Ligue1

မာဆေးလ်ကို နှစ်ယောက်ပေါင်းဗျင်းခဲ့လို့ ချီးကျူးခံနေရတဲ့ မက်ဆီနဲ့ အမ်ဘာပေတို့အတွဲ

လီယွန်နယ် မက်ဆီနဲ့ အမ်ဘာပေတို့ဟာ ပီအက်စ်ဂျီအသင်းက မာဆေးလ်အသင်းကို ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ကြပါတယ်။

ပရိသတ်တွေဟာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပြီး မက်ဆီဟာ ကိုယ်တိုင်လည်း တစ်ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ၂၅ မိနစ်မှာ မက်ဆီရဲ့ ရိုးရှင်းပေမယ့် အကျိုးသက်ရောက်မှုရှိတဲ့ မျှောထိုးပေးပို့မှုကနေတဆင့် အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ နောက်ထပ် ၄ မိနစ်အကြာမှာ ပီအက်စ်ဂျီအသင်းဖော် မက်ဆီကို ဂိုးဖန်တီးမှု ပြန်လည် ပြုလုပ်ပေးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးက အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီရဲ့ တတိယမြောက်သွင်းဂိုးကမှ ကြယ်ပွင့်ကစားသမား ၂ ဦးရဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီက မာဆေးလ်ခံစစ်ကစားသမားတွေကို ကျော်တင်ပေးလိုက်တဲ့ဘောလုံးကို အမ်ဘာပေက နောက်ထပ်တစ်ကြိမ် ဂိုးအဖြစ်ပြောင်းလဲပေးသွားခဲ့တာဖြစ်ပါတယ်။

အမ်ဘာဟော ဘောလုံးကို အောက်ချပြီး ဆွဲပြေးရမယ့်အစား ဘောလုံးကို ပထမဆုံး တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့ မြေမကျဘော အဆုံးသတ် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေနဲ့ လီယွန်နယ် မက်ဆီတို့အတွဲရဲ့ မာဆေးလ်နဲ့ပွဲစဉ်က မှော်ဆန်တဲ့ တတိယမြောက်သွင်းဂိုးအတွက် လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက ရင်သပ်ရှုမောဖြစ်ခဲ့ကြပြီး ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“မက်ဆီနဲ့ အမ်ဘာပေတို့ ဒီရာသီပြိုင်ပွဲစုံ သွင်းဂိုးအခြေအနေ။ မက်ဆီ- ၂၉ ဂိုး၊ ဂိုးဖန်တီးမှု အကြိမ် ၂၀။ အမ်ဘာပေ သွင်းဂိုး ၃၈ ဂိုး၊ ဂိုးဖန်တီးမှု ၈ ကြိမ်။ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်အတွဲ”လို့ ပရိသတ်တစ်ဦးက ချီးကျူးခဲ့ပြီး “လီယွန်နယ် မက်ဆီက ဒီလိုမျိုး ပေးပို့မှုကို လုပ်နိုင်တဲ့ တစ်ဦးတည်းသောကစားသမားဆိုတာ အမှန်ပဲ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီနဲ႔ အမ္ဘာေပတို႔ဟာ ပီအက္စ္ဂ်ီအသင္းက မာေဆးလ္အသင္းကို ၃-၀ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ရရွိခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္မွာ အေကာင္းဆုံးပုံစံမွာ ရွိေနခဲ့ၾကပါတယ္။

ပရိသတ္ေတြဟာ အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ ပါးစပ္အေဟာင္းသား ျဖစ္ခဲ့ရၿပီး မက္ဆီဟာ ကိုယ္တိုင္လည္း တစ္ဂိုး သြင္းယူႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ ၂ ႀကိမ္လည္း ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ၂၅ မိနစ္မွာ မက္ဆီရဲ႕ ႐ိုးရွင္းေပမယ့္ အက်ိဳးသက္ေရာက္မႈရွိတဲ့ ေမွ်ာထိုးေပးပို႔မႈကေနတဆင့္ အဖြင့္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ပီအက္စ္ဂ်ီအသင္းေဖာ္ မက္ဆီကို ဂိုးဖန္တီးမႈ ျပန္လည္ ျပဳလုပ္ေပးခဲ့ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက အမွားအယြင္းမရွိ ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီရဲ႕ တတိယေျမာက္သြင္းဂိုးကမွ ၾကယ္ပြင့္ကစားသမား ၂ ဦးရဲ႕ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီက မာေဆးလ္ခံစစ္ကစားသမားေတြကို ေက်ာ္တင္ေပးလိုက္တဲ့ေဘာလုံးကို အမ္ဘာေပက ေနာက္ထပ္တစ္ႀကိမ္ ဂိုးအျဖစ္ေျပာင္းလဲေပးသြားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေဟာ ေဘာလုံးကို ေအာက္ခ်ၿပီး ဆြဲေျပးရမယ့္အစား ေဘာလုံးကို ပထမဆုံး တစ္ခ်က္ထိန္းၿပီး ဘယ္ေျခနဲ႔ ေျမမက်ေဘာ အဆုံးသတ္ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အမ္ဘာေပနဲ႔ လီယြန္နယ္ မက္ဆီတို႔အတြဲရဲ႕ မာေဆးလ္နဲ႔ပြဲစဥ္က ေမွာ္ဆန္တဲ့ တတိယေျမာက္သြင္းဂိုးအတြက္ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြက ရင္သပ္ရႈေမာျဖစ္ခဲ့ၾကၿပီး ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

“မက္ဆီနဲ႔ အမ္ဘာေပတို႔ ဒီရာသီၿပိဳင္ပြဲစုံ သြင္းဂိုးအေျခအေန။ မက္ဆီ- ၂၉ ဂိုး၊ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀။ အမ္ဘာေပ သြင္းဂိုး ၃၈ ဂိုး၊ ဂိုးဖန္တီးမႈ ၈ ႀကိမ္။ ဥေရာပရဲ႕ အေကာင္းဆုံးတိုက္စစ္အတြဲ”လို႔ ပရိသတ္တစ္ဦးက ခ်ီးက်ဴးခဲ့ၿပီး “လီယြန္နယ္ မက္ဆီက ဒီလိုမ်ိဳး ေပးပို႔မႈကို လုပ္ႏိုင္တဲ့ တစ္ဦးတည္းေသာကစားသမားဆိုတာ အမွန္ပဲ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.