Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂၈.၉.၂၀၂၀

– ခ်ဲလ္ဆီးအသင္းက အလိုရွိေနတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကေတာ့ ဝုလ္ဗ္စ္ကို ေလးဂိုး-ဂိုးမရွိနဲ႔ ႏုိင္ခဲ့တဲ့ပြဲမွာ ေျခစြမ္းျပသခဲ့ၿပီး အသင္းေဖာ္ေတြကေတာ့ သူ႕ကို အသင္းမွာ ဆက္ျမင္ခ်င္တယ္လို႔ ေျပာၾကားထား။

– ခ်ဲလ္ဆီးအသင္းရဲ႕ ထရိန္နင္ေတြမွာ ပါဝင္ေနၾကတဲ့ ကစားသမားေတြထဲက ဂိုးသမား ေအဒူယာ မန္ဒီဟာ ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ ပြဲမွာ ပြဲထြက္လာႏုိင္ေျခရွိေနၿပီး ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ ပူလီရွစ္ခ်္နဲ႔ ဇီယက္ရွ္တုိ႔ကေတာ့ ေအာက္တုိဘာလ ၃ ရက္ေန႔မွာ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ကစားမယ့္ပြဲကို ပစ္မွတ္ထားေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ခ်ဲလ္ဆီးဘက္က ေရာင္းခ်ႏုိင္တယ္လို႔ ေလသံလႊင့္ထားခဲ့တဲ့ ကြင္းလယ္လူ အန္ဂိုလို ကန္ေတကို ေခၚယူဖို႔အတြက္ သူ႕ရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ပဏာမ ေဆြးေႏြးေနတယ္လို႔ သိရၿပီး ပုဂၢဳိလ္ေရးညႇိႏွဳိင္းေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒက္ကလန္ ႐ိုက္ကို ေပါင္သန္း ၄၀ ေက်ာ္နဲ႔ ေခၚယူႏုိင္မယ္လုိ႔ ယုံၾကည္ေနၿပီး ဝက္စ္ဟမ္းအသင္းဘက္က အလိုရွိေနတဲ့ ကစားသမားအခ်ဳိ႕ကို အငွား/အလိုက္ေပးမွဳေတြနဲ႔ သေဘာတူညီသြားႏုိင္ဖို႔ ျပင္ဆင္ေန။

– အန္ဂိုလို ကြန္ေတဟာ ခ်ဲလ္ဆီးအသင္းဘက္က အလြယ္တကူ ေရာင္းခ်သြားမယ့္ ကစားသမားမ်ဳိးမဟုတ္ဘဲ အသင္းနဲ႔ အေရးပါတဲ့ အခန္းက႑ရွိဆဲျဖစ္လို႔ ေငြမ်ားမ်ားသုံးရႏိုင္တာေၾကာင့္ ေခၚယူဖို႔ကေန အင္တာမီလန္နည္းျပ ကြန္တီ ေနာက္ဆုတ္သြား။

– ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔ လမ္းပတ္က ဝက္စ္ဘရြန္းနဲ႔ပြဲမွာ သူတုိ႔အသင္းဟာ ကိုယ့္ကိုယ္ကို ျပန္ၿပီး ထိရွခဲ့ေစတာျဖစ္ၿပီး ပထမဂိုးကို ေပးရေအာင္ တာဝန္ရွိခဲ့တဲ့ အလြန္ဆိုနဲ႔ ဒုတိယဂိုးအတြက္ အမွားက်ဴးလြန္ခဲ့တဲ့ သီယာဂို ေဆးလ္ဗားတုိ႔ကို ဒီလိုမျဖစ္သင့္ေၾကာင္းဆုိခဲ့။

– အာဆင္နယ္အသင္းနဲ႔ အသံထြက္ေနခဲ့တဲ့ ေဂ်ာ္ဂ်င္ညဳိကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းဆီ ပီအက္စ္ဂ်ီအသင္းက အငွားနဲ႔ ကမ္းလွမ္းထားၿပီး ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတြက္လည္း ကမ္းလွမ္းမွဳေတြ ရရွိထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းက အလိုရှိနေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကတော့ ဝုလ်ဗ်စ်ကို လေးဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ပွဲမှာ ခြေစွမ်းပြသခဲ့ပြီး အသင်းဖော်တွေကတော့ သူ့ကို အသင်းမှာ ဆက်မြင်ချင်တယ်လို့ ပြောကြားထား။

– ချဲလ်ဆီးအသင်းရဲ့ ထရိန်နင်တွေမှာ ပါဝင်နေကြတဲ့ ကစားသမားတွေထဲက ဂိုးသမား အေဒူယာ မန်ဒီဟာ တော့တင်ဟမ်ဟော့စပါးစ်နဲ့ ပွဲမှာ ပွဲထွက်လာနိုင်ခြေရှိနေပြီး တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ပူလီရှစ်ချ်နဲ့ ဇီယက်ရှ်တို့ကတော့ အောက်တိုဘာလ ၃ ရက်နေ့မှာ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ကစားမယ့်ပွဲကို ပစ်မှတ်ထားနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချဲလ်ဆီးဘက်က ရောင်းချနိုင်တယ်လို့ လေသံလွှင့်ထားခဲ့တဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေကို ခေါ်ယူဖို့အတွက် သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ပဏာမ ဆွေးနွေးနေတယ်လို့ သိရပြီး ပုဂ္ဂိုလ်ရေးညှိနှိုင်းနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ ဒက်ကလန် ရိုက်ကို ပေါင်သန်း ၄၀ ကျော်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ဝက်စ်ဟမ်းအသင်းဘက်က အလိုရှိနေတဲ့ ကစားသမားအချို့ကို အငှား/အလိုက်ပေးမှုတွေနဲ့ သဘောတူညီသွားနိုင်ဖို့ ပြင်ဆင်နေ။

– အန်ဂိုလို ကွန်တေဟာ ချဲလ်ဆီးအသင်းဘက်က အလွယ်တကူ ရောင်းချသွားမယ့် ကစားသမားမျိုးမဟုတ်ဘဲ အသင်းနဲ့ အရေးပါတဲ့ အခန်းကဏ္ဍရှိဆဲဖြစ်လို့ ငွေများများသုံးရနိုင်တာကြောင့် ခေါ်ယူဖို့ကနေ အင်တာမီလန်နည်းပြ ကွန်တီ နောက်ဆုတ်သွား။

– ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်က ဝက်စ်ဘရွန်းနဲ့ပွဲမှာ သူတို့အသင်းဟာ ကိုယ့်ကိုယ်ကို ပြန်ပြီး ထိရှခဲ့စေတာဖြစ်ပြီး ပထမဂိုးကို ပေးရအောင် တာဝန်ရှိခဲ့တဲ့ အလွန်ဆိုနဲ့ ဒုတိယဂိုးအတွက် အမှားကျူးလွန်ခဲ့တဲ့ သီယာဂို ဆေးလ်ဗားတို့ကို ဒီလိုမဖြစ်သင့်ကြောင်းဆိုခဲ့။

– အာဆင်နယ်အသင်းနဲ့ အသံထွက်နေခဲ့တဲ့ ဂျော်ဂျင်ညိုကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းဆီ ပီအက်စ်ဂျီအသင်းက အငှားနဲ့ ကမ်းလှမ်းထားပြီး ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတွက်လည်း ကမ်းလှမ်းမှုတွေ ရရှိထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.