Analysis Article Match Report Premier League

ဇင်ချန်ကို is Everything နဲ့ အာဆင်နယ် 4-0 အဲဗာတန်ပွဲက မှတ်မှတ်ရရ ပြောစရာများ

ချန်ပီယံဆုအတွက် အမှတ်ဖြတ်လိုက်တဲ့ အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲကို အနိုင်ရလိုက်တဲ့အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ကြိုးစားရာ ပြေးလမ်းမှာ မန်စီးတီးတို့ကို နောက်ထပ် ၅ မှတ် ဖြတ်လိုက်နိုင်ပြီး သူတို့ရဲ့ ရင်ခုန်ခွင့်က ပိုမိုအလေးသာလာခဲ့တာဖြစ်ပါတယ်။ မန်စီးတီးနဲ့ ပွဲအရေအတွက် အတူတူ ကစားပြီးချိန်မှာ ရမှတ် ၆၀ အထိ စုဆောင်းနိုင်ခဲ့တဲ့ ဂန်းနားတွေအနေနဲ့ သွင်းဂိုးအသာရမှုလည်း + ၃၃ ဂိုးအထိ ရှိလာခဲ့တာကြောင့် အကြိတ်အနယ်ဖြစ်လာနိုင်သေးတဲ့ နောက်ဆုံးအချိန်တွေမှာ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်း ၂၀ နီးပါးကြာမှ တစ်ကျော့ပြန် ဗိုလ်ဝင်ခံဖို့ကို ယုံကြည်မှု မြင့်မားလာနိုင်ခဲ့တာပါ။

ဂိုးမသွင်းတတ် ပိတ်ကစား သံသရာထဲက အဲဗာတန်
နည်းပြ ရှောင်ဒိုက်ချ်ကို အသစ်ခန့်အပ်လိုက်ပေမယ့် အဲဗာတန်တို့အတွက်တော့ အားရစရာ မရှိသေးတာပါ။ သူတို့တွေအနေနဲ့ ဘာဖြစ်လို့ တရားလွန် ခံစစ်ပိတ်ကစားနေရသလဲဆိုတော့ ရှေ့က ဂိုးမသွင်းတတ်လို့ တစ်ဂိုးပေးလိုက်ရတာနဲ့ ရှုံးဖို့ ဖြစ်လာတာကြောင့် ဒါကို ရှောင်လွှဲနိုင်ဖို့အတွက် ပိတ်ကစားနေရတာဖြစ်ပါတယ်။ ဒါပေမယ့် မရှိလို့ မလှူ၊ မလှူလို့ မရှိဆိုတဲ့ စကားလိုပဲ ဂိုးမသွင်းနိုင်လို့ ပိတ်ကစား၊ ပိတ်ကစားလို့ ဂိုးမသွင်းနိုင်ဆိုတဲ့ သံသရာမှာပဲ လည်ပတ်နေရပြီး ဘန်လေနည်းပြဟောင်းအနေနဲ့ ဂရေးနဲ့ အီဝိုဘီသာ လောက်လောက်လားလားရှိတဲ့ တိုက်စစ်မှာ ဒီရာသီ အသင်းရဲ့ ဂိုးသွင်းဘုရင်က ၃ ဂိုးဆိုတော့ ယောက်ျားတန်မဲ့ မငိုရုံတမယ်ပါပဲဆိုတဲ့ စိုင်းထီးဆိုင်သီချင်းကိုသာ သတိရမိပါတော့တယ်။

မာတောင်နယ်လီ ပြန်လာပြီ
အရင် ရလဒ်ဆိုးခဲ့တဲ့ ပွဲတွေကလို ပျော့တိပျော့ဖပ်နဲ့ ခေါင်းငုံ့တိုးနေတဲ့ မာတီနယ်လီ မဟုတ်တော့ဘဲ မာတောင်နေတဲ့ မာတောင်နယ်လီကြီး ပြန်လာပြီဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ သူ့ရဲ့ သွင်းဂိုးနှစ်ဂိုးစလုံးက သွေးအေးအေးနဲ့ ရယူခဲ့တဲ့ Calm and Collected ဂိုးနှစ်ဂိုးဖြစ်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင် ပစ်ခ်ဖို့ဒ်တစ်ယောက် ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။ ဘရာဇီးလ်သားအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အာဆင်နယ်အသင်းနဲ့ အကောင်းဆုံး စံချိန်လည်းဖြစ်ခဲ့သလို ပေါက်ကွဲအားနဲ့ အဆုံးသတ်သေချာမှုနှစ်ခုစလုံးကို ပြသနိုင်ခဲ့တာကြောင့် ဂန်းနားဖန်တွေအဖို့ ချန်ပီယံဆုကို ရယူနိုင်မယ့် အကြောင်းရင်းတစ်ရပ်အဖြစ် စိတ်ကူးယဉ်လို့ ပိုကောင်းခဲ့စေခဲ့တာပါ။

ဇင်ချန်ကိုက အရာအားလုံးပဲ
အာဆင်နယ်တို့အတွက် ရှုံးလည်း ဇင်ချန်ကို နိုင်လည်း ဇင်ချန်ကိုလို့ ဆိုရအောင် ယူကရိန်းသားရဲ့ ခြေစွမ်း၊ နေရာယူ ရွေ့လျားမှုနဲ့ ခွင်တည့်မှုတွေက အရေးပါလွန်းနေတာဖြစ်ပြီး ဒီနေ့ပွဲမှာလည်း အသင်းအတွက် အရာအားလုံးကို စတင်ပေးခဲ့တဲ့ ပထမဂိုးကို ပါးပါးနပ်နပ် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အရာအားလုံးက ဂန်းနားတွေအတွက် လွယ်ကူသွားခဲ့ပြီး အင်္ကျီနဲ့လိုက်အောင် ပြာတောက်သွားတဲ့ အဲဗာတန်တို့ကို ချေမှုန်းနိုင်ခဲ့တာပါ။ မန်စီးတီးကို ရှုံးပွဲမှာ သူ့ရဲ့ နေရာယူပုံတွေကို အသင်းကို ထိခိုက်စေခဲ့အပြီးမှာ ဇင်ချန်ကိုအနေနဲ့ ပေါက်ကွဲဖို့ ပြန်လာခဲ့ပြီး အက်စ်တန်ဗီလာနဲ့ပွဲမှာ ချေပဂိုး သွင်းယူပေးနိုင်ခဲ့သလို ဒီနေ့ပွဲမှာတော့ ဖန်တီးမှုတစ်ကြိမ်နဲ့ ဆာကာကို ကူညီခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်းမှာ အော်ဒီဂွါဒ်ထက်တောင်မှ ဆရာကျခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျင်ညိုတစ်လှည့် ပါတေးတစ်လှည့်
ပြီးခဲ့တဲ့ ပွဲတွေမှာ ဂန်းနားတွေရဲ့ ကွင်းလယ်အထိုင်တာဝန်ကို ဂျော်ဂျင်ညိုက ယူခဲ့ရပြီး သူ့ရဲ့ အမှားအယွင်းနည်းတဲ့ ပေးပို့မှုတွေနဲ့ ကစားကွက်ကို ကူညီပေးနိုင်ခဲ့သလို ဒီနေ့ပွဲမှာတော့ ပထမပိုင်းတစ်ပိုင်းသာ ကစားခဲ့တဲ့နောက် ဒုတိယပိုင်းအစမှာ ဒဏ်ရာက သက်သာလာတဲ့ သောမတ်စ် ပါတေးနဲ့ လူစားလဲပြီး ကစားချိန်ကို မျှဝေသွားခဲ့တာဖြစ်ပါတယ်။ ဂါနာသား ဦးဆောင်တဲ့ ဒုတိယပိုင်း ကစားကွက်ကတော့ ပိုကောင်းခဲ့ပေမယ့် တကယ်တမ်းမှာ ဂျော်ဂျင်ညိုနဲ့ စည်းဝါးကိုက် ကစားဟန်ကို အသင်းဖော်တွေ မတည်ဆောက်နိုင်သေးတာကြောင့်သာ ဒီလိုမျိုး ထင်မြင်ရစေတာဖြစ်ပြီး သူတို့တွေအနေနဲ့ မတူညီတဲ့ အထိုင်မှာ မတူညီတဲ့ ကစားပုံကို ပြောင်းလဲနိုင်ဖို့တော့ လိုအပ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဂျော်ဂျင်ညိုက ဒီလောက် အကျိုးပြုနိုင်ရင် ဂန်းနားတွေ ပေးထားရတဲ့ ၁၂ သန်းက တန်နေပြီဖြစ်ပြီး လက်ကျန်ရာသီ ခရီးရှည်မှာ ယုံကြည်ရဲရင့်စေပါလိမ့်မယ်။

ထရော့ဆတ်ရဲ့ ချိတ်ဆက်ဖြည့်ဆည်းနိုင်မှု
အာတီတာအနေနဲ့ ထရော့ဆတ်ကို အထောင်တိုက်စစ်မှာ နှစ်ပွဲဆက်တိုက် သုံးစွဲသွားခဲ့သလို နှစ်ပွဲဆက်တိုက်ပဲ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်သားရဲ့ အားအသာဆုံးအချက်ကတော့ နေရာလွတ်တွေနဲ့ ကိုယ့်အသင်းဖော်တွေရဲ့ ဟာကွက်တွေကို မြင်တတ်ပြီး အချိန်ကိုက် နေရာဝင်ယူနိုင်တာဖြစ်သလို ဘယ်သူမှ မခိုင်းရဘဲ လိုအပ်တာကို ဝင်လုပ်သွားတတ်တာက တော်တော်လေး ချီးကျူးစရာလည်းဖြစ်ပါတယ်။ ပွဲကို ဖတ်ရှုမှု စွမ်းရည်က ကောင်းမွန်သလို ပြီးခဲ့တဲ့ ပွဲတွေမှာ ဇင်ချန်ကို အလယ်ဝင်ရင် လွတ်နေတတ်တဲ့ ဘယ်တောင်ပံခံစစ်ကို ကစားကွက်တည်ဆောက်ချိန်မှာ နကီးတီးယား၊ မာတီနယ်လီတို့လို မဟုတ်ဘဲ ဘာလုပ်ရမလဲဆိုတာ အလိုလို သိမြင်တတ်ပြီး ကစားကွက်ကို ဆင်းကူခဲ့တာက ဒီနေ့ပွဲမှာ သူ့ရဲ့ ဖန်တီးမှုနဲ့ ထပ်တူထပ်မျှ အထင်ကြီးစရာလည်း ဖြစ်ခဲ့တာပါ။

ပွဲပန်းနေပေမယ့် ဂိုးသွင်းတဲ့ ဆာကာနဲ့ အော်ဒီဂွါဒ်
သူတို့နှစ်ဦးရဲ့ ခြေစွမ်းက နောက်ပိုင်းပွဲတချို့မှာ အနည်းငယ် အားနည်းနေတတ်ပြီး ဒါကလည်း တက်တက်ကြွကြွ မလှုပ်ရှားနိုင်တာနဲ့ ခြေထောက်ထဲမှာ အင်အားနည်းနေတာတွေကြောင့်လို့ ပွဲဆက်များမှုနဲ့အတူ ကြည့်မြင်သုံးသပ်နိုင်ပါတယ်။ ဆာကာရော အော်ဒီဂွါဒ်ပါ စိတ်အလိုရှိတိုင်း ကစားနိုင်တဲ့ ပုံစံမှာ ရှိမနေဘဲ ခံစစ်ကို ကူညီဖို့ တာဝန်နဲ့ တစ်ဖက်အသင်းဆီက ဖိအားတွေ လျော့ကျသွားမှသာ ပိုမို ခြေစွမ်းပြ ညှစ်ထုတ်ကြတာကိုလည်း တွေ့နေရပြီး ဒါကလည်း သူတို့ရဲ့ အင်အားကို ပါးပါးနပ်နပ် အသုံးချမှုဖြစ်ခဲ့တာပါ။ ဆာကာအနေနဲ့ ဒီနေ့မှာ တစ်ဖက်ခံစစ်က အာရုံစိုက်မှု လွတ်သွားချိန်မှာ ဒုန်းကနဲ ဒိုင်းကနဲ အဖွင့်ဂိုးကို ကန်သွင်းပြခဲ့သလို အော်ဒီဂွါဒ်ကတော့ လွတ်လွတ်လပ်လပ် ကစားနိုင်တဲ့ ဒုတိယပိုင်းမှာ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်န္ပီယံဆုအတြက္ အမွတ္ျဖတ္လိုက္တဲ့ အာဆင္နယ္
အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲကို အႏိုင္ရလိုက္တဲ့အတြက္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ႀကိဳးစားရာ ေျပးလမ္းမွာ မန္စီးတီးတို႔ကို ေနာက္ထပ္ ၅ မွတ္ ျဖတ္လိုက္ႏိုင္ၿပီး သူတို႔ရဲ႕ ရင္ခုန္ခြင့္က ပိုမိုအေလးသာလာခဲ့တာျဖစ္ပါတယ္။ မန္စီးတီးနဲ႔ ပြဲအေရအတြက္ အတူတူ ကစားၿပီးခ်ိန္မွာ ရမွတ္ ၆၀ အထိ စုေဆာင္းႏိုင္ခဲ့တဲ့ ဂန္းနားေတြအေနနဲ႔ သြင္းဂိုးအသာရမႈလည္း + ၃၃ ဂိုးအထိ ရွိလာခဲ့တာေၾကာင့္ အႀကိတ္အနယ္ျဖစ္လာႏိုင္ေသးတဲ့ ေနာက္ဆုံးအခ်ိန္ေတြမွာ ဘယ္လိုပဲျဖစ္ျဖစ္ ႏွစ္ေပါင္း ၂၀ နီးပါးၾကာမွ တစ္ေက်ာ့ျပန္ ဗိုလ္ဝင္ခံဖို႔ကို ယုံၾကည္မႈ ျမင့္မားလာႏိုင္ခဲ့တာပါ။

ဂိုးမသြင္းတတ္ ပိတ္ကစား သံသရာထဲက အဲဗာတန္
နည္းျပ ေရွာင္ဒိုက္ခ်္ကို အသစ္ခန႔္အပ္လိုက္ေပမယ့္ အဲဗာတန္တို႔အတြက္ေတာ့ အားရစရာ မရွိေသးတာပါ။ သူတို႔ေတြအေနနဲ႔ ဘာျဖစ္လို႔ တရားလြန္ ခံစစ္ပိတ္ကစားေနရသလဲဆိုေတာ့ ေရွ႕က ဂိုးမသြင္းတတ္လို႔ တစ္ဂိုးေပးလိုက္ရတာနဲ႔ ရႈံးဖို႔ ျဖစ္လာတာေၾကာင့္ ဒါကို ေရွာင္လႊဲႏိုင္ဖို႔အတြက္ ပိတ္ကစားေနရတာျဖစ္ပါတယ္။ ဒါေပမယ့္ မရွိလို႔ မလႉ၊ မလႉလို႔ မရွိဆိုတဲ့ စကားလိုပဲ ဂိုးမသြင္းႏိုင္လို႔ ပိတ္ကစား၊ ပိတ္ကစားလို႔ ဂိုးမသြင္းႏိုင္ဆိုတဲ့ သံသရာမွာပဲ လည္ပတ္ေနရၿပီး ဘန္ေလနည္းျပေဟာင္းအေနနဲ႔ ဂေရးနဲ႔ အီဝိုဘီသာ ေလာက္ေလာက္လားလားရွိတဲ့ တိုက္စစ္မွာ ဒီရာသီ အသင္းရဲ႕ ဂိုးသြင္းဘုရင္က ၃ ဂိုးဆိုေတာ့ ေယာက္်ားတန္မဲ့ မငို႐ုံတမယ္ပါပဲဆိုတဲ့ စိုင္းထီးဆိုင္သီခ်င္းကိုသာ သတိရမိပါေတာ့တယ္။

မာေတာင္နယ္လီ ျပန္လာၿပီ
အရင္ ရလဒ္ဆိုးခဲ့တဲ့ ပြဲေတြကလို ေပ်ာ့တိေပ်ာ့ဖပ္နဲ႔ ေခါင္းငုံ႔တိုးေနတဲ့ မာတီနယ္လီ မဟုတ္ေတာ့ဘဲ မာေတာင္ေနတဲ့ မာေတာင္နယ္လီႀကီး ျပန္လာၿပီျဖစ္ပါတယ္။ ဒီေန႔ပြဲမွာ သူ႔ရဲ႕ သြင္းဂိုးႏွစ္ဂိုးစလုံးက ေသြးေအးေအးနဲ႔ ရယူခဲ့တဲ့ Calm and Collected ဂိုးႏွစ္ဂိုးျဖစ္ခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္ ပစ္ခ္ဖို႔ဒ္တစ္ေယာက္ ဘာမွ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။ ဘရာဇီးလ္သားအေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ဂိုး ၁၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ အာဆင္နယ္အသင္းနဲ႔ အေကာင္းဆုံး စံခ်ိန္လည္းျဖစ္ခဲ့သလို ေပါက္ကြဲအားနဲ႔ အဆုံးသတ္ေသခ်ာမႈႏွစ္ခုစလုံးကို ျပသႏိုင္ခဲ့တာေၾကာင့္ ဂန္းနားဖန္ေတြအဖို႔ ခ်န္ပီယံဆုကို ရယူႏိုင္မယ့္ အေၾကာင္းရင္းတစ္ရပ္အျဖစ္ စိတ္ကူးယဥ္လို႔ ပိုေကာင္းခဲ့ေစခဲ့တာပါ။

ဇင္ခ်န္ကိုက အရာအားလုံးပဲ
အာဆင္နယ္တို႔အတြက္ ရႈံးလည္း ဇင္ခ်န္ကို ႏိုင္လည္း ဇင္ခ်န္ကိုလို႔ ဆိုရေအာင္ ယူကရိန္းသားရဲ႕ ေျခစြမ္း၊ ေနရာယူ ေ႐ြ႕လ်ားမႈနဲ႔ ခြင္တည့္မႈေတြက အေရးပါလြန္းေနတာျဖစ္ၿပီး ဒီေန႔ပြဲမွာလည္း အသင္းအတြက္ အရာအားလုံးကို စတင္ေပးခဲ့တဲ့ ပထမဂိုးကို ပါးပါးနပ္နပ္ ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ အရာအားလုံးက ဂန္းနားေတြအတြက္ လြယ္ကူသြားခဲ့ၿပီး အက်ႌနဲ႔လိုက္ေအာင္ ျပာေတာက္သြားတဲ့ အဲဗာတန္တို႔ကို ေခ်မႈန္းႏိုင္ခဲ့တာပါ။ မန္စီးတီးကို ရႈံးပြဲမွာ သူ႔ရဲ႕ ေနရာယူပုံေတြကို အသင္းကို ထိခိုက္ေစခဲ့အၿပီးမွာ ဇင္ခ်န္ကိုအေနနဲ႔ ေပါက္ကြဲဖို႔ ျပန္လာခဲ့ၿပီး အက္စ္တန္ဗီလာနဲ႔ပြဲမွာ ေခ်ပဂိုး သြင္းယူေပးႏိုင္ခဲ့သလို ဒီေန႔ပြဲမွာေတာ့ ဖန္တီးမႈတစ္ႀကိမ္နဲ႔ ဆာကာကို ကူညီခဲ့တာျဖစ္ၿပီး တိုက္စစ္ပိုင္းမွာ ေအာ္ဒီဂြါဒ္ထက္ေတာင္မွ ဆရာက်ခဲ့တာျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ညိဳတစ္လွည့္ ပါေတးတစ္လွည့္
ၿပီးခဲ့တဲ့ ပြဲေတြမွာ ဂန္းနားေတြရဲ႕ ကြင္းလယ္အထိုင္တာဝန္ကို ေဂ်ာ္ဂ်င္ညိဳက ယူခဲ့ရၿပီး သူ႔ရဲ႕ အမွားအယြင္းနည္းတဲ့ ေပးပို႔မႈေတြနဲ႔ ကစားကြက္ကို ကူညီေပးႏိုင္ခဲ့သလို ဒီေန႔ပြဲမွာေတာ့ ပထမပိုင္းတစ္ပိုင္းသာ ကစားခဲ့တဲ့ေနာက္ ဒုတိယပိုင္းအစမွာ ဒဏ္ရာက သက္သာလာတဲ့ ေသာမတ္စ္ ပါေတးနဲ႔ လူစားလဲၿပီး ကစားခ်ိန္ကို မွ်ေဝသြားခဲ့တာျဖစ္ပါတယ္။ ဂါနာသား ဦးေဆာင္တဲ့ ဒုတိယပိုင္း ကစားကြက္ကေတာ့ ပိုေကာင္းခဲ့ေပမယ့္ တကယ္တမ္းမွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ စည္းဝါးကိုက္ ကစားဟန္ကို အသင္းေဖာ္ေတြ မတည္ေဆာက္ႏိုင္ေသးတာေၾကာင့္သာ ဒီလိုမ်ိဳး ထင္ျမင္ရေစတာျဖစ္ၿပီး သူတို႔ေတြအေနနဲ႔ မတူညီတဲ့ အထိုင္မွာ မတူညီတဲ့ ကစားပုံကို ေျပာင္းလဲႏိုင္ဖို႔ေတာ့ လိုအပ္ေနပါတယ္။ ဘာပဲျဖစ္ျဖစ္ ေဂ်ာ္ဂ်င္ညိဳက ဒီေလာက္ အက်ိဳးျပဳႏိုင္ရင္ ဂန္းနားေတြ ေပးထားရတဲ့ ၁၂ သန္းက တန္ေနၿပီျဖစ္ၿပီး လက္က်န္ရာသီ ခရီးရွည္မွာ ယုံၾကည္ရဲရင့္ေစပါလိမ့္မယ္။

ထေရာ့ဆတ္ရဲ႕ ခ်ိတ္ဆက္ျဖည့္ဆည္းႏိုင္မႈ
အာတီတာအေနနဲ႔ ထေရာ့ဆတ္ကို အေထာင္တိုက္စစ္မွာ ႏွစ္ပြဲဆက္တိုက္ သုံးစြဲသြားခဲ့သလို ႏွစ္ပြဲဆက္တိုက္ပဲ ဖန္တီးမႈေတြ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္သားရဲ႕ အားအသာဆုံးအခ်က္ကေတာ့ ေနရာလြတ္ေတြနဲ႔ ကိုယ့္အသင္းေဖာ္ေတြရဲ႕ ဟာကြက္ေတြကို ျမင္တတ္ၿပီး အခ်ိန္ကိုက္ ေနရာဝင္ယူႏိုင္တာျဖစ္သလို ဘယ္သူမွ မခိုင္းရဘဲ လိုအပ္တာကို ဝင္လုပ္သြားတတ္တာက ေတာ္ေတာ္ေလး ခ်ီးက်ဴးစရာလည္းျဖစ္ပါတယ္။ ပြဲကို ဖတ္ရႈမႈ စြမ္းရည္က ေကာင္းမြန္သလို ၿပီးခဲ့တဲ့ ပြဲေတြမွာ ဇင္ခ်န္ကို အလယ္ဝင္ရင္ လြတ္ေနတတ္တဲ့ ဘယ္ေတာင္ပံခံစစ္ကို ကစားကြက္တည္ေဆာက္ခ်ိန္မွာ နကီးတီးယား၊ မာတီနယ္လီတို႔လို မဟုတ္ဘဲ ဘာလုပ္ရမလဲဆိုတာ အလိုလို သိျမင္တတ္ၿပီး ကစားကြက္ကို ဆင္းကူခဲ့တာက ဒီေန႔ပြဲမွာ သူ႔ရဲ႕ ဖန္တီးမႈနဲ႔ ထပ္တူထပ္မွ် အထင္ႀကီးစရာလည္း ျဖစ္ခဲ့တာပါ။

ပြဲပန္းေနေပမယ့္ ဂိုးသြင္းတဲ့ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္
သူတို႔ႏွစ္ဦးရဲ႕ ေျခစြမ္းက ေနာက္ပိုင္းပြဲတခ်ိဳ႕မွာ အနည္းငယ္ အားနည္းေနတတ္ၿပီး ဒါကလည္း တက္တက္ႂကြႂကြ မလႈပ္ရွားႏိုင္တာနဲ႔ ေျခေထာက္ထဲမွာ အင္အားနည္းေနတာေတြေၾကာင့္လို႔ ပြဲဆက္မ်ားမႈနဲ႔အတူ ၾကည့္ျမင္သုံးသပ္ႏိုင္ပါတယ္။ ဆာကာေရာ ေအာ္ဒီဂြါဒ္ပါ စိတ္အလိုရွိတိုင္း ကစားႏိုင္တဲ့ ပုံစံမွာ ရွိမေနဘဲ ခံစစ္ကို ကူညီဖို႔ တာဝန္နဲ႔ တစ္ဖက္အသင္းဆီက ဖိအားေတြ ေလ်ာ့က်သြားမွသာ ပိုမို ေျခစြမ္းျပ ညႇစ္ထုတ္ၾကတာကိုလည္း ေတြ႕ေနရၿပီး ဒါကလည္း သူတို႔ရဲ႕ အင္အားကို ပါးပါးနပ္နပ္ အသုံးခ်မႈျဖစ္ခဲ့တာပါ။ ဆာကာအေနနဲ႔ ဒီေန႔မွာ တစ္ဖက္ခံစစ္က အာ႐ုံစိုက္မႈ လြတ္သြားခ်ိန္မွာ ဒုန္းကနဲ ဒိုင္းကနဲ အဖြင့္ဂိုးကို ကန္သြင္းျပခဲ့သလို ေအာ္ဒီဂြါဒ္ကေတာ့ လြတ္လြတ္လပ္လပ္ ကစားႏိုင္တဲ့ ဒုတိယပိုင္းမွာ အႏိုင္ျပတ္သားေစမယ့္ တတိယဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.