Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၈.၉.၂၀၂၀

– အေထာင္တုိက္စစ္မွဴးေကာင္းမရွိဘဲ အီဂါလိုကို အငွားနဲ႔ ေခၚယူထားၿပီး အသုံးျပဳေပမယ့္လည္း မထိေရာက္ခဲ့တဲ့ ယူႏုိက္တက္အေနနဲ႔ နာပိုလီအသင္းမွာ ဗစ္တာ အုိဆီမင္ေရာက္လာၿပီးေနာက္ပုိင္း အခန္းက႑ေလ်ာ့က်ေနတဲ့ တိုက္စစ္မွဴး အာေကးဒီးယပ္ရွ္ မီလစ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေန။

– ယူႏိုက္တက္အေနနဲ႔ ေနာက္ခံလူ အဲလက္စ္ တဲလက္စ္အတြက္ ပုဂၢဳိလ္ေရးသေဘာတူညီခဲ့ၿပီး ေအးဂ်င့္နဲ႔ ေကာ္မရွင္ခေတြ ေပးေခ်ဖို႔ ေဆြးေႏြးေနၿပီျဖစ္သလို ေပၚတုိနဲ႔လည္း ေျပာင္းေရႊ႕ေၾကး ညႇိႏွဳိင္းေနတယ္လို႔ ဂ်ာနယ္လစ္ ႐ိုမာႏုိက ေဖာ္ျပခဲ့ၿပီး တစ္ခ်ိန္တည္းမွာ Plan B ကစားသမားကိုလည္း ေစာင့္ၾကည့္ေနတယ္လို႔ဆုိသြားခဲ့။

– အသင္းကေန ထြက္ခြာဖို႔ ႀကဳိးစားေနတဲ့ ဘရာဇီးလ္ကြင္းလယ္လူ အန္းဒရိစ္ ပါရဲရားအတြက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လာဇီယိုတို႔ တစ္ႏွစ္အငွားနဲ႔ သေဘာတူညီမွဳ ရရွိခဲ့ၿပီျဖစ္ၿပီး အၿပီးသတ္ေခၚယူဖို႔အတြက္ ယူ႐ို ၂၇ သန္းနဲ႔ ေျပာင္းေရႊ႕ေၾကးခံစားခြင့္ ဆယ္ရာခိုင္ႏွဳန္း ထည့္သြင္းထား။

– ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေဒါ့မြန္အသင္းဘက္က ျပန္လည္ညႇိႏွဳိင္းမွဳ ျပဳလုပ္ႏုိင္ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းဘက္က ကမ္းလွမ္းထားတဲ့ ေပါင္ ၇၅ သန္းထက္ အနည္းငယ္ ပုိမိုမ်ားျပားတဲ့ ပမာဏအျဖစ္ ေပါင္ ၈၂ သန္း(ယူ႐ုိသန္း ၉၀)နဲ႔ သေဘာတူညီမွဳ ရရွိႏုိင္ေၾကာင္း ဂ်ာနယ္လစ္တစ္ဦးေဖာ္ျပ။

– ဘ႐ိုက္တန္နဲ႔ပြဲမွာ ေနာက္ဆုံးမိနစ္ ပင္နယ္တီကို ကန္သြင္းခဲ့တဲ့ ကြင္းလယ္လူ ဘ႐ူႏုိ ဖာနန္ဒက္စ္အေနနဲ႔ သူ႕ကို ဘ႐ိုက္တန္ ကစားသမားေတြရဲ႕ အာ႐ုံေထြျပားေအာင္လုပ္ေဆာင္မွဳကေန ကာကြယ္ေပးခဲ့တဲ့ ဖရက္ဒ္ေၾကာင့္သာ တည္တည္ၿငိမ္ၿငိမ္နဲ႔ အႏုိင္ဂိုး ရယူႏုိင္ခဲ့တာလို႔ ေက်းဇူးတင္စကားဆုိ။

– ခ်ဲလ္ဆီးအသင္းကေန ကမ္းလွမ္းမွဳေကာင္းေတြ ရွိလာရင္ ေရာင္းခ်ႏုိင္တယ္လို႔ ေျပာထားတဲ့ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ မန္ခ်က္စတာယူႏုိက္တက္ဘက္က တာဝန္ရွိသူေတြ ေတြ႕ဆုံထားၿပီး လစာ ေပါင္သုံးသိန္းကို ေလွ်ာ့ယူေပးဖို႔ ညႇိႏွဳိင္းေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ စပုိ႔တင္းလစၥဘြန္းနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္အတြက္ သေဘာတူညီထားခဲ့တဲ့ ခံစားခြင့္ေတြထဲက တစ္ခုကုိ ေပးေခ်ရေတာ့မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ပြဲမွာ ျပည့္ေျမာက္သြားခဲ့တဲ့ ၂၅ ပြဲေျမာက္ ကစားခဲ့တာအတြက္ ယူ႐ုိ ၅ သန္း ေပးေခ်ရဖို႔ ရွိေန။ (ၿပီးခဲ့တဲ့ ရာသီကလည္း ခ်န္ပီယံလိဂ္ဝင္ႏုိင္ခဲ့လို႔ ယူ႐ို ၃ သန္း ေပးခဲ့ရေသး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အထောင်တိုက်စစ်မှူးကောင်းမရှိဘဲ အီဂါလိုကို အငှားနဲ့ ခေါ်ယူထားပြီး အသုံးပြုပေမယ့်လည်း မထိရောက်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ နာပိုလီအသင်းမှာ ဗစ်တာ အိုဆီမင်ရောက်လာပြီးနောက်ပိုင်း အခန်းကဏ္ဍလျော့ကျနေတဲ့ တိုက်စစ်မှူး အာကေးဒီးယပ်ရှ် မီလစ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေ။

– ယူနိုက်တက်အနေနဲ့ နောက်ခံလူ အဲလက်စ် တဲလက်စ်အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီခဲ့ပြီး အေးဂျင့်နဲ့ ကော်မရှင်ခတွေ ပေးချေဖို့ ဆွေးနွေးနေပြီဖြစ်သလို ပေါ်တိုနဲ့လည်း ပြောင်းရွှေ့ကြေး ညှိနှိုင်းနေတယ်လို့ ဂျာနယ်လစ် ရိုမာနိုက ဖော်ပြခဲ့ပြီး တစ်ချိန်တည်းမှာ Plan B ကစားသမားကိုလည်း စောင့်ကြည့်နေတယ်လို့ဆိုသွားခဲ့။

– အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ ဘရာဇီးလ်ကွင်းလယ်လူ အန်းဒရိစ် ပါရဲရားအတွက် မန်ချက်စတာယူနိုက်တက်နဲ့ လာဇီယိုတို့ တစ်နှစ်အငှားနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး အပြီးသတ်ခေါ်ယူဖို့အတွက် ယူရို ၂၇ သန်းနဲ့ ပြောင်းရွှေ့ကြေးခံစားခွင့် ဆယ်ရာခိုင်နှုန်း ထည့်သွင်းထား။

– ဂျေဒန် ဆန်ချိုအတွက် ဒေါ့မွန်အသင်းဘက်က ပြန်လည်ညှိနှိုင်းမှု ပြုလုပ်နိုင်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဘက်က ကမ်းလှမ်းထားတဲ့ ပေါင် ၇၅ သန်းထက် အနည်းငယ် ပိုမိုများပြားတဲ့ ပမာဏအဖြစ် ပေါင် ၈၂ သန်း(ယူရိုသန်း ၉၀)နဲ့ သဘောတူညီမှု ရရှိနိုင်ကြောင်း ဂျာနယ်လစ်တစ်ဦးဖော်ပြ။

– ဘရိုက်တန်နဲ့ပွဲမှာ နောက်ဆုံးမိနစ် ပင်နယ်တီကို ကန်သွင်းခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ သူ့ကို ဘရိုက်တန် ကစားသမားတွေရဲ့ အာရုံထွေပြားအောင်လုပ်ဆောင်မှုကနေ ကာကွယ်ပေးခဲ့တဲ့ ဖရက်ဒ်ကြောင့်သာ တည်တည်ငြိမ်ငြိမ်နဲ့ အနိုင်ဂိုး ရယူနိုင်ခဲ့တာလို့ ကျေးဇူးတင်စကားဆို။

– ချဲလ်ဆီးအသင်းကနေ ကမ်းလှမ်းမှုကောင်းတွေ ရှိလာရင် ရောင်းချနိုင်တယ်လို့ ပြောထားတဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေရဲ့ ကိုယ်စားလှယ်တွေနဲ့ မန်ချက်စတာယူနိုက်တက်ဘက်က တာဝန်ရှိသူတွေ တွေ့ဆုံထားပြီး လစာ ပေါင်သုံးသိန်းကို လျှော့ယူပေးဖို့ ညှိနှိုင်းနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စပို့တင်းလစ္စဘွန်းနဲ့ ဘရူနို ဖာနန်ဒက်စ်အတွက် သဘောတူညီထားခဲ့တဲ့ ခံစားခွင့်တွေထဲက တစ်ခုကို ပေးချေရတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ ပြည့်မြောက်သွားခဲ့တဲ့ ၂၅ ပွဲမြောက် ကစားခဲ့တာအတွက် ယူရို ၅ သန်း ပေးချေရဖို့ ရှိနေ။ (ပြီးခဲ့တဲ့ ရာသီကလည်း ချန်ပီယံလိဂ်ဝင်နိုင်ခဲ့လို့ ယူရို ၃ သန်း ပေးခဲ့ရသေး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.