Premier League

VAR အပေါ် ဝေဖန်မှုတွေရှိနေချိန်မှာ ရာသီကုန် အနားယူတော့မယ့် VAR အကြီးအကဲ

ပရီးမီးယားလိဂ် VAR လည်ပတ်မှုရဲ့ အကြီးအကဲဖြစ်တဲ့ နေးလ် ဆွာဘရစ်ခ်ဟာ ယခုရာသီကုန်မှာ တာဝန်ကနေ အနားယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆွာဘရစ်ခ်ဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ VAR ကို စတင်မိတ်ဆက်ခဲ့တဲ့အချိန်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး The Athletic ရဲ့ ဖော်ပြချက်အရ ဆွာဘရစ်ဇ်ရဲ့အနားယူမှုဟာ မကြာသေးမီက အငြင်းပွားစရာတွေနဲ့မဆိုင်ဘဲ အနားယူဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဆွာဘရစ်ခ်ဟာ ယခုလအစောပိုင်းမှာ VAR ရဲ့ ဆက်တိုက် အမှားကျူးလွန်မှုတွေ အပြီးမှာ ဝေဖန်ပြစ်တင်ခြင်းခံခဲ့ရတဲ့ ဒိုင်လူကြီးတွေထဲမှာ အပါအဝင်ဖြစ်ခဲ့တာဖြစ်ပြီး VAR ဒိုင်လူကြီးဟာ ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးတို့ ၁-၁ နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်း တိုမက်စ် ဆူးချက်ရဲ့လက်ထိဘောကို မမြင်တွေ့ခဲ့တဲ့အကြောင်း ဒိုင်လူကြီး ခရိတ် ပေါ်ဆင်ကို အသိမပေးခဲ့တာဖြစ်ပါတယ်။

VAR အကြီးအကဲ ဆွာဘရစ်ခ်ဟာ အဲဒီပွဲစဉ်တွေအပြီးမှာ VAR တာဝန်ကနေ လီး မေဆန်နဲ့အတူ ဖယ်ရှားခြင်းခံခဲ့ရတာဖြစ်ပြီး မေဆန်ဟာ အာဆင်နယ်နဲ့ ဘရန့်တ်ဖို့ဒ်တို့ ၁-၁ နဲ့ သရေကျခဲ့တဲ့ပွဲမှာ လူကျွံမျဉ်းကို ဆွဲဖို့ မေ့ခဲ့တာကြောင့် အိုင်ဗန် တိုနီရဲ့ လူကျွံသွင်းဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အဲဒီအမှား ကျူးလွန်မှုအပြီးမှာ လီး မေဆန်ဟာ PGMOL နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီး ဘရိုက်တန်အသင်းကလည်း ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ အက်စတူပီနန်ရဲ့ နောက်ကျအနိုင်ဂိုးကို VAR က မှားယွင်းတဲ့ နောက်ခံလူနဲ့ မျဉ်းဆွဲခဲ့တာကြောင့် လူကျွံဘောအဖြစ် မှားယွင်းပယ်ဖျက်ခြင်းကို ခံခဲ့တာ ဖြစ်ပါတယ်။

ဆွာဘရစ်ခ်ဟာ VAR အကြီးအကဲအဖြစ် တာဝန်မယူခင် ၂၀၁၇-၂၀၁၈ ရာသီကုန်မှာ ဒိုင်လူကြီးဘဝကနေ အနားမယူမီ ပွဲ ၉၀၀ ကျော် ကိုင်တွယ်ခဲ့သူဖြစ်ပြီး VAR အသုံးပြုမှုက ပရီးမီးယားလိဂ်မှာ အငြင်းပွားစရာတွေ၊ အမှားတွေနဲ့ ပွဲနှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ဝေဖန်မှုတွေက ယခုအပတ်မှာ ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေဟာ စပါးစ်နဲ့ပွဲမှာ ဇီယက်ရှ်ကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပြီးမှ ဒိုင်လူကြီး စတူးအက် အတ်ဝဲလ်က VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် အနီကတ်ကို ပယ်ဖျက်ခဲ့ပြီးနောက် VAR ကို လိုသလို အသုံးချနေတယ်လို့ စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ တော့တင်ဟမ်ဟော့စပါးကွင်းမှာ ပွဲကစားချိန်ကို ၅ မိနစ်အထိ ကြန့်ကြာစေခဲ့ပြီး ဆွာဘရစ်ခ်ရဲ့နေရာမှာ ဆက်ခံမယ့်သူကတော့ ဒီနေ့အထိ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ VAR လည္ပတ္မႈရဲ႕ အႀကီးအကဲျဖစ္တဲ့ ေနးလ္ ဆြာဘရစ္ခ္ဟာ ယခုရာသီကုန္မွာ တာဝန္ကေန အနားယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဆြာဘရစ္ခ္ဟာ ၂၀၁၉-၂၀၂၀ ရာသီမွာ VAR ကို စတင္မိတ္ဆက္ခဲ့တဲ့အခ်ိန္ကတည္းက တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ၿပီး The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ဆြာဘရစ္ဇ္ရဲ႕အနားယူမႈဟာ မၾကာေသးမီက အျငင္းပြားစရာေတြနဲ႔မဆိုင္ဘဲ အနားယူဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားတာျဖစ္တယ္လို႔ သိရပါတယ္။

ဆြာဘရစ္ခ္ဟာ ယခုလအေစာပိုင္းမွာ VAR ရဲ႕ ဆက္တိုက္ အမွားက်ဴးလြန္မႈေတြ အၿပီးမွာ ေဝဖန္ျပစ္တင္ျခင္းခံခဲ့ရတဲ့ ဒိုင္လူႀကီးေတြထဲမွာ အပါအဝင္ျဖစ္ခဲ့တာျဖစ္ၿပီး VAR ဒိုင္လူႀကီးဟာ ဝက္စ္ဟမ္းနဲ႔ ခ်ဲလ္ဆီးတို႔ ၁-၁ နဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္အတြင္း တိုမက္စ္ ဆူးခ်က္ရဲ႕လက္ထိေဘာကို မျမင္ေတြ႕ခဲ့တဲ့အေၾကာင္း ဒိုင္လူႀကီး ခရိတ္ ေပၚဆင္ကို အသိမေပးခဲ့တာျဖစ္ပါတယ္။

VAR အႀကီးအကဲ ဆြာဘရစ္ခ္ဟာ အဲဒီပြဲစဥ္ေတြအၿပီးမွာ VAR တာဝန္ကေန လီး ေမဆန္နဲ႔အတူ ဖယ္ရွားျခင္းခံခဲ့ရတာျဖစ္ၿပီး ေမဆန္ဟာ အာဆင္နယ္နဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔ ၁-၁ နဲ႔ သေရက်ခဲ့တဲ့ပြဲမွာ လူကြၽံမ်ဥ္းကို ဆြဲဖို႔ ေမ့ခဲ့တာေၾကာင့္ အိုင္ဗန္ တိုနီရဲ႕ လူကြၽံသြင္းဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ အဲဒီအမွား က်ဴးလြန္မႈအၿပီးမွာ လီး ေမဆန္ဟာ PGMOL နဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့ၿပီး ဘ႐ိုက္တန္အသင္းကလည္း ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲစဥ္မွာ အက္စတူပီနန္ရဲ႕ ေနာက္က်အႏိုင္ဂိုးကို VAR က မွားယြင္းတဲ့ ေနာက္ခံလူနဲ႔ မ်ဥ္းဆြဲခဲ့တာေၾကာင့္ လူကြၽံေဘာအျဖစ္ မွားယြင္းပယ္ဖ်က္ျခင္းကို ခံခဲ့တာ ျဖစ္ပါတယ္။

ဆြာဘရစ္ခ္ဟာ VAR အႀကီးအကဲအျဖစ္ တာဝန္မယူခင္ ၂၀၁၇-၂၀၁၈ ရာသီကုန္မွာ ဒိုင္လူႀကီးဘဝကေန အနားမယူမီ ပြဲ ၉၀၀ ေက်ာ္ ကိုင္တြယ္ခဲ့သူျဖစ္ၿပီး VAR အသုံးျပဳမႈက ပရီးမီးယားလိဂ္မွာ အျငင္းပြားစရာေတြ၊ အမွားေတြနဲ႔ ပြဲေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြ ျဖစ္ေစခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ ေဝဖန္မႈေတြက ယခုအပတ္မွာ ထြက္ေပၚလာခဲ့ၿပီး ပရိသတ္ေတြဟာ စပါးစ္နဲ႔ပြဲမွာ ဇီယက္ရွ္ကို အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ၿပီးမွ ဒိုင္လူႀကီး စတူးအက္ အတ္ဝဲလ္က VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္ အနီကတ္ကို ပယ္ဖ်က္ခဲ့ၿပီးေနာက္ VAR ကို လိုသလို အသုံးခ်ေနတယ္လို႔ စြပ္စြဲခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းမွာ ပြဲကစားခ်ိန္ကို ၅ မိနစ္အထိ ၾကန႔္ၾကာေစခဲ့ၿပီး ဆြာဘရစ္ခ္ရဲ႕ေနရာမွာ ဆက္ခံမယ့္သူကေတာ့ ဒီေန႔အထိ မသတ္မွတ္ရေသးဘူးလို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.