Premier League Transfer News

ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မှူးလို့ မယုံဘူးဆိုပြီး ပြောလိုက်တဲ့ နည်းပြကြီး ဖာဂူဆန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်အနေနဲ့ သူ့ရဲ့ အသင်းဟောင်းနဲ့အတူ အမြဲတမ်းရှိ၊ အမြဲတမ်း အားပေးစောင့်ကြည့်နေခဲ့တာဖြစ်သလို ဒီနေ့မှာတော့ သူတို့ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှာ ယုံကြည်လို့ မရသေးဘူးလို့ ပြောလိုက်တာဖြစ်ပါတယ်။

အသင်းရဲ့ တိုက်စစ်မှာ အဓိက ကစားသမားအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကစားပေးခဲ့တဲ့ နောက်ဆုံး ၁၉ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူထားတဲ့ အင်္ဂလန်ကစားသမားကို ဒီလိုပြောလိုက်တာက မန်ယူအားပေးသူတွေအတွက်တော့ နားလည်ဖို့ ခက်ခဲတဲ့ အရာလည်းဖြစ်ခဲ့ပြီး ဖာဂူဆန်တစ်ယောက် အသက်ကြီးလို့ သူငယ်ပြန်သွားတာလားလို့တောင် ထင်စရာဖြစ်ခဲ့တာပါ။

တိုက်စစ်ပိုင်းမှာ အန်ထော်နီ မာစီယယ်လ်၊ ဗောက် ဗက်ဂ်ဟော့စ်တို့နဲ့ ဂိုးမရတော့ဘူးဆိုရင် Mr. MBE ကို အထောင်တိုက်စစ်ကို ပို့ပြီး ကစားတဲ့ နည်းပြ အဲရစ် တန်ဟတ်ရဲ့ ဗျူဟာတွေက ပွဲတိုင်းနီးပါး အလုပ်ဖြစ်နေခဲ့သလို အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ဂိုးတွေ ဒီလောက်များများ ရှာဖွေ ပေးထားခဲ့ပေမယ့် အသက် ၈၁ နှစ်အရွယ် နည်းပြဟောင်းကြီးကတော့ ခေါင်းမာမာပဲ ပြောခဲ့တာဖြစ်ပါတယ်။

“သူက ဘယ်တုန်းကမှ တိုက်စစ်မှူးတစ်ယောက် မဟုတ်ဘူးဗျ။ ဘယ်တောင်ပံကနေ အတွင်းကို ဝင်ကစားလေ့ရှိတဲ့ ကစားသမားတစ်ယောက်ပဲ။ အရမ်းကောင်းနေတာကလွဲလို့ပေါ့”ဆိုပြီး ဖာဂူဆန်က စကိုင်းစပို့စ်ကို ပြောလိုက်ပြီး တော်ရုံလူဆို ပရိသတ်တွေဆီက အဆဲတောင်းသလိုဖြစ်မယ့် စကားကို ဆိုလိုက်တာပါ။

“သူ့ရဲ့ အဆုံးသတ်ပိုင်းက ကောင်းမွန်ပြီး ဒီအတွက် အမြဲတမ်းလည်း ဒါကို မာနမတက်ဘဲ နှိမ့်နှိမ့်ချချနဲ့ ဂရုစိုက်လေ့ရှိတယ်။ ဒါက တိုက်စစ်မှူးတစ်ဦးအတွက် အရေးပါတဲ့ အရာဖြစ်ပြီး သူ့ကို အခုလို ပုံစံကောင်းမှာ ရပ်တည်နေနိုင်စေတာပါ။ ဒါပေမယ့် သူက နံပါတ် ၉ တစ်ယောက်တော့ မဟုတ်ဘူး ဆိုတာ ကျွန်တော်တို့ သိထားရမှာဖြစ်ပြီး သူဂိုးသွင်းနေလို့ တိုက်စစ်မှူးတစ်ဦး မဝယ်ဘူးဆိုတာတော့ မဖြစ်သင့်ပါဘူး”လို့ ဆာဖာဂီက ပြောသွားခဲ့ပါတယ်။

ဖာဂူဆန်အနေနဲ့ ဒီစကားကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောလိုက်တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်တို့ဟာ ဒီရာသီမှာ အသင်းအတွက် လိုအပ်တဲ့ အထောင်တိုက်စစ်မှူးနေရာအတွက် ပေသီးခေါက်နေတာကို ရည်ညွှန်းလိုက်တာပဲဖြစ်သလို ဆောင်းရာသီမှာတောင် ဗောက် ဗက်ဟော့စ်လို ကစားသမားမျိုးကို အငှားနဲ့ပဲ ခေါ်ခဲ့တာက ရက်ရှ်ဖို့ဒ်ပဲ ဒိုင်ခံရုန်းရသလိုဖြစ်နေတယ်လို့လည်း ပြောချင်ခဲ့တာလို့ ယူဆရပါတယ်။

ရက်ရှ်ဖို့ဒ်အတွက်တော့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ရာသီမှတ်တမ်းလည်း ဖြစ်နေခဲ့သလို ပရီးမီးယားလိဂ် ၂၄ ပွဲမှာတော့ ၁၄ ဂိုး သွင်းယူထားခဲ့ပြီး သူ့ရဲ့ အကောင်းဆုံးစံချိန်ဖြစ်ခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမှာ ၁၇ ဂိုး သွင်းခဲ့တဲ့ စံချိန်ကိုလည်း ဖြတ်ကျော်သွားနိုင်ဖို့ နီးစပ်နေခဲ့တာပါ။

မန်ယူတာဝန်ရှိသူတွေအနေနဲ့ ဗက်ဂ်ဟော့စ်ကို ခေါ်ပေးခဲ့ပြီး အတိုင်းအတာတစ်ခုအထိ အကျိုးပြုခဲ့ပေမယ့် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ဂိုး တစ်ဂိုးမှ မသွင်းနိုင်သေးတာကြောင့် ပရိသတ်တွေရဲ့ ငြိုငြင်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရသလို လာမယ့် ရာသီမှာတော့ ဂျင်းထည့်လို့ မရတော့ဘဲ အဆင့်မြင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူပေးဖို့ လိုအပ်နေပြီလို့လည်း ဆိုရမှာဖြစ်ပါတယ်။

အသင်းအနေနဲ့ နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမင်ကို ဈေးကြီးကြီးပေးပြီး ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေချိန်မှာ ပရိသတ်တွေကတော့ ပီအက်စ်ဂျီရဲ့ ခီလီယန် အမ်ဘာပေကို အလိုရှိနေကြပေမယ့် အထောင်တိုက်စစ်မှူးစစ်စစ် မဟုတ်တာနဲ့ ဈေးနှုန်း တရားလွန် ကြီးမြင့်မယ့် ကိစ္စတွေကြောင့် နေပယ်လ်မှာ ခြေစွမ်းပြနေတဲ့ နိုင်ဂျီးရီးယားသားနဲ့ပဲ အဆင်ပြေသွားနိုင်ကြောင်းလည်း ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္အေနနဲ႔ သူ႔ရဲ႕ အသင္းေဟာင္းနဲ႔အတူ အၿမဲတမ္းရွိ၊ အၿမဲတမ္း အားေပးေစာင့္ၾကည့္ေနခဲ့တာျဖစ္သလို ဒီေန႔မွာေတာ့ သူတို႔ရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို အေထာင္တိုက္စစ္မွာ ယုံၾကည္လို႔ မရေသးဘူးလို႔ ေျပာလိုက္တာျဖစ္ပါတယ္။

အသင္းရဲ႕ တိုက္စစ္မွာ အဓိက ကစားသမားအျဖစ္ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ကစားေပးခဲ့တဲ့ ေနာက္ဆုံး ၁၉ ပြဲမွာ ၁၇ ဂိုးအထိ သြင္းယူထားတဲ့ အဂၤလန္ကစားသမားကို ဒီလိုေျပာလိုက္တာက မန္ယူအားေပးသူေတြအတြက္ေတာ့ နားလည္ဖို႔ ခက္ခဲတဲ့ အရာလည္းျဖစ္ခဲ့ၿပီး ဖာဂူဆန္တစ္ေယာက္ အသက္ႀကီးလို႔ သူငယ္ျပန္သြားတာလားလို႔ေတာင္ ထင္စရာျဖစ္ခဲ့တာပါ။

တိုက္စစ္ပိုင္းမွာ အန္ေထာ္နီ မာစီယယ္လ္၊ ေဗာက္ ဗက္ဂ္ေဟာ့စ္တို႔နဲ႔ ဂိုးမရေတာ့ဘူးဆိုရင္ Mr. MBE ကို အေထာင္တိုက္စစ္ကို ပို႔ၿပီး ကစားတဲ့ နည္းျပ အဲရစ္ တန္ဟတ္ရဲ႕ ဗ်ဴဟာေတြက ပြဲတိုင္းနီးပါး အလုပ္ျဖစ္ေနခဲ့သလို အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ ဂိုးေတြ ဒီေလာက္မ်ားမ်ား ရွာေဖြ ေပးထားခဲ့ေပမယ့္ အသက္ ၈၁ ႏွစ္အ႐ြယ္ နည္းျပေဟာင္းႀကီးကေတာ့ ေခါင္းမာမာပဲ ေျပာခဲ့တာျဖစ္ပါတယ္။

“သူက ဘယ္တုန္းကမွ တိုက္စစ္မႉးတစ္ေယာက္ မဟုတ္ဘူးဗ်။ ဘယ္ေတာင္ပံကေန အတြင္းကို ဝင္ကစားေလ့ရွိတဲ့ ကစားသမားတစ္ေယာက္ပဲ။ အရမ္းေကာင္းေနတာကလြဲလို႔ေပါ့”ဆိုၿပီး ဖာဂူဆန္က စကိုင္းစပို႔စ္ကို ေျပာလိုက္ၿပီး ေတာ္႐ုံလူဆို ပရိသတ္ေတြဆီက အဆဲေတာင္းသလိုျဖစ္မယ့္ စကားကို ဆိုလိုက္တာပါ။

“သူ႔ရဲ႕ အဆုံးသတ္ပိုင္းက ေကာင္းမြန္ၿပီး ဒီအတြက္ အၿမဲတမ္းလည္း ဒါကို မာနမတက္ဘဲ ႏွိမ့္ႏွိမ့္ခ်ခ်နဲ႔ ဂ႐ုစိုက္ေလ့ရွိတယ္။ ဒါက တိုက္စစ္မႉးတစ္ဦးအတြက္ အေရးပါတဲ့ အရာျဖစ္ၿပီး သူ႔ကို အခုလို ပုံစံေကာင္းမွာ ရပ္တည္ေနႏိုင္ေစတာပါ။ ဒါေပမယ့္ သူက နံပါတ္ ၉ တစ္ေယာက္ေတာ့ မဟုတ္ဘူး ဆိုတာ ကြၽန္ေတာ္တို႔ သိထားရမွာျဖစ္ၿပီး သူဂိုးသြင္းေနလို႔ တိုက္စစ္မႉးတစ္ဦး မဝယ္ဘူးဆိုတာေတာ့ မျဖစ္သင့္ပါဘူး”လို႔ ဆာဖာဂီက ေျပာသြားခဲ့ပါတယ္။

ဖာဂူဆန္အေနနဲ႔ ဒီစကားကို ရည္႐ြယ္ခ်က္ရွိရွိ ထုတ္ေျပာလိုက္တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ ဒီရာသီမွာ အသင္းအတြက္ လိုအပ္တဲ့ အေထာင္တိုက္စစ္မႉးေနရာအတြက္ ေပသီးေခါက္ေနတာကို ရည္ၫႊန္းလိုက္တာပဲျဖစ္သလို ေဆာင္းရာသီမွာေတာင္ ေဗာက္ ဗက္ေဟာ့စ္လို ကစားသမားမ်ိဳးကို အငွားနဲ႔ပဲ ေခၚခဲ့တာက ရက္ရွ္ဖို႔ဒ္ပဲ ဒိုင္ခံ႐ုန္းရသလိုျဖစ္ေနတယ္လို႔လည္း ေျပာခ်င္ခဲ့တာလို႔ ယူဆရပါတယ္။

ရက္ရွ္ဖို႔ဒ္အတြက္ေတာ့ ဒီရာသီမွာ ၿပိဳင္ပြဲစုံ ၃၈ ပြဲမွာ ၂၅ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ကစားသမားဘဝ အေကာင္းဆုံး ရာသီမွတ္တမ္းလည္း ျဖစ္ေနခဲ့သလို ပရီးမီးယားလိဂ္ ၂၄ ပြဲမွာေတာ့ ၁၄ ဂိုး သြင္းယူထားခဲ့ၿပီး သူ႔ရဲ႕ အေကာင္းဆုံးစံခ်ိန္ျဖစ္ခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမွာ ၁၇ ဂိုး သြင္းခဲ့တဲ့ စံခ်ိန္ကိုလည္း ျဖတ္ေက်ာ္သြားႏိုင္ဖို႔ နီးစပ္ေနခဲ့တာပါ။

မန္ယူတာဝန္ရွိသူေတြအေနနဲ႔ ဗက္ဂ္ေဟာ့စ္ကို ေခၚေပးခဲ့ၿပီး အတိုင္းအတာတစ္ခုအထိ အက်ိဳးျပဳခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ဂိုး တစ္ဂိုးမွ မသြင္းႏိုင္ေသးတာေၾကာင့္ ပရိသတ္ေတြရဲ႕ ၿငိဳျငင္မႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရသလို လာမယ့္ ရာသီမွာေတာ့ ဂ်င္းထည့္လို႔ မရေတာ့ဘဲ အဆင့္ျမင့္ တိုက္စစ္မႉးတစ္ဦးကို ေခၚယူေပးဖို႔ လိုအပ္ေနၿပီလို႔လည္း ဆိုရမွာျဖစ္ပါတယ္။

အသင္းအေနနဲ႔ နာပိုလီတိုက္စစ္မႉး ဗစ္တာ အိုဆီမင္ကို ေဈးႀကီးႀကီးေပးၿပီး ေခၚယူဖို႔ အဆင္သင့္ျဖစ္ေနခ်ိန္မွာ ပရိသတ္ေတြကေတာ့ ပီအက္စ္ဂ်ီရဲ႕ ခီလီယန္ အမ္ဘာေပကို အလိုရွိေနၾကေပမယ့္ အေထာင္တိုက္စစ္မႉးစစ္စစ္ မဟုတ္တာနဲ႔ ေဈးႏႈန္း တရားလြန္ ႀကီးျမင့္မယ့္ ကိစၥေတြေၾကာင့္ ေနပယ္လ္မွာ ေျခစြမ္းျပေနတဲ့ ႏိုင္ဂ်ီးရီးယားသားနဲ႔ပဲ အဆင္ေျပသြားႏိုင္ေၾကာင္းလည္း ခန႔္မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.