Premier League

အဲဗာတန်ကို ရှုံးကြွေးဆပ်ဖို့ ဘယ်လိုအနိုင်ယူမလဲ ပြောလိုက်တဲ့ မာတီနယ်လီ

အာဆင်နယ်အသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် အဝေးကွင်းနှစ်ပွဲမှာ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီ အနေနဲ့ သူတို့ကို ထိပ်ဆုံးမှာ အမှတ်ဖြတ် ဦးဆောင်နေတဲ့ ဘဝကနေ ဝါရီပွားအောင် ဂွတ်ဒီဆန်ပါ့ခ်မှာ အနိုင်ယူသွားခဲ့တဲ့ အဲဗာတန်တို့ကို ဘယ်လိုမျိုး တုံ့ပြန်ရမယ်ဆိုတာ အသင်းဖော်တွေကို ပြောကြားလိုက်ပါတယ်။

အဲ့ဒီအချိန်က အာဆင်နယ်တို့အနေနဲ့ မန်ချက်စတာစီးတီးတို့ကို သာသာယာယာ ၈ မှတ်ဖြတ်ထားနိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပြီး နောက်ခံလူ တာကော့ဗ်စကီးက အနိုင်ဂိုးသွင်းခဲ့သလို နည်းပြသစ်ဖြစ်လာတဲ့ ရှောင်ဒိုက်ချ်က အဲဗာတန်တို့ကို ကွင်းလယ်အားနဲ့ တောင့်ခံပြီး ဧရိယာထဲမှာ ပိတ်ဆို့ကစားသွားခဲ့တာကြောင့် အာတီတာရဲ့လူတွေ အကျိုးနည်းခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ အဝေးကွင်းနှစ်ပွဲကို အာဆင်နယ်တို့ အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်ထားနိုင်ခဲ့ကြပြီး အက်စ်တန်ဗီလာနဲ့ လက်စတာစီးတီးတို့ကို အနိုင်ယူထားခဲ့တဲ့နောက် အဲဗာတန်ကို အနိုင်ယူပြီး မန်စီးတီးကို ၅ မှတ်ပြန်ဖြတ်နိုင်ဖို့အတွက် အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားတာ မကြာသေးတဲ့ မာတီနယ်လီက တော်ဖီတွေကို အမ်းမရိတ်မှာ လက်စားချေ ဝါးမျိုသွားဖို့ ဘာတွေ လုပ်ရမယ်ဆိုတာကို ရှင်းပြသွားပါတယ်။

“လက်စတာနဲ့ ပွဲမှာတုန်းကလိုမျိုးပေါ့ဗျာ… ကျွန်တော်တို့တွေအနေနဲ့ တစ်ဖက်ဂိုးရှေ့ကို ရောက်တဲ့အခါ ပျာယာမခတ်ဘဲ တည်တည်ငြိမ်ငြိမ် တွေးခေါ်ကစားနိုင်ရပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ ဧရိယာထဲကျရင် မှန်ကန်တဲ့ သူဆီကို မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ ပေးပို့မှုမျိုး လုပ်နိုင်ဖို့ပါပဲ”လို့ ပိတ်ကစားတဲ့ အဲဗာတန်ကို ဘာလုပ်ရမလဲဆိုတာ မာတီနယ်လီက အသင်းဖော်တွေဆီ မက်ဆေ့ပေးလိုက်တာပါ။

“ကျွန်တော့်အမြင် ကျွန်တော်တို့ စိတ်ရှည်ရမယ်ဗျ။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲတချို့မှာ ရလဒ်မကောင်းပေမယ့် ဘောလုံးပိုင်ဆိုင်မှုကတော့ နင့်နေအောင် ရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ လုပ်ဆောင်မှုကို ရွေးချယ်နိုင်ဖို့ကတော့ လက်စတာနဲ့ပွဲကလိုပဲ အရေးကြီးတာပေါ့”လို့ သူ့ကို ထရော့ဆတ်ရဲ့ ပေးပို့မှုကို ပမာပြုပြီး ဘရာဇီးလ်သားလေးက တိုက်တွန်းသွားခဲ့ပါတယ်။

အာဆင်နယ်တို့အနေနဲ့ အဲဗာတန်နဲ့ပွဲမှာ အမြင့်ဘောတွေကို ဂရုစိုက်ရမှာဖြစ်ပြီး အခွင့်အရေးပေးတာနဲ့ ဖြတ်တင်ဘောတွေ ပြုလုပ်လာမှာ ဖြစ်သလို တည်ကန်ဘောတွေကလည်း ခြိမ်းခြောက်မှာဖြစ်တာက အသိသာကြီးဖြစ်နေလို့ နည်းပြ အာတီတာအနေနဲ့ သူတို့ရဲ့ တည်ကန်ဘောနည်းပြ နီကိုလာ ဂျိုဗယ်ကို အထူးကြပ်မတ်လေ့ကျင့်ခိုင်းထားတယ်လို့လည်း သတင်းထွက်နေခဲ့တာပါ။

အဝေးကွင်းပွဲတုန်းကလိုမျိုး မခံလိုက်ရအောင်အတွက် အာဆင်နယ်တို့အနေနဲ့ အထူးသဖြင့် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို အူကြောင်ကြောင် အမှားတွေ မလုပ်ဖို့နဲ့ တည်ကန်ဘောတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ တွန်းအားပေးသွားရမှာဖြစ်ပြီး ဖုန်းတစ်ဂိုးပုံစံဟောင်း ပြန်ပေါ်မလာအောင် ဖိနှိပ်ထားရမှာဖြစ်ကြောင်းလည်း ပရိသတ်တွေကြားမှာ ပြောဆိုနေကြတယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ေနာက္ဆုံး ပရီးမီးယားလိဂ္ အေဝးကြင္းႏွစ္ပြဲမွာ ဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီ အေနနဲ႔ သူတို႔ကို ထိပ္ဆုံးမွာ အမွတ္ျဖတ္ ဦးေဆာင္ေနတဲ့ ဘဝကေန ဝါရီပြားေအာင္ ဂြတ္ဒီဆန္ပါ့ခ္မွာ အႏိုင္ယူသြားခဲ့တဲ့ အဲဗာတန္တို႔ကို ဘယ္လိုမ်ိဳး တုံ႔ျပန္ရမယ္ဆိုတာ အသင္းေဖာ္ေတြကို ေျပာၾကားလိုက္ပါတယ္။

အဲ့ဒီအခ်ိန္က အာဆင္နယ္တို႔အေနနဲ႔ မန္ခ်က္စတာစီးတီးတို႔ကို သာသာယာယာ ၈ မွတ္ျဖတ္ထားႏိုင္တဲ့ အေျခအေနမွာ ရွိေနခဲ့တာျဖစ္ၿပီး ေနာက္ခံလူ တာေကာ့ဗ္စကီးက အႏိုင္ဂိုးသြင္းခဲ့သလို နည္းျပသစ္ျဖစ္လာတဲ့ ေရွာင္ဒိုက္ခ်္က အဲဗာတန္တို႔ကို ကြင္းလယ္အားနဲ႔ ေတာင့္ခံၿပီး ဧရိယာထဲမွာ ပိတ္ဆို႔ကစားသြားခဲ့တာေၾကာင့္ အာတီတာရဲ႕လူေတြ အက်ိဳးနည္းခဲ့တာပါ။

အဲ့ဒီေနာက္မွာေတာ့ အေဝးကြင္းႏွစ္ပြဲကို အာဆင္နယ္တို႔ အေကာင္းဆုံးပုံစံနဲ႔ တုံ႔ျပန္ထားႏိုင္ခဲ့ၾကၿပီး အက္စ္တန္ဗီလာနဲ႔ လက္စတာစီးတီးတို႔ကို အႏိုင္ယူထားခဲ့တဲ့ေနာက္ အဲဗာတန္ကို အႏိုင္ယူၿပီး မန္စီးတီးကို ၅ မွတ္ျပန္ျဖတ္ႏိုင္ဖို႔အတြက္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးထားတာ မၾကာေသးတဲ့ မာတီနယ္လီက ေတာ္ဖီေတြကို အမ္းမရိတ္မွာ လက္စားေခ် ဝါးမ်ိဳသြားဖို႔ ဘာေတြ လုပ္ရမယ္ဆိုတာကို ရွင္းျပသြားပါတယ္။

“လက္စတာနဲ႔ ပြဲမွာတုန္းကလိုမ်ိဳးေပါ့ဗ်ာ… ကြၽန္ေတာ္တို႔ေတြအေနနဲ႔ တစ္ဖက္ဂိုးေရွ႕ကို ေရာက္တဲ့အခါ ပ်ာယာမခတ္ဘဲ တည္တည္ၿငိမ္ၿငိမ္ ေတြးေခၚကစားႏိုင္ရပါလိမ့္မယ္။ အေရးအႀကီးဆုံးကေတာ့ ဧရိယာထဲက်ရင္ မွန္ကန္တဲ့ သူဆီကို မွန္ကန္တဲ့ အခ်ိန္မွာ မွန္ကန္တဲ့ ေပးပို႔မႈမ်ိဳး လုပ္ႏိုင္ဖို႔ပါပဲ”လို႔ ပိတ္ကစားတဲ့ အဲဗာတန္ကို ဘာလုပ္ရမလဲဆိုတာ မာတီနယ္လီက အသင္းေဖာ္ေတြဆီ မက္ေဆ့ေပးလိုက္တာပါ။

“ကြၽန္ေတာ့္အျမင္ ကြၽန္ေတာ္တို႔ စိတ္ရွည္ရမယ္ဗ်။ ကြၽန္ေတာ္တို႔ ကစားခဲ့တဲ့ ပြဲတခ်ိဳ႕မွာ ရလဒ္မေကာင္းေပမယ့္ ေဘာလုံးပိုင္ဆိုင္မႈကေတာ့ နင့္ေနေအာင္ ရရွိထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ မွန္ကန္တဲ့ လုပ္ေဆာင္မႈကို ေ႐ြးခ်ယ္ႏိုင္ဖို႔ကေတာ့ လက္စတာနဲ႔ပြဲကလိုပဲ အေရးႀကီးတာေပါ့”လို႔ သူ႔ကို ထေရာ့ဆတ္ရဲ႕ ေပးပို႔မႈကို ပမာျပဳၿပီး ဘရာဇီးလ္သားေလးက တိုက္တြန္းသြားခဲ့ပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ အဲဗာတန္နဲ႔ပြဲမွာ အျမင့္ေဘာေတြကို ဂ႐ုစိုက္ရမွာျဖစ္ၿပီး အခြင့္အေရးေပးတာနဲ႔ ျဖတ္တင္ေဘာေတြ ျပဳလုပ္လာမွာ ျဖစ္သလို တည္ကန္ေဘာေတြကလည္း ၿခိမ္းေျခာက္မွာျဖစ္တာက အသိသာႀကီးျဖစ္ေနလို႔ နည္းျပ အာတီတာအေနနဲ႔ သူတို႔ရဲ႕ တည္ကန္ေဘာနည္းျပ နီကိုလာ ဂ်ိဳဗယ္ကို အထူးၾကပ္မတ္ေလ့က်င့္ခိုင္းထားတယ္လို႔လည္း သတင္းထြက္ေနခဲ့တာပါ။

အေဝးကြင္းပြဲတုန္းကလိုမ်ိဳး မခံလိုက္ရေအာင္အတြက္ အာဆင္နယ္တို႔အေနနဲ႔ အထူးသျဖင့္ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကို အူေၾကာင္ေၾကာင္ အမွားေတြ မလုပ္ဖို႔နဲ႔ တည္ကန္ေဘာေတြမွာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ႏိုင္ဖို႔ တြန္းအားေပးသြားရမွာျဖစ္ၿပီး ဖုန္းတစ္ဂိုးပုံစံေဟာင္း ျပန္ေပၚမလာေအာင္ ဖိႏွိပ္ထားရမွာျဖစ္ေၾကာင္းလည္း ပရိသတ္ေတြၾကားမွာ ေျပာဆိုေနၾကတယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.