International World Cup

အမ်ဘာပေကို ပထမ မပေးခဲ့တဲ့ The Best မက်ဆီနဲ့ နာမည်ကြီးတွေရဲ့ ရွေးချယ်မှုများ

ပြီးခဲ့တဲ့ ညက ဖီဖာရဲ့ အကောင်းဆုံးဆုတွေ ရွေးချယ်မှုမှာ လီယွန်နယ် မက်ဆီကပဲ အားလုံး သိထားကြတဲ့အတိုင်း အမျိုးသားအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားခဲ့ကြချိန်မှာ သက်ဆိုင်ရာ လက်ရွေးစင်နည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေက ဘယ်လို ပထမ၊ ဒုတိယနဲ့ တတိယတွေကို ရွေးချယ် မဲပေးခဲ့ကြတယ်ဆိုတဲ့ ရွေးချယ်မှုတွေကလည်း ပေါ်ထွက်လာခဲ့ကြပြီး ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

လီယွန်နယ် မက်ဆီ (အာဂျင်တီးနားကပ္ပတိန်)
မက်ဆီရဲ့ ဆုရွေးချယ်မှုအတွက် ပထမနေရာကတော့ နေမာဖြစ်ခဲ့ပြီး ပြင်သစ်သားတွေဖြစ်ပြီး သူ့တို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ဘက်ဖြစ်ခဲ့တဲ့ ခီလီယန် အမ်ဘာပေနဲ့ ကာရင်မ် ဘင်ဇီးမားတို့ကိုတော့ ဒုတိယနဲ့ တတိယနေရာတွေမှာ ရွေးချယ်သွားခဲ့ပါတယ်။

သီယာဂို ဆေးလ်ဗား (ဘရာဇီးလ်ကပ္ပတိန်)
ချဲလ်ဆီးနောက်ခံလူကြီးကတော့ နေမာကို ပထမနေရာမှာ မဲပေးခဲ့ပြီး မက်ဆီနဲ့ ဘင်ဇီးမားတို့ကို ဒုတိယနဲ့ တတိယနေရာတွေမှာ ရွေးချယ်ခဲ့သလို သူ့ရဲ့ ပီအက်စ်ဂျီအသင်းဖော်ဟောင်း အမ်ဘာပေကိုတော့ ထည့်သွင်းခြင်း မရှိခဲ့တာပါ။

လူကာ မိုဒရစ်ချ် (ခရိုအေးရှားကပ္ပတိန်)
မိုဒရစ်ချ်ကတော့ ရိုးရိုးရှင်းရှင်းပဲ ရီးရဲလ်မက်ဒရစ်က သူ့လူဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး ဘင်ဇီးမားကို ပထမနေရာ ရွေးချယ်ပေးခဲ့ပြီး မက်ဆီကို ဒုတိယနဲ့ အမ်ဘာပေကို တတိယနေရာတွေမှာ အသီးသီး ထည့်သွင်းသွားခဲ့ပါတယ်။

မိုဟာမက် ဆာလား (အီဂျစ်ကပ္ပတိန်)
လီဗာပူးလ်တိုက်စစ်မှူး ဖာရိုးကြီးကတော့ သူများတွေနဲ့ မတူဘဲ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗီနီးရှပ်စ် ဂျူနီယာကို ပထမ၊ မန်စီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကို ဒုတိယနဲ့ ပီအက်စ်ဂျီနောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို တတိယနေရာ ပေးသွားခဲ့တာပါ။

ဟာရီကိန်း (အင်္ဂလန်ကပ္ပတိန်)
ဟာရီကိန်းကတော့ မက်ဆီကိုပဲ ပထမနေရာအတွက် ထောက်ပံ့ကူညီသွားခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ လီဗာပူးလ်ဟောင်း ဆာဒီယို မာနေးကို ဒုတိယနေရာအတွက် ရွေးချယ်သွားခဲ့သလို တတိယနေရာကိုတော့ ဘင်ဇီးမားကို အဆိုပြုသွားခဲ့ပါတယ်။

ဟူဂို လိုရစ် (ပြင်သစ်ကပ္ပတိန်)
စပါးစ်ဂိုးသမားကတော့ အမျိုးချင်း ယိုင်းပင်းသွားခဲ့တာကို တွေ့ရပြီး ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ပထမ ပေးခဲ့သလို မက်ဆီကိုတော့ ဒုတိယနေရာမှာ ထားခဲ့ပြီး တတိယနေရာကိုလည်း ပြင်သစ်သား ဘင်ဇီးမားကိုပဲ ရွေးချယ်သွားခဲ့တာကို တွေ့ခဲ့ရတာပါ။

မန်နူယယ် နွိုင်ယာ (ဂျာမနီကပ္ပတိန်)
ဘိုင်ယန်ဂိုးသမားကတော့ မက်ဆီကို ပထမနေရာ၊ အမ်ဘာပေကို ဒုတိယနေရာနဲ့ သူ့ရဲ့ အသင်းဖော်ဟောင်း လီဗန်ဒေါ့ဗ်စကီးကို တတိယနေရာတွေမှာ အသီးသီး ရွေးချယ်သွားခဲ့ပါတယ်။

ပီပီ (ပေါ်တူဂီကပ္ပတိန်)
ပီပီကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဘက်သားပီပီ မက်ဆီကို ဘက်ကန်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီး စာရင်းထဲမှာတောင် ထည့်မထားခဲ့သလို အာဂျင်တီးနား GOAT ရဲ့ ပြိုင်ဘက် အမ်ဘာပေကို ပထမ၊ မိုဒရစ်ချ်ကို ဒုတိယနဲ့ ဘင်ဇီးမားကို တတိယ ပေးခဲ့တာပါ။

ကျန်တဲ့ အသင်းကပ္ပတိန်တွေထဲမှာ အီတလီရဲ့ လီယိုနာဒို ဘိုနူချီ၊ တောင်ကိုရီးယားရဲ့ ဆွန်ဟောင်မင်၊ နယ်သာလန်ရဲ့ ဗာဂျီးလ် ဗန်ဒိုက်၊ နော်ဝေရဲ့ မာတင် အော်ဒီဂွါဒ်၊ ပိုလန်ရဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ စကော့တလန်ရဲ့ အန်ဒီ ရောဘတ်ဆန်၊ စပိန်ရဲ့ ဆာဂျီယို ဘူးစ်ကွက်စ်တို့ကတော့ မက်ဆီကိုပဲ ပထမနေရာမှာ အားလုံးဝိုင်းပြီး ရွေးချယ်ပေးသွားခဲ့တာဖြစ်ပါတယ်။

လက်ရွေးစင်နည်းပြတွေဖြစ်တဲ့ အင်္ဂလန်ရဲ့ ဂါရက်သ် ဆောက်ဂိတ်၊ ဂျာမနီရဲ့ ဟန်ဆီ ဖလစ်ခ်၊ အာဂျင်တီးနားရဲ့ လီယွန်နယ် စကာလိုနီတို့ကတော့ မက်ဆီကို ပထမနေရာမှာ ရွေးချယ်ခဲ့ကြပြီး ပြင်သစ်ရဲ့ ဒီဒီယေး ဒေးရွှမ့်စ်ကတော့ အမ်ဘာပေကို ပထမပေးခဲ့ချိန်မှာ အာလင်း ဟားလန်း၊ ဂျုဒ် ဘယ်လင်ဂမ်နဲ့ ဟူလီယန် အယ်လ်ဗာရက်ဇ်တို့ကို မဲပေးခဲ့ကြတဲ့ နည်းပြတွေလည်း ရှိခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ညက ဖီဖာရဲ႕ အေကာင္းဆုံးဆုေတြ ေ႐ြးခ်ယ္မႈမွာ လီယြန္နယ္ မက္ဆီကပဲ အားလုံး သိထားၾကတဲ့အတိုင္း အမ်ိဳးသားအေကာင္းဆုံး ေဘာလုံးသမားဆုကို ရရွိသြားခဲ့ၾကခ်ိန္မွာ သက္ဆိုင္ရာ လက္ေ႐ြးစင္နည္းျပေတြနဲ႔ အသင္းေခါင္းေဆာင္ေတြက ဘယ္လို ပထမ၊ ဒုတိယနဲ႔ တတိယေတြကို ေ႐ြးခ်ယ္ မဲေပးခဲ့ၾကတယ္ဆိုတဲ့ ေ႐ြးခ်ယ္မႈေတြကလည္း ေပၚထြက္လာခဲ့ၾကၿပီး ပရိသတ္ေတြ သိရွိႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

လီယြန္နယ္ မက္ဆီ (အာဂ်င္တီးနားကပၸတိန္)
မက္ဆီရဲ႕ ဆုေ႐ြးခ်ယ္မႈအတြက္ ပထမေနရာကေတာ့ ေနမာျဖစ္ခဲ့ၿပီး ျပင္သစ္သားေတြျဖစ္ၿပီး သူ႔တို႔ရဲ႕ ကမာၻ႔ဖလားၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ ခီလီယန္ အမ္ဘာေပနဲ႔ ကာရင္မ္ ဘင္ဇီးမားတို႔ကိုေတာ့ ဒုတိယနဲ႔ တတိယေနရာေတြမွာ ေ႐ြးခ်ယ္သြားခဲ့ပါတယ္။

သီယာဂို ေဆးလ္ဗား (ဘရာဇီးလ္ကပၸတိန္)
ခ်ဲလ္ဆီးေနာက္ခံလူႀကီးကေတာ့ ေနမာကို ပထမေနရာမွာ မဲေပးခဲ့ၿပီး မက္ဆီနဲ႔ ဘင္ဇီးမားတို႔ကို ဒုတိယနဲ႔ တတိယေနရာေတြမွာ ေ႐ြးခ်ယ္ခဲ့သလို သူ႔ရဲ႕ ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း အမ္ဘာေပကိုေတာ့ ထည့္သြင္းျခင္း မရွိခဲ့တာပါ။

လူကာ မိုဒရစ္ခ်္ (ခ႐ိုေအးရွားကပၸတိန္)
မိုဒရစ္ခ်္ကေတာ့ ႐ိုး႐ိုးရွင္းရွင္းပဲ ရီးရဲလ္မက္ဒရစ္က သူ႔လူျဖစ္တဲ့ ဝါရင့္တိုက္စစ္မႉး ဘင္ဇီးမားကို ပထမေနရာ ေ႐ြးခ်ယ္ေပးခဲ့ၿပီး မက္ဆီကို ဒုတိယနဲ႔ အမ္ဘာေပကို တတိယေနရာေတြမွာ အသီးသီး ထည့္သြင္းသြားခဲ့ပါတယ္။

မိုဟာမက္ ဆာလား (အီဂ်စ္ကပၸတိန္)
လီဗာပူးလ္တိုက္စစ္မႉး ဖာ႐ိုးႀကီးကေတာ့ သူမ်ားေတြနဲ႔ မတူဘဲ ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား ဗီနီးရွပ္စ္ ဂ်ဴနီယာကို ပထမ၊ မန္စီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားကို ဒုတိယနဲ႔ ပီအက္စ္ဂ်ီေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို တတိယေနရာ ေပးသြားခဲ့တာပါ။

ဟာရီကိန္း (အဂၤလန္ကပၸတိန္)
ဟာရီကိန္းကေတာ့ မက္ဆီကိုပဲ ပထမေနရာအတြက္ ေထာက္ပံ့ကူညီသြားခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ရဲ႕ လီဗာပူးလ္ေဟာင္း ဆာဒီယို မာေနးကို ဒုတိယေနရာအတြက္ ေ႐ြးခ်ယ္သြားခဲ့သလို တတိယေနရာကိုေတာ့ ဘင္ဇီးမားကို အဆိုျပဳသြားခဲ့ပါတယ္။

ဟူဂို လိုရစ္ (ျပင္သစ္ကပၸတိန္)
စပါးစ္ဂိုးသမားကေတာ့ အမ်ိဳးခ်င္း ယိုင္းပင္းသြားခဲ့တာကို ေတြ႕ရၿပီး ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပကို ပထမ ေပးခဲ့သလို မက္ဆီကိုေတာ့ ဒုတိယေနရာမွာ ထားခဲ့ၿပီး တတိယေနရာကိုလည္း ျပင္သစ္သား ဘင္ဇီးမားကိုပဲ ေ႐ြးခ်ယ္သြားခဲ့တာကို ေတြ႕ခဲ့ရတာပါ။

မန္ႏူယယ္ ႏြိဳင္ယာ (ဂ်ာမနီကပၸတိန္)
ဘိုင္ယန္ဂိုးသမားကေတာ့ မက္ဆီကို ပထမေနရာ၊ အမ္ဘာေပကို ဒုတိယေနရာနဲ႔ သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း လီဗန္ေဒါ့ဗ္စကီးကို တတိယေနရာေတြမွာ အသီးသီး ေ႐ြးခ်ယ္သြားခဲ့ပါတယ္။

ပီပီ (ေပၚတူဂီကပၸတိန္)
ပီပီကေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဘက္သားပီပီ မက္ဆီကို ဘက္ကန္ဖို႔ အဆင္သင့္ျဖစ္ေနခဲ့ၿပီး စာရင္းထဲမွာေတာင္ ထည့္မထားခဲ့သလို အာဂ်င္တီးနား GOAT ရဲ႕ ၿပိဳင္ဘက္ အမ္ဘာေပကို ပထမ၊ မိုဒရစ္ခ်္ကို ဒုတိယနဲ႔ ဘင္ဇီးမားကို တတိယ ေပးခဲ့တာပါ။

က်န္တဲ့ အသင္းကပၸတိန္ေတြထဲမွာ အီတလီရဲ႕ လီယိုနာဒို ဘိုႏူခ်ီ၊ ေတာင္ကိုရီးယားရဲ႕ ဆြန္ေဟာင္မင္၊ နယ္သာလန္ရဲ႕ ဗာဂ်ီးလ္ ဗန္ဒိုက္၊ ေနာ္ေဝရဲ႕ မာတင္ ေအာ္ဒီဂြါဒ္၊ ပိုလန္ရဲ႕ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ စေကာ့တလန္ရဲ႕ အန္ဒီ ေရာဘတ္ဆန္၊ စပိန္ရဲ႕ ဆာဂ်ီယို ဘူးစ္ကြက္စ္တို႔ကေတာ့ မက္ဆီကိုပဲ ပထမေနရာမွာ အားလုံးဝိုင္းၿပီး ေ႐ြးခ်ယ္ေပးသြားခဲ့တာျဖစ္ပါတယ္။

လက္ေ႐ြးစင္နည္းျပေတြျဖစ္တဲ့ အဂၤလန္ရဲ႕ ဂါရက္သ္ ေဆာက္ဂိတ္၊ ဂ်ာမနီရဲ႕ ဟန္ဆီ ဖလစ္ခ္၊ အာဂ်င္တီးနားရဲ႕ လီယြန္နယ္ စကာလိုနီတို႔ကေတာ့ မက္ဆီကို ပထမေနရာမွာ ေ႐ြးခ်ယ္ခဲ့ၾကၿပီး ျပင္သစ္ရဲ႕ ဒီဒီေယး ေဒး႐ႊမ့္စ္ကေတာ့ အမ္ဘာေပကို ပထမေပးခဲ့ခ်ိန္မွာ အာလင္း ဟားလန္း၊ ဂ်ဳဒ္ ဘယ္လင္ဂမ္နဲ႔ ဟူလီယန္ အယ္လ္ဗာရက္ဇ္တို႔ကို မဲေပးခဲ့ၾကတဲ့ နည္းျပေတြလည္း ရွိခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.