Premier League

ဖရက်ဒ်ရဲ့ သတိပေးခြင်းကို ခံလိုက်ရတဲ့ အာဆင်နယ်နဲ့ မန်စီးတီး

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်က အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ကို ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို မန်ယူနိုက်တက်က ကျော်ဖြတ်ပြီး ရယူနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်လ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နှစ်ပေါင်း ၄၀ အတွင်း အရှည်ကြာဆုံး ဆုဖလားပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကာစီမီရိုနဲ့ ရက်ရှ်ဖို့ဒ်တို့ ၂ ဦးစလုံးက မန်ချက်စတာယူနိုက်တက်အတွက် ပထမပိုင်းမှာ သွင်းဂိုးတွေကို သွင်းယူပေးပြီး ၂၀၁၇ ခုနှစ်တုန်းက နည်းပြ မော်ရင်ညိုလက်အောက် ယူရိုပါလိဂ်အောင်ပွဲနောက်ပိုင်း အသင်းကို ပထမဆုံးဆုဖလားအောင်မြင်မှုရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကာရာဘောင်းဖလားကို ရယူနိုင်ခဲ့ပြီးနောက် ယခုရာသီ နောက်ထပ်ဆုဖလားပြိုင်ပွဲ ၃ ခုထဲမှာ ရှိနေဆဲဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ယူရိုပါလိဂ်၊ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေဆဲဖြစ်သလို ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ သေးငယ်တဲ့အခွင့်အရေးလည်း ရှိနေသေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်က ဆုဖလားစိန်ခေါ်မှုတွေအကြောင်း ပြောဆိုမှုတွေကို ကြိုဆိုပုံ ပေါ်ခဲ့ပြီး မန်ယူနိုက်တက်ဟာ အရှိန်အဟုန်နဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ ဘရာဇီးလ်ကွင်းလယ်ကစားသမားက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဖရက်ဒ်က TNT Brazil နဲ့ စကားပြောဆိုရာမှာ မန်ချက်စတာယူနိုက်တက်အသင်းက အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ကို ပရီးမီးယားလိဂ်ဆုဖလားအတွက် အနိုင်ယူနိုင်စွမ်းရှိတဲ့အသင်းဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အာဆင်နယ်နဲ့ မန်စီးတီးတို့က အရမ်းကောင်းတဲ့အသင်းတွေဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း အဲဒီဖလားအတွက် တိုက်ပွဲဝင်ဖို့အတွက် အစွမ်းအစရှိပါတယ်။ ကျွန်တော်တို့ရဲ့ အရှိန်အဟုန်က အရမ်းကောင်းနေတယ်။ အဲဒီတော့ ဘာကြောင့် ဖလားမရနိုင်ရမှာလဲ။ ကျွန်တော်တို့ ဖလားရနိုင်တဲ့ ပြိုင်ပွဲ ၃ ခုကျန်နေသေးပြီး အဲဒီပြိုင်ပွဲတစ်ခုချင်းစီအတွက် တိုက်ပွဲဝင်သွားမှာပါ”

“ဒီနေ့မှာ ကျွန်တော်တို့ အလွန်အမင်းပျော်ရွှင်နေတယ်။ ကျွန်တော် ဒီမှာရှိခဲ့တာ ၅ ရာသီမြောက်ဖြစ်ပြီး ဒီဆုဖလားက ကျွန်တော့်အတွက်နဲ့ ထိပ်ဆုံးကို ပြန်သွားနေတဲ့ အသင်းအတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော်တို့ ဒီရာသီမှာ တိုက်ပွဲဝင်စရာတွေ အများကြီး ရှိပါသေးတယ်”လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ဖရက္ဒ္က အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ကို ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို မန္ယူႏိုက္တက္က ေက်ာ္ျဖတ္ၿပီး ရယူႏိုင္တယ္လို႔ သတိေပးခဲ့ပါတယ္။

တနဂၤေႏြေန႔မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ နယူးကာဆယ္လ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ႏွစ္ေပါင္း ၄၀ အတြင္း အရွည္ၾကာဆုံး ဆုဖလားေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ကာစီမီ႐ိုနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ ၂ ဦးစလုံးက မန္ခ်က္စတာယူႏိုက္တက္အတြက္ ပထမပိုင္းမွာ သြင္းဂိုးေတြကို သြင္းယူေပးၿပီး ၂၀၁၇ ခုႏွစ္တုန္းက နည္းျပ ေမာ္ရင္ညိဳလက္ေအာက္ ယူ႐ိုပါလိဂ္ေအာင္ပြဲေနာက္ပိုင္း အသင္းကို ပထမဆုံးဆုဖလားေအာင္ျမင္မႈရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ကာရာေဘာင္းဖလားကို ရယူႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီ ေနာက္ထပ္ဆုဖလားၿပိဳင္ပြဲ ၃ ခုထဲမွာ ရွိေနဆဲျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းဟာ ယူ႐ိုပါလိဂ္၊ အက္ဖ္ေအဖလားၿပိဳင္ပြဲေတြမွာ ယွဥ္ၿပိဳင္ေနဆဲျဖစ္သလို ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔ ေသးငယ္တဲ့အခြင့္အေရးလည္း ရွိေနေသးတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ဖရက္ဒ္က ဆုဖလားစိန္ေခၚမႈေတြအေၾကာင္း ေျပာဆိုမႈေတြကို ႀကိဳဆိုပုံ ေပၚခဲ့ၿပီး မန္ယူႏိုက္တက္ဟာ အရွိန္အဟုန္နဲ႔ အသင္းတစ္သင္းျဖစ္တယ္လို႔ ဘရာဇီးလ္ကြင္းလယ္ကစားသမားက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဖရက္ဒ္က TNT Brazil နဲ႔ စကားေျပာဆိုရာမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ကို ပရီးမီးယားလိဂ္ဆုဖလားအတြက္ အႏိုင္ယူႏိုင္စြမ္းရွိတဲ့အသင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“အာဆင္နယ္နဲ႔ မန္စီးတီးတို႔က အရမ္းေကာင္းတဲ့အသင္းေတြဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာလည္း အဲဒီဖလားအတြက္ တိုက္ပြဲဝင္ဖို႔အတြက္ အစြမ္းအစရွိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အရွိန္အဟုန္က အရမ္းေကာင္းေနတယ္။ အဲဒီေတာ့ ဘာေၾကာင့္ ဖလားမရႏိုင္ရမွာလဲ။ ကြၽန္ေတာ္တို႔ ဖလားရႏိုင္တဲ့ ၿပိဳင္ပြဲ ၃ ခုက်န္ေနေသးၿပီး အဲဒီၿပိဳင္ပြဲတစ္ခုခ်င္းစီအတြက္ တိုက္ပြဲဝင္သြားမွာပါ”

“ဒီေန႔မွာ ကြၽန္ေတာ္တို႔ အလြန္အမင္းေပ်ာ္႐ႊင္ေနတယ္။ ကြၽန္ေတာ္ ဒီမွာရွိခဲ့တာ ၅ ရာသီေျမာက္ျဖစ္ၿပီး ဒီဆုဖလားက ကြၽန္ေတာ့္အတြက္နဲ႔ ထိပ္ဆုံးကို ျပန္သြားေနတဲ့ အသင္းအတြက္ အမ်ားႀကီး အဓိပၸာယ္ရွိပါတယ္။ ကြၽန္ေတာ္တို႔ ဒီရာသီမွာ တိုက္ပြဲဝင္စရာေတြ အမ်ားႀကီး ရွိပါေသးတယ္”လို႔ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.