Premier League

မန်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ထူးဆန်းတဲ့ဒဏ်ရာရခဲ့တဲ့ ရာဖင်ညာ

ဘောလုံးလောကမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထူးဆန်းတဲ့ဒဏ်ရာတွေ အများအပြား မြင်တွေ့ခဲ့ရပေမယ့်လည်း ဘာစီလိုနာကြယ်ပွင့် ရာဖင်ညာဟာ အထူးဆန်းဆုံး ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ နှစ်ပေါင်းအတော်ကြာပြီးနောက် ယူရိုပါလိဂ် play-off အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး ဘရာဇီးလ်တောင်ပံကြယ်ပွင့် ရာဖင်ညာဟာ ပထမအကျော့ နူးကမ့်ကပွဲမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ရာဖင်ညာရဲ့ သွင်းဂိုးကြောင့် ဒုတိယအကျော့ အိုးထရက်ဖို့ဒ်က ပွဲစဉ်အတွက် စိတ်လှုပ်ရှားစရာ ကောင်းလာခဲ့တာဖြစ်ပေမယ့်လည်း ဖရက်ဒ်နဲ့ အန်တိုနီတို့ရဲ့ သွင်းဂိုးတွေကြောင့် မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ရာဖင်ညာအတွက် လိဒ်စ်ယူနိုက်တက်ကို ပေါင် ၅၅ သန်း ပေးချေခဲ့ရပေမယ့်လည်း တောင်ပံကစားသမားရဲ့ နူးကမ့်က ပထမဆုံးရာသီက ထင်ထားသလို ဖြစ်မလာခဲ့တာဖြစ်ပြီး ယခုရာသီ ၃၄ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ထားပေမယ့်လည်း ပုံမှန်ပွဲထွက်ခွင့်ရကစားသမားအဖြစ် အာမခံချက်မရရှိထားတာဖြစ်ပါတယ်။

ရာဖင်ညာဟာ ၁၄ ပွဲအထိ အရန်ခုံကနေ ဝင်ကစားခဲ့ရတာ ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ စိတ်ပျက်စရာတွေက ၎င်းရဲ့ ခြေစွမ်းထက် ပိုမိုကောင်းမွန်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ် ပွဲကစားချိန် နှောင်းပိုင်းမှာ အဲဒီလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

အရေးကြီးတဲ့ ချေပဂိုးကို သွင်းယူပြီးနောက် ၆ မိနစ်အကြာမှာ ရာဖင်ညာကို နည်းပြ ဇာဗီက လူစားလဲလှယ်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ အိမ်ရှင်းအသင်းဘက်မှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပေမယ့်လည်း လူစားလဲမခံရအောင် တားဆီးနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားဟာ အရန်ခုံတန်းက ထိုင်ခုံတွေထဲက တစ်ခုံကို လက်သီးနဲ့ ထိုးနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး Mundo Deportivo ရဲ့ ဖော်ပြချက်အရ ကစားသမားတွေအတွက် ရေဗူးတွေ ထည့်ထားတဲ့ ရေခဲပုံးကိုလည်း ကန်ခဲ့တယ်လို့ သိရပါတယ်။ ရာဖင်ညာဟာ ၎င်းရဲ့ ဒူးခေါင်း နာကျင်သွားခဲ့တာကြောင့် လျင်လျင်မြန်မြန်ပဲ စိတ်လိုက်မာန်ပါလုပ်မိခဲ့တာကို နောင်တရခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး လာလီဂါပွဲစဉ်အဖြစ် ကဒစ်ဇ်နဲ့ ကစားခဲ့တဲ့ နောက်လာမယ့်ပွဲစဉ်ကို အဲဒီဒဏ်ရာကြောင့် ပွဲထွက်ပါဝင်ကစားခွင့် မရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရာဖင်ညာဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာတော့ ပွဲထွက်လူစာရင်းထဲကို ပြန်လည်ပါဝင်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့ညက အယ်လ်မီးရီးယားကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့်လည်း ဇာဗီက ပထမပိုင်းအပြီးမှာ ဘရာဇီးလ်ကြယ်ပွင့်ကို လူစားဝင်ကစားခွင့်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလုံးေလာကမွာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ထူးဆန္းတဲ့ဒဏ္ရာေတြ အမ်ားအျပား ျမင္ေတြ႕ခဲ့ရေပမယ့္လည္း ဘာစီလိုနာၾကယ္ပြင့္ ရာဖင္ညာဟာ အထူးဆန္းဆုံး ဒဏ္ရာကို ရရွိခဲ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ၿပီးခဲ့တဲ့အပတ္မွာ ဘာစီလိုနာနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ ႏွစ္ေပါင္းအေတာ္ၾကာၿပီးေနာက္ ယူ႐ိုပါလိဂ္ play-off အဆင့္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားခဲ့ၾကတာျဖစ္ၿပီး ဘရာဇီးလ္ေတာင္ပံၾကယ္ပြင့္ ရာဖင္ညာဟာ ပထမအေက်ာ့ ႏူးကမ့္ကပြဲမွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ လိဒ္စ္ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းဟာ ဘာစီလိုနာနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အလြန္ေကာင္းမြန္တဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ရာဖင္ညာရဲ႕ သြင္းဂိုးေၾကာင့္ ဒုတိယအေက်ာ့ အိုးထရက္ဖို႔ဒ္က ပြဲစဥ္အတြက္ စိတ္လႈပ္ရွားစရာ ေကာင္းလာခဲ့တာျဖစ္ေပမယ့္လည္း ဖရက္ဒ္နဲ႔ အန္တိုနီတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္က ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ရာဖင္ညာအတြက္ လိဒ္စ္ယူႏိုက္တက္ကို ေပါင္ ၅၅ သန္း ေပးေခ်ခဲ့ရေပမယ့္လည္း ေတာင္ပံကစားသမားရဲ႕ ႏူးကမ့္က ပထမဆုံးရာသီက ထင္ထားသလို ျဖစ္မလာခဲ့တာျဖစ္ၿပီး ယခုရာသီ ၃၄ ပြဲမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ျပဳလုပ္ထားေပမယ့္လည္း ပုံမွန္ပြဲထြက္ခြင့္ရကစားသမားအျဖစ္ အာမခံခ်က္မရရွိထားတာျဖစ္ပါတယ္။

ရာဖင္ညာဟာ ၁၄ ပြဲအထိ အရန္ခုံကေန ဝင္ကစားခဲ့ရတာ ျဖစ္ၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ကစားသမားဟာ စိတ္ပ်က္စရာေတြက ၎ရဲ႕ ေျခစြမ္းထက္ ပိုမိုေကာင္းမြန္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္ ပြဲကစားခ်ိန္ ေႏွာင္းပိုင္းမွာ အဲဒီလို ျဖစ္ခဲ့တာျဖစ္ပါတယ္။

အေရးႀကီးတဲ့ ေခ်ပဂိုးကို သြင္းယူၿပီးေနာက္ ၆ မိနစ္အၾကာမွာ ရာဖင္ညာကို နည္းျပ ဇာဗီက လူစားလဲလွယ္ခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ဟာ အိမ္ရွင္းအသင္းဘက္မွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့ေပမယ့္လည္း လူစားလဲမခံရေအာင္ တားဆီးႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ဘရာဇီးလ္ေတာင္ပံကစားသမားဟာ အရန္ခုံတန္းက ထိုင္ခုံေတြထဲက တစ္ခုံကို လက္သီးနဲ႔ ထိုးေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး Mundo Deportivo ရဲ႕ ေဖာ္ျပခ်က္အရ ကစားသမားေတြအတြက္ ေရဗူးေတြ ထည့္ထားတဲ့ ေရခဲပုံးကိုလည္း ကန္ခဲ့တယ္လို႔ သိရပါတယ္။ ရာဖင္ညာဟာ ၎ရဲ႕ ဒူးေခါင္း နာက်င္သြားခဲ့တာေၾကာင့္ လ်င္လ်င္ျမန္ျမန္ပဲ စိတ္လိုက္မာန္ပါလုပ္မိခဲ့တာကို ေနာင္တရခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး လာလီဂါပြဲစဥ္အျဖစ္ ကဒစ္ဇ္နဲ႔ ကစားခဲ့တဲ့ ေနာက္လာမယ့္ပြဲစဥ္ကို အဲဒီဒဏ္ရာေၾကာင့္ ပြဲထြက္ပါဝင္ကစားခြင့္ မရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရာဖင္ညာဟာ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ဒုတိယအေက်ာ့ပြဲစဥ္မွာေတာ့ ပြဲထြက္လူစာရင္းထဲကို ျပန္လည္ပါဝင္ႏိုင္ခဲ့ၿပီး တနဂၤေႏြေန႔ညက အယ္လ္မီးရီးယားကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရေပမယ့္လည္း ဇာဗီက ပထမပိုင္းအၿပီးမွာ ဘရာဇီးလ္ၾကယ္ပြင့္ကို လူစားဝင္ကစားခြင့္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.