Carabao & FA Match Report Premier League

ဂိုးမသွင်းတတ်တဲ့ လိဒ်စ်ကို အငိုက်ဖမ်း ထိုးနှက်ပြီး သင်ခန်းစာပေးခဲ့တဲ့ ဖူလ်ဟမ်

ဖူလ်ဟမ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရိုဒက်ခ်၊ ခံစစ်မှာ တင်မ် ရင်းမ်၊ အာဒါရာဘီယိုရို၊ ဆီးဒရစ်နဲ့ ရော်ဘင်ဆန်တို့ကို အသုံးပြုခဲ့ကြပြီး ကွင်းလယ်မှာတော့ ဂျာအို ပယ်လင်ညာ၊ လူကစ်ချ်၊ ပါရဲရား၊ ဝီလ်ဆန်နဲ့ ဆော်လမွန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ကို့ချ်၊ ခရစ္စတင်ဆန်၊ အေးလင်းနဲ့ ဂျူနီယာ ဖာပိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မက်ကင်နီ၊ တိုင်လာ အက်ဒမ်စ်နဲ့ မာ့ခ် ရိုကာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆမ်းမားဗီးလ်၊ ဂနွန်တိုနဲ့ ရပ်တာတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာ ဖူလ်ဟမ်တို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လိဒ်စ်ကွင်းလယ်လူ အက်ဒမ်စ်ရဲ့ ပေါ့ဆတဲ့ လူပေးမှုကနေ ဂျာအို ပယ်လင်ညာက ဖြတ်ယူပြီး နေရာလွတ်ရနေမှုအပေါ် အခွင့်ကောင်းယူ ကန်သွင်းခဲ့ရာမှာ Position အနည်းငယ်အောက်နေခဲ့တဲ့ ဂိုးသမား မေလီယေး မကာကွယ်နိုင်ခဲ့ဘဲ ညာဘက်အပေါ်ထောင့်ကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အခွင့်အရေးတွေကို တစ်ကြိမ်ဆို ဆိုသလောက် အသုံးချနိုင်ခဲ့တဲ့ ဖူလ်ဟမ်တို့က နည်းပြသစ်နဲ့ လိဒ်စ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း ဧည့်သည်တွေကပဲ ဘောလုံးပိုကိုင်ကစားနိုင်ခဲ့သလို အိမ်ရှင်တွေကတော့ တန်ပြန်တိုက်စစ်တွေကိုပဲ အားကိုးနေခဲ့ကြတာပါ။

ပွဲချိန် ၅၆ မိနစ်မှာတော့ ဖူလ်ဟမ်တို့ပဲ အနိုင်သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းက ဆီးဒရစ်ရဲ့ ဖြတ်တင်ဘောကို လိဒ်စ်ခံစစ်က ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဆော်လမွန်က ဘယ်ခြမ်းကနေ ရယူပြီး အတွင်းကို ချိုးဝင်ပြီးမှ မီထရိုဗစ်ချ်နဲ့ ဝမ်းတူးရိုက်ပြီး အဝေးတိုင်ထောင့်ကို လှမ်းကန်ခဲ့ရာမှာ ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်တို့ဘက်က မီထရိုဗစ်ချ်၊ ပယ်လင်ညာ၊ ဆော်လမွန်၊ ဝီလ်ဆန်နဲ့ ဆီးဒရစ်တို့အစား ကားလို့စ် ဗီနီးရှပ်စ်၊ ဟာရစ်ဆန် ရိဒ်၊ ဒီကော်ဒိုဗာ-ရိဒ်၊ ဝီလီယန်နဲ့ တီတီတို့ကို ထည့်သွင်းကစားခဲ့ကြသလို လိဒ်စ်တို့ဘက်ကတော့ ရပ်တာ၊ ဂနွန်တိုနဲ့ မာ့ခ် ရိုကာတို့အစား ဘမ်ဖို့ဒ်၊ ဟာရစ်ဆန်နဲ့ အာရွန်ဆန်တို့ကို လူစားလဲသွားခဲ့ကြပေမယ့် ရလဒ်ပိုင်းကို ပြောင်းလဲအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ကြတော့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဖူလ်ဟမ်တို့က အိမ်ကွင်း ကရာဗင်ကော့တေ့ချ်မှာ လိဒ်စ်ယူနိုက်တက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး အက်ဖ်အေ ဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို နည်းပြ ဟာဗီ ဂါစီယာကတော့ အဖွင့်ပွဲမှာ မျက်နှာမလှခဲ့ဘဲ လူများပြီး ပွဲမစည်တဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်အောင် ပြင်ဆင်ရဦးမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖူလ်ဟမ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရိုဒက်ခ်၊ ခံစစ်မှာ တင်မ် ရင်းမ်၊ အာဒါရာဘီယိုရို၊ ဆီးဒရစ်နဲ့ ရော်ဘင်ဆန်တို့ကို အသုံးပြုခဲ့ကြပြီး ကွင်းလယ်မှာတော့ ဂျာအို ပယ်လင်ညာ၊ လူကစ်ခ်ျ၊ ပါရဲရား၊ ဝီလ်ဆန်နဲ့ ဆော်လမွန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မီထရိုဗစ်ခ်ျတစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ကို့ခ်ျ၊ ခရစ္စတင်ဆန်၊ အေးလင်းနဲ့ ဂျူနီယာ ဖာပိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မက်ကင်နီ၊ တိုင်လာ အက်ဒမ်စ်နဲ့ မာ့ခ် ရိုကာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆမ်းမားဗီးလ်၊ ဂနွန်တိုနဲ့ ရပ်တာတို့ကို ပွဲထုတ်လာခဲ့တာပါ။



ပွဲချိန် ၅၆ မိနစ်မှာတော့ ဖူလ်ဟမ်တို့ပဲ အနိုင်သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းက ဆီးဒရစ်ရဲ့ ဖြတ်တင်ဘောကို လိဒ်စ်ခံစစ်က ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဆော်လမွန်က ဘယ်ခြမ်းကနေ ရယူပြီး အတွင်းကို ချိုးဝင်ပြီးမှ မီထရိုဗစ်ခ်ျနဲ့ ဝမ်းတူးရိုက်ပြီး အဝေးတိုင်ထောင့်ကို လှမ်းကန်ခဲ့ရာမှာ ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်တို့ဘက်က မီထရိုဗစ်ခ်ျ၊ ပယ်လင်ညာ၊ ဆော်လမွန်၊ ဝီလ်ဆန်နဲ့ ဆီးဒရစ်တို့အစား ကားလို့စ် ဗီနီးရှပ်စ်၊ ဟာရစ်ဆန် ရိဒ်၊ ဒီကော်ဒိုဗာ-ရိဒ်၊ ဝီလီယန်နဲ့ တီတီတို့ကို ထည့်သွင်းကစားခဲ့ကြသလို လိဒ်စ်တို့ဘက်ကတော့ ရပ်တာ၊ ဂနွန်တိုနဲ့ မာ့ခ် ရိုကာတို့အစား ဘမ်ဖို့ဒ်၊ ဟာရစ်ဆန်နဲ့ အာရွန်ဆန်တို့ကို လူစားလဲသွားခဲ့ကြပေမယ့် ရလဒ်ပိုင်းကို ပြောင်းလဲအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ကြတော့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဖူလ်ဟမ်တို့က အိမ်ကွင်း ကရာဗင်ကော့တေ့ခ်ျမှာ လိဒ်စ်ယူနိုက်တက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး အက်ဖ်အေ ဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို နည်းပြ ဟာဗီ ဂါစီယာကတော့ အဖွင့်ပွဲမှာ မျက်နှာမလှခဲ့ဘဲ လူများပြီး ပွဲမစည်တဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်အောင် ပြင်ဆင်ရဦးမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.