Premier League

ဘလွန်ဒေါဆု ရနိုင်တဲ့သူလို့ တစ်ကြိုပေးခံလိုက်ရတဲ့ ဂန်းနားကြယ်ပွင့်

Sky Sports ဘောလုံးဝေဖန်သုံးသပ်သူ ဂျေး ဘို့သ်ရွိုက်ဒ်က အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာအနေနဲ့ ရီးရဲလ်မက်ဒရစ် သို့မဟုတ် ဘာစီလိုနာအသင်းတို့အတွက် ကစားပေးမယ်ဆိုရင် ဘလွန်ဒေါဆုကို ရရှိနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဂန်းနားတွေဟာ ဗုဒ္ဓဟူးနေ့ညက အဲဗာတန်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒုတိယနေရာက မန်ချက်စတာစီးတီးထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်တွင်းအမှတ်ပေးဖလားကို ရယူဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ ဆာကာဟာ ယခုရာသီ အာတီတာအတွက် အရေးအကြီးဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

ဆာကာဟာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂါဘရီယဲလ် မာတီနယ်လီက ပထမပိုင်းမပြီးဆုံးခင် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အင်္ဂလန်တောင်ပံကစားသမားရဲ့ လုပ်နိုင်စွမ်းကို ကောင်းကောင်း သတိပြုမိနေပေမယ့်လည်း ဘို့သ်ရွိုက်ဒ်က ဆာကာက ၎င်းနဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေ မရရှိခဲ့ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“သူက လုံလောက်တဲ့ ချီးကျူးမှုတွေ မရခဲ့ဘူး။ သူသာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာတို့အတွက် ကစားပေးနေခဲ့တာဆိုရင် သူက ဘလွန်ဒေါဆုအတွက်တောင် ထည့်ပြောခံရပါလိမ့်မယ်။ သူက ဒီနှစ်မှာ အရမ်းကို အံ့အားသင့်စရာကောင်းနေခဲ့တယ်။ သူက ငယ်ရွယ်တဲ့ကစားသမားလည်းဖြစ်သလို အာဆင်နယ်ရဲ့ ကြယ်ပွင့်ကစားသမားလည်း ဖြစ်တယ်။ သူက ဒီနေ့မှာ ကြီးမားတဲ့ ကွဲပြားခြားနားမှုတွေကို ပြုလုပ်ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတာကြောင့် ဂန်းနားပရိသတ်တွေအတွက်တော့ စိတ်အေးစရာဖြစ်လာခဲ့ပြီး အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အနှေးနဲ့ အမြန်ကို စာချုပ်သစ် ချုပ်ဆိုတော့မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Sky Sports ေဘာလုံးေဝဖန္သုံးသပ္သူ ေဂ်း ဘို႔သ္႐ြိဳက္ဒ္က အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာအေနနဲ႔ ရီးရဲလ္မက္ဒရစ္ သို႔မဟုတ္ ဘာစီလိုနာအသင္းတို႔အတြက္ ကစားေပးမယ္ဆိုရင္ ဘလြန္ေဒါဆုကို ရရွိႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

ဂန္းနားေတြဟာ ဗုဒၶဟူးေန႔ညက အဲဗာတန္ကို ၄-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ဒုတိယေနရာက မန္ခ်က္စတာစီးတီးထက္ ၅ မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ျပည္တြင္းအမွတ္ေပးဖလားကို ရယူဖို႔ ရည္မွန္းေနတာျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အဂၤလန္အသင္းအတြက္ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့တဲ့ ဆာကာဟာ ယခုရာသီ အာတီတာအတြက္ အေရးအႀကီးဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္အထိ ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။

ဆာကာဟာ အဲဗာတန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဂါဘရီယဲလ္ မာတီနယ္လီက ပထမပိုင္းမၿပီးဆုံးခင္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အဂၤလန္ေတာင္ပံကစားသမားရဲ႕ လုပ္ႏိုင္စြမ္းကို ေကာင္းေကာင္း သတိျပဳမိေနေပမယ့္လည္း ဘို႔သ္႐ြိဳက္ဒ္က ဆာကာက ၎နဲ႔ ထိုက္တန္တဲ့ ခ်ီးက်ဴးမႈေတြ မရရွိခဲ့ဘူးလို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“သူက လုံေလာက္တဲ့ ခ်ီးက်ဴးမႈေတြ မရခဲ့ဘူး။ သူသာ ရီးရဲလ္မက္ဒရစ္ ဒါမွမဟုတ္ ဘာစီလိုနာတို႔အတြက္ ကစားေပးေနခဲ့တာဆိုရင္ သူက ဘလြန္ေဒါဆုအတြက္ေတာင္ ထည့္ေျပာခံရပါလိမ့္မယ္။ သူက ဒီႏွစ္မွာ အရမ္းကို အံ့အားသင့္စရာေကာင္းေနခဲ့တယ္။ သူက ငယ္႐ြယ္တဲ့ကစားသမားလည္းျဖစ္သလို အာဆင္နယ္ရဲ႕ ၾကယ္ပြင့္ကစားသမားလည္း ျဖစ္တယ္။ သူက ဒီေန႔မွာ ႀကီးမားတဲ့ ကြဲျပားျခားနားမႈေတြကို ျပဳလုပ္ခဲ့တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘူကာယို ဆာကာဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ အနီးစပ္ဆုံး အေျခအေနမွာ ရွိေနတာေၾကာင့္ ဂန္းနားပရိသတ္ေတြအတြက္ေတာ့ စိတ္ေအးစရာျဖစ္လာခဲ့ၿပီး အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုက အေႏွးနဲ႔ အျမန္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေတာ့မွာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.