Premier League

ကာရာဘောင်းချန်ပီယံဆုတံဆိပ် ရရှိနိုင်သေးတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးခြင်းမရှိတော့ပေမယ့်လည်း ကာရာဘောင်းဖလားအနိုင်ရရှိသူ ဆုတံဆိပ်ကို ပေးအပ်ခြင်းခံရဖွယ်ရှိတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ဟာ အိုးထရက်ဖို့ဒ်က ရော်နယ်လ်ဒိုနဲ့ ၎င်းရဲ့ အသင်းဖော်တွေကြားမှာ ဆန့်ကျင်ဘက်ဖြစ်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ခဲ့မှာ သေချာပြီး သောကြာနေ့မှာ ပေါ်တူဂီကြယ်ပွင့်က အယ်လ်နာဆာနဲ့အတူ ဆော်ဒီ အာရေဗျမှာ ဒုတိယမြောက်ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း အသက် ၃၈ နှစ်အရွယ်တိုက်စစ်မှူးအနေနဲ့ ဝင်ဘလေမှာ ပိုပြီးရှိနေခဲ့ရမှာလို့ ယူဆမိမှာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ လုပ်ဖော်ကိုင်ဘက်ဟောင်းတွေကတော့ ၆ နှစ်နီးနီးအကြာမှာ သူတို့ရဲ့ ပထမဆုံး ဆုဖလားကို ဆော်ဒီပိုင် နယူးကာဆယ်လ် ယူနိုက်တက်အသင်းကို ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ အနိုင်ယူပြီး ရယူသွားခဲ့ကြတာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ရော်နယ်လ်ဒိုဟာ ဂျိတ်ခ် ပေါလ်နဲ့ တွမ်မီ ဖျူရီတို့ ထိုးသတ်တဲ့ပွဲကို ကြည့်ရှုဖို့ အရှေ့အလယ်ပိုင်းက ဒီရီယာကွင်းထဲမှာ ရှိနေခဲ့တာဖြစ်ပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ရဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲထက် လက်ဝှေ့ပွဲကို ပိုမိုစိတ်ဝင်တစား ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ကာရာဘောင်းဖလားတစ်ပွဲမှ ပါဝင်ကစားပေးခဲ့ခြင်းမရှိဘဲ လန်ဒန်နဲ့ မိုင်ပေါင်း ၃၀၀၀ ကို ရောက်ရှိနေပေမယ့်လည်း ဆုတံဆိပ်တော့ ရရှိနိုင်သေးတယ်လို့ သိရပါတယ်။

ဆုတံဆိပ်ပေးအပ်တဲ့ EFL စည်းမျဉ်းမှာ “ဆုဖလားအပြင် စီမံခန့်ခွဲရေးကော်မတီဟာ ဗိုလ်လုပွဲမှာ အနိုင်ရရှိတဲ့အသင်းကို အမှတ်တရလက်ဆောင်ပစ္စည်း ၃၀ ကို ပေးအပ်ရမည်ဖြစ်ပြီး ရှုံးနိမ့်သောအသင်းအတွက်လည်း အမှတ်တရလက်ဆောင်ပစ္စည်း ၃၀ ကို ပေးအပ်ရမည်။ အပိုလက်ဆောင်ပစ္စည်းများကို စီမံခန့်ခွဲရေးကော်မတီရဲ့ သဘောတူညီမှုနဲ့ ပေးအပ်နိုင်ပေမယ့်လည်း တောင်းဆိုတဲ့အသင်းက ကုန်ကျစရိတ်ကို ကျခံရမည်”လို့ ဖော်ပြထားပါတယ်။ ဒီစည်းမျဉ်းအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၃၈ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကို ဆုတံဆိပ်တွေထဲက တစ်ခုကို ပေးမလား၊ မပေးဘူးလားဆိုတာကို ဆုံးဖြတ်ဖို့သာ ကျန်တော့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိ ပထမအသင်း လူစာရင်းထဲမှာ မှတ်ပုံတင်ထားတဲ့ ကစားသမား ၃၂ ဦးအထိ ရှိနေပြီး ကာရာဘောင်းဖလား စီမံခန့်ခွဲရေးကော်မတီက ဆုတံဆိပ် အခု ၃၀ သာ ပေးအပ်တာကြောင့် လိုအပ်တဲ့ နောက်ထပ် ဆုတံဆိပ်တွေကို တောင်းခံသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ကစားေပးျခင္းမရွိေတာ့ေပမယ့္လည္း ကာရာေဘာင္းဖလားအႏိုင္ရရွိသူ ဆုတံဆိပ္ကို ေပးအပ္ျခင္းခံရဖြယ္ရွိတယ္လို႔ သိရပါတယ္။

တနဂၤေႏြေန႔ဟာ အိုးထရက္ဖို႔ဒ္က ေရာ္နယ္လ္ဒိုနဲ႔ ၎ရဲ႕ အသင္းေဖာ္ေတြၾကားမွာ ဆန႔္က်င္ဘက္ျဖစ္ခဲ့တဲ့ ေန႔တစ္ေန႔ျဖစ္ခဲ့မွာ ေသခ်ာၿပီး ေသာၾကာေန႔မွာ ေပၚတူဂီၾကယ္ပြင့္က အယ္လ္နာဆာနဲ႔အတူ ေဆာ္ဒီ အာေရဗ်မွာ ဒုတိယေျမာက္ဟက္ထရစ္ကို သြင္းယူႏိုင္ခဲ့ေပမယ့္လည္း အသက္ ၃၈ ႏွစ္အ႐ြယ္တိုက္စစ္မႉးအေနနဲ႔ ဝင္ဘေလမွာ ပိုၿပီးရွိေနခဲ့ရမွာလို႔ ယူဆမိမွာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ လုပ္ေဖာ္ကိုင္ဘက္ေဟာင္းေတြကေတာ့ ၆ ႏွစ္နီးနီးအၾကာမွာ သူတို႔ရဲ႕ ပထမဆုံး ဆုဖလားကို ေဆာ္ဒီပိုင္ နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းကို ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ အႏိုင္ယူၿပီး ရယူသြားခဲ့ၾကတာျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ ေရာ္နယ္လ္ဒိုဟာ ဂ်ိတ္ခ္ ေပါလ္နဲ႔ တြမ္မီ ဖ်ဴရီတို႔ ထိုးသတ္တဲ့ပြဲကို ၾကည့္ရႈဖို႔ အေရွ႕အလယ္ပိုင္းက ဒီရီယာကြင္းထဲမွာ ရွိေနခဲ့တာျဖစ္ၿပီး အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကာရာေဘာင္းဖလားဗိုလ္လုပြဲထက္ လက္ေဝွ႔ပြဲကို ပိုမိုစိတ္ဝင္တစား ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကာရာေဘာင္းဖလားတစ္ပြဲမွ ပါဝင္ကစားေပးခဲ့ျခင္းမရွိဘဲ လန္ဒန္နဲ႔ မိုင္ေပါင္း ၃၀၀၀ ကို ေရာက္ရွိေနေပမယ့္လည္း ဆုတံဆိပ္ေတာ့ ရရွိႏိုင္ေသးတယ္လို႔ သိရပါတယ္။

ဆုတံဆိပ္ေပးအပ္တဲ့ EFL စည္းမ်ဥ္းမွာ “ဆုဖလားအျပင္ စီမံခန႔္ခြဲေရးေကာ္မတီဟာ ဗိုလ္လုပြဲမွာ အႏိုင္ရရွိတဲ့အသင္းကို အမွတ္တရလက္ေဆာင္ပစၥည္း ၃၀ ကို ေပးအပ္ရမည္ျဖစ္ၿပီး ရႈံးနိမ့္ေသာအသင္းအတြက္လည္း အမွတ္တရလက္ေဆာင္ပစၥည္း ၃၀ ကို ေပးအပ္ရမည္။ အပိုလက္ေဆာင္ပစၥည္းမ်ားကို စီမံခန႔္ခြဲေရးေကာ္မတီရဲ႕ သေဘာတူညီမႈနဲ႔ ေပးအပ္ႏိုင္ေပမယ့္လည္း ေတာင္းဆိုတဲ့အသင္းက ကုန္က်စရိတ္ကို က်ခံရမည္”လို႔ ေဖာ္ျပထားပါတယ္။ ဒီစည္းမ်ဥ္းအရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသက္ ၃၈ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးကို ဆုတံဆိပ္ေတြထဲက တစ္ခုကို ေပးမလား၊ မေပးဘူးလားဆိုတာကို ဆုံးျဖတ္ဖို႔သာ က်န္ေတာ့တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ လက္ရွိ ပထမအသင္း လူစာရင္းထဲမွာ မွတ္ပုံတင္ထားတဲ့ ကစားသမား ၃၂ ဦးအထိ ရွိေနၿပီး ကာရာေဘာင္းဖလား စီမံခန႔္ခြဲေရးေကာ္မတီက ဆုတံဆိပ္ အခု ၃၀ သာ ေပးအပ္တာေၾကာင့္ လိုအပ္တဲ့ ေနာက္ထပ္ ဆုတံဆိပ္ေတြကို ေတာင္းခံသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.