Premier League

ပွဲအပြီးမှာ ဘရူနို ဖာနန်ဒက်စ်ကို ကွိုင်သွားရှာခဲ့တဲ့ ကာစီမီရို

ကာစီမီရိုဟာ နောက်ထပ်တစ်ကြိမ် ဘာကြောင့် အနိုင်ရရှိသူဖြစ်နေတာလဲဆိုတာကို ကာရာဘောင်းဖလားကို အနိုင်ရရှိခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဖော် ဘရူနို ဖာနန်ဒက်စ်နဲ့ဖြစ်စဉ်မှာ သက်သေပြသခဲ့ပါတယ်။

ကွင်းပြင်ပမှာ အဲရစ် တန်ဟက်က မန်ချက်စတာယူနိုက်တက်မှာ ပြီးခဲ့တဲ့ရာသီတုန်းက ကင်းမဲ့နေပုံပေါ်ခဲ့တဲ့ စိတ်အားတက်ကြွမှု၊ စိတ်ဆန္ဒပြင်းပြမှုနဲ့ အရည်အသွေးတွေကို ရရှိအောင် လုံးဝ ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ရဲ့ လုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကာစီမီရိုက ကြီးကြီးမားမား အကူအညီပေးခဲ့ပြီး အဲဒီအချိန်တုန်းက အများစုက အသက် ၃၀ အရွယ်ကွင်းလယ်ကစားသမားဟာ အားသိပ်စိုက်မထုတ်ဘဲ ကြီးမားတဲ့လစာပမာဏရယူဖို့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာတာဖြစ်တယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်က အဲဒီထင်မြင်ချက်တွေက မဟုတ်မှန်ကြောင်း သက်သေပြသခဲ့ပြီး ပြီးခဲ့တဲ့ ယူရိုပါလိဂ် play-off အဆင့်အဖြစ် ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ပွဲမှာ ၂ ထပ်ပိတ်ဆို့မှုနဲ့အတူ ဘယ်လောက်အထိ အသင်းအပေါ် ဂရုစိုက်လဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းက ဝင်ဘလေမှာ နယူးကာဆယ်လ် ယူနိုက်တက်ကို အနိုင်ယူပြီး ၆ နှစ်ကြာ ဆုဖလားပျောက်ဆုံးနေမှုကို အဆုံးသတ်ခဲ့တဲ့ပွဲမှာလည်း နောက်ထပ်တစ်ကြိမ် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းက မရှိမဖြစ် အရေးပါခဲ့တာ ဖြစ်ပါတယ်။

ကာစီမီရိုဟာ လုခ် ရှောရဲ့ ပထမပိုင်း အလွတ်တည်ကန်ဘောကို ခေါင်းတိုက်ဂိုးသွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး VAR က ပြန်လည်စစ်ဆေးခဲ့ပေမယ့်လည်း လူကျွံအနေအထားမှာ မရှိနေခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ၎င်းရဲ့ စွမ်းဆောင်ရည်ကြောင့် ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုကို ပေးအပ်ခြင်းခံခဲ့ရပေမယ့်လည်း ပွဲအပြီးမှာ လုပ်ခဲ့တဲ့အရာတစ်ခုက အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပြီး ၉၃ မိနစ်မှာ ဖာနန်ဒက်စ်ဟာ ဂျေဒန် ဆန်ချိုကို ပေးပြီး ၃-၀ ဖြစ်အောင် လုပ်နိုင်မယ့် လွယ်ကူတဲ့အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ လူမပေးဘဲ ကိုယ့်ဘာသာကိုယ် ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့တာကြောင့် ကားရီးယပ်စ်အတွက် ဂိုးကာကွယ်မှုပြုလုပ်ဖို့ လွယ်ကူခဲ့တာ ဖြစ်ပြီး ပွဲအပြီးမှာ ကာစီမီရိုက အခွင့်အရေးရချိန်မှာ လူမပေးခဲ့တဲ့ အသင်းဖော် ဘရူနို ဖာနန်ဒက်စ် အောင်ပွဲခံနေရတာကို ကြားဝင် ဆူပူပြီးမှ အောင်ပွဲဆက်ခံခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ကာစီမီရိုရဲ့ အံ့မခန်း ပြင်းထန်တဲ့ စိတ်ဓာတ်ပိုင်းကို သဘောကျနှစ်သက်ခဲ့ကြပြီး ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

“အဲဒီစိတ်ဓာတ်ကြောင့်ပဲ သူက အနိုင်ရရှိသူဖြစ်နေတာ”လို့ ပရိသတ်တစ်ဦးက ပြောဆိုခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီလို စိတ်ဓာတ်မျိုးတော့ ကြိုက်ပြီး။ အရမ်းကောင်းတဲ့လူ။ ဈေးကြီးပေးခဲ့ရပေမယ့် အဲဒီတန်ဖိုးအတိုင်း ပြုမူတယ်။ ထိန်းသိမ်းထားတယ်။ ရီးရဲလ်မက်ဒရစ်က သူနဲ့ ဆုဖလားတွေ အများကြီးရခဲ့တာ မအံ့သြတော့ပါဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က ကာစီမီရိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကြား အချေအတင် ငြင်းခုံခဲ့ကြတဲ့ဖြစ်စဉ်ကို မြင်တွေ့ခဲ့ပြီး ဘရာဇီးလ်ကွင်းလယ်ကစားသမားရဲ့ စိတ်ဓာတ်ကို နှစ်သက်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူတို့တွေ အဲဒီမှာ အငြင်းအခုံဖြစ်နေကြတာလား။ အင်း။ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ အဲဒါကို ကြိုက်တယ်။ သူတို့တွေ ဘာအကြောင်းနဲ့ ငြင်းခုံနေကြလဲတော့ မသိဘူး။ ဒါပေမယ့် အဲဒါက သူတို့အနေနဲ့ ဂရုစိုက်တယ်ဆိုတာကို ပြသနေတာပါ”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကာစီမီ႐ိုဟာ ေနာက္ထပ္တစ္ႀကိမ္ ဘာေၾကာင့္ အႏိုင္ရရွိသူျဖစ္ေနတာလဲဆိုတာကို ကာရာေဘာင္းဖလားကို အႏိုင္ရရွိခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ျဖစ္စဥ္မွာ သက္ေသျပသခဲ့ပါတယ္။

ကြင္းျပင္ပမွာ အဲရစ္ တန္ဟက္က မန္ခ်က္စတာယူႏိုက္တက္မွာ ၿပီးခဲ့တဲ့ရာသီတုန္းက ကင္းမဲ့ေနပုံေပၚခဲ့တဲ့ စိတ္အားတက္ႂကြမႈ၊ စိတ္ဆႏၵျပင္းျပမႈနဲ႔ အရည္အေသြးေတြကို ရရွိေအာင္ လုံးဝ ေျပာင္းလဲေပးခဲ့တာ ျဖစ္ပါတယ္။ တန္ဟက္ရဲ႕ လုပ္ငန္းစဥ္ေတြကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ေခၚယူခဲ့တဲ့ ကာစီမီ႐ိုက ႀကီးႀကီးမားမား အကူအညီေပးခဲ့ၿပီး အဲဒီအခ်ိန္တုန္းက အမ်ားစုက အသက္ ၃၀ အ႐ြယ္ကြင္းလယ္ကစားသမားဟာ အားသိပ္စိုက္မထုတ္ဘဲ ႀကီးမားတဲ့လစာပမာဏရယူဖို႔ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာတာျဖစ္တယ္လို႔ ထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္က အဲဒီထင္ျမင္ခ်က္ေတြက မဟုတ္မွန္ေၾကာင္း သက္ေသျပသခဲ့ၿပီး ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္ play-off အဆင့္အျဖစ္ ဘာစီလိုနာနဲ႔ ကစားခဲ့တဲ့ပြဲမွာ ၂ ထပ္ပိတ္ဆို႔မႈနဲ႔အတူ ဘယ္ေလာက္အထိ အသင္းအေပၚ ဂ႐ုစိုက္လဲဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ဝင္ဘေလမွာ နယူးကာဆယ္လ္ ယူႏိုက္တက္ကို အႏိုင္ယူၿပီး ၆ ႏွစ္ၾကာ ဆုဖလားေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ခဲ့တဲ့ပြဲမွာလည္း ေနာက္ထပ္တစ္ႀကိမ္ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းက မရွိမျဖစ္ အေရးပါခဲ့တာ ျဖစ္ပါတယ္။

ကာစီမီ႐ိုဟာ လုခ္ ေရွာရဲ႕ ပထမပိုင္း အလြတ္တည္ကန္ေဘာကို ေခါင္းတိုက္ဂိုးသြင္းယူၿပီး အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး VAR က ျပန္လည္စစ္ေဆးခဲ့ေပမယ့္လည္း လူကြၽံအေနအထားမွာ မရွိေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ ၎ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကို ေပးအပ္ျခင္းခံခဲ့ရေပမယ့္လည္း ပြဲအၿပီးမွာ လုပ္ခဲ့တဲ့အရာတစ္ခုက အားလုံးရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့တာ ျဖစ္ၿပီး ၉၃ မိနစ္မွာ ဖာနန္ဒက္စ္ဟာ ေဂ်ဒန္ ဆန္ခ်ိဳကို ေပးၿပီး ၃-၀ ျဖစ္ေအာင္ လုပ္ႏိုင္မယ့္ လြယ္ကူတဲ့အခြင့္အေရးရခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ဟာ လူမေပးဘဲ ကိုယ့္ဘာသာကိုယ္ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ ကားရီးယပ္စ္အတြက္ ဂိုးကာကြယ္မႈျပဳလုပ္ဖို႔ လြယ္ကူခဲ့တာ ျဖစ္ၿပီး ပြဲအၿပီးမွာ ကာစီမီ႐ိုက အခြင့္အေရးရခ်ိန္မွာ လူမေပးခဲ့တဲ့ အသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္ ေအာင္ပြဲခံေနရတာကို ၾကားဝင္ ဆူပူၿပီးမွ ေအာင္ပြဲဆက္ခံခဲ့တာျဖစ္ပါတယ္။ အဲဒီျဖစ္စဥ္ကို အစအဆုံး ျမင္ေတြ႕ခဲ့ရတဲ့ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ကာစီမီ႐ိုရဲ႕ အံ့မခန္း ျပင္းထန္တဲ့ စိတ္ဓာတ္ပိုင္းကို သေဘာက်ႏွစ္သက္ခဲ့ၾကၿပီး ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

“အဲဒီစိတ္ဓာတ္ေၾကာင့္ပဲ သူက အႏိုင္ရရွိသူျဖစ္ေနတာ”လို႔ ပရိသတ္တစ္ဦးက ေျပာဆိုခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဒီလို စိတ္ဓာတ္မ်ိဳးေတာ့ ႀကိဳက္ၿပီး။ အရမ္းေကာင္းတဲ့လူ။ ေဈးႀကီးေပးခဲ့ရေပမယ့္ အဲဒီတန္ဖိုးအတိုင္း ျပဳမူတယ္။ ထိန္းသိမ္းထားတယ္။ ရီးရဲလ္မက္ဒရစ္က သူနဲ႔ ဆုဖလားေတြ အမ်ားႀကီးရခဲ့တာ မအံ့ၾသေတာ့ပါဘူး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က ကာစီမီ႐ိုနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ၾကား အေခ်အတင္ ျငင္းခုံခဲ့ၾကတဲ့ျဖစ္စဥ္ကို ျမင္ေတြ႕ခဲ့ၿပီး ဘရာဇီးလ္ကြင္းလယ္ကစားသမားရဲ႕ စိတ္ဓာတ္ကို ႏွစ္သက္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူတို႔ေတြ အဲဒီမွာ အျငင္းအခုံျဖစ္ေနၾကတာလား။ အင္း။ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ကြၽန္ေတာ္ကေတာ့ အဲဒါကို ႀကိဳက္တယ္။ သူတို႔ေတြ ဘာအေၾကာင္းနဲ႔ ျငင္းခုံေနၾကလဲေတာ့ မသိဘူး။ ဒါေပမယ့္ အဲဒါက သူတို႔အေနနဲ႔ ဂ႐ုစိုက္တယ္ဆိုတာကို ျပသေနတာပါ”လို႔ Sky Sports ကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.