International La Liga Ligue1 Premier League UCL&UEL World Cup

မက်ဆီပဲ အကောင်းဆုံးဆုရခဲ့ပြီး သူ့လူတွေနဲ့ အောင်ပွဲခံနိုင်ခဲ့တဲ့ ဖီဖာဆုချီးမြှင့်ပွဲ

ပြီးခဲ့တဲ့ တနင်္လာနေ့ညက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ဖီဖာအကောင်းဆုံးဆုများ ချီးမြှင့်ပွဲမှာတော့ ဘောလုံးပရိသတ်တွေအားလုံးက စိတ်အဝင်စားဆုံးဖြစ်တဲ့ အမျိုးသား အကောင်းဆုံးဆုကို လီယွန်နယ် မက်ဆီကပဲ ကြိုတင်သတင်းထွက်ထားခဲ့သလိုမျိုး ရယူသွားနိုင်ခဲ့ကြပြီး အာဂျင်တီးနား ဘောလုံးအသိုင်းအဝိုင်းနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ပြန်လည်စတင်ပေးအပ်ခဲ့တဲ့ ဒီဂုဏ်သိက္ခာမြင့်မားတဲ့ဆုကို ပြန်ရဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လူကာ မိုဒရစ်ချ်တို့ရဲ့ ရီးရဲလ် မက်ဒရစ်ခေတ် ကုန်အောင် စောင့်ဆိုင်းခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာ တစ်ကြိမ် ရယူထားနိုင်ခဲ့တဲ့ မက်ဆီဟာ ၂၀၂၀ နဲ့ ၂၀၂၁ အတွက် ပေးအပ်တဲ့ ဆုတွေမှာ ရောဘတ် လီဗန်ဒေါ့ဗ်စကီးရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရသေးတာဖြစ်ပြီး ဒီနှစ်မှာမှ ပြန်လည်ရယူနိုင်ခဲ့တာပါ။

၂၀၂၂ ခုနှစ်အတွက် ပေးအပ်တဲ့ ဆုမှာ မက်ဆီအနေနဲ့ မဲပေးမှု အမှတ် ၅၂ မှတ်နဲ့ အမှတ်စနစ် ပြောင်းလဲပေးအပ်ချိန်မှာ အမြင့်မားဆုံး ရရှိခဲ့တာ ဖြစ်သလို ဒုတိယနေရာက ခီလီယန် အမ်ဘာပေ ၄၄ မှတ်နဲ့ တတိယနေရာက ကာရင်မ် ဘန်ဇီးမား ၃၄ မှတ်တို့ကို အပြတ်အသတ်ဖြတ်ချထားခဲ့ပြီး ပါရီမှာ ပြင်သစ်သားတွေ မျက်နှာမလှဘဲဖြစ်ခဲ့ရပါတယ်။

ပျော်ရွှင်မှု ခံစားချက်တွေကို ထိန်းမနိုင် သိမ်းမရဖြစ်နေတဲ့ အာဂျင်တီးနားသားကြီးကတော “ဝေါင်း… ဒါက သိပ်ကို အံ့ဩစရာ ခံစားချက်မျိုးပါပဲ။ ဒီနှစ်ကတော့ ကျွန်တော့်အတွက် တကယ်ကို ကြီးကြီးမားမားတွေ လုပ်ပြနိုင်ခဲ့တဲ့ နှစ်မျိုးလည်းဖြစ်ပြီး ဒီည ဒီနေရာမှာ ဒီဆုကို ရယူနိုင်ခဲ့တဲ့အတွက် အများကြီး ဂုဏ်ယူမိပါတယ်”လို့ ဆုတံဆိပ်နဲ့အတူ ပြောကြားသွားခဲ့တာပါ။

မက်ဆီက သူ့ရဲ့ အသင်းဖော်တွေသာ မကူညီခဲ့ရင် ဒီနေရာမှာ သူရှိနေမှာ မဟုတ်ဘူးလို့လည်း ပြောကြားလိုက်ပြီး အကြာကြီး မက်ခဲ့ရတဲ့ အိပ်မက်ကို ပြည့်စုံအောင် သူတို့တွေ (အာဂျင်တီးနား အသင်းဖော်တွေ)က ပံ့ပိုးပေးခဲ့လို့ လူအနည်းငယ်ပဲ အောင်မြင်နိုင်တဲ့ ဆုမျိုးကို ရရှိခဲ့တာပါလို့ ရည်ညွှန်းချက်ပေးသွားခဲ့ချိန်မှာ သူ့ဘော်ဒါတွေကပဲ အကောင်းဆုံးဆုတွေကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။

တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ ပဲ့ကိုင်ရှင် လီယွန်နယ် စကာလိုနီက ရရှိသွားခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆုကိုတော့ အက်စ်တန်ဗီလာရဲ့ အီမီလီယာနို မာတီနက်ဇ်က ဆွတ်ခူးသွားနိုင်ခဲ့သလို အကောင်းဆုံး အားပေးတဲ့ ပရိသတ်ဆုကိုလည်း အာဂျင်တီးနားဖန်တွေကပဲ ရရှိသွားခဲ့တာပါ။

အကောင်းဆုံး ဂိုးသမားဆုအတွက် မော်ရိုကိုရဲ့ ယာစင်း ဘူးနူးနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် သီဘို ကူတွာတို့ကို ကျော်ဖြတ် ရယူနိုင်ခဲ့တဲ့ မာတီနက်ဇ်က ဒီဆုဟာ သူ့ရဲ့ မိဘတွေအတွက်ဖြစ်တယ်လို့ ဆိုသွားခဲ့ပြီး “ကစားသမားဘဝတစ်လျှောက်လုံး အားပေးခဲ့တဲ့ မိသားစုအတွက် ပျော်ရွှင်နိုင်ခဲ့သလို သူ့ရဲ့ အားကျရသူတွေဖြစ်တဲ့ အဖေနဲ့ အမေအတွက်ပါပဲ”လို့ ထုတ်ဖော်သွားခဲ့ပါတယ်။

ဒီဆုအတွက် မဲပေးမှုတွေမှာတော့ ထိပ်ဆုံးသုံးဦးရဲ့ အပြင်ဘက်မှာ စတုတ္ထကို လူကာ မိုဒရစ်ချ်၊ ပဉ္စမကို အာလင်း ဟားလန်း၊ ဆဌမကို ဆာဒီယို မာနေး၊ သတ္တမကို ဟူလီယန် အယ်လ်ဗာရက်ဇ်၊ အဌမကို အက်ရှ်ရက်ဖ် ဟာကီမီ၊ နဝမကို နေမာနဲ့ ဒသမကို ကီဗင် ဒီဘရိုင်းနားနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့က ရပ်တည်သွားနိုင်ခဲ့ပြီး ကျန်တဲ့ အမှတ်ရရှိသူတွေကတော့ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ ဂျုဒ် ဘယ်လင်ဂမ်နဲ့ မိုဟာမက် ဆာလားတို့ ဖြစ်ကြပါတယ်။

အာဂျင်တီးနားအသင်းရဲ့ ပြီးပြည့်စုံတဲ့ ဆုဟက်ထရစ်ဖြစ်ခဲ့တဲ့ မက်ဆီ၊ စကာလိုနီနဲ့ မာတီနက်ဇ်တို့ရဲ့ အကောင်းဆုံး၊ နည်းပြနဲ့ ဂိုးသမားဆုတွေကို ရယူနိုင်ခဲ့ကြတာကတော့ ကမ္ဘာ့ဖလားအောင်မြင်မှုရဲ့ ပြယုဂ်လည်းဖြစ်ခဲ့ပြီး ဘောလုံးပရိသတ်တွေအတွက်တော့ ကြည်နူးစရာ ညတစ်ည ဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ တနလၤာေန႔ညက ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕မွာ က်င္းပခဲ့တဲ့ ဖီဖာအေကာင္းဆုံးဆုမ်ား ခ်ီးျမႇင့္ပြဲမွာေတာ့ ေဘာလုံးပရိသတ္ေတြအားလုံးက စိတ္အဝင္စားဆုံးျဖစ္တဲ့ အမ်ိဳးသား အေကာင္းဆုံးဆုကို လီယြန္နယ္ မက္ဆီကပဲ ႀကိဳတင္သတင္းထြက္ထားခဲ့သလိုမ်ိဳး ရယူသြားႏိုင္ခဲ့ၾကၿပီး အာဂ်င္တီးနား ေဘာလုံးအသိုင္းအဝိုင္းနဲ႔အတူ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္မွာ ျပန္လည္စတင္ေပးအပ္ခဲ့တဲ့ ဒီဂုဏ္သိကၡာျမင့္မားတဲ့ဆုကို ျပန္ရဖို႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လူကာ မိုဒရစ္ခ်္တို႔ရဲ႕ ရီးရဲလ္ မက္ဒရစ္ေခတ္ ကုန္ေအာင္ ေစာင့္ဆိုင္းခဲ့ရၿပီး ၂၀၁၉ ခုႏွစ္မွာ တစ္ႀကိမ္ ရယူထားႏိုင္ခဲ့တဲ့ မက္ဆီဟာ ၂၀၂၀ နဲ႔ ၂၀၂၁ အတြက္ ေပးအပ္တဲ့ ဆုေတြမွာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးရဲ႕ ေနာက္ေကာက္ခ်ျခင္းကို ခံခဲ့ရေသးတာျဖစ္ၿပီး ဒီႏွစ္မွာမွ ျပန္လည္ရယူႏိုင္ခဲ့တာပါ။

၂၀၂၂ ခုႏွစ္အတြက္ ေပးအပ္တဲ့ ဆုမွာ မက္ဆီအေနနဲ႔ မဲေပးမႈ အမွတ္ ၅၂ မွတ္နဲ႔ အမွတ္စနစ္ ေျပာင္းလဲေပးအပ္ခ်ိန္မွာ အျမင့္မားဆုံး ရရွိခဲ့တာ ျဖစ္သလို ဒုတိယေနရာက ခီလီယန္ အမ္ဘာေပ ၄၄ မွတ္နဲ႔ တတိယေနရာက ကာရင္မ္ ဘန္ဇီးမား ၃၄ မွတ္တို႔ကို အျပတ္အသတ္ျဖတ္ခ်ထားခဲ့ၿပီး ပါရီမွာ ျပင္သစ္သားေတြ မ်က္ႏွာမလွဘဲျဖစ္ခဲ့ရပါတယ္။

ေပ်ာ္႐ႊင္မႈ ခံစားခ်က္ေတြကို ထိန္းမႏိုင္ သိမ္းမရျဖစ္ေနတဲ့ အာဂ်င္တီးနားသားႀကီးကေတာ “ေဝါင္း… ဒါက သိပ္ကို အံ့ဩစရာ ခံစားခ်က္မ်ိဳးပါပဲ။ ဒီႏွစ္ကေတာ့ ကြၽန္ေတာ့္အတြက္ တကယ္ကို ႀကီးႀကီးမားမားေတြ လုပ္ျပႏိုင္ခဲ့တဲ့ ႏွစ္မ်ိဳးလည္းျဖစ္ၿပီး ဒီည ဒီေနရာမွာ ဒီဆုကို ရယူႏိုင္ခဲ့တဲ့အတြက္ အမ်ားႀကီး ဂုဏ္ယူမိပါတယ္”လို႔ ဆုတံဆိပ္နဲ႔အတူ ေျပာၾကားသြားခဲ့တာပါ။

မက္ဆီက သူ႔ရဲ႕ အသင္းေဖာ္ေတြသာ မကူညီခဲ့ရင္ ဒီေနရာမွာ သူရွိေနမွာ မဟုတ္ဘူးလို႔လည္း ေျပာၾကားလိုက္ၿပီး အၾကာႀကီး မက္ခဲ့ရတဲ့ အိပ္မက္ကို ျပည့္စုံေအာင္ သူတို႔ေတြ (အာဂ်င္တီးနား အသင္းေဖာ္ေတြ)က ပံ့ပိုးေပးခဲ့လို႔ လူအနည္းငယ္ပဲ ေအာင္ျမင္ႏိုင္တဲ့ ဆုမ်ိဳးကို ရရွိခဲ့တာပါလို႔ ရည္ၫႊန္းခ်က္ေပးသြားခဲ့ခ်ိန္မွာ သူ႔ေဘာ္ဒါေတြကပဲ အေကာင္းဆုံးဆုေတြကို သိမ္းပိုက္သြားႏိုင္ခဲ့ပါတယ္။

တစ္ႏွစ္တာအေကာင္းဆုံး နည္းျပဆုကို ကမာၻ႔ခ်န္ပီယံ အာဂ်င္တီးနားအသင္းရဲ႕ ပဲ့ကိုင္ရွင္ လီယြန္နယ္ စကာလိုနီက ရရွိသြားခဲ့ၿပီး အေကာင္းဆုံး ဂိုးသမားဆုကိုေတာ့ အက္စ္တန္ဗီလာရဲ႕ အီမီလီယာႏို မာတီနက္ဇ္က ဆြတ္ခူးသြားႏိုင္ခဲ့သလို အေကာင္းဆုံး အားေပးတဲ့ ပရိသတ္ဆုကိုလည္း အာဂ်င္တီးနားဖန္ေတြကပဲ ရရွိသြားခဲ့တာပါ။

အေကာင္းဆုံး ဂိုးသမားဆုအတြက္ ေမာ္႐ိုကိုရဲ႕ ယာစင္း ဘူးႏူးနဲ႔ ရီးရဲလ္မက္ဒရစ္ရဲ႕ ဘယ္လ္ဂ်ီယမ္ လက္ေ႐ြးစင္ သီဘို ကူတြာတို႔ကို ေက်ာ္ျဖတ္ ရယူႏိုင္ခဲ့တဲ့ မာတီနက္ဇ္က ဒီဆုဟာ သူ႔ရဲ႕ မိဘေတြအတြက္ျဖစ္တယ္လို႔ ဆိုသြားခဲ့ၿပီး “ကစားသမားဘဝတစ္ေလွ်ာက္လုံး အားေပးခဲ့တဲ့ မိသားစုအတြက္ ေပ်ာ္႐ႊင္ႏိုင္ခဲ့သလို သူ႔ရဲ႕ အားက်ရသူေတြျဖစ္တဲ့ အေဖနဲ႔ အေမအတြက္ပါပဲ”လို႔ ထုတ္ေဖာ္သြားခဲ့ပါတယ္။

ဒီဆုအတြက္ မဲေပးမႈေတြမွာေတာ့ ထိပ္ဆုံးသုံးဦးရဲ႕ အျပင္ဘက္မွာ စတုတၳကို လူကာ မိုဒရစ္ခ်္၊ ပၪၥမကို အာလင္း ဟားလန္း၊ ဆဌမကို ဆာဒီယို မာေနး၊ သတၱမကို ဟူလီယန္ အယ္လ္ဗာရက္ဇ္၊ အဌမကို အက္ရွ္ရက္ဖ္ ဟာကီမီ၊ နဝမကို ေနမာနဲ႔ ဒသမကို ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔က ရပ္တည္သြားႏိုင္ခဲ့ၿပီး က်န္တဲ့ အမွတ္ရရွိသူေတြကေတာ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ ဂ်ဳဒ္ ဘယ္လင္ဂမ္နဲ႔ မိုဟာမက္ ဆာလားတို႔ ျဖစ္ၾကပါတယ္။

အာဂ်င္တီးနားအသင္းရဲ႕ ၿပီးျပည့္စုံတဲ့ ဆုဟက္ထရစ္ျဖစ္ခဲ့တဲ့ မက္ဆီ၊ စကာလိုနီနဲ႔ မာတီနက္ဇ္တို႔ရဲ႕ အေကာင္းဆုံး၊ နည္းျပနဲ႔ ဂိုးသမားဆုေတြကို ရယူႏိုင္ခဲ့ၾကတာကေတာ့ ကမာၻ႔ဖလားေအာင္ျမင္မႈရဲ႕ ျပယုဂ္လည္းျဖစ္ခဲ့ၿပီး ေဘာလုံးပရိသတ္ေတြအတြက္ေတာ့ ၾကည္ႏူးစရာ ညတစ္ည ျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.