Match Report Premier League

အဲဗာတန်ကို ပွဲရာပြည့်အနိုင်နဲ့ ရှုံးကြွေးကို ဂိုးပြတ်အတိုးနဲ့ဆပ်တဲ့ အမြင့်ပျံ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ လက်စတာနဲ့ပွဲက အတိုင်းပဲ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ မိုက်ကယ် ကီးန်၊ ကိုးလ်မန်းနဲ့ မစ်ကိုလန်ကိုတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ ဒူကူရေး၊ အိုနာနာ၊ အီဝိုဘီနဲ့ မက်နီးလ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မော်ပေတစ်ဦးတည်းကို အထောင်ထား ကစားခဲ့တာပါ။

ထုံးစံအတိုင်းပဲ အာဆင်နယ်တို့ ဘောလုံးကိုင်ကစားသွားခဲ့သလို အဲဗာတန်တို့ကတော့ ဂန်းနားတွေရဲ့ ဘောလုံးလမ်းကြောင်းကို ပိတ်ဆို့ဖို့ပဲ ကြိုးစားလာခဲ့ပြီး အန္တရာယ်များတဲ့ နေရာတွေကို ဘောလုံးပေးမရအောင် တတ်နိုင်သလောက် ကာဗာလုပ်ကစားခဲ့သလို နည်းပြ ရှောင်ဒိုက်ချ်အနေနဲ့ အဝေးကွင်းမှာ ရလဒ်ကောင်းနိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့အနေနဲ့ အကူးအပြောင်းအတွေမှာ သွက်လက်ခြင်းမရှိသလို ညာခြမ်းက အော်ဒီဂွါဒ်က ပွဲဆက်များလို့ ခြေအနည်းငယ်ကျနေပြီး ဆာကာနဲ့ ဘန်ဝှိုက်တို့ကလည်း တောင်ပံမှာ လေးလံနေခဲ့သလို အထနှေးသလိုဖြစ်နေခဲ့တာကြောင့် အဲဗာတန်တို့ကို တော်တော်နဲ့ ထိုးနှက်နိုင်ခြင်း မရှိခဲ့ဘဲ ဧည့်သည်တွေကတောင် ဂိုးပေါက်နှစ်ကြိမ် ခြိမ်းခြောက်သွားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၄၀ မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရှေ့အထိတက်ပြီး ကစားကွက်ဖော်တဲ့ နောက်ခံလူ ဇင်ချန်ကိုရဲ့ ပေးပို့မှုကနေ ဒီနေ့မှာ လေးလံနေလို့ အဲဗာတန်ခံစစ်ရဲ့ အာရုံစိုက်မှု လျော့ကျလာခဲ့တဲ့ ဆာကာက အခွင့်အရေးကို မလွတ်တမ်း အသုံးချပြီး ညာဘက်ထောင့်ကျဉ်းထဲကို အပြင်းကန်ထည့်ရာမှာ ဘောလုံးနဲ့ ဂိုးပိုက်ခေါင်မိုးတို့ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်က ဂါနာ ဂေးယီရဲ့ တုံ့ဆိုင်းမှုကို နောက်ကနေ ပြေးဝင်ပြီး လုယူနိုင်ခဲ့တဲ့ ဆာကာရဲ့ ဖျက်ထုတ်မှုကနေ ထွက်လာတဲ့ ဘောလုံးကို မာတီနယ်လီက ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့ တစ်ယောက်ချင်းအတွေ့မှာ ညာဘက်ထောင့်ကျဉ်းထဲကို အပိုင်ကန်သွင်းယူသွားခဲ့တာပါ။

ဒီဂိုးမှာ အာဆင်နယ်တို့ကို စည်းကြပ်ဒိုင်က ထုံးစံအတိုင်း လူကျွံတယ်၊ မဂိုးဘူးလို့ ဂျင်းထည့်ဖို့ ကြိုးစားခဲ့ပေမယ့် VAR ပြန်လည်ကြည့်ရှုရာမှာတော့ ဆာကာ ဘောလုံးဖျက်ထုတ်စဉ်မှာ မာတီနယ်လီအနေနဲ့ အဲဗာတန်ခံစစ်လိုင်းနဲ့ တစ်တန်းတည်းမှာ ရှိနေခဲ့လို့ ဂိုးအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီး ပထမပိုင်းမှာ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အာဆင်နယ်တို့ဘက်က ဂျော်ဂျင်ညိုအစား ပါတေး ဝင်ကစားခဲ့ပြီး ခံစစ်လုံခြုံဖို့နဲ့ ကွင်းလယ်မှာ‌ ဘောလုံးပို လုနိုင်ဖို့ လုပ်ဆောင်လာခဲ့သလို အိမ်ရှင်တွေအနေနဲ့ ပထမပိုင်းကနဲ့ မတူတဲ့ အသင်းသစ်တစ်သင်းအဖြစ် ပြောင်းလဲသွားနိုင်ခဲ့ချိန်မှာ အဲဗာတန်တို့ဘက်ကတော့ အမှားကြောင့် ဂိုးပေးခဲ့ရတဲ့ ဂေးယီအစား ဟိုလ်ဂိတ်ကို ထည့်သွင်းခဲ့ပြီး ဗဟိုခံစစ်ရှေ့ကနေ ပိတ်ဆို့ဖို့ ပြင်ဆင်လာခဲ့တာပါ။

ဒီနောက်မှာ အဲဗာတန်တို့ဘက်က မော်ပေနဲ့ ကိုးလ်မန်းအစား ဂရေးနဲ့ ဂေါ့ဖရီတို့ကို ထည့်သွင်းခဲ့ပေမယ့် ဘာမှတော့ ထူးမလာခဲ့ဘဲ အာဆင်နယ်ပရိသတ်တွေရဲ့ ရန်သူ ဂေါ့ဖရီကို ကျုံးသွင်းပြီး ထရော့ဆတ်က အဝါတစ်ကတ် လက်ဆောင်ပေးသွားနိုင်ခဲ့တာကြောင့် ရှောင်ဒိုက်ချ် မျှော်လင့်တဲ့ ညာခြမ်းခံစစ်ကို အားဖြည့်နိုင်ဖို့ ကိစ္စက အလကားဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးပြန်ရလာတဲ့ ချာကာက အဲဗာတန်ရဲ့ ပိတ်ဆို့မှုကို အလစ်အငိုက် ဖောက်ထွက်ပြီး ဘယ်ခြမ်းကို ချပေးခဲ့ရာမှာ ထရော့ဆတ်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးတာကို ကပ္ပတိန် အော်ဒီဂွါဒ်က အပိုင်ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

သုံးဂိုးရအပြီးမှာတော့ အာဆင်နယ်တို့ဘက်က ချာကာနဲ့ ထရော့ဆတ်တို့ကို အနားပေးပြီး ဖာဘီယို ဗီယာရာနဲ့ နကီးတီးယားတို့ကို ထည့်သွင်းကစားခဲ့သလို တွဲလုံးတွေနဲ့ အလှပြကစားနိုင်ခဲ့တာကြောင့် အဲဗာတန်ခံစစ်က တားဆီးဖို့ ခက်နေခဲ့ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်တစ်ယောက်ကတော့ အတော့်ကို အလုပ်များနေခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ စတုတ္ထအနိုင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဇင်ချန်ကိုရဲ့ အမြော်အမြင်ရှိရှိနဲ့ ဧရိယာထဲ ထည့်ပေးလိုက်တဲ့ ဘောလုံးကို အဲဗာတန်ခံစစ်ရဲ့ ကြားကနေ ပြေးထွက်သွားခဲ့တဲ့ နကီးတီးယားက ထောင့်ကျဉ်းနားကနေ ကန်မလိုလိုနဲ့ အတွင်းကို ချိုးပေးရာမှာ မာတီနယ်လီက ခြေဦးနဲ့ထိုးပြီး ပိတ်သွင်းနိုင်ခဲ့တာပါ။

အာဆင်နယ်တို့ဘက်ကတော့ ပွဲဆက်များနေတဲ့ ဆာကာကို ထပ်အနားပေးခဲ့ပြီး စမစ်ရိုးနဲ့ လဲကစားခဲ့သလို ဇင်ချန်ကိုအစားလည်း တီယာနီကို ထည့်သွင်းသွားခဲ့ချိန်မှာ မာတီနယ်လီကတော့ ညာတောင်ပံကို ထွက်ကစားခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ အခွင့်အရေးတွေကို ထပ်မံအသုံးချနိုင်ခြင်း မရှိတော့လို့ လေးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

အဲဗာတန်တို့ကို ရှုံးကြွေးဆပ်ပြီး ပွဲ ၁၀၀ ပြည့်အောင် အနိုင်ကစားနိုင်ခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့အနေနဲ့ ပွဲကျန်ကစားပြီးခဲ့ချိန်မှာ ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၅ မှတ်နဲ့ တစ်ပွဲကစားဖို့ ကျန်သေးတဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ၁၁ မှတ် ဖြတ်ထားနိုင်ခဲ့ပြီး ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့သလို သုံးပွဲဆက်အနိုင်နဲ့ ပရိသတ်တွေကို ပျော်ရွှင်စေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ လက္စတာနဲ႔ပြဲက အတိုင္းပဲ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ထေရာ့ဆတ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ မိုက္ကယ္ ကီးန္၊ ကိုးလ္မန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဂါနာ ေဂးယီ၊ ဒူကူေရး၊ အိုနာနာ၊ အီဝိုဘီနဲ႔ မက္နီးလ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေမာ္ေပတစ္ဦးတည္းကို အေထာင္ထား ကစားခဲ့တာပါ။

ထုံးစံအတိုင္းပဲ အာဆင္နယ္တို႔ ေဘာလုံးကိုင္ကစားသြားခဲ့သလို အဲဗာတန္တို႔ကေတာ့ ဂန္းနားေတြရဲ႕ ေဘာလုံးလမ္းေၾကာင္းကို ပိတ္ဆို႔ဖို႔ပဲ ႀကိဳးစားလာခဲ့ၿပီး အႏၲရာယ္မ်ားတဲ့ ေနရာေတြကို ေဘာလုံးေပးမရေအာင္ တတ္ႏိုင္သေလာက္ ကာဗာလုပ္ကစားခဲ့သလို နည္းျပ ေရွာင္ဒိုက္ခ်္အေနနဲ႔ အေဝးကြင္းမွာ ရလဒ္ေကာင္းႏိုင္ဖို႔ ရည္႐ြယ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ အကူးအေျပာင္းအေတြမွာ သြက္လက္ျခင္းမရွိသလို ညာျခမ္းက ေအာ္ဒီဂြါဒ္က ပြဲဆက္မ်ားလို႔ ေျခအနည္းငယ္က်ေနၿပီး ဆာကာနဲ႔ ဘန္ဝႈိက္တို႔ကလည္း ေတာင္ပံမွာ ေလးလံေနခဲ့သလို အထေႏွးသလိုျဖစ္ေနခဲ့တာေၾကာင့္ အဲဗာတန္တို႔ကို ေတာ္ေတာ္နဲ႔ ထိုးႏွက္ႏိုင္ျခင္း မရွိခဲ့ဘဲ ဧည့္သည္ေတြကေတာင္ ဂိုးေပါက္ႏွစ္ႀကိမ္ ၿခိမ္းေျခာက္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုးစတင္သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေရွ႕အထိတက္ၿပီး ကစားကြက္ေဖာ္တဲ့ ေနာက္ခံလူ ဇင္ခ်န္ကိုရဲ႕ ေပးပို႔မႈကေန ဒီေန႔မွာ ေလးလံေနလို႔ အဲဗာတန္ခံစစ္ရဲ႕ အာ႐ုံစိုက္မႈ ေလ်ာ့က်လာခဲ့တဲ့ ဆာကာက အခြင့္အေရးကို မလြတ္တမ္း အသုံးခ်ၿပီး ညာဘက္ေထာင့္က်ဥ္းထဲကို အျပင္းကန္ထည့္ရာမွာ ေဘာလုံးနဲ႔ ဂိုးပိုက္ေခါင္မိုးတို႔ မိတ္ဆက္သြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္က ဂါနာ ေဂးယီရဲ႕ တုံ႔ဆိုင္းမႈကို ေနာက္ကေန ေျပးဝင္ၿပီး လုယူႏိုင္ခဲ့တဲ့ ဆာကာရဲ႕ ဖ်က္ထုတ္မႈကေန ထြက္လာတဲ့ ေဘာလုံးကို မာတီနယ္လီက ဂိုးသမား ပစ္ခ္ဖို႔ဒ္နဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ ညာဘက္ေထာင့္က်ဥ္းထဲကို အပိုင္ကန္သြင္းယူသြားခဲ့တာပါ။

ဒီဂိုးမွာ အာဆင္နယ္တို႔ကို စည္းၾကပ္ဒိုင္က ထုံးစံအတိုင္း လူကြၽံတယ္၊ မဂိုးဘူးလို႔ ဂ်င္းထည့္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ VAR ျပန္လည္ၾကည့္ရႈရာမွာေတာ့ ဆာကာ ေဘာလုံးဖ်က္ထုတ္စဥ္မွာ မာတီနယ္လီအေနနဲ႔ အဲဗာတန္ခံစစ္လိုင္းနဲ႔ တစ္တန္းတည္းမွာ ရွိေနခဲ့လို႔ ဂိုးအျဖစ္ ေျပာင္းလဲသတ္မွတ္ေပးခဲ့ၿပီး ပထမပိုင္းမွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အာဆင္နယ္တို႔ဘက္က ေဂ်ာ္ဂ်င္ညိဳအစား ပါေတး ဝင္ကစားခဲ့ၿပီး ခံစစ္လုံၿခဳံဖို႔နဲ႔ ကြင္းလယ္မွာ‌ ေဘာလုံးပို လုႏိုင္ဖို႔ လုပ္ေဆာင္လာခဲ့သလို အိမ္ရွင္ေတြအေနနဲ႔ ပထမပိုင္းကနဲ႔ မတူတဲ့ အသင္းသစ္တစ္သင္းအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့ခ်ိန္မွာ အဲဗာတန္တို႔ဘက္ကေတာ့ အမွားေၾကာင့္ ဂိုးေပးခဲ့ရတဲ့ ေဂးယီအစား ဟိုလ္ဂိတ္ကို ထည့္သြင္းခဲ့ၿပီး ဗဟိုခံစစ္ေရွ႕ကေန ပိတ္ဆို႔ဖို႔ ျပင္ဆင္လာခဲ့တာပါ။

ဒီေနာက္မွာ အဲဗာတန္တို႔ဘက္က ေမာ္ေပနဲ႔ ကိုးလ္မန္းအစား ဂေရးနဲ႔ ေဂါ့ဖရီတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ဘာမွေတာ့ ထူးမလာခဲ့ဘဲ အာဆင္နယ္ပရိသတ္ေတြရဲ႕ ရန္သူ ေဂါ့ဖရီကို က်ဳံးသြင္းၿပီး ထေရာ့ဆတ္က အဝါတစ္ကတ္ လက္ေဆာင္ေပးသြားႏိုင္ခဲ့တာေၾကာင့္ ေရွာင္ဒိုက္ခ်္ ေမွ်ာ္လင့္တဲ့ ညာျခမ္းခံစစ္ကို အားျဖည့္ႏိုင္ဖို႔ ကိစၥက အလကားျဖစ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးျပန္ရလာတဲ့ ခ်ာကာက အဲဗာတန္ရဲ႕ ပိတ္ဆို႔မႈကို အလစ္အငိုက္ ေဖာက္ထြက္ၿပီး ဘယ္ျခမ္းကို ခ်ေပးခဲ့ရာမွာ ထေရာ့ဆတ္က ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတာကို ကပၸတိန္ ေအာ္ဒီဂြါဒ္က အပိုင္ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

သုံးဂိုးရအၿပီးမွာေတာ့ အာဆင္နယ္တို႔ဘက္က ခ်ာကာနဲ႔ ထေရာ့ဆတ္တို႔ကို အနားေပးၿပီး ဖာဘီယို ဗီယာရာနဲ႔ နကီးတီးယားတို႔ကို ထည့္သြင္းကစားခဲ့သလို တြဲလုံးေတြနဲ႔ အလွျပကစားႏိုင္ခဲ့တာေၾကာင့္ အဲဗာတန္ခံစစ္က တားဆီးဖို႔ ခက္ေနခဲ့ၿပီး ဂိုးသမား ပစ္ခ္ဖို႔ဒ္တစ္ေယာက္ကေတာ့ အေတာ့္ကို အလုပ္မ်ားေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ စတုတၳအႏိုင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဇင္ခ်န္ကိုရဲ႕ အေျမာ္အျမင္ရွိရွိနဲ႔ ဧရိယာထဲ ထည့္ေပးလိုက္တဲ့ ေဘာလုံးကို အဲဗာတန္ခံစစ္ရဲ႕ ၾကားကေန ေျပးထြက္သြားခဲ့တဲ့ နကီးတီးယားက ေထာင့္က်ဥ္းနားကေန ကန္မလိုလိုနဲ႔ အတြင္းကို ခ်ိဳးေပးရာမွာ မာတီနယ္လီက ေျခဦးနဲ႔ထိုးၿပီး ပိတ္သြင္းႏိုင္ခဲ့တာပါ။

အာဆင္နယ္တို႔ဘက္ကေတာ့ ပြဲဆက္မ်ားေနတဲ့ ဆာကာကို ထပ္အနားေပးခဲ့ၿပီး စမစ္႐ိုးနဲ႔ လဲကစားခဲ့သလို ဇင္ခ်န္ကိုအစားလည္း တီယာနီကို ထည့္သြင္းသြားခဲ့ခ်ိန္မွာ မာတီနယ္လီကေတာ့ ညာေတာင္ပံကို ထြက္ကစားခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ အခြင့္အေရးေတြကို ထပ္မံအသုံးခ်ႏိုင္ျခင္း မရွိေတာ့လို႔ ေလးဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

အဲဗာတန္တို႔ကို ရႈံးေႂကြးဆပ္ၿပီး ပြဲ ၁၀၀ ျပည့္ေအာင္ အႏိုင္ကစားႏိုင္ခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ ပြဲက်န္ကစားၿပီးခဲ့ခ်ိန္မွာ ဒုတိယေနရာက မန္ခ်က္စတာစီးတီးကို ၅ မွတ္နဲ႔ တစ္ပြဲကစားဖို႔ က်န္ေသးတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ၁၁ မွတ္ ျဖတ္ထားႏိုင္ခဲ့ၿပီး ခ်န္ပီယံလမ္းေၾကာင္းေပၚမွာ ေရွ႕တစ္လွမ္းတိုးႏိုင္ခဲ့သလို သုံးပြဲဆက္အႏိုင္နဲ႔ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေစႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.