International World Cup

အကောင်းဆုံးနည်းပြဆုကို ဆာရီနာ ဗီးဂ်မန်းပဲ ရယူနိုင်ခဲ့တဲ့ ဖီဖာအမျိုးသမီးဆုများ

ဖီဖာတစ်နှစ်တာ အကောင်းဆုံးဆု ချီးမြှင့်ပွဲမှာတော့ အမျိုးသမီး အကောင်းဆုံး နည်းပြဆုကို အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပဲ့ကိုင်ရှင်နည်းပြ ဆာရီနာ ဗီးဂ်မန်းကပဲ ရယူသွားခဲ့ပြီး သူတို့ရဲ့ ယူရို ၂၀၂၂ အောင်မြင်မှုနဲ့အတူ နေ့ရက်တွေက လှပသာယာခဲ့တာဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းနဲ့ ယူရို ၂၀၁၇ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ဖီဖာအကောင်းဆုံးဆုကို ရယူနိုင်ခဲ့တဲ့ ဗီးဂ်မန်းဟာ ၂၀၁၉ ခုနှစ်မှာလည်း ဒုတိယအကြိမ် ဒီဆုကို ရယူပြီးခဲ့တဲ့နောက် ဒီနှစ်မှာတော့ တတိယအကြိမ်အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး အမျိုးသမီးနည်းပြတွေထဲမှာ စံချိန်တင်အဖြစ် တခြားသူတွေရဲ့ တစ်ကြိမ်သာ ရယူထားနိုင်မှုအပေါ် ကွာဟချက် တိုးမြှင့်သွားနိုင်ခဲ့တာပါ။

နှစ်စဉ် ပေးအပ်လေ့ရှိတဲ့ ဗြိတိန်ရဲ့ ဂုဏ်ထူးဆောင်ဆုပေးပွဲမှာလည်း ဆာဘွဲ့နဲ့ Dame ဘွဲ့နောက်က တတိယအမြင့်ဆုံးဆုဖြစ်ပြီး MBE နဲ့ OBE တို့ထက် မြင့်မားတဲ့ Commander of British Empire – CBE ဘွဲ့ကို ရယူနိုင်ခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် နည်းပြဟာ အင်္ဂလန်နဲ့ နောက်ထပ် ဖလားတွေနဲ့ ဆုတွေကိုလည်း ရယူလိမ့်ဦးမယ်လို့ ထင်ကြေးပေးခံထားခဲ့ရပါတယ်။

အမျိုးသမီးအကောင်းဆုံး ဘောလုံးသမားဆုကိုတော့ ဒဏ်ရာကြောင့် ဒီရာသီကို မကစားနိုင်သေးတဲ့ ဘာစီလိုနာတိုက်စစ်မှူး အလက်ဇီယာ ပူတယ်လာစ်ကပဲ ဘယ်လွန်ဒေါဆုအပြီးမှာ နှစ်နှစ်ဆက်တိုက် ရယူသွားခဲ့ချိန်မှာ စုတ်ပြတ်ပျက်စီးနေတဲ့ ဆွီဒင်မျိုးချစ်နည်းပြ ယိုနာ့စ် အိုက်ဒ်ဗောလ် ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းနဲ့ အောင်မြင်မှု မရှိတဲ့ အင်္ဂလန်တောင်ပံသမား ဘက်သ် မိဒ်ကတော့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

အသက် ၂၉ နှစ်အရွယ် စပိန်တိုက်စစ်မှူးဟာ ဒူးအရွတ် ACL စုတ်ပြဲတဲ့ ဒဏ်ရာကြောင့် ယူရို ၂၀၂၂ ပြိုင်ပွဲကိုလည်း လွဲချော်ထားခဲ့သူဖြစ်ပေမယ့် ဘာစီလိုနာအသင်းနဲ့အတူ တစ်ရာသီအတွင်း ၃၇ ပွဲမှာ ၂၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး စပိန်ပထမတန်းချန်ပီယံဖြစ်ခဲ့တာကြောင့် ဒီဆုကို နှစ်နှစ်ဆက်တိုက် ရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆုကိုတော့ ယူရိုချန်ပီယံ အင်္ဂလန်အသင်းရဲ့ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ပွဲစဉ်တွေမှာ အရေးကြီးတဲ့ ကာကွယ်မှုတွေကို ပြုလုပ်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ မေရီ အာ့ပ်စ်ကပဲ ရရှိသွားခဲ့ပြီး မီးဖိုချောင်ကြမ်းပြင်ပေါ်မှာ လေ့ကျင့်ခဲ့တဲ့ ချာတိတ်မလေး တစ်ယောက်ရဲ့ အိပ်မက်တွေက လက်တွေ့အကောင်အထည်ပေါ်လာခဲ့တာပါ။

အမျိုးသမီးအကောင်းဆုံး အသင်းကို ရွေးချယ်ခဲ့ရာမှာတော့ ဂိုးသမား ခရစ္စတီယန် အွန်ဒလာ (လီယွန်)၊ ခံစစ်မှာ လူစီ ဘရွန့်ဇ် (ဘာစီလိုနာ)၊ မာပီ လီယွန် (ဘာစီလိုနာ)၊ လီယာ ဝီလီယမ်ဆန် (အာဆင်နယ်)နဲ့ ဝင်ဒီ ရေးနာ့ဒ် (လီယွန်)၊ ကွင်းလယ်မှာ အလက်ဇီယာ ပူတယ်လာစ် (ဘာစီလိုနာ)၊ ကီရာ ဝဲ့လ်ရှ်(ဘာစီလိုနာ)၊ လီနာ အိုဘာဒေါ့ဖ် (ဝုလ်ဖ်ဘတ်)၊ အဲလက်စ် မော်ဂန် (ဆန်ဒီယေဂိုဝေ့ဗ်)၊ တိုက်စစ်မှာ ဘက်သ် မိဒ် (အာဆင်နယ်)၊ ဆမ် ကားရ် (ချဲလ်ဆီး)တို့ ပါဝင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီဖာတစ္ႏွစ္တာ အေကာင္းဆုံးဆု ခ်ီးျမႇင့္ပြဲမွာေတာ့ အမ်ိဳးသမီး အေကာင္းဆုံး နည္းျပဆုကို အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ ပဲ့ကိုင္ရွင္နည္းျပ ဆာရီနာ ဗီးဂ္မန္းကပဲ ရယူသြားခဲ့ၿပီး သူတို႔ရဲ႕ ယူ႐ို ၂၀၂၂ ေအာင္ျမင္မႈနဲ႔အတူ ေန႔ရက္ေတြက လွပသာယာခဲ့တာျဖစ္ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္အသင္းနဲ႔ ယူ႐ို ၂၀၁၇ ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ၿပီး ဖီဖာအေကာင္းဆုံးဆုကို ရယူႏိုင္ခဲ့တဲ့ ဗီးဂ္မန္းဟာ ၂၀၁၉ ခုႏွစ္မွာလည္း ဒုတိယအႀကိမ္ ဒီဆုကို ရယူၿပီးခဲ့တဲ့ေနာက္ ဒီႏွစ္မွာေတာ့ တတိယအႀကိမ္အျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး အမ်ိဳးသမီးနည္းျပေတြထဲမွာ စံခ်ိန္တင္အျဖစ္ တျခားသူေတြရဲ႕ တစ္ႀကိမ္သာ ရယူထားႏိုင္မႈအေပၚ ကြာဟခ်က္ တိုးျမႇင့္သြားႏိုင္ခဲ့တာပါ။

ႏွစ္စဥ္ ေပးအပ္ေလ့ရွိတဲ့ ၿဗိတိန္ရဲ႕ ဂုဏ္ထူးေဆာင္ဆုေပးပြဲမွာလည္း ဆာဘြဲ႕နဲ႔ Dame ဘြဲ႕ေနာက္က တတိယအျမင့္ဆုံးဆုျဖစ္ၿပီး MBE နဲ႔ OBE တို႔ထက္ ျမင့္မားတဲ့ Commander of British Empire – CBE ဘြဲ႕ကို ရယူႏိုင္ခဲ့တဲ့ အသက္ ၅၃ ႏွစ္အ႐ြယ္ နည္းျပဟာ အဂၤလန္နဲ႔ ေနာက္ထပ္ ဖလားေတြနဲ႔ ဆုေတြကိုလည္း ရယူလိမ့္ဦးမယ္လို႔ ထင္ေၾကးေပးခံထားခဲ့ရပါတယ္။

အမ်ိဳးသမီးအေကာင္းဆုံး ေဘာလုံးသမားဆုကိုေတာ့ ဒဏ္ရာေၾကာင့္ ဒီရာသီကို မကစားႏိုင္ေသးတဲ့ ဘာစီလိုနာတိုက္စစ္မႉး အလက္ဇီယာ ပူတယ္လာစ္ကပဲ ဘယ္လြန္ေဒါဆုအၿပီးမွာ ႏွစ္ႏွစ္ဆက္တိုက္ ရယူသြားခဲ့ခ်ိန္မွာ စုတ္ျပတ္ပ်က္စီးေနတဲ့ ဆြီဒင္မ်ိဳးခ်စ္နည္းျပ ယိုနာ့စ္ အိုက္ဒ္ေဗာလ္ ကိုင္တြယ္ေနတဲ့ အာဆင္နယ္အသင္းနဲ႔ ေအာင္ျမင္မႈ မရွိတဲ့ အဂၤလန္ေတာင္ပံသမား ဘက္သ္ မိဒ္ကေတာ့ ဒုတိယနဲ႔ပဲ ေက်နပ္ခဲ့ရတာပါ။

အသက္ ၂၉ ႏွစ္အ႐ြယ္ စပိန္တိုက္စစ္မႉးဟာ ဒူးအ႐ြတ္ ACL စုတ္ၿပဲတဲ့ ဒဏ္ရာေၾကာင့္ ယူ႐ို ၂၀၂၂ ၿပိဳင္ပြဲကိုလည္း လြဲေခ်ာ္ထားခဲ့သူျဖစ္ေပမယ့္ ဘာစီလိုနာအသင္းနဲ႔အတူ တစ္ရာသီအတြင္း ၃၇ ပြဲမွာ ၂၈ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး စပိန္ပထမတန္းခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ဒီဆုကို ႏွစ္ႏွစ္ဆက္တိုက္ ရယူသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

တစ္ႏွစ္တာ အေကာင္းဆုံး ဂိုးသမားဆုကိုေတာ့ ယူ႐ိုခ်န္ပီယံ အဂၤလန္အသင္းရဲ႕ ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ပြဲစဥ္ေတြမွာ အေရးႀကီးတဲ့ ကာကြယ္မႈေတြကို ျပဳလုပ္ႏိုင္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေမရီ အာ့ပ္စ္ကပဲ ရရွိသြားခဲ့ၿပီး မီးဖိုေခ်ာင္ၾကမ္းျပင္ေပၚမွာ ေလ့က်င့္ခဲ့တဲ့ ခ်ာတိတ္မေလး တစ္ေယာက္ရဲ႕ အိပ္မက္ေတြက လက္ေတြ႕အေကာင္အထည္ေပၚလာခဲ့တာပါ။

အမ်ိဳးသမီးအေကာင္းဆုံး အသင္းကို ေ႐ြးခ်ယ္ခဲ့ရာမွာေတာ့ ဂိုးသမား ခရစၥတီယန္ အြန္ဒလာ (လီယြန္)၊ ခံစစ္မွာ လူစီ ဘ႐ြန႔္ဇ္ (ဘာစီလိုနာ)၊ မာပီ လီယြန္ (ဘာစီလိုနာ)၊ လီယာ ဝီလီယမ္ဆန္ (အာဆင္နယ္)နဲ႔ ဝင္ဒီ ေရးနာ့ဒ္ (လီယြန္)၊ ကြင္းလယ္မွာ အလက္ဇီယာ ပူတယ္လာစ္ (ဘာစီလိုနာ)၊ ကီရာ ဝဲ့လ္ရွ္(ဘာစီလိုနာ)၊ လီနာ အိုဘာေဒါ့ဖ္ (ဝုလ္ဖ္ဘတ္)၊ အဲလက္စ္ ေမာ္ဂန္ (ဆန္ဒီေယဂိုေဝ့ဗ္)၊ တိုက္စစ္မွာ ဘက္သ္ မိဒ္ (အာဆင္နယ္)၊ ဆမ္ ကားရ္ (ခ်ဲလ္ဆီး)တို႔ ပါဝင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.