Ligue1 Match Report

မက်ဆီနဲ့ အမ်ဘာပေတို့ အတွဲညီမှုနဲ့ မာဆေးလ်ကို အဝေးကွင်းနိုင်ပွဲယူတဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမး ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဆာဂျီယို ရာမို့စ်နဲ့ ကင်ပမ်ဘီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဗာရက်တီ၊ ဗီတင်ညာ၊ ဖာဘီယန် ရူးဝီးဇ်၊ မူခီယေးလီနဲ့ နူနို မန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အမ်ဘာပေနဲ့ မက်ဆီတို့ တွဲကစားခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် မာဆေးလ်တို့ကတော့ ဂိုးသမား ပေါ်လိုပက်ဇ်၊ ခံစစ်မှာ ဘယ်လာဒီ၊ ဘိုင်လီနဲ့ ကိုလာရှီနက်ချ်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ရွန်ဂျီယေး၊ ဗယ်ရယ်တူ၊ မာလီနော့ဗ်စကီး၊ နူနို တာဗာရက်စ်၊ ဂန်ဒူဇီနဲ့ ချန်ငီး အွန်ဒါတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ အလက်ဆစ် ဆန်ချက်ဇ်တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ပွဲစကတည်းက မာဆေးလ်တို့ ဘောလုံးကိုင်ပြီး တိုက်စစ်ကစားခဲ့ပေမယ့် ဂယ်လ်တီယေးရဲ့ ဗျူဟာရွေးချယ်မှု မှန်ခဲ့တဲ့ ပီအက်စ်ဂျီခံစစ်ကို ကျော်ဖြတ်ဖို့ ခက်နေခဲ့သလို အတတ်ဆန်းပြီး နူနို တာဗာရက်စ်ကို ညာခြမ်းမှာ ထားခဲ့တာကလည်း အလုပ်မဖြစ်ခဲ့ဘဲ နည်းစနစ်ပိုင်းထက် လုပ်အားနှုန်းကို အားကိုးတဲ့ ပေါ်တူဂီသားနဲ့ တိုင်ပတ်နေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ ပီအက်စ်ဂျီတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ Break လုပ်လာခဲ့တာကနေ ဗီတင်ညာ ခင်းပေးတဲ့ ဘောလုံးကို မက်ဆီက ဆွဲပြေးပြီး ဧရိယာထိပ်ကို လှမ်းခင်းပေးရာမှာ အမ်ဘာပေက ပြေးဝင်လာခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့ အနေအထားမှာ ဘယ်ဘက်ကို အနိမ့်ဘောချိုးပြီး ကန်သွင်းယူခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ပဲ ဒုတိယ ဦးဆောင်ဂိုး သွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ပါရီသားတွေရဲ့ ဆူပါဂျပု ဗာရက်တီကိုတောင်မှ ခေါင်းယှဉ်မတိုက်နိုင်အောင် ညံ့ခဲ့တဲ့ ဂန်ဒူဇီရဲ့ အမှားကနေ ပြန်ရတဲ့ ဘောလုံးကို နူနို မန်ဒက်စ်နဲ့ ဝမ်းတူးရိုက်ပြီး ထွက်လာခဲ့တဲ့ အမ်ဘာပေက ဘယ်ခြမ်းကနေ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ရာမှာ မက်ဆီက ကစားသမားဘဝ ၇၀၀ ပြည့်ဂိုးအဖြစ် ကန်သွင်းဖို့ ငှက်ပျောသီး အခွံနွှာစားတာထက် လွယ်ကူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာ နူနို မန်ဒက်စ်ရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ပိတ်သွင်းဖို့ ကြိုးစားတဲ့ ဗီတင်ညာကို ဧရိယာထဲမှာ တွန်းချခံခဲ့ရပေမယ့် ပီအက်စ်ဂျီတို့ ပင်နယ်တီ မရခဲ့သလို လွတ်ထွက်လာတဲ့ ဘောလုံးကို မက်ဆီက ညာခြေနဲ့ ကန်သွင်းရမှာတော့ ဘားကျော်သွားခဲ့တဲ့အတွက် ဧည့်သည်တွေ နစ်နာခဲ့ရပြီး ကောင်တာတစ်ပေါက်နဲ့ပဲ လုပ်စားလို့ ကောင်းနေခဲ့ချိန်မှာ အဆုံးသတ်တွေ မသေချာခဲ့လို့သာ ဂိုးထပ်မရခဲ့တာပါ။

ပထမပိုင်းမှာ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တာကြောင့် ပီအက်စ်ဂျီတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ကြသလို ဒုတိယပိုင်းမှာလည်း မာဆေးလ်တို့ပဲ ဖိကစားခဲ့ပေမယ့် ပါရီသားတွေဘက်က ကောင်တာပြန်ဖောက်တိုင်း တစ်လုံးဆို ဆိုသလောက် မျက်လုံးပြူးခဲ့ရပြီး အမ်ဘာပေကတော့ ဗီတင်ညာရဲ့ ဖြတ်တင်ဘောကနေ အနီးကပ် အခွင့်အရေးရတဲ့ ခေါင်းတိုက်ချက်ကိုလည်း လွဲချော်ခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ တတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဖာဘီယန် ရူးဝီးဇ် ဆွဲလာပြီး ပေးတာကို အမ်ဘာပေက ဘယ်ခြမ်းကနေ အတွင်းကို ပြန်ချပေးခဲ့တဲ့ ဘောလုံးကို မက်ဆီက မာဆေးလ်ခံစစ်ပေါ်ကနေ ကျော်တင်ပေးရာမှာ အမ်ဘာပေက ပြေးလိုက်ပြီး ဘယ်ခြေနဲ့ Volley ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပေါ်လိုပက်ဇ် အငိုက်မိပြီး မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

အလက်ဆစ် ဆန်ချက်ဇ်ရဲ့ အစွမ်းပြ ခေါင်းတိုက်ချက်တစ်ကြိမ်ကို ဒွန်နာရမ်မာက ဂိုးစည်းပေါ်ကနေ ပုတ်ထုတ်ပြီးမှ နောက်တစ်ဆင့် ဖမ်းယူသွားခဲ့သလို နူနို တာဗာရက်စ်ရဲ့ အဝေးကန်ချက် ကန်ချက်ပြင်းပြင်းကိုလည်း အီတလီနံပါတ် ၁ ကပဲ ဖမ်းယူသွားခဲ့ပြီး အမှားအယွင်းမရှိ လက်စွမ်းပြခဲ့တာကြောင့် မာဆေးလ်တို့ လက်မြှောက်ခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ပီအက်စ်ဂျီတို့ဘက်က မူခီယေးလီနဲ့ နူနို မန်ဒက်စ်တို့အစား ဇိုင်ယာ-အမ်မရီနဲ့ ဘားနတ်တို့ကို လဲကစားသွားခဲ့ပြီး မာဆေးလ်တို့ဘက်ကတော့ ဘိုင်လီ၊ အလက်ဆစ် ဆန်ချက်ဇ်၊ ချန်ငီး အွန်ဒါနဲ့ မာလီနော့ဗ်စကီးတို့အစား ကလော့စ်၊ ဗီတင်ညာ၊ ပါယက်နဲ့ အူနာဟီတို့ကို ထည့်သွင်းခဲ့ပေမယ့် သိက္ခာဆည်ဂိုးတောင် ပြန်မရနိုင်ခဲ့ဘဲ အတတ်ဆန်းတဲ့ နည်းပြ တူဒေါ်တစ်ယောက် မျက်နှာပျက်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ချန်ပီယံဆုကို ရယူရာမှာ အတားအဆီးအဖြစ် ကန့်လန့်လာခံတဲ့ မာဆေးလ်တို့ကို အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ တီးထည့်လိုက်နိုင်တာကြောင့် ပီအက်စ်ဂျီတို့ ၈ မှတ်ပြန်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့သလို မိုနာကိုတို့ ရှုံးပွဲတွေ့ခဲ့ချိန်မှာ အခြေအနေ ပိုကောင်းသွားခဲ့ပြီး ဥက္ကဌကြီး အမ်ဘာပေကတော့ ပြင်သစ်လိဂန်ရဲ့ ဂိုးသွင်းဘုရင်စာရင်းမှာ ရင်းမ်စ်ရဲ့ ဘာလိုဂွန်၊ လီလ်ရဲ့ ဒေးဗစ်တို့နဲ့အတူ ၁၅ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမး ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ဆာဂ်ီယို ရာမို႔စ္နဲ႔ ကင္ပမ္ဘီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗာရက္တီ၊ ဗီတင္ညာ၊ ဖာဘီယန္ ႐ူးဝီးဇ္၊ မူခီေယးလီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အမ္ဘာေပနဲ႔ မက္ဆီတို႔ တြဲကစားခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ မာေဆးလ္တို႔ကေတာ့ ဂိုးသမား ေပၚလိုပက္ဇ္၊ ခံစစ္မွာ ဘယ္လာဒီ၊ ဘိုင္လီနဲ႔ ကိုလာရွီနက္ခ်္တို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ႐ြန္ဂ်ီေယး၊ ဗယ္ရယ္တူ၊ မာလီေနာ့ဗ္စကီး၊ ႏူႏို တာဗာရက္စ္၊ ဂန္ဒူဇီနဲ႔ ခ်န္ငီး အြန္ဒါတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ အလက္ဆစ္ ဆန္ခ်က္ဇ္တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ပြဲစကတည္းက မာေဆးလ္တို႔ ေဘာလုံးကိုင္ၿပီး တိုက္စစ္ကစားခဲ့ေပမယ့္ ဂယ္လ္တီေယးရဲ႕ ဗ်ဴဟာေ႐ြးခ်ယ္မႈ မွန္ခဲ့တဲ့ ပီအက္စ္ဂ်ီခံစစ္ကို ေက်ာ္ျဖတ္ဖို႔ ခက္ေနခဲ့သလို အတတ္ဆန္းၿပီး ႏူႏို တာဗာရက္စ္ကို ညာျခမ္းမွာ ထားခဲ့တာကလည္း အလုပ္မျဖစ္ခဲ့ဘဲ နည္းစနစ္ပိုင္းထက္ လုပ္အားႏႈန္းကို အားကိုးတဲ့ ေပၚတူဂီသားနဲ႔ တိုင္ပတ္ေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာ ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန Break လုပ္လာခဲ့တာကေန ဗီတင္ညာ ခင္းေပးတဲ့ ေဘာလုံးကို မက္ဆီက ဆြဲေျပးၿပီး ဧရိယာထိပ္ကို လွမ္းခင္းေပးရာမွာ အမ္ဘာေပက ေျပးဝင္လာခဲ့ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕တဲ့ အေနအထားမွာ ဘယ္ဘက္ကို အနိမ့္ေဘာခ်ိဳးၿပီး ကန္သြင္းယူခဲ့တာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး သြင္းယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ပါရီသားေတြရဲ႕ ဆူပါဂ်ပု ဗာရက္တီကိုေတာင္မွ ေခါင္းယွဥ္မတိုက္ႏိုင္ေအာင္ ညံ့ခဲ့တဲ့ ဂန္ဒူဇီရဲ႕ အမွားကေန ျပန္ရတဲ့ ေဘာလုံးကို ႏူႏို မန္ဒက္စ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ထြက္လာခဲ့တဲ့ အမ္ဘာေပက ဘယ္ျခမ္းကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ပို႔ရာမွာ မက္ဆီက ကစားသမားဘဝ ၇၀၀ ျပည့္ဂိုးအျဖစ္ ကန္သြင္းဖို႔ ငွက္ေပ်ာသီး အခြံႏႊာစားတာထက္ လြယ္ကူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာ ႏူႏို မန္ဒက္စ္ရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကို ပိတ္သြင္းဖို႔ ႀကိဳးစားတဲ့ ဗီတင္ညာကို ဧရိယာထဲမွာ တြန္းခ်ခံခဲ့ရေပမယ့္ ပီအက္စ္ဂ်ီတို႔ ပင္နယ္တီ မရခဲ့သလို လြတ္ထြက္လာတဲ့ ေဘာလုံးကို မက္ဆီက ညာေျခနဲ႔ ကန္သြင္းရမွာေတာ့ ဘားေက်ာ္သြားခဲ့တဲ့အတြက္ ဧည့္သည္ေတြ နစ္နာခဲ့ရၿပီး ေကာင္တာတစ္ေပါက္နဲ႔ပဲ လုပ္စားလို႔ ေကာင္းေနခဲ့ခ်ိန္မွာ အဆုံးသတ္ေတြ မေသခ်ာခဲ့လို႔သာ ဂိုးထပ္မရခဲ့တာပါ။

ပထမပိုင္းမွာ အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီတို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒုတိယပိုင္းမွာလည္း မာေဆးလ္တို႔ပဲ ဖိကစားခဲ့ေပမယ့္ ပါရီသားေတြဘက္က ေကာင္တာျပန္ေဖာက္တိုင္း တစ္လုံးဆို ဆိုသေလာက္ မ်က္လုံးျပဴးခဲ့ရၿပီး အမ္ဘာေပကေတာ့ ဗီတင္ညာရဲ႕ ျဖတ္တင္ေဘာကေန အနီးကပ္ အခြင့္အေရးရတဲ့ ေခါင္းတိုက္ခ်က္ကိုလည္း လြဲေခ်ာ္ခဲ့ေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ တတိယ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဖာဘီယန္ ႐ူးဝီးဇ္ ဆြဲလာၿပီး ေပးတာကို အမ္ဘာေပက ဘယ္ျခမ္းကေန အတြင္းကို ျပန္ခ်ေပးခဲ့တဲ့ ေဘာလုံးကို မက္ဆီက မာေဆးလ္ခံစစ္ေပၚကေန ေက်ာ္တင္ေပးရာမွာ အမ္ဘာေပက ေျပးလိုက္ၿပီး ဘယ္ေျခနဲ႔ Volley ကန္သြင္းခဲ့ရာမွာ ဂိုးသမား ေပၚလိုပက္ဇ္ အငိုက္မိၿပီး မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရတာပါ။

အလက္ဆစ္ ဆန္ခ်က္ဇ္ရဲ႕ အစြမ္းျပ ေခါင္းတိုက္ခ်က္တစ္ႀကိမ္ကို ဒြန္နာရမ္မာက ဂိုးစည္းေပၚကေန ပုတ္ထုတ္ၿပီးမွ ေနာက္တစ္ဆင့္ ဖမ္းယူသြားခဲ့သလို ႏူႏို တာဗာရက္စ္ရဲ႕ အေဝးကန္ခ်က္ ကန္ခ်က္ျပင္းျပင္းကိုလည္း အီတလီနံပါတ္ ၁ ကပဲ ဖမ္းယူသြားခဲ့ၿပီး အမွားအယြင္းမရွိ လက္စြမ္းျပခဲ့တာေၾကာင့္ မာေဆးလ္တို႔ လက္ေျမႇာက္ခဲ့ရပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ပီအက္စ္ဂ်ီတို႔ဘက္က မူခီေယးလီနဲ႔ ႏူႏို မန္ဒက္စ္တို႔အစား ဇိုင္ယာ-အမ္မရီနဲ႔ ဘားနတ္တို႔ကို လဲကစားသြားခဲ့ၿပီး မာေဆးလ္တို႔ဘက္ကေတာ့ ဘိုင္လီ၊ အလက္ဆစ္ ဆန္ခ်က္ဇ္၊ ခ်န္ငီး အြန္ဒါနဲ႔ မာလီေနာ့ဗ္စကီးတို႔အစား ကေလာ့စ္၊ ဗီတင္ညာ၊ ပါယက္နဲ႔ အူနာဟီတို႔ကို ထည့္သြင္းခဲ့ေပမယ့္ သိကၡာဆည္ဂိုးေတာင္ ျပန္မရႏိုင္ခဲ့ဘဲ အတတ္ဆန္းတဲ့ နည္းျပ တူေဒၚတစ္ေယာက္ မ်က္ႏွာပ်က္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်န္ပီယံဆုကို ရယူရာမွာ အတားအဆီးအျဖစ္ ကန႔္လန႔္လာခံတဲ့ မာေဆးလ္တို႔ကို အေဝးကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ တီးထည့္လိုက္ႏိုင္တာေၾကာင့္ ပီအက္စ္ဂ်ီတို႔ ၈ မွတ္ျပန္ျဖတ္ၿပီး ဦးေဆာင္ႏိုင္ခဲ့သလို မိုနာကိုတို႔ ရႈံးပြဲေတြ႕ခဲ့ခ်ိန္မွာ အေျခအေန ပိုေကာင္းသြားခဲ့ၿပီး ဥကၠဌႀကီး အမ္ဘာေပကေတာ့ ျပင္သစ္လိဂန္ရဲ႕ ဂိုးသြင္းဘုရင္စာရင္းမွာ ရင္းမ္စ္ရဲ႕ ဘာလိုဂြန္၊ လီလ္ရဲ႕ ေဒးဗစ္တို႔နဲ႔အတူ ၁၅ ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.