International World Cup

ဖီဖာ ပွတ်ရှ်ကပ်စ်ဆုကို ထူးထူးခြားခြား ရယူနိုင်ခဲ့တဲ့ မသန်စွမ်းတိုက်စစ်မှူး အိုလက်ဆီ

ဖီဖာရဲ့ နှစ်စဉ်နှစ်တိုင်း ချီးမြှင့်လေ့ရှိတဲ့ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုဖြစ်တဲ့ ပွတ်ရှ်ကပ်စ်ဆုကိုတော့ ခီလီယန် အမ်ဘာပေ၊ မာရီယို ဘာလိုတယ်လီ၊ ရစ်ချာလစ်ဆန်နဲ့ ဒီမီထရီ ပါယက်တို့လို နာမည်ကြီးတွေကို ကျော်ဖြတ်ပြီး ပိုလန်နိုင်ငံသား ဗာတာ ပို့ဇ်နန်တိုက်စစ်မှူး မသန်စွမ်း ကစားသမား မားစင် အိုလက်ဆီက ရယူသွားနိုင်ခဲ့ပါတယ်။

ဒီဆုဟာ လူတန်းစား ခွဲခြားချီးမြှင့်တဲ့ ဆုမျိုး မဟုတ်ကြောင်းနဲ့ နာမည်ကြီးတွေကိုသာ ဘက်လိုက်ပြီး မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ ဆုမျိုး မဟုတ်ကြောင်းကို ၂၀၁၆ ခုနှစ်က မလေးရှား ဆူပါလိဂ်ရဲ့ တိုက်စစ်မှူး မို့ဒ် ဖိုက်ဇ် ဆူဘရီကို ပေးအပ်ခဲ့တာနဲ့ သက်သေပြနိုင်ခဲ့ပြီး ဒီနှစ်မှာလည်း တကယ့် နာမည်ကြီးတွေကို ကျော်ဖြတ်ပြီး အိုလက်ဆီက ရယူနိုင်ခဲ့တာပါ။

ဟန်ဂေရီတိုက်စစ်မှူးဟောင်း ပွတ်ရှ်ကပ်စ်ကို ဂုဏ်ပြုချီးမြှင့်နေခဲ့တဲ့ ဆုရဲ့ သမိုင်းကြောင်းမှာတော့ ဒီနေ့က သမိုင်းသစ်တွင်တဲ့ နေ့ဖြစ်ပြီး မသန်စွမ်း ကစားသမားတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် ဒီဆုကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်သလို သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ ရွေးချယ်တင်ပြတဲ့ အကောင်းဆုံးဂိုးတွေထဲကမှ ဖီဖာရဲ့ အဆိုပြုဂိုးအဖြစ် လက်ခံမှု အပြီးမှာ မဲပေးမှုတွေရဲ့ အမြင့်ဆုံးကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

အိုလက်ဆီအနေနဲ့ နိုဝင်ဘာလ ၆ ရက်နေ့မှာ ဒီဂိုးကို ခက်ခက်ခဲခဲနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ သွင်းယူပြခဲ့တာဖြစ်ပြီး ပိုလန်ပထမတန်း မသန်စွမ်းပွဲစဉ်မှာ ညာခြမ်းကနေ အသင်းဖော်ရဲ့ ဖြတ်တင်ဘောကို ချိုင်းထောက်နှစ်ဖက်ကို ချိန်သားကိုက် ထောက်ကန်ပြီးမှ တစ်ဖက်တည်းရှိတဲ့ ညာခြေနဲ့ Overhead Kick ကန်သွင်းခဲ့တာက ဆားဘီးယားကို ပုံစံတူဂိုး သွင်းပြခဲ့တဲ့ ရစ်ချာလစ်ဆန်ထက်တောင် သာလွန်ခဲ့တာပါ။

ဒီဂိုးကြောင့် ဂျာနယ်လစ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိသွားခဲ့တဲ့ အိုလက်ဆီဟာ သူ့ရဲ့ သွင်းဂိုးက ကြက်ဂိုးမဟုတ်ကြောင်းကိုလည်း အသင်းရဲ့ ထရိန်နင်မှာ ပြန်လည်သရုပ်ပြ သွင်းယူပြခဲ့သေးတယ်လို့ သိရပြီး မနေ့ညက ဆုချီးမြှင့်ပွဲမှာတော့ တစ်နိုင်ငံတည်းသား နာမည်ကြီးတိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးနဲ့ တန်းတူ အားလုံးရဲ့ စိတ်ဝင်စားမှုတွေကိုလည်း သိမ်းကြုံး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အိုလက်ဆီက “ကျွန်တော့်အသင်းဖော် ဒေးဗစ် နိုဗက်က ဒီဘောလုံးကို ပေးခဲ့တာလေ”လို့ အသင်းဖော်ကို မှတ်မှတ်ရရ ထည့်သွင်းပြောကြားသွားခဲ့ပြီး “ဘောလုံးလာတာ မြင်လိုက်တော့ ဒီဘောလုံးကို ငါဦးရမယ်ဆိုပြီး ကြိုးစားကန်သွင်းနိုင်ခဲ့တာပါ။ ဘောလုံးကို ခြေနဲ့ ထိလိုက်ပြီးတာနဲ့ သူ့ရဲ့ သွားလမ်းကြောင်းကို ကျွန်တော် စောင့်ကြည့်နေခဲ့ပြီး ဂိုးပိုက်ရဲ့ ထောင့်ကို ဝင်သွားတာကို တွေ့လိုက်ရပါတယ်”

“ဒီလိုဂိုးမျိုးကို အမြဲတမ်း သွင်းချင်ခဲ့တာပါ။ ကျွန်တော် ဘယ်လောက်ပျော်ခဲ့သလဲဆိုတာ အဲ့ဒီတုန်းက မှတ်တမ်းကို ကြည့်ရင် ကျွန်တော့် မျက်နှာမှာ မြင်နိုင်မှာဖြစ်ပါတယ်။ ဂိုးလဲ ဝင်သွားရော ကျွန်တော် ခေါင်းမော့ရင်ကော့ပြီး ဝင့်ဝင့်ကြွားကြွားကြီး ရပ်လိုက်တယ်ဗျ။ သိပ်ကို ပျော်စရာ ကောင်းတာပေါ့ဗျာ”လို့ ဆုပေးပွဲအခမ်းအနားမှာ အိုလက်ဆီက ပြန်ပြောင်းပြောပြသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီဖာရဲ႕ ႏွစ္စဥ္ႏွစ္တိုင္း ခ်ီးျမႇင့္ေလ့ရွိတဲ့ တစ္ႏွစ္တာ အေကာင္းဆုံး သြင္းဂိုးဆုျဖစ္တဲ့ ပြတ္ရွ္ကပ္စ္ဆုကိုေတာ့ ခီလီယန္ အမ္ဘာေပ၊ မာရီယို ဘာလိုတယ္လီ၊ ရစ္ခ်ာလစ္ဆန္နဲ႔ ဒီမီထရီ ပါယက္တို႔လို နာမည္ႀကီးေတြကို ေက်ာ္ျဖတ္ၿပီး ပိုလန္ႏိုင္ငံသား ဗာတာ ပို႔ဇ္နန္တိုက္စစ္မႉး မသန္စြမ္း ကစားသမား မားစင္ အိုလက္ဆီက ရယူသြားႏိုင္ခဲ့ပါတယ္။

ဒီဆုဟာ လူတန္းစား ခြဲျခားခ်ီးျမႇင့္တဲ့ ဆုမ်ိဳး မဟုတ္ေၾကာင္းနဲ႔ နာမည္ႀကီးေတြကိုသာ ဘက္လိုက္ၿပီး မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါတဲ့ ဆုမ်ိဳး မဟုတ္ေၾကာင္းကို ၂၀၁၆ ခုႏွစ္က မေလးရွား ဆူပါလိဂ္ရဲ႕ တိုက္စစ္မႉး မို႔ဒ္ ဖိုက္ဇ္ ဆူဘရီကို ေပးအပ္ခဲ့တာနဲ႔ သက္ေသျပႏိုင္ခဲ့ၿပီး ဒီႏွစ္မွာလည္း တကယ့္ နာမည္ႀကီးေတြကို ေက်ာ္ျဖတ္ၿပီး အိုလက္ဆီက ရယူႏိုင္ခဲ့တာပါ။

ဟန္ေဂရီတိုက္စစ္မႉးေဟာင္း ပြတ္ရွ္ကပ္စ္ကို ဂုဏ္ျပဳခ်ီးျမႇင့္ေနခဲ့တဲ့ ဆုရဲ႕ သမိုင္းေၾကာင္းမွာေတာ့ ဒီေန႔က သမိုင္းသစ္တြင္တဲ့ ေန႔ျဖစ္ၿပီး မသန္စြမ္း ကစားသမားတစ္ေယာက္အေနနဲ႔ ပထမဆုံးအႀကိမ္ ဒီဆုကို ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္သလို သက္ဆိုင္ရာ ေဘာလုံးအဖြဲ႕ခ်ဳပ္ေတြရဲ႕ ေ႐ြးခ်ယ္တင္ျပတဲ့ အေကာင္းဆုံးဂိုးေတြထဲကမွ ဖီဖာရဲ႕ အဆိုျပဳဂိုးအျဖစ္ လက္ခံမႈ အၿပီးမွာ မဲေပးမႈေတြရဲ႕ အျမင့္ဆုံးကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။

အိုလက္ဆီအေနနဲ႔ ႏိုဝင္ဘာလ ၆ ရက္ေန႔မွာ ဒီဂိုးကို ခက္ခက္ခဲခဲနဲ႔ ကြၽမ္းက်င္ပိုင္ႏိုင္စြာ သြင္းယူျပခဲ့တာျဖစ္ၿပီး ပိုလန္ပထမတန္း မသန္စြမ္းပြဲစဥ္မွာ ညာျခမ္းကေန အသင္းေဖာ္ရဲ႕ ျဖတ္တင္ေဘာကို ခ်ိဳင္းေထာက္ႏွစ္ဖက္ကို ခ်ိန္သားကိုက္ ေထာက္ကန္ၿပီးမွ တစ္ဖက္တည္းရွိတဲ့ ညာေျခနဲ႔ Overhead Kick ကန္သြင္းခဲ့တာက ဆားဘီးယားကို ပုံစံတူဂိုး သြင္းျပခဲ့တဲ့ ရစ္ခ်ာလစ္ဆန္ထက္ေတာင္ သာလြန္ခဲ့တာပါ။

ဒီဂိုးေၾကာင့္ ဂ်ာနယ္လစ္ေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိသြားခဲ့တဲ့ အိုလက္ဆီဟာ သူ႔ရဲ႕ သြင္းဂိုးက ၾကက္ဂိုးမဟုတ္ေၾကာင္းကိုလည္း အသင္းရဲ႕ ထရိန္နင္မွာ ျပန္လည္သ႐ုပ္ျပ သြင္းယူျပခဲ့ေသးတယ္လို႔ သိရၿပီး မေန႔ညက ဆုခ်ီးျမႇင့္ပြဲမွာေတာ့ တစ္ႏိုင္ငံတည္းသား နာမည္ႀကီးတိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးနဲ႔ တန္းတူ အားလုံးရဲ႕ စိတ္ဝင္စားမႈေတြကိုလည္း သိမ္းႀကဳံး ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အိုလက္ဆီက “ကြၽန္ေတာ့္အသင္းေဖာ္ ေဒးဗစ္ ႏိုဗက္က ဒီေဘာလုံးကို ေပးခဲ့တာေလ”လို႔ အသင္းေဖာ္ကို မွတ္မွတ္ရရ ထည့္သြင္းေျပာၾကားသြားခဲ့ၿပီး “ေဘာလုံးလာတာ ျမင္လိုက္ေတာ့ ဒီေဘာလုံးကို ငါဦးရမယ္ဆိုၿပီး ႀကိဳးစားကန္သြင္းႏိုင္ခဲ့တာပါ။ ေဘာလုံးကို ေျခနဲ႔ ထိလိုက္ၿပီးတာနဲ႔ သူ႔ရဲ႕ သြားလမ္းေၾကာင္းကို ကြၽန္ေတာ္ ေစာင့္ၾကည့္ေနခဲ့ၿပီး ဂိုးပိုက္ရဲ႕ ေထာင့္ကို ဝင္သြားတာကို ေတြ႕လိုက္ရပါတယ္”

“ဒီလိုဂိုးမ်ိဳးကို အၿမဲတမ္း သြင္းခ်င္ခဲ့တာပါ။ ကြၽန္ေတာ္ ဘယ္ေလာက္ေပ်ာ္ခဲ့သလဲဆိုတာ အဲ့ဒီတုန္းက မွတ္တမ္းကို ၾကည့္ရင္ ကြၽန္ေတာ့္ မ်က္ႏွာမွာ ျမင္ႏိုင္မွာျဖစ္ပါတယ္။ ဂိုးလဲ ဝင္သြားေရာ ကြၽန္ေတာ္ ေခါင္းေမာ့ရင္ေကာ့ၿပီး ဝင့္ဝင့္ႂကြားႂကြားႀကီး ရပ္လိုက္တယ္ဗ်။ သိပ္ကို ေပ်ာ္စရာ ေကာင္းတာေပါ့ဗ်ာ”လို႔ ဆုေပးပြဲအခမ္းအနားမွာ အိုလက္ဆီက ျပန္ေျပာင္းေျပာျပသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.