Premier League

ညားခါစ အချစ်စမ်းတာလို့ ဆာလီ-ဂါဘီကိစ္စအကြောင်း ရှင်းပြသွားတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက အဲဗာတန်နဲ့ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ ဗဟိုခံစစ်အတွဲဖြစ်တဲ့ ဝီလီယမ် ဆာလီဘာနဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ နှစ်ဦးရဲ့ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲအပြီးမှာ ဆွဲလားရမ်းလားဖြစ်ခဲ့ကြတဲ့အပေါ် မေးမြန်းမှုတွေကို ဟာသဖောက်ပြီး ဖြေကြားသွားခဲ့ပါတယ်။

လက်စတာနဲ့ အဝေးကွင်းပွဲစဉ်မှာ အာဆင်နယ်တို့ အနိုင်ရခဲ့ပေမယ့် ခံစစ်ကတော့ အနည်းငယ် ချို့ယွင်းချက်တွေ ရှိခဲ့ပြီး ရာသီအစက ပုံစံမျိုးကို ပြန်လည်ရှာဖွေနေခဲ့ရပေမယ့် တိုးတက်မှုတွေကြားက ရုန်းကန်နေရချိန်မှာ ပွဲအပြီးမှာတော့ ပြင်သစ်သားနဲ့ ဘရာဇီးလ်သားကြားမှာ တချို့ကိစ္စလေးတွေကို မကြေလည်တဲ့ ပုံစံမျိုး ရှိခဲ့တာပါ။

ဂါဘရီယယ်လ်ကို ဆာလီဘာက တွန်းလိုက်တာကို တွေ့မြင်ခဲ့ရပေမယ့် ဗီဒီယို မှတ်တမ်းတွေထဲမှာ ဒီလောက်နဲ့ပဲ ပြီးဆုံးသွားတဲ့အတွက် အတိုင်းအတာ ဘယ်လောက် ဆိုးရွားခဲ့သလဲ၊ ဒီအတိုင်း စနောက်တာလား၊ အနည်းငယ်လောက် အငြင်းပွားတာလားဆိုတာကို မသိရဘဲဖြစ်ခဲ့ပေမယ့် စိုးရိမ်စရာတော့ မရှိလောက်ဘူးလို့ မှတ်ချက်ပေးခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တချို့ကတော့ အဆင့်အတန်းတစ်ခုကို ရောက်ရှိဖို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အပြန်အလှန် တောင်းဆိုမှုတွေက မြင့်မားနေပြီး အမှားလုပ်တာမျိုးကို လက်မခံချင်လို့ ဖြစ်ခဲ့တာမို့လို့ ရန်ဖြစ်ခဲ့ရင်လည်း အပြုသဘောဆောင်တာပဲလို့ အကောင်းမြင်ပေးခဲ့ကြသလို နည်းပြ အာတီတာကတော့ ဘာကိစ္စကြီးကြီးမှ မရှိဘူးလို့ အတည်ပြုပေးလိုက်တာပါ။

“သူတို့နှစ်ယောက်က ညားခါစ လင်မယားတွေလိုပါပဲ။ အဲ့ဒါကြောင့် ခုလိုမျိုးဖြစ်ခဲ့တာပါ။ နှစ်ယောက်စလုံးက တော်တော်လေး စိတ်အားထက်သန်ကြတယ်လေ။ သိတယ်မလား… အရာအားလုံးက အဆင်ပြေပါတယ်”လို့ ပြင်သစ်သားနဲ့ ဘရာဇီးလ်သားကြားမှာ ဘာပြဿနာမှ မရှိဘူးလို့ အာတီတာက ရှင်းလင်းသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ ဒီရာသီကစပြီး တွဲဖက်ကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ကြတဲ့ နှစ်ယောက်စလုံးအနေနဲ့ ပြင်သစ်မြေကနေ အမ်းမရိတ်ကို ရောက်ရှိလာပြီး ပြင်သစ်စကားပြောသူတွေ ဖြစ်ကြတဲ့အတွက် အပြန်အလှန် ဆက်ဆံရေးက ထင်တာထက် ပိုကောင်းနေသလို ဘန်ဝှိုက်ကတောင် ကျန်ရစ်ဖြစ်ခဲ့ရတာကြောင့် ညာခြမ်းထွက်ပြီး ကစားပုံပြောင်းခဲ့ရတဲ့အထိ သူတို့နှစ်ယောက်က အစေးကပ်ခဲ့တာပါ။

အာတီတာက သူ့ရဲ့ ဗဟိုခံစစ်အတွဲနဲ့ ပတ်သက်ပြီး “သူတို့နှစ်ယောက်အနေနဲ့ တွဲကစားရတာကို သဘောကျနေကြပါတယ်။ နှစ်ယောက်စလုံးအနေနဲ့ တစ်ယောက်ဆီကနေ တစ်ယောက် ပိုမိုမြင့်မားတဲ့ အဆင့်အတန်းကို တောင်းဆိုမှုတွေ ရှိနေပြီး ဒါက ကျွန်တော်တို့အတွက် ကောင်းတဲ့ အရာပါပဲ”လို့လည်း ဆိုပါတယ်။

ဒါ့အပြင် “ကျွန်တော့်ကတော့ ခံစားချက်တွေနဲ့‌ ပေါက်ကွဲတာကို သဘောကျတယ်။ စက်ရုပ်တွေလို လုပ်နေလို့ ဘာလုပ်မှာလဲ။ စိတ်အားထက်သန် တက်ကြွမှုနဲ့ တစ်ယောက်ကို တစ်ယောက် ဘာလုပ်ရမယ်ဆိုပြီး တောင်းဆိုနေမှ၊ အပြန်အလှန် ခိုင်းနိုင်မှ ဓာတ်မိနေမှာပေါ့ဗျာ။ သူတို့နှစ်ယောက်ရဲ့ အချင်းချင်း အတွဲအဖက်မိမှုက ကွင်းတွင်းကွင်းပြင် အလုပ်ဖြစ်နေပါတယ်။ သူတို့က ပိုကောင်းချင်နေကြတာပါ”လို့လည်း ဖြည့်စွက်သွားခဲ့တာပါ။

အာတီတာရဲ့ ပြောပုံအရတော့ ကစားသမားနှစ်ယောက်ကြားမှာ မကြေလည်တာမျိုး ရှိခဲ့ရင်တောင် သူ့အနေနဲ့ ဖြေရှင်းပြီးလောက်ပြီဖြစ်လို့ ခုလိုမျိုး ပေါ့ပေါ့ပါးပါးပုံစံနဲ့ နောက်ပြောင်ပြောကြားနိုင်ခဲ့တာဖြစ်တယ်လို့လည်း သုံးသပ်ရပြီး အာဆင်နယ်ပရိသတ်တွေအနေနဲ့ စိတ်ပူပင်စရာ သောကမကျရောက်ရစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက အဲဗာတန္နဲ႔ပြဲမတိုင္မီ သတင္းစာရွင္းလင္းပြဲမွာ သူ႔ရဲ႕ ဗဟိုခံစစ္အတြဲျဖစ္တဲ့ ဝီလီယမ္ ဆာလီဘာနဲ႔ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔ ႏွစ္ဦးရဲ႕ လက္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲအၿပီးမွာ ဆြဲလားရမ္းလားျဖစ္ခဲ့ၾကတဲ့အေပၚ ေမးျမန္းမႈေတြကို ဟာသေဖာက္ၿပီး ေျဖၾကားသြားခဲ့ပါတယ္။

လက္စတာနဲ႔ အေဝးကြင္းပြဲစဥ္မွာ အာဆင္နယ္တို႔ အႏိုင္ရခဲ့ေပမယ့္ ခံစစ္ကေတာ့ အနည္းငယ္ ခ်ိဳ႕ယြင္းခ်က္ေတြ ရွိခဲ့ၿပီး ရာသီအစက ပုံစံမ်ိဳးကို ျပန္လည္ရွာေဖြေနခဲ့ရေပမယ့္ တိုးတက္မႈေတြၾကားက ႐ုန္းကန္ေနရခ်ိန္မွာ ပြဲအၿပီးမွာေတာ့ ျပင္သစ္သားနဲ႔ ဘရာဇီးလ္သားၾကားမွာ တခ်ိဳ႕ကိစၥေလးေတြကို မေၾကလည္တဲ့ ပုံစံမ်ိဳး ရွိခဲ့တာပါ။

ဂါဘရီယယ္လ္ကို ဆာလီဘာက တြန္းလိုက္တာကို ေတြ႕ျမင္ခဲ့ရေပမယ့္ ဗီဒီယို မွတ္တမ္းေတြထဲမွာ ဒီေလာက္နဲ႔ပဲ ၿပီးဆုံးသြားတဲ့အတြက္ အတိုင္းအတာ ဘယ္ေလာက္ ဆိုး႐ြားခဲ့သလဲ၊ ဒီအတိုင္း စေနာက္တာလား၊ အနည္းငယ္ေလာက္ အျငင္းပြားတာလားဆိုတာကို မသိရဘဲျဖစ္ခဲ့ေပမယ့္ စိုးရိမ္စရာေတာ့ မရွိေလာက္ဘူးလို႔ မွတ္ခ်က္ေပးခဲ့ၾကတာျဖစ္ပါတယ္။

ပရိသတ္တခ်ိဳ႕ကေတာ့ အဆင့္အတန္းတစ္ခုကို ေရာက္ရွိဖို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ အျပန္အလွန္ ေတာင္းဆိုမႈေတြက ျမင့္မားေနၿပီး အမွားလုပ္တာမ်ိဳးကို လက္မခံခ်င္လို႔ ျဖစ္ခဲ့တာမို႔လို႔ ရန္ျဖစ္ခဲ့ရင္လည္း အျပဳသေဘာေဆာင္တာပဲလို႔ အေကာင္းျမင္ေပးခဲ့ၾကသလို နည္းျပ အာတီတာကေတာ့ ဘာကိစၥႀကီးႀကီးမွ မရွိဘူးလို႔ အတည္ျပဳေပးလိုက္တာပါ။

“သူတို႔ႏွစ္ေယာက္က ညားခါစ လင္မယားေတြလိုပါပဲ။ အဲ့ဒါေၾကာင့္ ခုလိုမ်ိဳးျဖစ္ခဲ့တာပါ။ ႏွစ္ေယာက္စလုံးက ေတာ္ေတာ္ေလး စိတ္အားထက္သန္ၾကတယ္ေလ။ သိတယ္မလား… အရာအားလုံးက အဆင္ေျပပါတယ္”လို႔ ျပင္သစ္သားနဲ႔ ဘရာဇီးလ္သားၾကားမွာ ဘာျပႆနာမွ မရွိဘူးလို႔ အာတီတာက ရွင္းလင္းသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းမွာ ဒီရာသီကစၿပီး တြဲဖက္ေကာင္းတစ္ခုကို ဖန္တီးႏိုင္ခဲ့ၾကတဲ့ ႏွစ္ေယာက္စလုံးအေနနဲ႔ ျပင္သစ္ေျမကေန အမ္းမရိတ္ကို ေရာက္ရွိလာၿပီး ျပင္သစ္စကားေျပာသူေတြ ျဖစ္ၾကတဲ့အတြက္ အျပန္အလွန္ ဆက္ဆံေရးက ထင္တာထက္ ပိုေကာင္းေနသလို ဘန္ဝႈိက္ကေတာင္ က်န္ရစ္ျဖစ္ခဲ့ရတာေၾကာင့္ ညာျခမ္းထြက္ၿပီး ကစားပုံေျပာင္းခဲ့ရတဲ့အထိ သူတို႔ႏွစ္ေယာက္က အေစးကပ္ခဲ့တာပါ။

အာတီတာက သူ႔ရဲ႕ ဗဟိုခံစစ္အတြဲနဲ႔ ပတ္သက္ၿပီး “သူတို႔ႏွစ္ေယာက္အေနနဲ႔ တြဲကစားရတာကို သေဘာက်ေနၾကပါတယ္။ ႏွစ္ေယာက္စလုံးအေနနဲ႔ တစ္ေယာက္ဆီကေန တစ္ေယာက္ ပိုမိုျမင့္မားတဲ့ အဆင့္အတန္းကို ေတာင္းဆိုမႈေတြ ရွိေနၿပီး ဒါက ကြၽန္ေတာ္တို႔အတြက္ ေကာင္းတဲ့ အရာပါပဲ”လို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ “ကြၽန္ေတာ့္ကေတာ့ ခံစားခ်က္ေတြနဲ႔‌ ေပါက္ကြဲတာကို သေဘာက်တယ္။ စက္႐ုပ္ေတြလို လုပ္ေနလို႔ ဘာလုပ္မွာလဲ။ စိတ္အားထက္သန္ တက္ႂကြမႈနဲ႔ တစ္ေယာက္ကို တစ္ေယာက္ ဘာလုပ္ရမယ္ဆိုၿပီး ေတာင္းဆိုေနမွ၊ အျပန္အလွန္ ခိုင္းႏိုင္မွ ဓာတ္မိေနမွာေပါ့ဗ်ာ။ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်င္းခ်င္း အတြဲအဖက္မိမႈက ကြင္းတြင္းကြင္းျပင္ အလုပ္ျဖစ္ေနပါတယ္။ သူတို႔က ပိုေကာင္းခ်င္ေနၾကတာပါ”လို႔လည္း ျဖည့္စြက္သြားခဲ့တာပါ။

အာတီတာရဲ႕ ေျပာပုံအရေတာ့ ကစားသမားႏွစ္ေယာက္ၾကားမွာ မေၾကလည္တာမ်ိဳး ရွိခဲ့ရင္ေတာင္ သူ႔အေနနဲ႔ ေျဖရွင္းၿပီးေလာက္ၿပီျဖစ္လို႔ ခုလိုမ်ိဳး ေပါ့ေပါ့ပါးပါးပုံစံနဲ႔ ေနာက္ေျပာင္ ေျပာၾကားႏိုင္ခဲ့တာျဖစ္တယ္လို႔လည္း သုံးသပ္ရၿပီး အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ စိတ္ပူပင္စရာ ေသာကမက်ေရာက္ရေစဖို႔ ေဖာ္ျပေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.