Premier League

ချန်ပီယံရှစ်အသင်းတောင် နိုင်အောင် မကန်တတ်တော့တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ရှက်ဖီးယူနိုက်တက်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

အန်တိုနီယို ကွန်တီရဲ့အသင်းဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်းကတည်းက ပထမဆုံးဆုဖလားကို စောင့်ဆိုင်းနေရဆဲဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံရှစ်အသင်းကို အီလီမန်း အမ်ဒိုင်ယဲရဲ့ ၇၉ မိနစ်မှာ သွင်းယူခဲ့တဲ့ အလွန်ကောင်းမွန်တဲ့သွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၄ ရာသီအတွင်း အင်္ဂလန်ရဲ့ သက်တမ်းအရင့်ဆုံးဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တတိယအကြိမ်မြောက် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး စပါးစ်အသင်းကို သောကတွေ ပိုမို များပြားစေခဲ့တာဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ပေမယ့်လည်း ကွဲပြားခြားနားမှုတွေ ပြုလုပ်နိုင်ခြင်းမရှိခဲ့တာကြောင့် စပါးစ်ဟာ ၂ နှစ်ဆက်တိုက် အက်ဖ်အေဖလားပြိုင်ပွဲကနေ ချန်ပီယံရှစ်အသင်းရဲ့ ဖြုတ်ပစ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဂျော့ရှ် ကိုဘန်းရဲ့ အချိန်ပို အနိုင်ဂိုးကြောင့် မစ်ဒယ်ဘရော့အသင်းကို ဒီအဆင့်မှာပဲ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တစ်ဖက်မှာလည်း လက်စတာစီးတီးအသင်းက အင်္ဂါနေ့ညတုန်းက ဘလက်ဘန်း ရိုဗားစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အကြီးမားဆုံးအံ့အားသင့်စရာက စတုတ္ထတန်းဖြစ်တဲ့ လိဂ် ၂ မှာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ ဂရင်မ်စ်ဘီ တောင်းက ဆောက်သမ်တန်အသင်းကို စိန့်မေရီမှာ ဂေဗန် ဟိုလိုဟန်ရဲ့ ပင်နယ်တီသွင်းဂိုး ၂ ဂိုးကြောင့် ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဂရင်မ်စ်ဘီ တောင်းအသင်းဟာ ယခုလနှောင်းပိုင်းမှာ အမြင့်ပျံနေတဲ့ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ကစားသွားရတော့မှာဖြစ်ပြီး ရှက်ဖီးယူနိုက်တက်အသင်းက ဆဌမအဆင့်မှာ ဘလက်ဘန်းအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၄ ခုနှစ်တုန်းက ဟားလ်စီးတီးကို ၅-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ဝင်ဘလေကွင်းမှာ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားရဖို့ မျှော်လင့်နေမှာဖြစ်ပြီး မန်ခက်စတာယူနိုက်တက်အသင်းက ဖူလ်ဟမ်ကို အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဗင်းဆင့် ကွန်ပနီကတော့ ဘန်လေအသင်းနည်းပြအဖြစ်နဲ့ အစ်တီဟတ်ကို ပြန်လည်လာရောက်ပြီး ဆရာဟောင်းဖြစ်တဲ့ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အက္ဖ္ေအဖလား ပၪၥမအဆင့္မွာ ရွက္ဖီးယူႏိုက္တက္ကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီ ျဖစ္ပါတယ္။

အန္တိုနီယို ကြန္တီရဲ႕အသင္းဟာ ၂၀၀၈ ခုႏွစ္ေနာက္ပိုင္းကတည္းက ပထမဆုံးဆုဖလားကို ေစာင့္ဆိုင္းေနရဆဲျဖစ္ၿပီး ဗုဒၶဟူးေန႔ညမွာ ခ်န္ပီယံရွစ္အသင္းကို အီလီမန္း အမ္ဒိုင္ယဲရဲ႕ ၇၉ မိနစ္မွာ သြင္းယူခဲ့တဲ့ အလြန္ေကာင္းမြန္တဲ့သြင္းဂိုးေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ရွက္ဖီးယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ၄ ရာသီအတြင္း အဂၤလန္ရဲ႕ သက္တမ္းအရင့္ဆုံးဖလားၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို တတိယအႀကိမ္ေျမာက္ တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး စပါးစ္အသင္းကို ေသာကေတြ ပိုမို မ်ားျပားေစခဲ့တာျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့ေပမယ့္လည္း ကြဲျပားျခားနားမႈေတြ ျပဳလုပ္ႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ စပါးစ္ဟာ ၂ ႏွစ္ဆက္တိုက္ အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ခ်န္ပီယံရွစ္အသင္းရဲ႕ ျဖဳတ္ပစ္ျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးဟာ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ေဂ်ာ့ရွ္ ကိုဘန္းရဲ႕ အခ်ိန္ပို အႏိုင္ဂိုးေၾကာင့္ မစ္ဒယ္ဘေရာ့အသင္းကို ဒီအဆင့္မွာပဲ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး တစ္ဖက္မွာလည္း လက္စတာစီးတီးအသင္းက အဂၤါေန႔ညတုန္းက ဘလက္ဘန္း ႐ိုဗားစ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အႀကီးမားဆုံးအံ့အားသင့္စရာက စတုတၳတန္းျဖစ္တဲ့ လိဂ္ ၂ မွာ အဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနတဲ့ ဂရင္မ္စ္ဘီ ေတာင္းက ေဆာက္သမ္တန္အသင္းကို စိန႔္ေမရီမွာ ေဂဗန္ ဟိုလိုဟန္ရဲ႕ ပင္နယ္တီသြင္းဂိုး ၂ ဂိုးေၾကာင့္ ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဂရင္မ္စ္ဘီ ေတာင္းအသင္းဟာ ယခုလေႏွာင္းပိုင္းမွာ အျမင့္ပ်ံေနတဲ့ ဘ႐ိုက္တန္အသင္းနဲ႔ ရင္ဆိုင္ကစားသြားရေတာ့မွာျဖစ္ၿပီး ရွက္ဖီးယူႏိုက္တက္အသင္းက ဆဌမအဆင့္မွာ ဘလက္ဘန္းအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ရွက္ဖီးယူႏိုက္တက္အသင္းအေနနဲ႔ ၂၀၁၄ ခုႏွစ္တုန္းက ဟားလ္စီးတီးကို ၅-၃ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဝင္ဘေလကြင္းမွာ ဆီမီးဖိုင္နယ္ပြဲစဥ္ကို ကစားရဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး မန္ခက္စတာယူႏိုက္တက္အသင္းက ဖူလ္ဟမ္ကို အိုးထရက္ဖို႔ဒ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ ဗင္းဆင့္ ကြန္ပနီကေတာ့ ဘန္ေလအသင္းနည္းျပအျဖစ္နဲ႔ အစ္တီဟတ္ကို ျပန္လည္လာေရာက္ၿပီး ဆရာေဟာင္းျဖစ္တဲ့ ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.