Premier League

မာတီနက်ဇ်ကို သွားလေရာ ဖလားရသူလို့ ချီးကျူးခဲ့တဲ့ ဂန်းနားကြယ်ပွင့်ဟောင်း

အာဆင်နယ်ဂိုးသမားဟောင်း အီမီလီယာနို မာတီနက်ဇ်က မန်ချက်စတာယူနိုက်တက်နဲ့အတူ ကာရာဘောင်းဖလားကို ပထမဆုံးဆုဖလားအဖြစ် အနိုင်ရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းဖော် လီဆန်ဒရို မာတီနက်ဇ်ကို သတင်းစကားပေးပို့ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝင်ဘလေကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ဆက်တိုက်သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် တန်ဟက်လက်ထက်မှာ ပထမဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာစီမီရိုက ပွဲကစားချိန် မိနစ် ၃၀ ပြည့်ပြီးသိပ်မကြာခင်မှာပဲ လုခ် ရှောရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ပုံမှန်ခြေစွမ်း ရရှိနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံခြမ်းကနေ ဆွဲပြေးလာပြီး ကန်သွင်းခဲ့တဲ့ဘောလုံးဟာ ဆဗင် ဘော့တ်မန်းနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ် ယူနိုက်တက်အသင်းဟာ ဝင်ဘလေကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ခြိမ်းခြောက်မှုအနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပြီး တန်ဟက်ရဲ့အသင်းက တော်တော်လေး သက်တောင့်သက်သာနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ လီဆန်ဒရို မာတီနက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ဝင်ဘလေကွင်းက ဗိုလ်လုပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး နောက်ဆုံးမှာတော့ အင်္ဂလိပ်ကလပ်အသင်းနဲ့ ပထမဆုံးသော ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ နိုင်ပွဲရရှိခဲ့ပြီးနောက် မာတီနက်ဇ်က အင်စတာဂရမ်မှာ “လိဂ်ဖလား ချန်ပီယံတွေ။ ဒီမှာ ကျွန်တော့်ရဲ့ ပထမဆုံးဆုဖလားကို ရရှိခဲ့လို့ အရမ်းပျော်တယ်။ ဒါပေမယ့် အထူးသဖြင့် မန်ချက်စတာယူနိုက်တက်မိသားစုအားလုံးအတွက် ပိုပျော်ရပါတယ်။ ဒီအောင်မြင်မှုကို ခံစားပြီး နောက်ထပ် ဆုဖလားတွေအတွက် ဆက်သွားကြရအောင် ယူနိုက်တက်”ဆိုတဲ့ စာသားနဲ့အတူ ကာရာဘောင်းဖလားနဲ့ အောင်ပွဲခံနေတဲ့ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာကြယ်ပွင့် အီမီလီယာနို မာတီနက်ဇ်က မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားရဲ့ ပို့စ်အောက်မှာ “နေရာတိုင်းမှာ အနိုင်ရနေတယ်”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

အီမီလီယာနို မာတီနက်ဇ်နဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ဟာ ကာတာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ကြသူတွေဖြစ်ပြီး အက်စတန် ဗီလာဂိုးသမားက ပင်နယ်တီအဆုံးအဖြတ်မှာ လက်စွမ်းပြပြီး တောင်အမေရိကအသင်းအတွက် ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားအောင်မြင်မှုကို ရယူပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂိုးသမားေဟာင္း အီမီလီယာႏို မာတီနက္ဇ္က မန္ခ်က္စတာယူႏိုက္တက္နဲ႔အတူ ကာရာေဘာင္းဖလားကို ပထမဆုံးဆုဖလားအျဖစ္ အႏိုင္ရရွိခဲ့တဲ့ အာဂ်င္တီးနားအသင္းေဖာ္ လီဆန္ဒ႐ို မာတီနက္ဇ္ကို သတင္းစကားေပးပို႔ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဝင္ဘေလကြင္းမွာ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ပထမပိုင္းမွာ ဆက္တိုက္သြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ တန္ဟက္လက္ထက္မွာ ပထမဆုံး ဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ကာစီမီ႐ိုက ပြဲကစားခ်ိန္ မိနစ္ ၃၀ ျပည့္ၿပီးသိပ္မၾကာခင္မွာပဲ လုခ္ ေရွာရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ အလြန္ေကာင္းမြန္တဲ့ ေခါင္းတိုက္ခ်က္နဲ႔ ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ ပုံမွန္ေျခစြမ္း ရရွိေနတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ဘယ္ေတာင္ပံျခမ္းကေန ဆြဲေျပးလာၿပီး ကန္သြင္းခဲ့တဲ့ေဘာလုံးဟာ ဆဗင္ ေဘာ့တ္မန္းနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့တာေၾကာင့္ ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းဟာ ဝင္ဘေလကြင္းမွာ မန္ခ်က္စတာယူႏိုက္တက္ကို ၿခိမ္းေျခာက္မႈအနည္းငယ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး တန္ဟက္ရဲ႕အသင္းက ေတာ္ေတာ္ေလး သက္ေတာင့္သက္သာနဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံ လီဆန္ဒ႐ို မာတီနက္ဇ္ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ဝင္ဘေလကြင္းက ဗိုလ္လုပြဲမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ အဂၤလိပ္ကလပ္အသင္းနဲ႔ ပထမဆုံးေသာ ဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ႏိုင္ပြဲရရွိခဲ့ၿပီးေနာက္ မာတီနက္ဇ္က အင္စတာဂရမ္မွာ “လိဂ္ဖလား ခ်န္ပီယံေတြ။ ဒီမွာ ကြၽန္ေတာ့္ရဲ႕ ပထမဆုံးဆုဖလားကို ရရွိခဲ့လို႔ အရမ္းေပ်ာ္တယ္။ ဒါေပမယ့္ အထူးသျဖင့္ မန္ခ်က္စတာယူႏိုက္တက္မိသားစုအားလုံးအတြက္ ပိုေပ်ာ္ရပါတယ္။ ဒီေအာင္ျမင္မႈကို ခံစားၿပီး ေနာက္ထပ္ ဆုဖလားေတြအတြက္ ဆက္သြားၾကရေအာင္ ယူႏိုက္တက္”ဆိုတဲ့ စာသားနဲ႔အတူ ကာရာေဘာင္းဖလားနဲ႔ ေအာင္ပြဲခံေနတဲ့ပုံကို တင္ခဲ့တာျဖစ္ပါတယ္။

အက္စတန္ ဗီလာၾကယ္ပြင့္ အီမီလီယာႏို မာတီနက္ဇ္က မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမားရဲ႕ ပို႔စ္ေအာက္မွာ “ေနရာတိုင္းမွာ အႏိုင္ရေနတယ္”လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

အီမီလီယာႏို မာတီနက္ဇ္နဲ႔ လီဆန္ဒ႐ို မာတီနက္ဇ္တို႔ဟာ ကာတာက ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားနဲ႔အတူ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၾကသူေတြျဖစ္ၿပီး အက္စတန္ ဗီလာဂိုးသမားက ပင္နယ္တီအဆုံးအျဖတ္မွာ လက္စြမ္းျပၿပီး ေတာင္အေမရိကအသင္းအတြက္ ၁၉၈၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ကမာၻ႔ဖလားေအာင္ျမင္မႈကို ရယူေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.