Carabao & FA Match Report Premier League

ဘရစ္စတိုလ်ကို ဖိဖိစီးစီး ကစားပြီး အဝေးဂိတ်မှာ နောက်တစ်ဆင့်တက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ ကယ်လ်ဗင် ဖိလစ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဖိုဒန်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ကွင်း အက်ရှ်တန်ဂိတ်မှာ ကစားခဲ့ရတဲ့ ဘရစ္စတိုလ်စီးတီးတို့ကတော့ ဂိုးသမား အိုလီယာရီ၊ ခံစစ်မှာ ဗိုင်နာ၊ ကာလာ့စ်၊ တန်းနားနဲ့ ပရင်းစ်တို့ကို စုဖွဲ့ပေးလာခဲ့ပြီး ကွင်းလယ်မှာတော့ ဝီလီယမ်စ်၊ ဂျိမ်းစ်၊ ဘဲလ်၊ စကော့နဲ့ ဆိုက်ခ်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ နာခီ ဝဲလ်စ်တစ်ဦးတည်းကို တင်ကစားခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဒီဘရိုင်းနားနဲ့ ဝမ်းတူးရိုက်ပြီး ထွက်လာခဲ့တဲ့ မာရက်ဇ်က ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဘရစ္စတိုလ်ဘက်က ဘယ်သူမှ မတားဆီးနိုင်ခဲ့တဲ့ ဘောလုံးကို ဖိုဒန်က အဝေးတိုင်ဘက်ကနေ စောင့်ပြီး အသာအယာ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ တစ်ချက်လောက်ပဲ လွဲချော်မှုပါခဲ့ရင် ဖျက်ထုတ်ခံရနိုင်ပေမယ့် တစ်ဖက်အသင်းရဲ့ အားနည်းချက်နေရာကို ကွက်တိထိုးနှက်နိုင်ခဲ့တာ ဖြစ်ပြီး ဘရစ္စတိုလ်တို့ကတော့ တစ်ချက်ကောင်း ကောင်းတာတွေနဲ့ တုံ့ပြန်နိုင်ဖို့ ကြိုးစားနေခဲ့ပေမယ့် ဂိုးရှေ့ရောက်ရင် အလုပ်မဖြစ်ခဲ့ဘဲဖြစ်နေခဲ့သလို ပထမပိုင်းမှာတော့ မန်စီးတီးတိုက်စစ်မှူးတွေ အဆုံးသတ် မကောင်းတာကြောင့် တစ်ဂိုး-ဂိုးမရှိပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ ဂိုးသမား အော်တေဂါအစား အီဒါဆန် ဝင်လာခဲ့ပြီး ဘရစ္စတိုလ်တို့ကတော့ တောင်ပံက တန်းနားအစား အက်စ်တန်ဗီလာတိုက်စစ်မှူးဟောင်း ဗိုင်းမန်းကို ထည့်သွင်းခဲ့တာကြောင့် ချဲလ်ဆီးနောက်ခံလူဟောင်း ကာလာ့စ်နဲ့ပေါင်းရင် ပရီးမီးယားလိဂ် ကစားသမားဟောင်းနှစ်ဦးအထိ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာ ဖိုဒန်ရဲ့ ဘယ်ခြမ်းက အနိမ့်ဘော ဖန်တီးမှုကို ပြေးပိတ်တဲ့ အယ်လ်ဗာရက်ဇ် နောက်ကျနေခဲ့လို့ အပိုင်တစ်ဂိုး နစ်နာခဲ့ရသလို မန်စီးတီးတို့ ဖိကစားနေခဲ့ပေမယ့် ဟားလန်းမပါတဲ့ တိုက်စစ်မှာ ဘော်ဒီကြီးကြီးနဲ့ ကာသွားတဲ့ ဘရစ္စတိုလ်ဘက်ကို ထိုးဖောက်ဖို့ ခက်ခဲနေခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာတော့ မာရက်ဇ်အစား ဂရီးလစ်ရှ်ကို စတင်အပြောင်းအလဲလုပ်ခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ မန်စီးတီးတို့ပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘရစ္စတိုလ်ခံစစ်ကြားက လွတ်သွားတဲ့ အာကေက အလယ်ကို ထိုးပေးရာမှာ အယ်လ်ဗာရက်ဇ်က ညာခြမ်းကို ထပ်ခင်းပေးခဲ့တဲ့ ဘောလုံးကို ညာတောင်ပံ ပြောင်းကစားနေတဲ့ ဖိုဒန်က အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာ မန်စီးတီးတို့ပဲ တတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဂရီးလစ်ရှ် ဆွဲယူလာပြီး ကွင်းလယ်ထဲ ပြန်ထည့်ပေးတဲ့ ဘောလုံးကို ဒီဘရိုင်းနားက ပြန်ရပြီးတဲ့နောက် Dummy Run ပြေးထွက်သွားတဲ့ အယ်လ်ဗာရက်ဇ်ကြောင့် ဘရစ္စတိုလ်နောက်ခံလူတွေ ယောင်ဝါးသွားပြီး နေရာလွတ်ရသွားခဲ့ချိန်မှာ ဘယ်လ်ဂျီယမ်သားက ဧရိယာထိပ်ကနေ အနိမ့်ဘော အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဘရစ္စတိုလ်စီးတီးတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အဝေးကွင်း အက်ရှ်တန်ဂိတ်မှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး အက်ဖ်အေဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့သလို နောက်တစ်ဆင့်မှာတော့ ဘယ်အသင်းနဲ့ ဆုံတွေ့ဦးမယ်ဆိုတာကိုတော့ မဲခွဲမှုမှာ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ အာကန္ဂ်ီ၊ ႐ူဘင္ ဒီယက္စ္နဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီကို လူးဝစၥ၊ ကယ္လ္ဗင္ ဖိလစ္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဒီဘ႐ိုင္းနားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မာရက္ဇ္၊ ဖိုဒန္နဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ကြင္း အက္ရွ္တန္ဂိတ္မွာ ကစားခဲ့ရတဲ့ ဘရစၥတိုလ္စီးတီးတို႔ကေတာ့ ဂိုးသမား အိုလီယာရီ၊ ခံစစ္မွာ ဗိုင္နာ၊ ကာလာ့စ္၊ တန္းနားနဲ႔ ပရင္းစ္တို႔ကို စုဖြဲ႕ေပးလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဝီလီယမ္စ္၊ ဂ်ိမ္းစ္၊ ဘဲလ္၊ စေကာ့နဲ႔ ဆိုက္ခ္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ နာခီ ဝဲလ္စ္တစ္ဦးတည္းကို တင္ကစားခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက မန္စီးတီးတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဒီဘ႐ိုင္းနားနဲ႔ ဝမ္းတူး႐ိုက္ၿပီး ထြက္လာခဲ့တဲ့ မာရက္ဇ္က ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဘရစၥတိုလ္ဘက္က ဘယ္သူမွ မတားဆီးႏိုင္ခဲ့တဲ့ ေဘာလုံးကို ဖိုဒန္က အေဝးတိုင္ဘက္ကေန ေစာင့္ၿပီး အသာအယာ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ တစ္ခ်က္ေလာက္ပဲ လြဲေခ်ာ္မႈပါခဲ့ရင္ ဖ်က္ထုတ္ခံရႏိုင္ေပမယ့္ တစ္ဖက္အသင္းရဲ႕ အားနည္းခ်က္ေနရာကို ကြက္တိထိုးႏွက္ႏိုင္ခဲ့တာ ျဖစ္ၿပီး ဘရစၥတိုလ္တို႔ကေတာ့ တစ္ခ်က္ေကာင္း ေကာင္းတာေတြနဲ႔ တုံ႔ျပန္ႏိုင္ဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ ဂိုးေရွ႕ေရာက္ရင္ အလုပ္မျဖစ္ခဲ့ဘဲျဖစ္ေနခဲ့သလို ပထမပိုင္းမွာေတာ့ မန္စီးတီးတိုက္စစ္မႉးေတြ အဆုံးသတ္ မေကာင္းတာေၾကာင့္ တစ္ဂိုး-ဂိုးမရွိပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဂိုးသမား ေအာ္ေတဂါအစား အီဒါဆန္ ဝင္လာခဲ့ၿပီး ဘရစၥတိုလ္တို႔ကေတာ့ ေတာင္ပံက တန္းနားအစား အက္စ္တန္ဗီလာတိုက္စစ္မႉးေဟာင္း ဗိုင္းမန္းကို ထည့္သြင္းခဲ့တာေၾကာင့္ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ကာလာ့စ္နဲ႔ေပါင္းရင္ ပရီးမီးယားလိဂ္ ကစားသမားေဟာင္းႏွစ္ဦးအထိ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာ ဖိုဒန္ရဲ႕ ဘယ္ျခမ္းက အနိမ့္ေဘာ ဖန္တီးမႈကို ေျပးပိတ္တဲ့ အယ္လ္ဗာရက္ဇ္ ေနာက္က်ေနခဲ့လို႔ အပိုင္တစ္ဂိုး နစ္နာခဲ့ရသလို မန္စီးတီးတို႔ ဖိကစားေနခဲ့ေပမယ့္ ဟားလန္းမပါတဲ့ တိုက္စစ္မွာ ေဘာ္ဒီႀကီးႀကီးနဲ႔ ကာသြားတဲ့ ဘရစၥတိုလ္ဘက္ကို ထိုးေဖာက္ဖို႔ ခက္ခဲေနခဲ့ၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ မာရက္ဇ္အစား ဂရီးလစ္ရွ္ကို စတင္အေျပာင္းအလဲလုပ္ခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘရစၥတိုလ္ခံစစ္ၾကားက လြတ္သြားတဲ့ အာေကက အလယ္ကို ထိုးေပးရာမွာ အယ္လ္ဗာရက္ဇ္က ညာျခမ္းကို ထပ္ခင္းေပးခဲ့တဲ့ ေဘာလုံးကို ညာေတာင္ပံ ေျပာင္းကစားေနတဲ့ ဖိုဒန္က အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာ မန္စီးတီးတို႔ပဲ တတိယ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ဂရီးလစ္ရွ္ ဆြဲယူလာၿပီး ကြင္းလယ္ထဲ ျပန္ထည့္ေပးတဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားက ျပန္ရၿပီးတဲ့ေနာက္ Dummy Run ေျပးထြက္သြားတဲ့ အယ္လ္ဗာရက္ဇ္ေၾကာင့္ ဘရစၥတိုလ္ေနာက္ခံလူေတြ ေယာင္ဝါးသြားၿပီး ေနရာလြတ္ရသြားခဲ့ခ်ိန္မွာ ဘယ္လ္ဂ်ီယမ္သားက ဧရိယာထိပ္ကေန အနိမ့္ေဘာ အျပင္းကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က ဘရစၥတိုလ္စီးတီးတို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္း အက္ရွ္တန္ဂိတ္မွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အက္ဖ္ေအဖလားရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့သလို ေနာက္တစ္ဆင့္မွာေတာ့ ဘယ္အသင္းနဲ႔ ဆုံေတြ႕ဦးမယ္ဆိုတာကိုေတာ့ မဲခြဲမႈမွာ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.