Analysis Article Match Preview Premier League

ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

မန်ချက်စတာစီးတီး-နယူးကာဆယ်လ်ယူနိုက်တက်
တစ်ဂိုးရအောင် မနည်းသွင်းနေရတဲ့ နယူးကာဆယ်လ်တို့အနေနဲ့ အသင်းကြီးတွေနဲ့တွေ့ရင် ပိတ်ကစားတာက အကျင့်ပါနေပြီဖြစ်ပါတယ်။ မန်ယူနဲ့ ကာရာဘောင်းဖလားမှာ ပိတ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ကားရီးယပ်စ်နဲ့တော့ မယှဉ်နိုင်ခဲ့သလို ဒီတစ်ပွဲမှာတော့ မန်စီးတီးကို နစ်ခ် ပုပ်ရဲ့ အားကိုးနဲ့ ဂိုးမပေးရအောင် ကြိုးစားသွားဦးမှာပါ။ ဘယ်သူတွေ ဘယ်လို ဝေဖန်နေကြပေမယ့် အက်ဒီဟောင်းအတွက်တော့ တခြားနည်းလမ်း မရှိသလို မန်စီးတီးတို့ဘက်ကတော့ ဂွါဒီယိုလာရဲ့ လူထုတ်ပုံနဲ့ ဗျူဟာရွေးချယ်မှုကို စောင့်ကြည့်ရမှာဖြစ်ပြီး ဖိုဒန်နဲ့ ဒီဘရိုင်းနားတို့ ခြေစွမ်းပြနေကြတာကြောင့် အချိန်တန်ရင် အိမ်ရှင်တွေပဲ ကပ်နိုင်သွားဦးမှာဖြစ်ပါတယ်။ (မန်စီးတီး 1-0 နယူးကာဆယ်လ်)

ချဲလ်ဆီး-လိဒ်စ်ယူနိုက်တက်
ကန်တိုင်းရှုံး ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့ပွဲမှာရော ဆောက်သမ်တန်နဲ့လို ကြုံရဦးမလားလို့ တွေးနေကြပေမယ့် ဂိုးမသွင်းတတ်တဲ့ နည်းပြသစ် ဟာဗီ ဂါစီယာနဲ့ လိဒ်စ်ကိုတော့ ရလဒ်ကောင်းနိုင်ဖို့ များနေပါတယ်။ ဖိအားတွေ များနေတဲ့ ဂရေဟမ် ပေါ့တာကို အချိန်ပေးထားတာက ချဲလ်ဆီးတို့အတွက် မှန်လား မှားလားဆိုတာ ဒီနေ့ပွဲမှာ စောင့်ကြည့်ရမှာဖြစ်ပြီး နိုင်သင့်နိုင်ထိုက်တဲ့ ပွဲမျိုးဖြစ်နေလို့ မနိုင်ရင်တော့ ရာထူးက ထုတ်ပယ်ခံသွားရနိုင်ပါတယ်။ သူ့ရဲ့ ဘယ်လောက်မှ မကျန်တော့တဲ့ အချိန်တွေမှာ ပေါ့တာတစ်ယောက် အခြေလှအောင် လက်ပူတိုက်လာနိုင်ပြီး နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ကြမယ့်ပွဲမှာတော့ ဧည့်သည် လိဒ်စ်တို့ထက် အိမ်ရှင် ချဲလ်ဆီးတို့က သာလွန်နေပါတယ်။ (ချဲလ်ဆီး 2-0 လိဒ်စ်)

အာဆင်နယ်-ဘုန်းမောက်
မန်စီးတီးတို့ ပွဲကျပ်တွေ့နေပြီး ကံမကောင်းရင် နယူးကာဆယ်လ်နဲ့ သရေကျသွားနိုင်တာကြောင့် အာဆင်နယ်တို့ ဒီပွဲကို ဖိဖိစီးစီး အနိုင်ရဖို့ ကြိုးစားမှာဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ မန်စီးတီးတို့ကို အနည်းဆုံး ၅ မှတ်ဖြတ်ပြီး ဒီအကွာအဝေးကို ထိန်းထားနိုင်ဖို့အတွက် ပထမအကျော့ကလည်း အလွယ်တကူ အနိုင်ရထားတဲ့ ဘုန်းမောက်နဲ့ နိုင်ပွဲဆက်ဖို့ လုပ်ဆောင်လာမှာဖြစ်သလို တဖြည်းဖြည်း လူပြန်စုံလာပြီး အိမ်ကွင်းမှာ အဲဗာတန်လို ပိတ်ပြီး ကစားတဲ့ အသင်းကို လေးဂိုးသွင်းထားတာကလည်း ဒီပွဲအတွက် တွန်းအားဖြစ်နေမှာပါ။ ပွဲကျပ်တွေ မတွေ့ခင်မှာ အာဆင်နယ်တို့ ဂိုးပြတ်အနိုင်ရဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ (အာဆင်နယ် 3-0 ဘုန်းမောက်)

အက်စ်တန်ဗီလာ-ခရစ္စတယ်လ်ပဲလေ့စ်
ပြီးခဲ့တဲ့ပွဲမှာ နှစ်သင်းစလုံး ရလဒ်ကောင်းခဲ့ကြသလို မာဆေးဆိုက်က ပြိုင်ဘက်နှစ်သင်းနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဗီလာတို့က အဲဗာတန်တို့ အနိုင်ရခဲ့သလို ပဲလေ့စ်တို့ကတော့ လီဗာပူးလ်ကို သရေကစားထားနိုင်ခဲ့ပါတယ်။ ဗီလာတို့ ခြေစွမ်းကောင်းပေမယ့် ဒါကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်နေသလို ကွင်းလယ်မှာတော့ မက်ဂင်းကို သုံးရင် ကစားပုံက ပိုငြိမ်လေ့ရှိပြီး တိုက်စစ်မှာတော့ ဝပ်ကင်းစ်က ခြေစွမ်းပြနေလို့ ဂိုးသွင်းခက်နေတဲ့ ပဲလေ့စ်တို့ကို အိမ်ကွင်းမှာ အနိုင်ယူဖို့ အခွင့်အရေးကောင်းနေပါတယ်။ (ဗီလာ 2-0 ပဲလေ့စ်)

ဘရိုက်တန်-ဝက်စ်ဟမ်းယူနိုက်တက်
ဖူလ်ဟမ်နဲ့ပွဲမှာ မရှုံးသင့်ဘဲ ရှုံးခဲ့တဲ့ ဘရိုက်တန်တို့အတွက် နစ်နာခဲ့ရသလို ဒီနေ့မှာတော့ အိမ်ကွင်းနှစ်ပွဲဆက် မျက်နှာမပျက်ရဖို့ ကြိုးစားလာမှာ ဖြစ်ပြီး ဝက်စ်ဟမ်းတို့အနေနဲ့တော့ အချိန်ကောင်း မဟုတ်ဘဲ ရောက်လာခဲ့တယ်လို့ ဆိုရမှာပါ။ ရှေ့ပွဲကသာ ဖူလ်ဟမ်ကို အနိုင်ရခဲ့ရင် ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းတို့ကို အနည်းငယ် လျှော့ကန်နိုင်ပေမယ့် နှစ်ပွဲဆက် အမှတ်လျော့လို့မဖြစ်တဲ့ စင်ရော်တွေအနေနဲ့ ဖိဖိစီးစီး ကစားလာမှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့ကတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေပေမယ့် အဝေးကွင်းမှာတော့ ရလဒ်တွေ ဆိုးနေခဲ့ပြီး ဒီနေ့ပွဲမှာလည်း အမှတ်မရဘဲ အိမ်ပြန်ရဖို့ များနေတာပါ။ (ဘရိုက်တန် 2-0 ဝက်စ်ဟမ်း)

ဝုလ်ဗာဟမ့်ပ်တန်-တော့တင်ဟမ်ဟော့စပါး
စပါးစ်တို့အနေနဲ့ ဒီပွဲကန်ပြီးရင် နောက်ပွဲမှာ ဘာရလဒ်ထွက်မယ်ဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရလောက်အောင်ကို ခြေစွမ်းက မတည်ငြိမ်ဘဲ ဖြစ်နေခဲ့ပါတယ်။ ချဲလ်ဆီးကို အနိုင်ရခဲ့လို့ အက်ဖ်အေဖလားမှာ ရှက်ဖီးလ်ဒ်ကိုတော့ သာသာယာယာပဲလို့ ထင်ခဲ့ကြပေမယ့် ရှုံးနိမ့်ခဲ့ပြီး ပရိသတ်မျက်နှာ အိုးမဲသုတ်ခဲ့တာပါ။ ဝုလ်ဗ်စ်တို့ကလည်း ကြွေတက်နေခဲ့ပြီးမှ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့လို့ အိမ်ကွင်းမှာတော့ ကြိုးစားလာနိုင်ပေမယ့် နိုင်ပွဲယူဖို့တော့ ယုံချင်စရာ မကောင်းသေးဘဲဖြစ်နေခဲ့ပါတယ်။ တစ်နေ့ရွှေ တစ်နေ့ငွေ နှစ်သင်းရဲ့ ပြိုင်ပွဲမှာ တစ်မှတ်စီခွဲယူဖို့ပဲဖြစ်လာနိုင်ပါတယ်။ (ဝုလ်ဗ်စ် 1-1 စပါးစ်)

ဆောက်သမ်တန်-လက်စတာစီးတီး
တန်းဆင်းဇုန်နဲ့ အမှတ်သိပ်မကွာတဲ့ လက်စတာတို့အနေနဲ့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့အပြီးမှာ ဘလက်ဘန်းနဲ့ အက်ဖ်အေဖလားကိုလည်း ခပ်ညံ့ညံ့ပဲ ရှုံးနိမ့်ထားခဲ့ပြီး ကွင်းလယ်ကလည်း ပုံစံကောင်းမှာ ရှိမနေတာဖြစ်ပါတယ်။ ဆောက်သမ်တန်တို့ကတော့ ကံမကောင်း အကြောင်းမလှတဲ့ ပင်နယ်တီနှစ်လုံးကြောင့် အက်ဖ်အေဖလားက ပြုတ်လာခဲ့အပြီးမှာ ဘဝတူ လက်စတာကို အိမ်ကွင်းမှာ အသာစီးရယူဖို့ ကြိုးစားသွားမှာပါ။ ရှေ့လာမယ့် ပွဲစဉ်တွေမှာ ပွဲကျပ်တွေ ရှိနေတဲ့ ဆောက်သမ်တန်တို့အတွက် ဒီနေ့ပွဲက မဖြစ်မနေ နိုင်ပွဲဖြစ်သင့်ပြီး ဝါ့ဒ်-ပရောက်စ်ရဲ့ ရုန်းအားနဲ့ သုံးမှတ်ရဖို့ များနေပါတယ်။ (စိန့် 2-1 လက်စတာ)

နော့တင်ဟမ်ဖောရက်စ်-အဲဗာတန်
အဲဗာတန်တို့အနေနဲ့ တိုက်စစ်မှာ အားကိုးရမယ့်သူ ဘယ်သူမှ မရှိသလို ရှိတဲ့လူတွေနဲ့လည်း ဘာကစားကွက်မှ ပုံမဖော်နိုင်ပဲ ကွင်းလယ်ကိုချည်း အားကိုးပြီး အလစ်အငိုက်ဖမ်းတဲ့ အကွက်ကိုပဲ အသုံးပြုနေခဲ့ရပါတယ်။ အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲမှာ အဆိပ်မရှိ အစွယ်မရှိတဲ့ တိုက်စစ်သမားတွေကြောင့် သူတို့ရဲ့ ရှေ့ခရီးက ကြမ်းတမ်းဦးမယ်လို့ ကြိုတင်တွက်ဆလို့ ရနေပြီး ဖောရက်စ်တို့ကတော့ အသင်းကြီးတွေနဲ့ မယှဉ်နိုင်ချိန်မှာ ကိုယ့်ကွင်းလာကစားမယ့် ဖောင်ပျက်အသင်းကို ရိုက်ချက်ဖို့ ကြိုးစားမှာပါ။ ရှောင်ဒိုက်ချ်ကို အာဆင်နယ်ပရိသတ်တွေ လှောင်ပြောင်ခဲ့သလို တန်းဆင်းမှာပဲဆိုတာက တကယ်ပဲ မှန်နေမလားလို့ တွေးစရာဖြစ်ပြီး လက်ရှိအနေအထားမှာ ဘယ်သူမှ မကယ်နိုင်တာကြောင့် ဖောရက်စ်တို့ သုံးမှတ်ရပါလိမ့်မယ်။ (ဖောရက်စ် 2-0 အဲဗာတန်)

လီဗာပူးလ်-မန်ချက်စတာယူနိုက်တက်
ပုံမှန်ဆိုရင်တော့ အန်းဖီးလ်မှာ လီဗာပူးလ်တို့ သုံးမှတ်၊ မန်ယူတို့ တစ်မှတ်မှ မရဘဲ လှည့်ပြန်ဆိုပြီးဖြစ်တတ်ပေမယ့် ဒီရာသီခြေစွမ်းအရတော့ ဖြစ်လာနိုင်ဖို့ နည်းနေပါတယ်။ လီဗာပူးလ်တို့အနေနဲ့ ကွင်းလယ်မှာ လူမရှိဘဲ ကစားနေရသလို ရှေ့က ဆာလားတို့ အုပ်စုကိုပဲ အားကိုးနေခဲ့ရပြီး မန်ယူတို့ကတော့ ပြိုင်ပွဲစုံမှာ ကြွေတက်နေတာကြောင့် အန်းဖီးလ်မှာ လူစုံတက်စုံနဲ့ အမှတ်သိမ်းဖို့ ကြိုးစားမှာပါ။ ရက်ရှ်ဖို့ဒ်အတွက် အကြောင်းသိနေတဲ့ ညာနောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်က လှောင်ပြောင်စရာဖြစ်နေနိုင်သလို တန်ဟတ်ကလည်း ကလော့ပ်ထက် ပိုလျင်မြန်တဲ့ ကောင်တာကစားပုံကို ပိုင်ဆိုင်ထားတာကြောင့် အန်းဖီးလ်မှာ မန်ယူတို့အတွက် အလေးသာတဲ့ ရလဒ်ကို မြင်ရနိုင်ပါတယ်။ (လီဗာပူးလ် 1-2 မန်ယူ)

ဘရန့်ဖို့ဒ်-ဖူလ်ဟမ်
နောက်နှစ် ဥရောပမှာ ယူရိုပါ သို့မဟုတ် ကွန်ဖရင့်လိဂ်လောက်တော့ ကစားနိုင်ရမယ်လို့ မှန်းနေကြတဲ့ နှစ်သင်းရဲ့ တွေ့ဆုံရာမှာ ပြိုင်ဆိုင်မှုက ပြင်းထန်ဦးမှာပါ။ လောင်းကစားမှုတွေနဲ့ ရှုပ်နေတဲ့ တိုနီရဲ့ ခြေစွမ်းက မတည်ငြိမ်ဘဲဖြစ်နေတာကြောင့် စုစည်းမှုကောင်းနေတဲ့ ဖူလ်ဟမ်တို့ အခွင့်အရေး ရယူသွားနိုင်ဖွယ်ရှိပြီး အိမ်ရှင်တွေအတွက်တော့ ပုံစံကောင်းကို ပြန်လည်ရှာဖွေနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ သောမတ်စ် ဖရန့်ခ်တို့ အနိုင်လိုချင်မှာ ဖြစ်ပေမယ့် မာကို ဆေးလ်ဗားတို့ကလည်း တစ်ခုခု လုပ်ပြနိုင်မှာဖြစ်တာကြောင့် သရေတစ်မှတ်စီပဲ ခွဲယူသွားဖို့ များနေတာပါ။ (ဘရန့်ဖို့ဒ် 1-1 ဖူလ်ဟမ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီး-နယူးကာဆယ္လ္ယူႏိုက္တက္
တစ္ဂိုးရေအာင္ မနည္းသြင္းေနရတဲ့ နယူးကာဆယ္လ္တို႔အေနနဲ႔ အသင္းႀကီးေတြနဲ႔ေတြ႕ရင္ ပိတ္ကစားတာက အက်င့္ပါေနၿပီျဖစ္ပါတယ္။ မန္ယူနဲ႔ ကာရာေဘာင္းဖလားမွာ ပိတ္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးသမား ကားရီးယပ္စ္နဲ႔ေတာ့ မယွဥ္ႏိုင္ခဲ့သလို ဒီတစ္ပြဲမွာေတာ့ မန္စီးတီးကို နစ္ခ္ ပုပ္ရဲ႕ အားကိုးနဲ႔ ဂိုးမေပးရေအာင္ ႀကိဳးစားသြားဦးမွာပါ။ ဘယ္သူေတြ ဘယ္လို ေဝဖန္ေနၾကေပမယ့္ အက္ဒီေဟာင္းအတြက္ေတာ့ တျခားနည္းလမ္း မရွိသလို မန္စီးတီးတို႔ဘက္ကေတာ့ ဂြါဒီယိုလာရဲ႕ လူထုတ္ပုံနဲ႔ ဗ်ဴဟာေ႐ြးခ်ယ္မႈကို ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ဖိုဒန္နဲ႔ ဒီဘ႐ိုင္းနားတို႔ ေျခစြမ္းျပေနၾကတာေၾကာင့္ အခ်ိန္တန္ရင္ အိမ္ရွင္ေတြပဲ ကပ္ႏိုင္သြားဦးမွာျဖစ္ပါတယ္။ (မန္စီးတီး 1-0 နယူးကာဆယ္လ္)

ခ်ဲလ္ဆီး-လိဒ္စ္ယူႏိုက္တက္
ကန္တိုင္းရႈံး ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီေန႔ပြဲမွာေရာ ေဆာက္သမ္တန္နဲ႔လို ႀကဳံရဦးမလားလို႔ ေတြးေနၾကေပမယ့္ ဂိုးမသြင္းတတ္တဲ့ နည္းျပသစ္ ဟာဗီ ဂါစီယာနဲ႔ လိဒ္စ္ကိုေတာ့ ရလဒ္ေကာင္းႏိုင္ဖို႔ မ်ားေနပါတယ္။ ဖိအားေတြ မ်ားေနတဲ့ ဂေရဟမ္ ေပါ့တာကို အခ်ိန္ေပးထားတာက ခ်ဲလ္ဆီးတို႔အတြက္ မွန္လား မွားလားဆိုတာ ဒီေန႔ပြဲမွာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ႏိုင္သင့္ႏိုင္ထိုက္တဲ့ ပြဲမ်ိဳးျဖစ္ေနလို႔ မႏိုင္ရင္ေတာ့ ရာထူးက ထုတ္ပယ္ခံသြားရႏိုင္ပါတယ္။ သူ႔ရဲ႕ ဘယ္ေလာက္မွ မက်န္ေတာ့တဲ့ အခ်ိန္ေတြမွာ ေပါ့တာတစ္ေယာက္ အေျခလွေအာင္ လက္ပူတိုက္လာႏိုင္ၿပီး ႏႈတ္ခမ္းပဲ့ခ်င္း မီးမႈတ္ၾကမယ့္ပြဲမွာေတာ့ ဧည့္သည္ လိဒ္စ္တို႔ထက္ အိမ္ရွင္ ခ်ဲလ္ဆီးတို႔က သာလြန္ေနပါတယ္။ (ခ်ဲလ္ဆီး 2-0 လိဒ္စ္)

အာဆင္နယ္-ဘုန္းေမာက္
မန္စီးတီးတို႔ ပြဲက်ပ္ေတြ႕ေနၿပီး ကံမေကာင္းရင္ နယူးကာဆယ္လ္နဲ႔ သေရက်သြားႏိုင္တာေၾကာင့္ အာဆင္နယ္တို႔ ဒီပြဲကို ဖိဖိစီးစီး အႏိုင္ရဖို႔ ႀကိဳးစားမွာျဖစ္ပါတယ္။ သူတို႔ေတြအေနနဲ႔ မန္စီးတီးတို႔ကို အနည္းဆုံး ၅ မွတ္ျဖတ္ၿပီး ဒီအကြာအေဝးကို ထိန္းထားႏိုင္ဖို႔အတြက္ ပထမအေက်ာ့ကလည္း အလြယ္တကူ အႏိုင္ရထားတဲ့ ဘုန္းေမာက္နဲ႔ ႏိုင္ပြဲဆက္ဖို႔ လုပ္ေဆာင္လာမွာျဖစ္သလို တျဖည္းျဖည္း လူျပန္စုံလာၿပီး အိမ္ကြင္းမွာ အဲဗာတန္လို ပိတ္ၿပီး ကစားတဲ့ အသင္းကို ေလးဂိုးသြင္းထားတာကလည္း ဒီပြဲအတြက္ တြန္းအားျဖစ္ေနမွာပါ။ ပြဲက်ပ္ေတြ မေတြ႕ခင္မွာ အာဆင္နယ္တို႔ ဂိုးျပတ္အႏိုင္ရဖို႔ ႀကိဳးပမ္းလာပါလိမ့္မယ္။ (အာဆင္နယ္ 3-0 ဘုန္းေမာက္)

အက္စ္တန္ဗီလာ-ခရစၥတယ္လ္ပဲေလ့စ္
ၿပီးခဲ့တဲ့ပြဲမွာ ႏွစ္သင္းစလုံး ရလဒ္ေကာင္းခဲ့ၾကသလို မာေဆးဆိုက္က ၿပိဳင္ဘက္ႏွစ္သင္းနဲ႔ ေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး ဗီလာတို႔က အဲဗာတန္တို႔ အႏိုင္ရခဲ့သလို ပဲေလ့စ္တို႔ကေတာ့ လီဗာပူးလ္ကို သေရကစားထားႏိုင္ခဲ့ပါတယ္။ ဗီလာတို႔ ေျခစြမ္းေကာင္းေပမယ့္ ဒါကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ဆက္လက္ ထိန္းသိမ္းထားႏိုင္ဖို႔ လိုအပ္ေနသလို ကြင္းလယ္မွာေတာ့ မက္ဂင္းကို သုံးရင္ ကစားပုံက ပိုၿငိမ္ေလ့ရွိၿပီး တိုက္စစ္မွာေတာ့ ဝပ္ကင္းစ္က ေျခစြမ္းျပေနလို႔ ဂိုးသြင္းခက္ေနတဲ့ ပဲေလ့စ္တို႔ကို အိမ္ကြင္းမွာ အႏိုင္ယူဖို႔ အခြင့္အေရးေကာင္းေနပါတယ္။ (ဗီလာ 2-0 ပဲေလ့စ္)

ဘ႐ိုက္တန္-ဝက္စ္ဟမ္းယူႏိုက္တက္
ဖူလ္ဟမ္နဲ႔ပြဲမွာ မရႈံးသင့္ဘဲ ရႈံးခဲ့တဲ့ ဘ႐ိုက္တန္တို႔အတြက္ နစ္နာခဲ့ရသလို ဒီေန႔မွာေတာ့ အိမ္ကြင္းႏွစ္ပြဲဆက္ မ်က္ႏွာမပ်က္ရဖို႔ ႀကိဳးစားလာမွာ ျဖစ္ၿပီး ဝက္စ္ဟမ္းတို႔အေနနဲ႔ေတာ့ အခ်ိန္ေကာင္း မဟုတ္ဘဲ ေရာက္လာခဲ့တယ္လို႔ ဆိုရမွာပါ။ ေရွ႕ပြဲကသာ ဖူလ္ဟမ္ကို အႏိုင္ရခဲ့ရင္ ဒီေန႔ပြဲမွာ ဝက္စ္ဟမ္းတို႔ကို အနည္းငယ္ ေလွ်ာ့ကန္ႏိုင္ေပမယ့္ ႏွစ္ပြဲဆက္ အမွတ္ေလ်ာ့လို႔မျဖစ္တဲ့ စင္ေရာ္ေတြအေနနဲ႔ ဖိဖိစီးစီး ကစားလာမွာျဖစ္ပါတယ္။ ဝက္စ္ဟမ္းတို႔ကေတာ့ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ဖို႔ ႀကိဳးစားေနေပမယ့္ အေဝးကြင္းမွာေတာ့ ရလဒ္ေတြ ဆိုးေနခဲ့ၿပီး ဒီေန႔ပြဲမွာလည္း အမွတ္မရဘဲ အိမ္ျပန္ရဖို႔ မ်ားေနတာပါ။ (ဘ႐ိုက္တန္ 2-0 ဝက္စ္ဟမ္း)

ဝုလ္ဗာဟမ့္ပ္တန္-ေတာ့တင္ဟမ္ေဟာ့စပါး
စပါးစ္တို႔အေနနဲ႔ ဒီပြဲကန္ၿပီးရင္ ေနာက္ပြဲမွာ ဘာရလဒ္ထြက္မယ္ဆိုတာ ဘယ္သူမွ ခန႔္မွန္းလို႔ မရေလာက္ေအာင္ကို ေျခစြမ္းက မတည္ၿငိမ္ဘဲ ျဖစ္ေနခဲ့ပါတယ္။ ခ်ဲလ္ဆီးကို အႏိုင္ရခဲ့လို႔ အက္ဖ္ေအဖလားမွာ ရွက္ဖီးလ္ဒ္ကိုေတာ့ သာသာယာယာပဲလို႔ ထင္ခဲ့ၾကေပမယ့္ ရႈံးနိမ့္ခဲ့ၿပီး ပရိသတ္မ်က္ႏွာ အိုးမဲသုတ္ခဲ့တာပါ။ ဝုလ္ဗ္စ္တို႔ကလည္း ေႂကြတက္ေနခဲ့ၿပီးမွ ႏွစ္ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့လို႔ အိမ္ကြင္းမွာေတာ့ ႀကိဳးစားလာႏိုင္ေပမယ့္ ႏိုင္ပြဲယူဖို႔ေတာ့ ယုံခ်င္စရာ မေကာင္းေသးဘဲျဖစ္ေနခဲ့ပါတယ္။ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြ ႏွစ္သင္းရဲ႕ ၿပိဳင္ပြဲမွာ တစ္မွတ္စီခြဲယူဖို႔ပဲျဖစ္လာႏိုင္ပါတယ္။ (ဝုလ္ဗ္စ္ 1-1 စပါးစ္)

ေဆာက္သမ္တန္-လက္စတာစီးတီး
တန္းဆင္းဇုန္နဲ႔ အမွတ္သိပ္မကြာတဲ့ လက္စတာတို႔အေနနဲ႔ အာဆင္နယ္ကို ရႈံးနိမ့္ခဲ့အၿပီးမွာ ဘလက္ဘန္းနဲ႔ အက္ဖ္ေအဖလားကိုလည္း ခပ္ညံ့ညံ့ပဲ ရႈံးနိမ့္ထားခဲ့ၿပီး ကြင္းလယ္ကလည္း ပုံစံေကာင္းမွာ ရွိမေနတာျဖစ္ပါတယ္။ ေဆာက္သမ္တန္တို႔ကေတာ့ ကံမေကာင္း အေၾကာင္းမလွတဲ့ ပင္နယ္တီႏွစ္လုံးေၾကာင့္ အက္ဖ္ေအဖလားက ျပဳတ္လာခဲ့အၿပီးမွာ ဘဝတူ လက္စတာကို အိမ္ကြင္းမွာ အသာစီးရယူဖို႔ ႀကိဳးစားသြားမွာပါ။ ေရွ႕လာမယ့္ ပြဲစဥ္ေတြမွာ ပြဲက်ပ္ေတြ ရွိေနတဲ့ ေဆာက္သမ္တန္တို႔အတြက္ ဒီေန႔ပြဲက မျဖစ္မေန ႏိုင္ပြဲျဖစ္သင့္ၿပီး ဝါ့ဒ္-ပေရာက္စ္ရဲ႕ ႐ုန္းအားနဲ႔ သုံးမွတ္ရဖို႔ မ်ားေနပါတယ္။ (စိန႔္ 2-1 လက္စတာ)

ေနာ့တင္ဟမ္ေဖာရက္စ္-အဲဗာတန္
အဲဗာတန္တို႔အေနနဲ႔ တိုက္စစ္မွာ အားကိုးရမယ့္သူ ဘယ္သူမွ မရွိသလို ရွိတဲ့လူေတြနဲ႔လည္း ဘာကစားကြက္မွ ပုံမေဖာ္ႏိုင္ပဲ ကြင္းလယ္ကိုခ်ည္း အားကိုးၿပီး အလစ္အငိုက္ဖမ္းတဲ့ အကြက္ကိုပဲ အသုံးျပဳေနခဲ့ရပါတယ္။ အာဆင္နယ္ကို ရႈံးခဲ့တဲ့ပြဲမွာ အဆိပ္မရွိ အစြယ္မရွိတဲ့ တိုက္စစ္သမားေတြေၾကာင့္ သူတို႔ရဲ႕ ေရွ႕ခရီးက ၾကမ္းတမ္းဦးမယ္လို႔ ႀကိဳတင္တြက္ဆလို႔ ရေနၿပီး ေဖာရက္စ္တို႔ကေတာ့ အသင္းႀကီးေတြနဲ႔ မယွဥ္ႏိုင္ခ်ိန္မွာ ကိုယ့္ကြင္းလာကစားမယ့္ ေဖာင္ပ်က္အသင္းကို ႐ိုက္ခ်က္ဖို႔ ႀကိဳးစားမွာပါ။ ေရွာင္ဒိုက္ခ်္ကို အာဆင္နယ္ပရိသတ္ေတြ ေလွာင္ေျပာင္ခဲ့သလို တန္းဆင္းမွာပဲဆိုတာက တကယ္ပဲ မွန္ေနမလားလို႔ ေတြးစရာျဖစ္ၿပီး လက္ရွိအေနအထားမွာ ဘယ္သူမွ မကယ္ႏိုင္တာေၾကာင့္ ေဖာရက္စ္တို႔ သုံးမွတ္ရပါလိမ့္မယ္။ (ေဖာရက္စ္ 2-0 အဲဗာတန္)

လီဗာပူးလ္-မန္ခ်က္စတာယူႏိုက္တက္
ပုံမွန္ဆိုရင္ေတာ့ အန္းဖီးလ္မွာ လီဗာပူးလ္တို႔ သုံးမွတ္၊ မန္ယူတို႔ တစ္မွတ္မွ မရဘဲ လွည့္ျပန္ဆိုၿပီးျဖစ္တတ္ေပမယ့္ ဒီရာသီေျခစြမ္းအရေတာ့ ျဖစ္လာႏိုင္ဖို႔ နည္းေနပါတယ္။ လီဗာပူးလ္တို႔အေနနဲ႔ ကြင္းလယ္မွာ လူမရွိဘဲ ကစားေနရသလို ေရွ႕က ဆာလားတို႔ အုပ္စုကိုပဲ အားကိုးေနခဲ့ရၿပီး မန္ယူတို႔ကေတာ့ ၿပိဳင္ပြဲစုံမွာ ေႂကြတက္ေနတာေၾကာင့္ အန္းဖီးလ္မွာ လူစုံတက္စုံနဲ႔ အမွတ္သိမ္းဖို႔ ႀကိဳးစားမွာပါ။ ရက္ရွ္ဖို႔ဒ္အတြက္ အေၾကာင္းသိေနတဲ့ ညာေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ေလွာင္ေျပာင္စရာျဖစ္ေနႏိုင္သလို တန္ဟတ္ကလည္း ကေလာ့ပ္ထက္ ပိုလ်င္ျမန္တဲ့ ေကာင္တာကစားပုံကို ပိုင္ဆိုင္ထားတာေၾကာင့္ အန္းဖီးလ္မွာ မန္ယူတို႔အတြက္ အေလးသာတဲ့ ရလဒ္ကို ျမင္ရႏိုင္ပါတယ္။ (လီဗာပူးလ္ 1-2 မန္ယူ)

ဘရန႔္ဖို႔ဒ္-ဖူလ္ဟမ္
ေနာက္ႏွစ္ ဥေရာပမွာ ယူ႐ိုပါ သို႔မဟုတ္ ကြန္ဖရင့္လိဂ္ေလာက္ေတာ့ ကစားႏိုင္ရမယ္လို႔ မွန္းေနၾကတဲ့ ႏွစ္သင္းရဲ႕ ေတြ႕ဆုံရာမွာ ၿပိဳင္ဆိုင္မႈက ျပင္းထန္ဦးမွာပါ။ ေလာင္းကစားမႈေတြနဲ႔ ရႈပ္ေနတဲ့ တိုနီရဲ႕ ေျခစြမ္းက မတည္ၿငိမ္ဘဲျဖစ္ေနတာေၾကာင့္ စုစည္းမႈေကာင္းေနတဲ့ ဖူလ္ဟမ္တို႔ အခြင့္အေရး ရယူသြားႏိုင္ဖြယ္ရွိၿပီး အိမ္ရွင္ေတြအတြက္ေတာ့ ပုံစံေကာင္းကို ျပန္လည္ရွာေဖြႏိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ ေသာမတ္စ္ ဖရန႔္ခ္တို႔ အႏိုင္လိုခ်င္မွာ ျဖစ္ေပမယ့္ မာကို ေဆးလ္ဗားတို႔ကလည္း တစ္ခုခု လုပ္ျပႏိုင္မွာျဖစ္တာေၾကာင့္ သေရတစ္မွတ္စီပဲ ခြဲယူသြားဖို႔ မ်ားေနတာပါ။ (ဘရန႔္ဖို႔ဒ္ 1-1 ဖူလ္ဟမ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.