Premier League

ေပါ့ဘာကို အရွဳံးခံၿပီး ေရာင္းထုတ္ရဖြယ္ရွိေနတဲ့ မန္ခ်က္စတာယူႏုိက္တက္

ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚခဲ့တဲ့ ျပင္သစ္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို လာမယ့္ေႏြရာသီမွာ ထုတ္ေရာင္းဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္း စီစဥ္ေနရာမွာ အခုေနာက္ဆံုး ေပါင္သန္း(၅၀)ေလာက္ရရင္ေတာင္ ေရာင္းေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္ကမွ မန္ခ်က္စတာယူႏိုက္တက္ဟာ ေပါ့ဘာကို ေပါင္သန္း(၁၀၀) ေလာက္ရရင္ ထုတ္ေရာင္းမယ္လို႔ ဆိုခဲ့ေပမယ့္ သူ႔ေအးဂ်င့္ ႐ိုင္ယိုလာနဲ႔ အသင္းတာ၀န္ရွိသူေတြအၾကား အျပန္အလွန္ေ၀ဖန္ျပစ္တင္မႈေတြရွိခဲ့အၿပီးမွာေတာ့ ဒီျပင္သစ္ကြင္းလယ္လူကို အျမန္ဆံုးထုတ္ေရာင္းခ်င္လာတာလည္း ျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ ျပင္သစ္ကြင္းလယ္လူအတြက္လည္း စိတ္ပ်က္စရာရာသီတစ္ခုျဖစ္ေနၿပီး နည္းျပ အိုေလဂန္နာဆိုးလ္ရွား ေျပာစကားအရ ပြဲ၀င္ကစားႏိုင္ေလာက္တဲ့ႀကံ့ခိုင္မႈအဆင့္ေရာက္ေအာင္ေတာ့ ေနာက္ထပ္(၁)လေလာက္ထပ္ေစာင့္ရဦးမယ္လို႔ သိရပါတယ္။

အရင္ႏွစ္ေႏြရာသီကေတာ့ ေပါ့ဘာရဲ႕ေစ်းကြက္တန္ေၾကးက ေပါင္သန္း(၁၅၀)ေက်ာ္ေလာက္အထိရွိေပမယ့္ ဒီႏွစ္မွာေတာ့ သူ႔ႀကံ့ခိုင္မႈျပႆနာရယ္၊ စာခ်ဳပ္လက္က်န္သက္တမ္းရယ္ေၾကာင့္ ေစ်းေတာ္ေတာ္ေလးက်လာပါတယ္။ လာမယ့္ဇူလိုင္လဆိုရင္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဳပ္ဆိုထားတဲ့ သူ႔စာခ်ဳပ္က တစ္ႏွစ္ပဲက်န္ေတာ့မွာပါ။

သူ႔အစ္ကို မက္သီးယပ္စ္ေပါ့ဘာ ကေတာ့ သူ႔ညီဟာ ခ်န္ပီယံလိဂ္ကစားၿပီးေအာင္ျမင္မႈေတြလိုခ်င္လို႔ ယူႏိုက္တက္ကေန ထြက္ခ်င္ေနတာကို အားလံုးသိၾကၿပီးသားလို႔ ဆိုထားၿပီး ေခၚယူႏုိင္မယ့္အသင္းေတြကေတာ့ ေပါင္သန္း ၅၀ ဆိုရင္ ဂ်ဴဗင္တပ္စ္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတုိ႔ကေတာ့ ျပန္လည္စိတ္ဝင္စားဖြယ္ရွိေနေၾကာင္းလည္း သိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို လာမယ့်နွေရာသီမှာ ထုတ်ရောင်းဖို့ မန်ချက်စတာယူနိုက်တက်အသင်း စီစဉ်နေရာမှာ အခုနောက်ဆုံး ပေါင်သန်း(၅၀)လောက်ရရင်တောင် ရောင်းတော့မယ်လို့ သတင်းထွက်လာပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကမှ မန်ချက်စတာယူနိုက်တက်ဟာ ပေါ့ဘာကို ပေါင်သန်း(၁၀၀) လောက်ရရင် ထုတ်ရောင်းမယ်လို့ ဆိုခဲ့ပေမယ့် သူ့အေးဂျင့် ရိုင်ယိုလာနဲ့ အသင်းတာဝန်ရှိသူတွေအကြား အပြန်အလှန်ဝေဖန်ပြစ်တင်မှုတွေရှိခဲ့အပြီးမှာတော့ ဒီပြင်သစ်ကွင်းလယ်လူကို အမြန်ဆုံးထုတ်ရောင်းချင်လာတာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ပြင်သစ်ကွင်းလယ်လူအတွက်လည်း စိတ်ပျက်စရာရာသီတစ်ခုဖြစ်နေပြီး နည်းပြ အိုလေဂန်နာဆိုးလ်ရှား ပြောစကားအရ ပွဲဝင်ကစားနိုင်လောက်တဲ့ကြံ့ခိုင်မှုအဆင့်ရောက်အောင်တော့ နောက်ထပ်(၁)လလောက်ထပ်စောင့်ရဦးမယ်လို့ သိရပါတယ်။

အရင်နှစ်နွေရာသီကတော့ ပေါ့ဘာရဲ့ဈေးကွက်တန်ကြေးက ပေါင်သန်း(၁၅၀)ကျော်လောက်အထိရှိပေမယ့် ဒီနှစ်မှာတော့ သူ့ကြံ့ခိုင်မှုပြဿနာရယ်၊ စာချုပ်လက်ကျန်သက်တမ်းရယ်ကြောင့် ဈေးတော်တော်လေးကျလာပါတယ်။ လာမယ့်ဇူလိုင်လဆိုရင် မန်ချက်စတာယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ သူ့စာချုပ်က တစ်နှစ်ပဲကျန်တော့မှာပါ။

သူ့အစ်ကို မက်သီးယပ်စ်ပေါ့ဘာ ကတော့ သူ့ညီဟာ ချန်ပီယံလိဂ်ကစားပြီးအောင်မြင်မှုတွေလိုချင်လို့ ယူနိုက်တက်ကနေ ထွက်ချင်နေတာကို အားလုံးသိကြပြီးသားလို့ ဆိုထားပြီး ခေါ်ယူနိုင်မယ့်အသင်းတွေကတော့ ပေါင်သန်း ၅၀ ဆိုရင် ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကတော့ ပြန်လည်စိတ်ဝင်စားဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.