Premier League

ပရီးမီးယားလိဂ်ဖလားဟောကိန်းထုတ်ရာမှာ မမဆောင်းဆန်နေတဲ့ ဂယ်ရီ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက မကြာသေးမီကမှ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ကြား ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲအတွက် နောက်ထပ်ဟောကိန်းကို ထုတ်ခဲ့ပါတယ်။

ဂယ်ရီ နဗီးက အာတီတာရဲ့အသင်းဟာ ရမှတ် ၅ မှတ်အထိ ဖြတ်ထားနိုင်ပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းက ဂန်းနားတွေကို ဖြတ်ကျော်ပြီး အမှတ်ပေးဖလားကို အနိုင်ရရှိသွားနိုင်ဆဲဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆၀ နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပေမယ့်လည်း ဂယ်ရီ နဗီးက ဂွါဒီယိုလာရဲ့အသင်းက ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဆဲဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဒီလိဂ်မှာ ဆက်သွားရမယ့် အချိန်တွေ အများကြီး ရှိပါသေးတယ်။ အာဆင်နယ်က စာရွက်ပေါ်မှာတော့ တော်တော်လေးကောင်းမွန်တဲ့ နိုင်ပွဲဆက်မှုတွေ ရရှိခဲ့တယ်လို့ ထင်ပြီး လာမယ့် ၅ ပွဲ၊ ၆ ပွဲကလည်း သူတို့အတွက် အသာစီးရနိုင်မယ့်ပုံပေါ်နေပါတယ်။ သူတို့တွေ အဲဒီပွဲစဉ်တွေမှာ သူတို့ဘာသာသူတို့ တကယ်ကို ကောင်းမွန်တဲ့အနေအထားကို ဖန်တီးနိုင်မှာပါ။ သူတို့တွေက ပုံစံကောင်းရနေတဲ့ အသင်းဖြစ်ပြီး အနိုင်ယူနိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ခင်ဗျားက အရမ်းကောင်းမနေဘူးဆိုရင် ဖူလ်ဟမ်နဲ့အဝေးကွင်းပွဲလိုမျိုး ပွဲစဉ်တွေ အများအပြားရှိနေပြီး သူတို့ကစားနေတဲ့ပုံစံအရ သူတို့တွေ ပြဿနာဖြစ်လာပါလိမ့်မယ်”

“ကျွန်တော် ဒီလာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အာဆင်နယ် ကောင်းကောင်း လုပ်နိုင်မယ်လို့ မြင်တယ်။ နောက်ဆုံး ၆ ပွဲ ကနေ ၈ ပွဲက စကားပြောပါလိမ့်မယ်။ မန်စီးတီးသာ သူတို့တွေရဲ့ ပုံစံကောင်းမှာ ဆက်ရှိနေမယ်ဆိုရင် စီးတီးက သူတို့ကို ကျော်ဖြတ်သွားမယ်လို့ ကျွန်တော် ထင်တယ်”

“အခုအချိန်မှာတော့ လွန်ခဲ့တဲ့ ၄၊ ၅ ပတ်တုန်းကထက် ကျွန်တော့်ရဲ့ဟောကိန်းအပေါ်မှာ ယုံကြည်ချက် နည်းပါးနေပါတယ်။ စီးတီးက တစ်စုတစည်းတည်းလုပ်ဆောင်သွားလိမ့်မယ်လို့ ထင်ခဲ့မိတာပါ။ မန်စီးတီးက ဘယ်နောက်ခံနေရာနဲ့ပတ်သက်ပြီး မဖြေရှင်းခဲ့ဘူး။ စီးတီးက မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပြီး အသင်းနဲ့ ကစားကွက်ကို ဟိုပြောင်းဒီပြောင်းလုပ်နေတယ်”

“ဘာနာဒိုက နော်တင်ဟမ် ဖောရက်စ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၀ မိနစ် ဘယ်နောက်ခံနေရာမှာကစားခဲ့တဲ့ပုံစံလိုမျိုးဆိုရင် အဲဒါက ခင်ဗျားကို အမြဲတမ်း အခွင့်အရေးတွေ ပေးပါလိမ့်မယ်။ အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေဖို့ ထိုက်တန်ပါတယ်။ သူတို့တွေက ဒီရာသီမှာ အခုအချိန်အထိ အကောင်းဆုံးအသင်းဖြစ်နေခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက မၾကာေသးမီကမွ မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္တို႔ၾကား ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲအတြက္ ေနာက္ထပ္ေဟာကိန္းကို ထုတ္ခဲ့ပါတယ္။

ဂယ္ရီ နဗီးက အာတီတာရဲ႕အသင္းဟာ ရမွတ္ ၅ မွတ္အထိ ျဖတ္ထားႏိုင္ေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းက ဂန္းနားေတြကို ျဖတ္ေက်ာ္ၿပီး အမွတ္ေပးဖလားကို အႏိုင္ရရွိသြားႏိုင္ဆဲျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၅ ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၆၀ နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ေပမယ့္လည္း ဂယ္ရီ နဗီးက ဂြါဒီယိုလာရဲ႕အသင္းက ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ဆဲျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဒီလိဂ္မွာ ဆက္သြားရမယ့္ အခ်ိန္ေတြ အမ်ားႀကီး ရွိပါေသးတယ္။ အာဆင္နယ္က စာ႐ြက္ေပၚမွာေတာ့ ေတာ္ေတာ္ေလးေကာင္းမြန္တဲ့ ႏိုင္ပြဲဆက္မႈေတြ ရရွိခဲ့တယ္လို႔ ထင္ၿပီး လာမယ့္ ၅ ပြဲ၊ ၆ ပြဲကလည္း သူတို႔အတြက္ အသာစီးရႏိုင္မယ့္ပုံေပၚေနပါတယ္။ သူတို႔ေတြ အဲဒီပြဲစဥ္ေတြမွာ သူတို႔ဘာသာသူတို႔ တကယ္ကို ေကာင္းမြန္တဲ့အေနအထားကို ဖန္တီးႏိုင္မွာပါ။ သူတို႔ေတြက ပုံစံေကာင္းရေနတဲ့ အသင္းျဖစ္ၿပီး အႏိုင္ယူႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္လည္း ခင္ဗ်ားက အရမ္းေကာင္းမေနဘူးဆိုရင္ ဖူလ္ဟမ္နဲ႔အေဝးကြင္းပြဲလိုမ်ိဳး ပြဲစဥ္ေတြ အမ်ားအျပားရွိေနၿပီး သူတို႔ကစားေနတဲ့ပုံစံအရ သူတို႔ေတြ ျပႆနာျဖစ္လာပါလိမ့္မယ္”

“ကြၽန္ေတာ္ ဒီလာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္းမွာ အာဆင္နယ္ ေကာင္းေကာင္း လုပ္ႏိုင္မယ္လို႔ ျမင္တယ္။ ေနာက္ဆုံး ၆ ပြဲ ကေန ၈ ပြဲက စကားေျပာပါလိမ့္မယ္။ မန္စီးတီးသာ သူတို႔ေတြရဲ႕ ပုံစံေကာင္းမွာ ဆက္ရွိေနမယ္ဆိုရင္ စီးတီးက သူတို႔ကို ေက်ာ္ျဖတ္သြားမယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“အခုအခ်ိန္မွာေတာ့ လြန္ခဲ့တဲ့ ၄၊ ၅ ပတ္တုန္းကထက္ ကြၽန္ေတာ့္ရဲ႕ေဟာကိန္းအေပၚမွာ ယုံၾကည္ခ်က္ နည္းပါးေနပါတယ္။ စီးတီးက တစ္စုတစည္းတည္းလုပ္ေဆာင္သြားလိမ့္မယ္လို႔ ထင္ခဲ့မိတာပါ။ မန္စီးတီးက ဘယ္ေနာက္ခံေနရာနဲ႔ပတ္သက္ၿပီး မေျဖရွင္းခဲ့ဘူး။ စီးတီးက မတည္မၿငိမ္ျဖစ္ေနဆဲျဖစ္ၿပီး အသင္းနဲ႔ ကစားကြက္ကို ဟိုေျပာင္းဒီေျပာင္းလုပ္ေနတယ္”

“ဘာနာဒိုက ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ကစားခဲ့တဲ့ ေနာက္ဆုံး ၁၀ မိနစ္ ဘယ္ေနာက္ခံေနရာမွာကစားခဲ့တဲ့ပုံစံလိုမ်ိဳးဆိုရင္ အဲဒါက ခင္ဗ်ားကို အၿမဲတမ္း အခြင့္အေရးေတြ ေပးပါလိမ့္မယ္။ အာဆင္နယ္က အမွတ္ေပးဇယားထိပ္ဆုံးမွာ ရွိေနဖို႔ ထိုက္တန္ပါတယ္။ သူတို႔ေတြက ဒီရာသီမွာ အခုအခ်ိန္အထိ အေကာင္းဆုံးအသင္းျဖစ္ေနခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.