Premier League

အန်းဖီးကနေ ထွက်ပြီးကတည်းက ထက်မြက်မှုကျဆင်းလာတဲ့တိုက်စစ်အပေါ် မှတ်ချက်ပေးခဲ့တဲ့ မာနေး

လီဗာပူးလ်ကြယ်ပွင့် တိုက်စစ်မှူးဟောင်း ဆာဒီယို မာနေးက ယခုရာသီ လီဗာပူးလ်အသင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပါတယ်။

မာနေးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အန်းဖီးမှာ ကစားခဲ့တဲ့ ၆ နှစ်တာကာလကို အဆုံးသတ်ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ မာနေးရဲ့ ဂျာမနီက အချိန်တွေဟာ ဒဏ်ရာပြဿနာကြောင့် နှောင့်နှေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပွဲထွက်ပါဝင်ကစားခွင့် မရရှိတော့တာဖြစ်ပါတယ်။

ဆီနီဂေါလက်ရွေးစင်ကြယ်ပွင့် အသင်းကို စွန့်ခွာခဲ့တဲ့အချိန်ကတည်းက လီဗာပူးလ်ဟာ ပုံစံကောင်း ပြသနိုင်ဖို့အတွက် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာနဲ့ ၉ မှတ်အကွာ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း ထွက်ခွာရဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတာဖြစ်ပြီး ၁၆ သင်းရှုံးထွက်ပထမအကျော့ အိမ်ကွင်းအန်းဖီးမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ၅-၂ နဲ့ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ လီဗာပူးလ်အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဘရိုက်တန်ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရပြီဖြစ်ပေမယ့်လည်း မာနေးက အသင်းဟောင်းအတွက် စိုးရိမ်နေခြင်းမရှိဘဲ ယာဂန် ကလော့ပ်က အသင်းကို ဆက်လက်ဦးဆောင်ဖို့ သင့်တော်တဲ့သူဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“လီဗာပူးလ်က ပြန်လာပါလိမ့်မယ်။ ဒီအခြေအနေကို သူတို့ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ သူတို့မှာ ဒဏ်ရာပြဿနာတွေအများကြီးရှိနေပြီး ခက်ခဲတဲ့စမ်းသပ်မှုတွေရှိနေပါတယ်”

“ဒါပေမယ့် ယာဂန် ကလော့ပ်က သင့်တော်တဲ့လူဆိုတာ ကျိန်းသေပါတယ်။ သူက လီဗာပူးလ်ကို အခုရာသီကစပြီး ထိပ်တန်းအဆင့်ကို ပြန်ရောက်အောင် ဦးဆောင်ပါလိမ့်မယ်။ ကစားသမားတွေက သူ့ကို ချစ်မြတ်နိုးကြပါတယ်။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ၾကယ္ပြင့္ တိုက္စစ္မႉးေဟာင္း ဆာဒီယို မာေနးက ယခုရာသီ လီဗာပူးလ္အသင္း ႀကဳံေတြ႕ေနရတဲ့ ျပႆနာေတြကို ေက်ာ္ျဖတ္ႏိုင္စြမ္းရွိတယ္လို႔ ယုံၾကည္ေနပါတယ္။

မာေနးဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ အန္းဖီးမွာ ကစားခဲ့တဲ့ ၆ ႏွစ္တာကာလကို အဆုံးသတ္ၿပီး ဘြန္ဒက္စ္လီဂါ ခ်န္ပီယံေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။ မာေနးရဲ႕ ဂ်ာမနီက အခ်ိန္ေတြဟာ ဒဏ္ရာျပႆနာေၾကာင့္ ေႏွာင့္ေႏွးခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကတည္းက ပြဲထြက္ပါဝင္ကစားခြင့္ မရရွိေတာ့တာျဖစ္ပါတယ္။

ဆီနီေဂါလက္ေ႐ြးစင္ၾကယ္ပြင့္ အသင္းကို စြန႔္ခြာခဲ့တဲ့အခ်ိန္ကတည္းက လီဗာပူးလ္ဟာ ပုံစံေကာင္း ျပသႏိုင္ဖို႔အတြက္ ႐ုန္းကန္ေနရၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာနဲ႔ ၉ မွတ္အကြာ အမွတ္ေပးဇယား အဆင့္ ၇ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေနလည္း ထြက္ခြာရဖို႔ အနီးစပ္ဆုံး အေျခအေနမွာ ရွိေနတာျဖစ္ၿပီး ၁၆ သင္းရႈံးထြက္ပထမအေက်ာ့ အိမ္ကြင္းအန္းဖီးမွာ ရီးရဲလ္မက္ဒရစ္အသင္းကို ၅-၂ နဲ႔ ရႈံးနိမ့္ထားခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ လီဗာပူးလ္အသင္းဟာ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာလည္း ဘ႐ိုက္တန္ကို ရႈံးနိမ့္ၿပီး ထြက္ခြာခဲ့ရၿပီျဖစ္ေပမယ့္လည္း မာေနးက အသင္းေဟာင္းအတြက္ စိုးရိမ္ေနျခင္းမရွိဘဲ ယာဂန္ ကေလာ့ပ္က အသင္းကို ဆက္လက္ဦးေဆာင္ဖို႔ သင့္ေတာ္တဲ့သူျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“လီဗာပူးလ္က ျပန္လာပါလိမ့္မယ္။ ဒီအေျခအေနကို သူတို႔ ျဖတ္ေက်ာ္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံတယ္။ သူတို႔မွာ ဒဏ္ရာျပႆနာေတြအမ်ားႀကီးရွိေနၿပီး ခက္ခဲတဲ့စမ္းသပ္မႈေတြရွိေနပါတယ္”

“ဒါေပမယ့္ ယာဂန္ ကေလာ့ပ္က သင့္ေတာ္တဲ့လူဆိုတာ က်ိန္းေသပါတယ္။ သူက လီဗာပူးလ္ကို အခုရာသီကစၿပီး ထိပ္တန္းအဆင့္ကို ျပန္ေရာက္ေအာင္ ဦးေဆာင္ပါလိမ့္မယ္။ ကစားသမားေတြက သူ႔ကို ခ်စ္ျမတ္ႏိုးၾကပါတယ္။”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.