Premier League Transfer News

ပေါ့တာ ပြုတ်ရင် အစားထိုးဖွယ် ချဲလ်ဆီးလူဟောင်းတွေနဲ့ နည်းပြသစ် ၆ ဦးစာရင်း

ပရီးမီးယားလိဂ်တစ်ပွဲကန်တိုင်း မျက်ရည်တွေ ဘူးသီးလုံးလောက် ကျနေရတဲ့ ချဲလ်ဆီးပရိသတ်တွေရဲ့ မေတ္တာတွေကို အတိုင်းအဆမရှိ အတုံးလိုက် အတစ်လိုက် ခံယူနေခဲ့ပြီး “လာပေါ့တီး”လို့တောင် နာမည်သစ်ရနေပြီဖြစ်တဲ့ ဂရေဟမ် ပေါ့တာကို အသင်းနဲ့ လမ်းခွဲစေဖို့က အပြာဖန်တိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်သလို မနက်မိုးလင်းတိုင်း ဖြုတ်လိုက်ပြီဆိုတဲ့ သတင်းများ တက်လာမလားလို့တောင် ဖုန်းကို ပြေးကြည့်နေကြတာဖြစ်ပါတယ်။

ကန်လိုက်တိုင်း ရှုံးဖို့က ၉၀ ရာခိုင်နှုန်းလောက် သေချာနေပြီး ကစားသမားတွေကိုလည်း ဂိုးသွင်းတတ်အောင်နဲ့ နိုင်ချင်စိတ်ရှိအောင် မလုပ်နိုင်တဲ့ အသက် ၄၇ နှစ်အရွယ် နည်းပြတစ်ဖြစ်လဲ ဘယ်နောက်ခံလူဟောင်းအနေနဲ့ ထိရောက်တဲ့ ကစားဟန်ကိုလည်း မပြသနိုင်ဘဲ ဈေးကြီးပေးခေါ်ထားတဲ့ လူသစ်တွေနဲ့ ပွဲတိုင်းနီးပါး မှောက်နေခဲ့ရတာကြောင့် အလုပ်ဖြစ်အောင်လုပ်မယ့် နည်းပြသစ် ဘယ်သူဖြစ်လာမလဲ စောင်ကြည့်ရမှာပါ။

၁။ သောမတ်စ် တူဟယ်လ်
ပရိသတ်တချို့ရဲ့ ပြန်လိုချင်တယ်ဆိုပြီး အော်နေတဲ့သူကတော့ ဂျာမန်သားပဲဖြစ်ပါတယ်။ ရာသီဝက်ကြီးမှာ ဝင်ကိုင်ပြီး ၂၀၂၁ ချန်ပီယံလိဂ်ကို ဖလားသိမ်းသွားခဲ့တာ သူ့ကို ချဲလ်ဆီးဖန်တွေရဲ့ ရင်ထဲမှာ စပယ်ရှယ် နေရာတစ်ခုနဲ့ ရှိနေစေတာပါ။ ရာသီအစမှာ တောဘိုလီနဲ့ ပေါ့တာတို့ အကွက်ရိုက်ပြီး ဂျာမန်သားကို အချိန်မပေးဘဲ ထုတ်ပစ်လိုက်တာ ပရိသတ်တွေရင်ထဲမှာ ခုထိ ခိုးလိုးခုလုဖြစ်နေသေးသလို လက်ရှိလူသစ်တွေနဲ့ တူဟယ်လ်တို့သာ ပေါင်းစပ်လိုက်ရင် ခုလိုမျိုး ဆယ်မိုင်ကုန်းမှာ ကျောက်ချနေရတဲ့အဖြစ်က လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ထားကြတာလည်းဖြစ်ပါတယ်။

၂။ မော်ရီစီယို ပိုချက်တီနို
ကလင်ဒါကျဆိုရင်တော့ ပီအက်စ်ဂျီနဲ့ လမ်းခွဲလာတဲ့ နည်းပြဟောင်းကို ချဲလ်ဆီးမှာ ခန့်ပြီး ချန်ပီယံလိဂ်ဖလားယူရမှာပါပဲ။ ဒါပေမယ့် ပိုချက်တီနို ဆိုတာက အသင်းမှာ နာမည်ကြီးတွေထက် ငယ်မွေးခြံပေါက်နဲ့ လူငယ်တွေကို ပြုစုပျိုးထောင်တာနဲ့ ပိုလမိုင်းကပ်တဲ့လူမျိုးဆိုတော့ ရှိတဲ့အသင်းကို လူသစ် အနည်းငယ်ကလွဲရင် အကုန်လုံး မြေလှန်ရမယ့်သဘောတော့ ဖြစ်နေပါတယ်။ ဘာလိုလိုနဲ့ အသက် ၅၀ တောင် ပြည့်သွားပြီဖြစ်တဲ့ အာဂျင်တီးနားသားဟာ ဖလားတွေ သိမ်းဖို့တော့ အတွေ့အကြုံနဲ့ ရင့်ကျက်မှုပိုင်းမှာ မေးခွန်းထုတ်စရာလည်းဖြစ်နေပြီး စပါးစ်၊ ပီအက်စ်ဂျီတို့နဲ့ ရလဒ်တွေက အဖျားရှူးတာတွေ များခဲ့လို့ သူ့ကို ဒုတိယ ဦးစားပေးပဲ စဉ်းစားဖွယ်ရှိနေပါတယ်။

၃။ ဒီယေဂို ဆီမီယွန်နီ
ချဲလ်ဆီးနဲ့ တိုက်စစ်ဦးစားပေး ကစားဟန်ဆိုတာက ဘယ်တုန်းကမှ အဆင်မပြေခဲ့သလို ဖလားတွေလည်း ရယူနိုင်ခြင်း မရှိပါဘူး။ မြင်နေကျ နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ခံစစ်မာမာကျောကျောနဲ့ ကောင်တာတွေ ဒုန်းဒိုင်းချပြီး ဂိုးတွေ သွင်းပြီးရင် ဖလားတွေ အော်တို ရောက်လာတတ်တာက ပိုပြီး အသားကျနေသလို အောင်မြင်မှုတွေအတွက်တော့ ဖျော်ဖြေမှုနဲ့ လဲသင့်ရင်လည်း လဲရမှာပါ။ ဒီလိုမျိုး ပြန်စဉ်းစားမယ်ဆိုရင်တော့ ဆီမီယွန်နီဟာ ဒီပုံစံကို လုပ်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လို့ စပိန်ကနေ စွန့်စားခန်းသစ်တွေ ရှာဖွေလာနိုင်တဲ့ အာဂျင်တီးနားကပ္ပတိန်ဟောင်းကို မျှော်လင့်နိုင်ပါတယ်။

၄။ ဇီနီဒန်း ဇီဒန်း
အင်္ဂလန်အသင်းတွေက သူ့ကို နည်းပြထိုင်ခုံအပ်ချင်ပေမယ့် သူကတော့ အင်တင်တင်ပဲ လုပ်ပြနေပြီး သူပျော်ရွှင်ရာ စပိန်နဲ့ ပြင်သစ်မြေတွေကိုပဲ ရွေးချင်နေတာပါ။ ချဲလ်ဆီးတို့အနေနဲ့ ချန်ပီယံလိဂ်မှ ရွေးယူတတ်သူကြီးကို လက်တွဲချင်မှာ သေချာသလို မက်လောက်အောင် ပေးဖို့လည်း အဆင်သင့် ဖြစ်နေပြီး ပြင်သစ်လက်ရွေးစင်နည်းပြ ရာထူးကို စောင့်နေပေမယ့် ဒီဒီယေး ဒေးရွှမ့်စ် မထွက်နိုင်သေးလို့ မြင်သာမြင် မကြင်ရဖြစ်နေတဲ့ ဇီဒန်းကို အဆင်မပြေသေးလဲ ဒီနားမှာ လာစောင့်နေလေလို့ ခေါ်လို့ရရင်တော့ ကောင်းမှာဖြစ်ပါတယ်။ အသက် ၅၀ အရွယ် နည်းပြအနေနဲ့ ကစားကွက်ထက် ရလဒ်ကိုပဲ ဦးစားပေးတဲ့သူမျိုးလည်း ဖြစ်ပြီး အလှအပနဲ့ မကိုက်ညီတဲ့ ချဲလ်ဆီးတို့နဲ့ လမိုင်းကပ်နိုင်ဖို့လည်း ရှိနေတာပါ။


၅။ လူးဝစ် အန်ရီကေ
စပိန်လက်ရွေးစင်ကနေ ပြုတ်လာခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ အန်ရီကေနဲ့ ဘာနားမလည် ညာနားမလည် တော့ဒ် ဘိုလီတို့ ဘုန်းကြီးရူးနဲ့ လှေလူးဖြစ်သွားနိုင်ပါတယ်။ အသင်းကို ဆွဲဆောင်မှုရှိတဲ့ ကစားဟန်တို့၊ ဘောလုံးပိုင်ဆိုင်မှုတို့၊ တွဲလုံးတို့ စတဲ့ ကိုယ်တိုင် နားမလည်တဲ့ ဝေါဟာရတွေကို ဒစ်ရှင်နယ်ရီ မဆောင်၊ ခက်ဆစ်အဓိပ္ပါယ် မဖွင့်တတ်ဘဲ အမေရိကန်ပီပီ လျှောက်ရမ်းရင် စပိန်သားလည်း စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်မလာဘူးလို့ မပြောနိုင်ပါဘူး။ ဘိုလီနဲ့ဆို အရာအားလုံးဖြစ်နိုင်ပါတယ်… ဒါပေမယ့် ကောင်းမကောင်းတော့ မသေချာပါ။

၆။ ဂျိုဆေး မော်ရင်ညို
ရိုးမားအသင်းမှာ အေးရာအေးကြောင်း လုပ်နေပြီး ချန်ပီယံလိဂ်ဝင်ရင် အလုပ်ဖြစ်နေတဲ့ ပေါ်တူဂီသားဟာ တစ်ချိန်က အာဆင်နယ်နဲ့ အာဆင် ဝင်းဂါးရဲ့ ပူးပေါင်းမှုလိုမျိုး နှစ်ပရိစ္ဆေဒ ကြာရှည်သွားမလားလို့တောင် ထင်ချင်စရာပါ။ သူမှသူ၊ သူ့အတွက်မှ ကစားပေးချင်တယ်ဆိုတဲ့ ကစားသမားမျိုးတွေ ဖန်တီးထားနိုင်တဲ့ မော်ရင်ညိုဟာ ပြိုင်ဘက်ပရိသတ်တွေ မုန်းပေမယ့် ကိုယ့်ပရိသတ်နဲ့ ကစားသမားကတော့ ထူးထူးခြားခြား ချစ်ခင်ခြင်းကို ခံရသူမျိုးလည်း ဖြစ်တာကြောင့် နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ယူပေးခဲ့ဖူးတဲ့ သံယောဇဉ်ရှိရာ ကလပ်ဆီကို ပြန်လာဦးမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီလူတွေ ရောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ရှာဖွေပြီး စာရင်းပြုစုနေကြချိန်မှာ ချဲလ်ဆီးပိုင်ရှင် ဘိုလီအနေနဲ့ ပေါ့တာကိုပဲ ရာသီကုန်အထိ အချိန်ပေးကြည့်လိုက်ပါဦးမယ်လေဆိုပြီး တွေးခဲ့မယ်ဆိုရင်တော့ ပရိသတ်တွေ ပက်လက်လန်မှာဖြစ်ပြီး ချန်ပီယံလိဂ်မဝင်ရင် FFP ပြဿနာ ရှိလာနိုင်တဲ့ အသင်းကို ဒီတိုင်းထားဖို့ မဖြစ်ဘူးဆိုတာ မသိလောက်အောင်တော့ မတုံးအပါစေနဲ့လို့ ဆုတောင်းသံတွေတော့ တစ်စွန်းတစ် ကြားနေရကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္တစ္ပြဲကန္တိုင္း မ်က္ရည္ေတြ ဘူးသီးလုံးေလာက္ က်ေနရတဲ့ ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ ေမတၱာေတြကို အတိုင္းအဆမရွိ အတုံးလိုက္ အတစ္လိုက္ ခံယူေနခဲ့ၿပီး “လာေပါ့တီး”လို႔ေတာင္ နာမည္သစ္ရေနၿပီျဖစ္တဲ့ ဂေရဟမ္ ေပါ့တာကို အသင္းနဲ႔ လမ္းခြဲေစဖို႔က အျပာဖန္တိုင္းရဲ႕ အိပ္မက္တစ္ခုျဖစ္သလို မနက္မိုးလင္းတိုင္း ျဖဳတ္လိုက္ၿပီဆိုတဲ့ သတင္းမ်ား တက္လာမလားလို႔ေတာင္ ဖုန္းကို ေျပးၾကည့္ေနၾကတာျဖစ္ပါတယ္။

ကန္လိုက္တိုင္း ရႈံးဖို႔က ၉၀ ရာခိုင္ႏႈန္းေလာက္ ေသခ်ာေနၿပီး ကစားသမားေတြကိုလည္း ဂိုးသြင္းတတ္ေအာင္နဲ႔ ႏိုင္ခ်င္စိတ္ရွိေအာင္ မလုပ္ႏိုင္တဲ့ အသက္ ၄၇ ႏွစ္အ႐ြယ္ နည္းျပတစ္ျဖစ္လဲ ဘယ္ေနာက္ခံလူေဟာင္းအေနနဲ႔ ထိေရာက္တဲ့ ကစားဟန္ကိုလည္း မျပသႏိုင္ဘဲ ေဈးႀကီးေပးေခၚထားတဲ့ လူသစ္ေတြနဲ႔ ပြဲတိုင္းနီးပါး ေမွာက္ေနခဲ့ရတာေၾကာင့္ အလုပ္ျဖစ္ေအာင္လုပ္မယ့္ နည္းျပသစ္ ဘယ္သူျဖစ္လာမလဲ ေစာင္ၾကည့္ရမွာပါ။

၁။ ေသာမတ္စ္ တူဟယ္လ္
ပရိသတ္တခ်ိဳ႕ရဲ႕ ျပန္လိုခ်င္တယ္ဆိုၿပီး ေအာ္ေနတဲ့သူကေတာ့ ဂ်ာမန္သားပဲျဖစ္ပါတယ္။ ရာသီဝက္ႀကီးမွာ ဝင္ကိုင္ၿပီး ၂၀၂၁ ခ်န္ပီယံလိဂ္ကို ဖလားသိမ္းသြားခဲ့တာ သူ႔ကို ခ်ဲလ္ဆီးဖန္ေတြရဲ႕ ရင္ထဲမွာ စပယ္ရွယ္ ေနရာတစ္ခုနဲ႔ ရွိေနေစတာပါ။ ရာသီအစမွာ ေတာဘိုလီနဲ႔ ေပါ့တာတို႔ အကြက္႐ိုက္ၿပီး ဂ်ာမန္သားကို အခ်ိန္မေပးဘဲ ထုတ္ပစ္လိုက္တာ ပရိသတ္ေတြရင္ထဲမွာ ခုထိ ခိုးလိုးခုလုျဖစ္ေနေသးသလို လက္ရွိလူသစ္ေတြနဲ႔ တူဟယ္လ္တို႔သာ ေပါင္းစပ္လိုက္ရင္ ခုလိုမ်ိဳး ဆယ္မိုင္ကုန္းမွာ ေက်ာက္ခ်ေနရတဲ့အျဖစ္က လြတ္ေျမာက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၾကတာလည္းျဖစ္ပါတယ္။

၂။ ေမာ္ရီစီယို ပိုခ်က္တီႏို
ကလင္ဒါက်ဆိုရင္ေတာ့ ပီအက္စ္ဂ်ီနဲ႔ လမ္းခြဲလာတဲ့ နည္းျပေဟာင္းကို ခ်ဲလ္ဆီးမွာ ခန႔္ၿပီး ခ်န္ပီယံလိဂ္ဖလားယူရမွာပါပဲ။ ဒါေပမယ့္ ပိုခ်က္တီႏို ဆိုတာက အသင္းမွာ နာမည္ႀကီးေတြထက္ ငယ္ေမြးၿခံေပါက္နဲ႔ လူငယ္ေတြကို ျပဳစုပ်ိဳးေထာင္တာနဲ႔ ပိုလမိုင္းကပ္တဲ့လူမ်ိဳးဆိုေတာ့ ရွိတဲ့အသင္းကို လူသစ္ အနည္းငယ္ကလြဲရင္ အကုန္လုံး ေျမလွန္ရမယ့္သေဘာေတာ့ ျဖစ္ေနပါတယ္။ ဘာလိုလိုနဲ႔ အသက္ ၅၀ ေတာင္ ျပည့္သြားၿပီျဖစ္တဲ့ အာဂ်င္တီးနားသားဟာ ဖလားေတြ သိမ္းဖို႔ေတာ့ အေတြ႕အႀကဳံနဲ႔ ရင့္က်က္မႈပိုင္းမွာ ေမးခြန္းထုတ္စရာလည္းျဖစ္ေနၿပီး စပါးစ္၊ ပီအက္စ္ဂ်ီတို႔နဲ႔ ရလဒ္ေတြက အဖ်ားရႉးတာေတြ မ်ားခဲ့လို႔ သူ႔ကို ဒုတိယ ဦးစားေပးပဲ စဥ္းစားဖြယ္ရွိေနပါတယ္။

၃။ ဒီေယဂို ဆီမီယြန္နီ
ခ်ဲလ္ဆီးနဲ႔ တိုက္စစ္ဦးစားေပး ကစားဟန္ဆိုတာက ဘယ္တုန္းကမွ အဆင္မေျပခဲ့သလို ဖလားေတြလည္း ရယူႏိုင္ျခင္း မရွိပါဘူး။ ျမင္ေနက် ႏွစ္ေပါင္း ၂၀ ေလာက္အတြင္းမွာ ခံစစ္မာမာေက်ာေက်ာနဲ႔ ေကာင္တာေတြ ဒုန္းဒိုင္းခ်ၿပီး ဂိုးေတြ သြင္းၿပီးရင္ ဖလားေတြ ေအာ္တို ေရာက္လာတတ္တာက ပိုၿပီး အသားက်ေနသလို ေအာင္ျမင္မႈေတြအတြက္ေတာ့ ေဖ်ာ္ေျဖမႈနဲ႔ လဲသင့္ရင္လည္း လဲရမွာပါ။ ဒီလိုမ်ိဳး ျပန္စဥ္းစားမယ္ဆိုရင္ေတာ့ ဆီမီယြန္နီဟာ ဒီပုံစံကို လုပ္ေပးႏိုင္တဲ့သူတစ္ေယာက္ျဖစ္လို႔ စပိန္ကေန စြန႔္စားခန္းသစ္ေတြ ရွာေဖြလာႏိုင္တဲ့ အာဂ်င္တီးနားကပၸတိန္ေဟာင္းကို ေမွ်ာ္လင့္ႏိုင္ပါတယ္။

၄။ ဇီနီဒန္း ဇီဒန္း
အဂၤလန္အသင္းေတြက သူ႔ကို နည္းျပထိုင္ခုံအပ္ခ်င္ေပမယ့္ သူကေတာ့ အင္တင္တင္ပဲ လုပ္ျပေနၿပီး သူေပ်ာ္႐ႊင္ရာ စပိန္နဲ႔ ျပင္သစ္ေျမေတြကိုပဲ ေ႐ြးခ်င္ေနတာပါ။ ခ်ဲလ္ဆီးတို႔အေနနဲ႔ ခ်န္ပီယံလိဂ္မွ ေ႐ြးယူတတ္သူႀကီးကို လက္တြဲခ်င္မွာ ေသခ်ာသလို မက္ေလာက္ေအာင္ ေပးဖို႔လည္း အဆင္သင့္ ျဖစ္ေနၿပီး ျပင္သစ္လက္ေ႐ြးစင္နည္းျပ ရာထူးကို ေစာင့္ေနေပမယ့္ ဒီဒီေယး ေဒး႐ႊမ့္စ္ မထြက္ႏိုင္ေသးလို႔ ျမင္သာျမင္ မၾကင္ရျဖစ္ေနတဲ့ ဇီဒန္းကို အဆင္မေျပေသးလဲ ဒီနားမွာ လာေစာင့္ေနေလလို႔ ေခၚလို႔ရရင္ေတာ့ ေကာင္းမွာျဖစ္ပါတယ္။ အသက္ ၅၀ အ႐ြယ္ နည္းျပအေနနဲ႔ ကစားကြက္ထက္ ရလဒ္ကိုပဲ ဦးစားေပးတဲ့သူမ်ိဳးလည္း ျဖစ္ၿပီး အလွအပနဲ႔ မကိုက္ညီတဲ့ ခ်ဲလ္ဆီးတို႔နဲ႔ လမိုင္းကပ္ႏိုင္ဖို႔လည္း ရွိေနတာပါ။


၅။ လူးဝစ္ အန္ရီေက
စပိန္လက္ေ႐ြးစင္ကေန ျပဳတ္လာခဲ့ၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့ အန္ရီေကနဲ႔ ဘာနားမလည္ ညာနားမလည္ ေတာ့ဒ္ ဘိုလီတို႔ ဘုန္းႀကီး႐ူးနဲ႔ ေလွလူးျဖစ္သြားႏိုင္ပါတယ္။ အသင္းကို ဆြဲေဆာင္မႈရွိတဲ့ ကစားဟန္တို႔၊ ေဘာလုံးပိုင္ဆိုင္မႈတို႔၊ တြဲလုံးတို႔ စတဲ့ ကိုယ္တိုင္ နားမလည္တဲ့ ေဝါဟာရေတြကို ဒစ္ရွင္နယ္ရီ မေဆာင္၊ ခက္ဆစ္အဓိပၸါယ္ မဖြင့္တတ္ဘဲ အေမရိကန္ပီပီ ေလွ်ာက္ရမ္းရင္ စပိန္သားလည္း စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္မလာဘူးလို႔ မေျပာႏိုင္ပါဘူး။ ဘိုလီနဲ႔ဆို အရာအားလုံးျဖစ္ႏိုင္ပါတယ္… ဒါေပမယ့္ ေကာင္းမေကာင္းေတာ့ မေသခ်ာပါ။

၆။ ဂ်ိဳေဆး ေမာ္ရင္ညိဳ
႐ိုးမားအသင္းမွာ ေအးရာေအးေၾကာင္း လုပ္ေနၿပီး ခ်န္ပီယံလိဂ္ဝင္ရင္ အလုပ္ျဖစ္ေနတဲ့ ေပၚတူဂီသားဟာ တစ္ခ်ိန္က အာဆင္နယ္နဲ႔ အာဆင္ ဝင္းဂါးရဲ႕ ပူးေပါင္းမႈလိုမ်ိဳး ႏွစ္ပရိေစၦဒ ၾကာရွည္သြားမလားလို႔ေတာင္ ထင္ခ်င္စရာပါ။ သူမွသူ၊ သူ႔အတြက္မွ ကစားေပးခ်င္တယ္ဆိုတဲ့ ကစားသမားမ်ိဳးေတြ ဖန္တီးထားႏိုင္တဲ့ ေမာ္ရင္ညိဳဟာ ၿပိဳင္ဘက္ပရိသတ္ေတြ မုန္းေပမယ့္ ကိုယ့္ပရိသတ္နဲ႔ ကစားသမားကေတာ့ ထူးထူးျခားျခား ခ်စ္ခင္ျခင္းကို ခံရသူမ်ိဳးလည္း ျဖစ္တာေၾကာင့္ ႏွစ္ႀကိမ္တိုင္တိုင္ ကိုင္တြယ္ၿပီး ေအာင္ျမင္မႈေတြ ယူေပးခဲ့ဖူးတဲ့ သံေယာဇဥ္ရွိရာ ကလပ္ဆီကို ျပန္လာဦးမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဒီလူေတြ ေရာက္လာႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ရွာေဖြၿပီး စာရင္းျပဳစုေနၾကခ်ိန္မွာ ခ်ဲလ္ဆီးပိုင္ရွင္ ဘိုလီအေနနဲ႔ ေပါ့တာကိုပဲ ရာသီကုန္အထိ အခ်ိန္ေပးၾကည့္လိုက္ပါဦးမယ္ေလဆိုၿပီး ေတြးခဲ့မယ္ဆိုရင္ေတာ့ ပရိသတ္ေတြ ပက္လက္လန္မွာျဖစ္ၿပီး ခ်န္ပီယံလိဂ္မဝင္ရင္ FFP ျပႆနာ ရွိလာႏိုင္တဲ့ အသင္းကို ဒီတိုင္းထားဖို႔ မျဖစ္ဘူးဆိုတာ မသိေလာက္ေအာင္ေတာ့ မတုံးအပါေစနဲ႔လို႔ ဆုေတာင္းသံေတြေတာ့ တစ္စြန္းတစ္ ၾကားေနရေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.