Carabao & FA Premier League

တန်ဟက်ကို နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ပြောခဲ့တဲ့ ရွိုင် ကီးန်

ရွိုင် ကီးန်က နယူးကာဆယ်လ် ယူနိုက်တက်ကို ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့လို့ အောင်ပွဲခံခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြကို မြင်တွေ့ခဲ့ရပြီးနောက် အဲရစ် တန်ဟက်အနေနဲ့ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကနေ နုတ်ထွက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် စနေနေ့ညနေခင်းဟာ မမေ့နိုင်စရာ ညနေခင်းတစ်ခုဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ကာစီမီရိုနဲ့ ဆဗင် ဘော့တ်မန်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဂိုးတွေကြောင့် သရဲနီတွေဟာ ၆ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဆုဖလားပျောက်ဆုံးနေမှုကို နောက်ဆုံးမှာ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ပွဲအပြီးမှ အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ အလွန်ပျော်ရွှင်မြူးတူးနေခဲ့ကြပြီး ပွဲစဉ်တလျှောက်လုံး မယုံနိုင်ဖွယ် ပတ်ဝန်းကျင်အငွေ့အသက်တစ်ခုကို ဖန်တီးပေးခဲ့တဲ့ နယူးကာဆယ်လ် ပရိသတ်တွေကလည်း နောက်ဆုံးမှာတော့ အနိုင်ရရှိသူတွေကို လက်ခံပေးခဲ့ရတာဖြစ်ပါတယ်။

ဝင်ဘလေကွင်းမှာ ကာစီမီရိုဟာ ပွဲကစားချိန်နှောင်းပိုင်းမှာ ဘောလုံးမပေးခဲ့တဲ့အတွက် ဘရူနို ဖာနန်ဒက်စ်ကို စောဒကတက်ဖို့အတွက် အောင်ပွဲခံနေမှုကို ကြားဝင်ခဲ့သေးပြီး တန်ဟက်ဟာ ဆုဖလားကို ကိုင်မြှောက်ခဲ့ချိန်မှာ ပရိသတ်တွေဆီကနေ အကြီးမားဆုံး ချီးကျူးဂုဏ်ပြုသံတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ ယခုရာသီမှာ တန်ဟက် လုပ်ဆောင်ခဲ့တဲ့ ကွဲပြားခြားနားမှုတွေကို သိရှိနေကြတာဖြစ်ပြီး အိုင်းယက်စ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်၊ အန်တိုနီတို့နဲ့အတူ ဒတ်ချ်နည်းပြက ပြီးခဲ့တဲ့နှစ် ဒတ်ချ်လိဂ်ဖလား ရရှိပြီးနောက် ကခုန်ခဲ့တဲ့ ကကွက်ကို ကပြခဲ့တာကြောင့် ပရိသတ်တွေ သဘောကျခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူတစ်ယောက်ကတော့ တန်ဟက်ရဲ့ ကခုန်မှုနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က ဒတ်ချ်လူမျိုးနည်းပြကို ကခုန်မှုအတွက် အသင်းကနေ နုတ်ထွက်သင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား အဲဒီကိစ္စလုပ်ပြီးတဲ့နောက်မှာ အသင်းကနေ နုတ်ထွက်သင့်တယ်”လို့ ရွိုင် ကီးန်က တန်ဟက်ကို ပြောကြားခဲ့ပြီး အသက် ၅၃ နှစ်အရွယ်နည်းပြက “ဘယ်တော့မှ မနုတ်ထွက်ဘူး။ ဘယ်တော့မှပဲ။ ကျွန်တော် အရင်ကတည်းက ဒါကို လုပ်ခဲ့တယ်။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် လုပ်နိုင်မယ်လို့ မျှော်လင့်တယ်”လို့ ပြန်လည်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ် ဂီနိုလာက “ရွိုင် ကီးန်က အဲဒီလိုပဲဗျ။ သူ ပြောတာ စိတ်မပူပါနဲ့”လို့ တန်ဟက်ရဲ့ ကခုန်မှုကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ြိဳင္ ကီးန္က နယူးကာဆယ္လ္ ယူႏိုက္တက္ကို ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ အႏိုင္ရရွိခဲ့လို႔ ေအာင္ပြဲခံခဲ့တဲ့ ဒတ္ခ်္လူမ်ိဳးနည္းျပကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အဲရစ္ တန္ဟက္အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးကေန ႏုတ္ထြက္သင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အတြက္ စေနေန႔ညေနခင္းဟာ မေမ့ႏိုင္စရာ ညေနခင္းတစ္ခုျဖစ္ခဲ့ၿပီး ပထမပိုင္းမွာ ကာစီမီ႐ိုနဲ႔ ဆဗင္ ေဘာ့တ္မန္းရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ ဂိုးေတြေၾကာင့္ သရဲနီေတြဟာ ၆ ႏွစ္ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ဆုဖလားေပ်ာက္ဆုံးေနမႈကို ေနာက္ဆုံးမွာ အဆုံးသတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ပြဲအၿပီးမွ အံ့အားသင့္စရာမေကာင္းစြာနဲ႔ပဲ အလြန္ေပ်ာ္႐ႊင္ျမဴးတူးေနခဲ့ၾကၿပီး ပြဲစဥ္တေလွ်ာက္လုံး မယုံႏိုင္ဖြယ္ ပတ္ဝန္းက်င္အေငြ႕အသက္တစ္ခုကို ဖန္တီးေပးခဲ့တဲ့ နယူးကာဆယ္လ္ ပရိသတ္ေတြကလည္း ေနာက္ဆုံးမွာေတာ့ အႏိုင္ရရွိသူေတြကို လက္ခံေပးခဲ့ရတာျဖစ္ပါတယ္။

ဝင္ဘေလကြင္းမွာ ကာစီမီ႐ိုဟာ ပြဲကစားခ်ိန္ေႏွာင္းပိုင္းမွာ ေဘာလုံးမေပးခဲ့တဲ့အတြက္ ဘ႐ူႏို ဖာနန္ဒက္စ္ကို ေစာဒကတက္ဖို႔အတြက္ ေအာင္ပြဲခံေနမႈကို ၾကားဝင္ခဲ့ေသးၿပီး တန္ဟက္ဟာ ဆုဖလားကို ကိုင္ေျမႇာက္ခဲ့ခ်ိန္မွာ ပရိသတ္ေတြဆီကေန အႀကီးမားဆုံး ခ်ီးက်ဴးဂုဏ္ျပဳသံေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ယခုရာသီမွာ တန္ဟက္ လုပ္ေဆာင္ခဲ့တဲ့ ကြဲျပားျခားနားမႈေတြကို သိရွိေနၾကတာျဖစ္ၿပီး အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ လီဆန္ဒ႐ို မာတီနက္ဇ္၊ အန္တိုနီတို႔နဲ႔အတူ ဒတ္ခ်္နည္းျပက ၿပီးခဲ့တဲ့ႏွစ္ ဒတ္ခ်္လိဂ္ဖလား ရရွိၿပီးေနာက္ ကခုန္ခဲ့တဲ့ ကကြက္ကို ကျပခဲ့တာေၾကာင့္ ပရိသတ္ေတြ သေဘာက်ခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လူတစ္ေယာက္ကေတာ့ တန္ဟက္ရဲ႕ ကခုန္မႈနဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က ဒတ္ခ်္လူမ်ိဳးနည္းျပကို ကခုန္မႈအတြက္ အသင္းကေန ႏုတ္ထြက္သင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား အဲဒီကိစၥလုပ္ၿပီးတဲ့ေနာက္မွာ အသင္းကေန ႏုတ္ထြက္သင့္တယ္”လို႔ ႐ြိဳင္ ကီးန္က တန္ဟက္ကို ေျပာၾကားခဲ့ၿပီး အသက္ ၅၃ ႏွစ္အ႐ြယ္နည္းျပက “ဘယ္ေတာ့မွ မႏုတ္ထြက္ဘူး။ ဘယ္ေတာ့မွပဲ။ ကြၽန္ေတာ္ အရင္ကတည္းက ဒါကို လုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္တယ္”လို႔ ျပန္လည္ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ ေဒးဗစ္ ဂီႏိုလာက “႐ြိဳင္ ကီးန္က အဲဒီလိုပဲဗ်။ သူ ေျပာတာ စိတ္မပူပါနဲ႔”လို႔ တန္ဟက္ရဲ႕ ကခုန္မႈကို ကာကြယ္ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.