒီပြိုင်ပွဲတွေမှာ ရှိခဲ့ပြီး ကစားခဲ့တယ်။ တခြားကစားသမားတွေက အသက် ၂၀၊ ၂၁၊ ၂၂ နဲ့ သူတို့ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးဘောလုံးကစားပုံမျိုးနဲ့ ကစားနေပြီး အသင်းကို ရှေ့ဆက်သွားနိုင်အောင် သယ်ဆောင်ပေးနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္က ၿပီးခဲ့တဲ့ရာသီက နာက်င္စရာ အျဖစ္အပ်က္ကေန ရရွိခဲ့တဲ့ အမာ႐ြတ္က အသင္းသားေတြဆီမွာ က်န္ရစ္ေနဆဲျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္ ေမလတုန္းက အာဆင္နယ္ပရိသတ္ေတြအတြက္ ေမ့ခ်င္ေပမယ့္ ေမ့လို႔မရႏိုင္တဲ့ ရက္စြဲတစ္ခု ရွိခဲ့ၿပီး ၂၅ ပြဲ ကစားၿပီးခ်ိန္မွာ ဂန္းနားေတြဟာ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနခဲ့တာျဖစ္ၿပီး အဆင့္ ၅ ေနရာက မန္ယူႏိုက္တက္ထက္ ၃ ပြဲ ေလ်ာ့နဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စိတ္ေအးလက္ေအးျဖစ္ေနတဲ့အေနအထားမွာ ရွိေနခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အာဆင္နယ္အသင္းဟာ ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးကို ၇ မွတ္အထိ ျဖတ္ထားႏိုင္တာေၾကာင့္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးႏိုင္ေတာ့မယ့္ပုံ ေပၚခဲ့တာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ ေရာက္လာခဲ့ၿပီး အာဆင္နယ္ရဲ႕ ထိပ္ဆုံး ၄ ေနရာ ေမွ်ာ္လင့္ခ်က္ဟာ အဆန္းၾကယ္ဆုံး အလွည့္အေျပာင္းေတြနဲ႔ အဆုံးသတ္သြားခဲ့တာ ျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အဆင့္ ၄ ေနရာကို ရယူသြားႏိုင္ခဲ့ၿပီး အာဆင္နယ္အသင္းဟာ ဘယ္ေနရာမွာ မွားသြားခဲ့လဲဆိုတာကို ေတြးေတာရင္းနဲ႔သာ က်န္ေနခဲ့ရတာ ျဖစ္ပါတယ္။

ဂန္းနားေတြရဲ႕ ပြဲထြက္ဂိုးသမားျဖစ္တဲ့ ရမ္းစ္ေဒးလ္ဟာ အဲဒီအျဖစ္အပ်က္ကို ဖြင့္ဟေျပာဆိုခဲ့ၿပီး ဒီရာသီမွာ အေကာင္းဆုံးပုံစံ ျပသေနတဲ့ အာဆင္နယ္ ကစားသမားေတြအတြက္ အဲဒီအမာ႐ြတ္က လႈံ႕ေဆာ္ေပးခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အဲဒါက အမ်ားႀကီး နာက်င္ရပါတယ္။ အထူးသျဖင့္ ကြၽန္ေတာ္တို႔ ရာသီၿပီးခါနီးမွ ကိုယ့္ေနရာကို ဆုံးရႈံးခဲ့ရတာျဖစ္ၿပီး ပရိသတ္ေတြနဲ႔ ကြၽန္ေတာ္တို႔အတြက္ ပိုလို႔ေတာင္ ဆိုး႐ြားေစခဲ့ပါတယ္။ အဲဒါက ဒီရာသီအစမွာ လႈံ႕ေဆာ္ေပးခဲ့တဲ့ အခ်က္တစ္ခ်က္ ျဖစ္ခဲ့တာ က်ိန္းေသၿပီး အခု ကြၽန္ေတာ္တို႔ ေမ့ပစ္ရမယ့္ တစ္စုံတရာလည္း ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ရွိေနတဲ့ ေနရာေၾကာင့္ပါ။ ဒါေပမယ့္ ႏွစ္တစ္ႏွစ္ရဲ႕အစမွာ အဲဒါက ႀကီးမားခဲ့တာ က်ိန္းေသပါပဲ”

“ကြၽန္ေတာ္တို႔ကို လႈံ႕ေဆာ္ေပးေနတဲ့အရာက မႏွစ္က အမာ႐ြတ္ပါ။ ဘယ္သူကမွ အဲဒီကိစၥနဲ႔ ဘာျဖစ္ခဲ့လဲဆိုတာကို မေမ့ၾကပါဘူး။ ဒါက ဒီအသင္းထဲမွာ ႀကီးမားတဲ့ လႈံ႕ေဆာ္မႈတစ္ခု ျဖစ္ခဲ့တယ္။ ဒါေပမယ့္ အခု ကြၽန္ေတာ္တို႔မွာမတူညီတဲ့ၿပိဳင္ပြဲေတြျဖစ္တဲ့ ပရီးမီးယားလိဂ္၊ ကာရာေဘာင္း၊ အက္ဖ္ေအဖလား၊ ယူ႐ိုၿပိဳင္ပြဲေတြမွာ ကစားခဲ့ဖူးတဲ့ အေတြ႕အႀကဳံရွိ ကစားသမားေတြ ရွိပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ကစားသမားေတြထဲက အခ်ိဳ႕က အဲဒီၿပိဳင္ပြဲေတြမွာ ရွိခဲ့ၿပီး ကစားခဲ့တယ္။ တျခားကစားသမားေတြက အသက္ ၂၀၊ ၂၁၊ ၂၂ နဲ႔ သူတို႔ရဲ႕ ကစားသမားဘဝမွာ အေကာင္းဆုံးေဘာလုံးကစားပုံမ်ိဳးနဲ႔ ကစားေနၿပီး အသင္းကို ေရွ႕ဆက္သြားႏိုင္ေအာင္ သယ္ေဆာင္ေပးေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.