Premier League

ကာရာဘောင်းဖလားအောင်ပွဲအပြီး ပေါ့ဘာရဲ့ လူမှုကွန်ရက်လှုပ်ရှားမှုကို သတိပြုမိခဲ့တဲ့ ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အသင်းရဲ့ ကာရာဘောင်းဖလားအောင်မြင်မှုအပြီးမှာ ပေါ့ဂ်ဘာရဲ့ စိတ်ဝင်စားစရာ လူမှုကွန်ရက်ပေါ်က လှုပ်ရှားမှုကို သတိပြုမိခဲ့ကြပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ နယူးကာဆယ်လ် ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တုန်းက နည်းပြ မော်ရင်ညိုလက်အောက်မှာ ယူရိုပါလိဂ်ဖလားရရှိပြီးနောက်ပိုင်း ပထမဆုံး ဆုဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ကာစီမီရိုနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ တန်ဟက်အတွက် ကာရာဘောင်းဖလားက ပထမဆုံး ဆုဖလား ဖြစ်လာခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက အိုင်းယက်စ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားပေးခဲ့တဲ့ ပေါ့ဂ်ဘာဟာ အသင်းဖော်ဟောင်းတွေရဲ့ အောင်မြင်မှုအတွက် ပျော်ရွှင်နေခဲ့ပြီး အင်စတာဂရမ်ပေါ်က ကစားသမားတွေရဲ့ ဆုဖလားကိုင်မြှောက်နေတဲ့ပုံတိုင်းကို Liked ပေးခဲ့တယ်လို့ @UTDMoh_ လို့ အမည်ရတဲ့ တွစ်တာအကောင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပေါ့ဂ်ဘာရဲ့ လူမှုကွန်ရက်ပေါ်က လှုပ်ရှားမှုတွေဟာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် လူမှုကွန်ရက်ပေါ်မှာ ပြောစရာဖြစ်ခဲ့ပြီး ကြယ်ပွင့်ကွင်းလယ်ကစားသမားဟောင်းနဲ့ပတ်သက်ပြီး အမြင်ကွဲခဲ့ကြတာဖြစ်ပါတယ်။

“သူက ဗိုင်းရပ်စ်မဟုတ်ခဲ့သလို အဲဒီလိုမျိုးတစ်စုံတရာလည်း မဟုတ်ခဲ့ပါဘူး။ ခင်ဗျားမှာ ဘောလုံးမျက်စိရှိရင် သူက ဘယ်လိုကစားသမားမျိုးဖြစ်ခဲ့လဲဆိုတာ သိမှာပါ။ သူက ဗီလိန်ဖြစ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ မီဒီယာတွေက သူ့ကို အဲဒီလိုဖြစ်စေချင်လို့ပါ။ ကျွန်တော်ကတော့ ပေါ့ဘာကို ထာဝရ ချစ်သွားမှာပါ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

“သူ့ကို အဲရစ်လက်အောက်မှာ မြင်တွေ့ရရင်ကောင်းမယ်လို့ ဆုတောင်းမိတယ်။ သူက သူ့ကို မှန်မှန်ကန်ကန် ဘယ်လိုသုံးရမလဲဆိုတာကို သိတဲ့နည်းပြပဲ လိုအပ်ခဲ့တာပါ။ ဝမ်ဆာကာ၊ ရှော၊ လင်ဒီလော့်ဖ်နဲ့ ပေါ့ဂ်ဘာတို့လို ကစားသမားတွေအားလုံးက တန်ဟက်အောက်မှာဆို ကစားသမားခေါ်ယူမှုအသစ်တွေလို ဖြစ်ခဲ့ကြမှာ။ မီနို ရွိုင်းအိုလာစကားနားထောင်ခဲ့တာ နှမြောဖို့ကောင်းတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ အသင္းရဲ႕ ကာရာေဘာင္းဖလားေအာင္ျမင္မႈအၿပီးမွာ ေပါ့ဂ္ဘာရဲ႕ စိတ္ဝင္စားစရာ လူမႈကြန္ရက္ေပၚက လႈပ္ရွားမႈကို သတိျပဳမိခဲ့ၾကပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ နယူးကာဆယ္လ္ ယူႏိုက္တက္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ၂၀၁၇ ခုႏွစ္တုန္းက နည္းျပ ေမာ္ရင္ညိဳလက္ေအာက္မွာ ယူ႐ိုပါလိဂ္ဖလားရရွိၿပီးေနာက္ပိုင္း ပထမဆုံး ဆုဖလားကို ရရွိခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ ကာစီမီ႐ိုနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္အျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ တန္ဟက္အတြက္ ကာရာေဘာင္းဖလားက ပထမဆုံး ဆုဖလား ျဖစ္လာခဲ့တာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက အိုင္းယက္စ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ပါဝင္ကစားေပးခဲ့တဲ့ ေပါ့ဂ္ဘာဟာ အသင္းေဖာ္ေဟာင္းေတြရဲ႕ ေအာင္ျမင္မႈအတြက္ ေပ်ာ္႐ႊင္ေနခဲ့ၿပီး အင္စတာဂရမ္ေပၚက ကစားသမားေတြရဲ႕ ဆုဖလားကိုင္ေျမႇာက္ေနတဲ့ပုံတိုင္းကို Liked ေပးခဲ့တယ္လို႔ @UTDMoh_ လို႔ အမည္ရတဲ့ တြစ္တာအေကာင့္ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ေပါ့ဂ္ဘာရဲ႕ လူမႈကြန္ရက္ေပၚက လႈပ္ရွားမႈေတြဟာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအတြက္ လူမႈကြန္ရက္ေပၚမွာ ေျပာစရာျဖစ္ခဲ့ၿပီး ၾကယ္ပြင့္ကြင္းလယ္ကစားသမားေဟာင္းနဲ႔ပတ္သက္ၿပီး အျမင္ကြဲခဲ့ၾကတာျဖစ္ပါတယ္။

“သူက ဗိုင္းရပ္စ္မဟုတ္ခဲ့သလို အဲဒီလိုမ်ိဳးတစ္စုံတရာလည္း မဟုတ္ခဲ့ပါဘူး။ ခင္ဗ်ားမွာ ေဘာလုံးမ်က္စိရွိရင္ သူက ဘယ္လိုကစားသမားမ်ိဳးျဖစ္ခဲ့လဲဆိုတာ သိမွာပါ။ သူက ဗီလိန္ျဖစ္ခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ မီဒီယာေတြက သူ႔ကို အဲဒီလိုျဖစ္ေစခ်င္လို႔ပါ။ ကြၽန္ေတာ္ကေတာ့ ေပါ့ဘာကို ထာဝရ ခ်စ္သြားမွာပါ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

“သူ႔ကို အဲရစ္လက္ေအာက္မွာ ျမင္ေတြ႕ရရင္ေကာင္းမယ္လို႔ ဆုေတာင္းမိတယ္။ သူက သူ႔ကို မွန္မွန္ကန္ကန္ ဘယ္လိုသုံးရမလဲဆိုတာကို သိတဲ့နည္းျပပဲ လိုအပ္ခဲ့တာပါ။ ဝမ္ဆာကာ၊ ေရွာ၊ လင္ဒီေလာ့္ဖ္နဲ႔ ေပါ့ဂ္ဘာတို႔လို ကစားသမားေတြအားလုံးက တန္ဟက္ေအာက္မွာဆို ကစားသမားေခၚယူမႈအသစ္ေတြလို ျဖစ္ခဲ့ၾကမွာ။ မီႏို ႐ြိဳင္းအိုလာစကားနားေထာင္ခဲ့တာ ႏွေျမာဖို႔ေကာင္းတယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.