Premier League

အောင်ပွဲခံနေတဲ့ အသင်းဖော်ပါ ချိုးမိတော့မလို ဖြစ်ခဲ့တဲ့ မာတီနက်ဇ်

မန်ချက်စတာယူနိုက်တက်ဟာ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ပွဲစဉ်မှာ နိုင်ပွဲနဲ့အတူ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ ဒုတိယပိုင်းမှာ ၁-၀ နဲ့ ဦးဆောင်ခံနေရမှုကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသမားတွေအတွက် ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ စိတ်အားထက်သန်စွာ အောင်ပွဲခံမှုက သာမန်ဖြစ်ခဲ့ပေမယ့်လည်း အာဂျင်တီးနားသားသတ်သမားလို့ နာမည်ပေးခြင်းခံထားရတဲ့ မာတီနက်ဇ် အောင်ပွဲခံပုံကတော့ တဆိတ်လွန်လွန်းခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်ဟာ ဘယ်လို အဓိပ္ပာယ်ရှိတဲ့ အခွင့်အရေးမျိုးမှ ဖန်တီးနိုင်ခြင်းမရှိခဲ့တာကြောင့် ခက်ခဲတဲ့ ပထမပိုင်းနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းအသင်းဟာ ဘန်ရာမာရဲ့ သွင်းဂိုးကြောင့် အငြင်းပွားဖွယ် အံ့အားသင့်စရာ ဦးဆောင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပြီး ရုပ်သံအနှေးပြကွက်တွေမှာ ဘောလုံးက တိုက်စစ်စတင်ချိန်မှာ ဂိုးစည်းကျော်သွားခဲ့ပုံပေါ်တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း VAR က ဝက်စ်ဟမ်းအသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့တာဖြစ်ပြီး လန်ဒန်ကလပ်အသင်းရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ ချေပဂိုးကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ပွဲစဉ်အတွင်း ပြန်လာနိုင်ဖို့ အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်က မိနစ် ၉၀ နားကို ချဉ်းကပ်လာတာကြောင့် တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပေမယ့်လည်း ဂါနာချိုက အံ့အားသင့်ဖွယ် အထိန်းအသိမ်းနဲ့အတူ လှပတဲ့ အဆုံးသတ်နဲ့ ဂိုးညာဘကအပေါ်ထောင့်ထဲကို အဆုံးသတ်သွားနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ နောက်ကျဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ တတိယသွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲကို အဆုံးသတ်ပေးနိုင်ခဲ့ပြီးနောက် ထောင့်ကန်ဘောအလံတိုင်နားမှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

သိပ်မကြာခင်မှာ ဖရက်ဒ်ရဲ့အသင်းဖော်တွေကလည်း အောင်ပွဲခံမှုမှာ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး ရင်ဘတ်နဲ့ လျှောတိုက် အောင်ပွဲခံခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမားဆီကို အရှိန်နဲ့ ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမာတစ်ဦးကတော့ အောင်ပွဲခံမှုကို ဒဏ်ရာရရှိနိုင်စေမယ့် ပုံစံမျိုးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီကစားသမားကတော့ မန်ယူနိုက်တက်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဖြစ်ပါတယ်။

အာဂျင်တီးနားနောက်ခံလူဟာ ကစားပုံကြမ်းတမ်းရုံတင်မကဘဲ အောင်ပွဲခံရမှာလည်း ကြမ်းတမ်းတယ်ဆိုတာကို ခြေထောက် ၂ ချောင်းကို အသင်းဖော်တွေဆီ ဆန့်ထုတ်ပြီး လျှောတိုက်ဝင်လာချိန်မှာ မြင်တွေ့ခဲ့ရပြီး အာဂျင်တီးနားနောက်ခံလူရဲ့ ခြေထောက်ဟာ မြက်ခင်းပေါ် ထိုင်ပြီး အောင်ပွဲခံနေတဲ့ ဗက်ဟော့စ်နဲ့ ဖရက်ဒ်တို့ ၂ ဦးစလုံးကို ကန်မိခဲ့တာဖြစ်ပါတယ်။

လီဆန်ဒရို မာတီနက်ဇ်ရဲ့ အကြမ်းပတမ်းနိုင်မှုကြောင့် ပရိသတ်တွေဟာ မတော်တဆ ဒဏ်ရာရရှိသွားမှာကို ထိတ်လန့်သွားခဲ့ကြတာဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ အဲဒီအောင်ပွဲခံမှုနဲ့ပတ်သက်ပြီး တုံ့ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ “အောင်ပွဲခံနေတဲ့နေရာကိုတောင်လာပြီး လျှောထိုးဖျက်ထုတ်နေတယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးလည်း “ခြေစုံပစ်ဝင်လာတာ။ ဒါက အနီကတ်ပဲ”လို့ ဟာသဖောက်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဟာ ဝက္စ္ဟမ္းယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ ႏိုင္ပြဲနဲ႔အတူ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ဖို႔ ဒုတိယပိုင္းမွာ ၁-၀ နဲ႔ ဦးေဆာင္ခံေနရမႈကို ျဖတ္ေက်ာ္ႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြအတြက္ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ စိတ္အားထက္သန္စြာ ေအာင္ပြဲခံမႈက သာမန္ျဖစ္ခဲ့ေပမယ့္လည္း အာဂ်င္တီးနားသားသတ္သမားလို႔ နာမည္ေပးျခင္းခံထားရတဲ့ မာတီနက္ဇ္ ေအာင္ပြဲခံပုံကေတာ့ တဆိတ္လြန္လြန္းခဲ့တာျဖစ္ပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ဟာ ဘယ္လို အဓိပၸာယ္ရွိတဲ့ အခြင့္အေရးမ်ိဳးမွ ဖန္တီးႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ခက္ခဲတဲ့ ပထမပိုင္းနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ဝက္စ္ဟမ္းအသင္းဟာ ဘန္ရာမာရဲ႕ သြင္းဂိုးေၾကာင့္ အျငင္းပြားဖြယ္ အံ့အားသင့္စရာ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့တာျဖစ္ၿပီး ႐ုပ္သံအေႏွးျပကြက္ေတြမွာ ေဘာလုံးက တိုက္စစ္စတင္ခ်ိန္မွာ ဂိုးစည္းေက်ာ္သြားခဲ့ပုံေပၚတာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း VAR က ဝက္စ္ဟမ္းအသင္းရဲ႕ ဦးေဆာင္ဂိုးကို ခြင့္ျပဳေပးခဲ့တာျဖစ္ၿပီး လန္ဒန္ကလပ္အသင္းရဲ႕ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တဲ့ ေခ်ပဂိုးေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ ပြဲစဥ္အတြင္း ျပန္လာႏိုင္ဖို႔ အခြင့္အေရးရရွိခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္က မိနစ္ ၉၀ နားကို ခ်ဥ္းကပ္လာတာေၾကာင့္ တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္နဲ႔သာ ပြဲၿပီးဆုံးသြားေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ေပမယ့္လည္း ဂါနာခ်ိဳက အံ့အားသင့္ဖြယ္ အထိန္းအသိမ္းနဲ႔အတူ လွပတဲ့ အဆုံးသတ္နဲ႔ ဂိုးညာဘကအေပၚေထာင့္ထဲကို အဆုံးသတ္သြားႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ေနာက္က်ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ကြင္းလယ္ကစားသမား ဖရက္ဒ္ဟာ ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ တတိယသြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး ပြဲကို အဆုံးသတ္ေပးႏိုင္ခဲ့ၿပီးေနာက္ ေထာင့္ကန္ေဘာအလံတိုင္နားမွာ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

သိပ္မၾကာခင္မွာ ဖရက္ဒ္ရဲ႕အသင္းေဖာ္ေတြကလည္း ေအာင္ပြဲခံမႈမွာ လာေရာက္ပူးေပါင္းခဲ့တာျဖစ္ၿပီး ရင္ဘတ္နဲ႔ ေလွ်ာတိုက္ ေအာင္ပြဲခံခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္ကစားသမားဆီကို အရွိန္နဲ႔ ေျပးလာခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကစားသမာတစ္ဦးကေတာ့ ေအာင္ပြဲခံမႈကို ဒဏ္ရာရရွိႏိုင္ေစမယ့္ ပုံစံမ်ိဳးနဲ႔ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အဲဒီကစားသမားကေတာ့ မန္ယူႏိုက္တက္ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္ျဖစ္ပါတယ္။

အာဂ်င္တီးနားေနာက္ခံလူဟာ ကစားပုံၾကမ္းတမ္း႐ုံတင္မကဘဲ ေအာင္ပြဲခံရမွာလည္း ၾကမ္းတမ္းတယ္ဆိုတာကို ေျခေထာက္ ၂ ေခ်ာင္းကို အသင္းေဖာ္ေတြဆီ ဆန႔္ထုတ္ၿပီး ေလွ်ာတိုက္ဝင္လာခ်ိန္မွာ ျမင္ေတြ႕ခဲ့ရၿပီး အာဂ်င္တီးနားေနာက္ခံလူရဲ႕ ေျခေထာက္ဟာ ျမက္ခင္းေပၚ ထိုင္ၿပီး ေအာင္ပြဲခံေနတဲ့ ဗက္ေဟာ့စ္နဲ႔ ဖရက္ဒ္တို႔ ၂ ဦးစလုံးကို ကန္မိခဲ့တာျဖစ္ပါတယ္။

လီဆန္ဒ႐ို မာတီနက္ဇ္ရဲ႕ အၾကမ္းပတမ္းႏိုင္မႈေၾကာင့္ ပရိသတ္ေတြဟာ မေတာ္တဆ ဒဏ္ရာရရွိသြားမွာကို ထိတ္လန႔္သြားခဲ့ၾကတာျဖစ္ၿပီး လူမႈကြန္ရက္ေပၚမွာ အဲဒီေအာင္ပြဲခံမႈနဲ႔ပတ္သက္ၿပီး တုံ႔ျပန္ခဲ့ၾကတာ ျဖစ္ပါတယ္။ “ေအာင္ပြဲခံေနတဲ့ေနရာကိုေတာင္လာၿပီး ေလွ်ာထိုးဖ်က္ထုတ္ေနတယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးလည္း “ေျခစုံပစ္ဝင္လာတာ။ ဒါက အနီကတ္ပဲ”လို႔ ဟာသေဖာက္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.