Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၈.၉.၂၀၂၀

– ကိဗ္က ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ရီးရဲလ္မက္ဒရစ္ကို ရွဳံးနိမ့္ခဲ့ၿပီးကတည္းက လီဗာပူးလ္အသင္းအတြက္ တစ္ခါမွ ထပ္မံကစားခြင့္ မရေတာ့တဲ့ ဂိုးသမား လုိရစ္ ကားရီးယပ္စ္ကို ယူနီယံ ဘာလင္အသင္းက ေခၚယူဖို႔ သေဘာတူညီမွဳ ရခဲ့ၿပီလို႔ ဂ်ာမန္အားကစား သတင္းဌာန ကစ္ကာေဖာ္ျပ။

– သီယာဂို အယ္လ္ကန္တာရာ ေရာက္ရွိလာတာေၾကာင့္ ေနရာေပ်ာက္ဆုံးႏုိင္တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ေဂ်ာ္ဂ်င္နီယို ဗုိင္နယ္လ္ဒြမ္အေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ေတာ့တဲ့အတူတူ ပုိမုိကစားခြင့္ရမယ့္ အသင္းသစ္ကို ရွာေဖြဖို႔ တုိက္စစ္မွဴးေဟာင္း ကီဗင္ ဖီးလစ္တုိက္တြန္း။

– အာဆင္နယ္နဲ႔ပြဲမွာ ႀကံ့ခိုင္မွဳ ျပႆနာေၾကာင့္ ဂိုးသမား အယ္လစ္ဆန္ ဘက္ကာ ပါဝင္လာႏုိင္ေျခ နည္းေနတဲ့ အေပၚမွာ ပရိသတ္ေတြကေတာ့ စိုးရိမ္စျပဳေနၾကၿပီျဖစ္ၿပီး အက္ဒရီယန္နဲ႔ေတာ့ ပြဲႀကီးေတြမွာ မႏုိင္ႏုိင္ဘူးလို႔ ေဝဖန္ေနၾက။

– အာဆင္နယ္အသင္းနဲ႔ လီဗာပူးလ္တုိ႔ ေတြ႕ဆုံခဲ့ၾကတဲ့ ပြဲေတြမွာ ေအာက္အသင္းအျဖစ္ ကစားၿပီး ႏုိင္ပြဲေတြ ရယူခဲ့တဲ့ နည္းျပ မီခယ္လ္ အာတီတာက ဒီတစ္ခါမွာလည္း အခြင့္အေရး ယူႏုိင္ဦးမယ္လုိ႔ ယုံၾကည္ေနၿပီး သူတုိ႔အေနနဲ႔ လမ္းမေလွ်ာက္တတ္ခင္မွာ ေျပးတာမ်ဳိး မလုပ္ဘဲ စနစ္တက် ကစားသြားမယ္လုိ႔ ေျပာၾကားထား။

– ဘ႐ူးစတားအတြက္ လီဗာပူးလ္ဘက္က ညႇိႏွဳိင္းခဲ့တဲ့ ေပါင္သန္း ၂၀ နဲ႔ ေရာင္းခ်ၿပီး ေပါင္ ၃၇ သန္းနဲ႔ အခ်ိန္ကာလတစ္ခုအတြင္း ျပန္လည္ေခၚယူႏုိင္ခြင့္ကို ခရစၥတယ္လ္ပဲေလ့စ္အသင္းက သေဘာမတူခ်ိန္မွာ အက္စ္တန္ဗီလာအသင္း စိတ္ဝင္စားေန။

– ဘန္ေလအသင္းအေနနဲ႔ ကြင္းလယ္ကစားသမားေတြကို အစြန္ထုတ္ကစားေနရတဲ့ သူတုိ႔ရဲ႕ ေတာင္ပံတုိက္စစ္ကို အားျဖည့္ဖို႔အတြက္ လီဗာပူးလ္အသင္းရဲ႕ အေရာင္းစာရင္းထဲက ဟာရီ ဝီလ္ဆန္ကို ေပါင္ ၁၅ သန္းနဲ႔ ေခၚယူသြားဖို႔ စီစဥ္ေနၿပီး သတ္မွတ္ထားတဲ့ ေဈးႏွဳန္းထက္ေတာ့ အနည္းငယ္ေလ်ာ့နည္းေန။

– လီဗာပူးလ္၊ မန္ယူ၊ မန္စီးတီးအသင္းေတြနဲ႔ သတင္းထြက္ေနခဲ့တဲ့ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီအတြက္ အသင္းအားကစားဒါ႐ိုက္တာ ခရစၥတီယာႏုိ ဂၽြန္တုိလီက ေနာက္ခံလူကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ ယုံၾကည္မွဳ ရွိေနတယ္လုိ႔ဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကိဗ်က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီးကတည်းက လီဗာပူးလ်အသင်းအတွက် တစ်ခါမှ ထပ်မံကစားခွင့် မရတော့တဲ့ ဂိုးသမား လိုရစ် ကားရီးယပ်စ်ကို ယူနီယံ ဘာလင်အသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ ဂျာမန်အားကစား သတင်းဌာန ကစ်ကာဖော်ပြ။

– သီယာဂို အယ်လ်ကန်တာရာ ရောက်ရှိလာတာကြောင့် နေရာပျောက်ဆုံးနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ အသင်းနဲ့ စာချုပ်သစ် မချုပ်တော့တဲ့အတူတူ ပိုမိုကစားခွင့်ရမယ့် အသင်းသစ်ကို ရှာဖွေဖို့ တိုက်စစ်မှူးဟောင်း ကီဗင် ဖီးလစ်တိုက်တွန်း။

– အာဆင်နယ်နဲ့ပွဲမှာ ကြံ့ခိုင်မှု ပြဿနာကြောင့် ဂိုးသမား အယ်လစ်ဆန် ဘက်ကာ ပါဝင်လာနိုင်ခြေ နည်းနေတဲ့ အပေါ်မှာ ပရိသတ်တွေကတော့ စိုးရိမ်စပြုနေကြပြီဖြစ်ပြီး အက်ဒရီယန်နဲ့တော့ ပွဲကြီးတွေမှာ မနိုင်နိုင်ဘူးလို့ ဝေဖန်နေကြ။

– အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်တို့ တွေ့ဆုံခဲ့ကြတဲ့ ပွဲတွေမှာ အောက်အသင်းအဖြစ် ကစားပြီး နိုင်ပွဲတွေ ရယူခဲ့တဲ့ နည်းပြ မီခယ်လ် အာတီတာက ဒီတစ်ခါမှာလည်း အခွင့်အရေး ယူနိုင်ဦးမယ်လို့ ယုံကြည်နေပြီး သူတို့အနေနဲ့ လမ်းမလျှောက်တတ်ခင်မှာ ပြေးတာမျိုး မလုပ်ဘဲ စနစ်တကျ ကစားသွားမယ်လို့ ပြောကြားထား။

– ဘရူးစတားအတွက် လီဗာပူးလ်ဘက်က ညှိနှိုင်းခဲ့တဲ့ ပေါင်သန်း ၂၀ နဲ့ ရောင်းချပြီး ပေါင် ၃၇ သန်းနဲ့ အချိန်ကာလတစ်ခုအတွင်း ပြန်လည်ခေါ်ယူနိုင်ခွင့်ကို ခရစ္စတယ်လ်ပဲလေ့စ်အသင်းက သဘောမတူချိန်မှာ အက်စ်တန်ဗီလာအသင်း စိတ်ဝင်စားနေ။

– ဘန်လေအသင်းအနေနဲ့ ကွင်းလယ်ကစားသမားတွေကို အစွန်ထုတ်ကစားနေရတဲ့ သူတို့ရဲ့ တောင်ပံတိုက်စစ်ကို အားဖြည့်ဖို့အတွက် လီဗာပူးလ်အသင်းရဲ့ အရောင်းစာရင်းထဲက ဟာရီ ဝီလ်ဆန်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူသွားဖို့ စီစဉ်နေပြီး သတ်မှတ်ထားတဲ့ ဈေးနှုန်းထက်တော့ အနည်းငယ်လျော့နည်းနေ။

– လီဗာပူးလ်၊ မန်ယူ၊ မန်စီးတီးအသင်းတွေနဲ့ သတင်းထွက်နေခဲ့တဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီအတွက် အသင်းအားကစားဒါရိုက်တာ ခရစ္စတီယာနို ဂျွန်တိုလီက နောက်ခံလူကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ယုံကြည်မှု ရှိနေတယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.