Analysis Article Premier League Transfer News

သန်း ၁၂၀ ချွေတာပြီး အောင်မြင်ခဲ့လို့ ချဲလ်ဆီးနဲ့ နှိုင်းယှဉ်ချီးကျူးခံခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိမှာ ပရီးမီးယားလိဂ်နှစ်ပွဲဆက်တိုက် အဝေးကွင်းနိုင်ပွဲရယူခဲ့ပြီး အက်စ်တန်ဗီလာနဲ့ လက်စတာစီးတီးတို့ဆီက နှစ်ပွဲကို ခြောက်မှတ်အထိ အမှတ်ပြည့်ရှာဖွေနိုင်ခဲ့အပြီးမှာ သူတို့ရဲ့ ဇန်နဝါရီ ခေါ်ယူမှုတွေအတွက် ကျွမ်းကျင်သူတွေက ချဲလ်ဆီးအသင်းနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေအနေနဲ့ နာမည်မတပ်ခဲ့ပေမယ့် အာဆင်နယ်တို့ကို ဆောင်းရာသီမှာ ပေါင်သန်း ၁၂၀ ချွေတာနိုင်ခဲ့ပြီး တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်နဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုတို့လို ကစားသမားတွေက ပါးနပ်တဲ့ ခေါ်ယူမှုတွေဖြစ်ခဲ့သလို အသင်းကို အကျိုးပြုနိုင်ခဲ့တယ်လို့ ဖရိုဖရဲနဲ့ ပြိုကွဲနေတဲ့ ဘိုလီဘဲရဲ့ အသင်းနဲ့ ယှဉ်ပြောခဲ့ကြတာပါ။

ပထမ ပွဲထွက်လူစာရင်းက ကစားသမားတွေ မပါနိုင်ရင် ဒုက္ခရောက်တတ်လေ့ရှိတဲ့ ဂန်းနားတွေအနေနဲ့ သူတို့ရဲ့ Plan B Signing တွေ အဖြစ် ခေါ်ယူမှုသုံးခုကို ဇန်နဝါရီမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ခံလူ ဂျာကုဘ် ကီဗီယာ၊ ကွင်းလယ်လူ ဂျော်ဂျင်ညိုနဲ့ တိုက်စစ်/တောင်ပံသမား ထရော့ဆတ်တို့ကို သုံးဦးပေါင်း ပေါင်သန်း ၅၀ သာ အသုံးပြုခဲ့ပြီး ပိုလန်ခံစစ်မှူးက မကစားရသေးချိန်မှာ ကျန်တဲ့ နှစ်ဦးကတော့ အလုပ်ဖြစ်ခဲ့ကြပါတယ်။

ဂန်းနားတွေအနေနဲ့ ဆောင်းရာသီ ပစ်မှတ်တွေကို ကြိုးစားခဲ့ရာမှာ ချဲလ်ဆီးကို ရောက်သွားတဲ့ မိုက်ခေလို မူဒရစ်ခ်နဲ့ ဘရိုက်တန်ရဲ့ မွိုက်ဆက်စ် ကိုင်စီဒိုအတွက် နှစ်ဦးပေါင်း ပေါင်သန်း ၁၅၀ ကျော်အထိ အသုံးပြုဖို့ ပြင်ဆင်ခဲ့ရာမှာ မအောင်မြင်ခဲ့တဲ့နောက် လက်ရှိ အလုပ်ဖြစ်နေတဲ့ ဂျော်ဂျင်ညိုနဲ့ ထရော့ဆတ်တို့အတွက် ပေါင် ၃၃ သန်းသာ ကုန်ကျခဲ့တာပါ။

နည်းပြ မီခယ်လ် အာတီတာကတော့ “ပျော်လိုက်တာဗျာ”လို့ သူ့ရဲ့ ကစားသမားသစ်နှစ်ဦးအတွက် ကောင်းချီးပေးသွားခဲ့ပြီး “ကျွန်တော်တို့တွေအနေနဲ့ မရလိုက်တဲ့ အခွင့်အရေးတွေနဲ့ မလုပ်နိုင်ခဲ့တာတွေအတွက် စိတ်ပျက်နေလို့ အပိုပဲဗျ။ ဖြစ်နေတဲ့ အနေအထားပေါ်မှာ အကောင်းဆုံး ပြောင်းလဲပြီး လုပ်ဆောင်တတ်ဖို့ပဲ အရေးကြီးတယ်။ ဒီအပြောင်းအရွှေ့ကာလမှာ ကျွန်တော်တို့ အဆင်ပြေခဲ့ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

ထရော့ဆတ်ဟာ မော်ဒန်တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး တောင်ပံသမားတစ်ဦးဘဝကနေ ဘရိုက်တန်မှာ အသွင်ပြောင်းလဲ တိုးတက်လာခဲ့သလို တိုက်စစ်ပိုင်းမှာ ဘယ်နေရာမဆို ကစားနိုင်နေခဲ့ပြီး အသင်းက လိုအပ်နေတဲ့ False 9 Role မှာလည်း ခြေစွမ်းပြနိုင်ကြောင်းကို လက်စတာနဲ့ပွဲမှာ ပြသခဲ့တဲ့ အချိန်မှာ ဂျော်ဂျင်ညိုကလည်း သူ့ရဲ့ အခန်းကဏ္ဍကို မြှင့်တင်လာခဲ့တာပါ။

သောမတ်စ် ပါတေးနေရာအတွက် လူသစ်ခေါ်မယ်လို့ ဆိုတုန်းက အသင်းရဲ့ ကြိုးစားမှုတွေနဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်က တိုက်ရိုက် အစားထိုးမှုအဖြစ် ဘရိုက်တန်ရဲ့ ကိုင်စီဒိုကို ခေါ်ယူဖို့ ဖြစ်ခဲ့ပေမယ့် အရန်ပစ်မှတ်ဖြစ်ခဲ့တဲ့ ရီးရဲလ်ဆိုစီဒက်ရဲ့ မာတင် ဇူဘီမန်ဒီကတော့ ဂျော်ဂျင်ညိုလိုမျိုး Deep Lying ဆန်ဆန် နည်းစနစ်ပိုင်း ကြွယ်ဝတဲ့ ကွင်းလယ်အဖျက်သမားဖြစ်နေခဲ့ပါတယ်။

ပါတေး မပါဝင်နိုင်တဲ့ ဗီလာ၊ လက်စတာတို့နဲ့ ပွဲစဉ်တွေမှာ ဂျော်ဂျင်ညိုအနေနဲ့ မိနစ် ၁၈၀ လုံးလုံး ကစားခွင့် ရရှိခဲ့ပြီး မတူညီတဲ့ ကစားဟန်နဲ့ အာဆင်နယ်ကွင်းလယ်ကို ဦးဆောင်မှုပေးနိုင်ခဲ့သလို အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကတော့ ဘရာဇီးလ်ဖွား အီတလီလက်ရွေးစင်ရဲ့ အသင်းကို ယူဆောင်လာခဲ့တဲ့ ဉာဏ်ရည်မြင့်မားမှု၊ အတွေ့အကြုံနဲ့ ပွဲကို ထိန်းချုပ်နိုင်မှုတွေကို ထောက်ခံချက်ပေးသွားခဲ့တာပါ။

နည်းပြ အာတီတာကတော့ အက်စ်တန်ဗီလာနဲ့ လက်စတာတို့ကို အဝေးကွင်းတွေမှာ ဆက်တိုက်အနိုင်ရဖို့ဆိုတာ ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ပေမယ့် သူတို့တွေအနေနဲ့ အနိုင်ရဖို့ ထိုက်ထိုက်တန်တန် လုပ်ဆောင်နိုင်ခဲ့တယ်လို့ အသင်းကို ချီးကျူးလိုက်ပြီး ပါတေး ဒဏ်ရာရနေချိန်မှာ ဂျော်ဂျင်ညိုရဲ့ အစားထိုးမှု တန်ဖိုးဟာ ကြီးမားလွန်းကြောင်းလည်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။

ဒီအချိန်မှာ အာဆင်နယ်တို့ရဲ့ ပေါင် ၃၃ သန်းတန် ခေါ်ယူမှုနှစ်ဦးနဲ့ပဲ ချိန်ကြည့်ရင် ကွင်းလယ်က အန်ဇို ဖာနန်ဒက်ဇ်နဲ့ တောင်ပံက မူဒရစ်ခ်တို့ အတွက် ပေါင် ၁၉၅ သန်းအထိ အသုံးပြုထားခဲ့ပြီး ပေါင် ၁၆၂ သန်းအထိ ပိုသုံးထားခဲ့တဲ့ ချဲလ်ဆီးတို့ကတော့ ရှုံးပွဲတွေနဲ့ပဲ ကြုံတွေ့နေခဲ့ချိန်မှာ ဂန်းနားတွေရဲ့ ပါးနပ်တဲ့ Transfer Business ကတော့ ကျွမ်းကျင်သူတွေ ထုတ်ဖော်ချီးကျူးခဲ့တာ မလွန်ဘူးလို့လည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိမွာ ပရီးမီးယားလိဂ္ႏွစ္ပြဲဆက္တိုက္ အေဝးကြင္းႏိုင္ပြဲရယူခဲ့ၿပီး အက္စ္တန္ဗီလာနဲ႔ လက္စတာစီးတီးတို႔ဆီက ႏွစ္ပြဲကို ေျခာက္မွတ္အထိ အမွတ္ျပည့္ရွာေဖြႏိုင္ခဲ့အၿပီးမွာ သူတို႔ရဲ႕ ဇန္နဝါရီ ေခၚယူမႈေတြအတြက္ ကြၽမ္းက်င္သူေတြက ခ်ဲလ္ဆီးအသင္းနဲ႔ ႏႈိင္းယွဥ္ၿပီး ခ်ီးက်ဴးခဲ့ၾကတာျဖစ္ပါတယ္။

ကြၽမ္းက်င္သူေတြအေနနဲ႔ နာမည္မတပ္ခဲ့ေပမယ့္ အာဆင္နယ္တို႔ကို ေဆာင္းရာသီမွာ ေပါင္သန္း ၁၂၀ ေခြၽတာႏိုင္ခဲ့ၿပီး ေတာင္ပံကစားသမား လီယန္ဒ႐ို ထေရာ့ဆတ္နဲ႔ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳတို႔လို ကစားသမားေတြက ပါးနပ္တဲ့ ေခၚယူမႈေတြျဖစ္ခဲ့သလို အသင္းကို အက်ိဳးျပဳႏိုင္ခဲ့တယ္လို႔ ဖ႐ိုဖရဲနဲ႔ ၿပိဳကြဲေနတဲ့ ဘိုလီဘဲရဲ႕ အသင္းနဲ႔ ယွဥ္ေျပာခဲ့ၾကတာပါ။

ပထမ ပြဲထြက္လူစာရင္းက ကစားသမားေတြ မပါႏိုင္ရင္ ဒုကၡေရာက္တတ္ေလ့ရွိတဲ့ ဂန္းနားေတြအေနနဲ႔ သူတို႔ရဲ႕ Plan B Signing ေတြ အျဖစ္ ေခၚယူမႈသုံးခုကို ဇန္နဝါရီမွာ လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ေနာက္ခံလူ ဂ်ာကုဘ္ ကီဗီယာ၊ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳနဲ႔ တိုက္စစ္/ေတာင္ပံသမား ထေရာ့ဆတ္တို႔ကို သုံးဦးေပါင္း ေပါင္သန္း ၅၀ သာ အသုံးျပဳခဲ့ၿပီး ပိုလန္ခံစစ္မႉးက မကစားရေသးခ်ိန္မွာ က်န္တဲ့ ႏွစ္ဦးကေတာ့ အလုပ္ျဖစ္ခဲ့ၾကပါတယ္။

ဂန္းနားေတြအေနနဲ႔ ေဆာင္းရာသီ ပစ္မွတ္ေတြကို ႀကိဳးစားခဲ့ရာမွာ ခ်ဲလ္ဆီးကို ေရာက္သြားတဲ့ မိုက္ေခလို မူဒရစ္ခ္နဲ႔ ဘ႐ိုက္တန္ရဲ႕ မြိဳက္ဆက္စ္ ကိုင္စီဒိုအတြက္ ႏွစ္ဦးေပါင္း ေပါင္သန္း ၁၅၀ ေက်ာ္အထိ အသုံးျပဳဖို႔ ျပင္ဆင္ခဲ့ရာမွာ မေအာင္ျမင္ခဲ့တဲ့ေနာက္ လက္ရွိ အလုပ္ျဖစ္ေနတဲ့ ေဂ်ာ္ဂ်င္ညိဳနဲ႔ ထေရာ့ဆတ္တို႔အတြက္ ေပါင္ ၃၃ သန္းသာ ကုန္က်ခဲ့တာပါ။

နည္းျပ မီခယ္လ္ အာတီတာကေတာ့ “ေပ်ာ္လိုက္တာဗ်ာ”လို႔ သူ႔ရဲ႕ ကစားသမားသစ္ႏွစ္ဦးအတြက္ ေကာင္းခ်ီးေပးသြားခဲ့ၿပီး “ကြၽန္ေတာ္တို႔ေတြအေနနဲ႔ မရလိုက္တဲ့ အခြင့္အေရးေတြနဲ႔ မလုပ္ႏိုင္ခဲ့တာေတြအတြက္ စိတ္ပ်က္ေနလို႔ အပိုပဲဗ်။ ျဖစ္ေနတဲ့ အေနအထားေပၚမွာ အေကာင္းဆုံး ေျပာင္းလဲၿပီး လုပ္ေဆာင္တတ္ဖို႔ပဲ အေရးႀကီးတယ္။ ဒီအေျပာင္းအေ႐ႊ႕ကာလမွာ ကြၽန္ေတာ္တို႔ အဆင္ေျပခဲ့ပါတယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ထေရာ့ဆတ္ဟာ ေမာ္ဒန္တိုက္စစ္မႉးတစ္ေယာက္ျဖစ္ၿပီး ေတာင္ပံသမားတစ္ဦးဘဝကေန ဘ႐ိုက္တန္မွာ အသြင္ေျပာင္းလဲ တိုးတက္လာခဲ့သလို တိုက္စစ္ပိုင္းမွာ ဘယ္ေနရာမဆို ကစားႏိုင္ေနခဲ့ၿပီး အသင္းက လိုအပ္ေနတဲ့ False 9 Role မွာလည္း ေျခစြမ္းျပႏိုင္ေၾကာင္းကို လက္စတာနဲ႔ပြဲမွာ ျပသခဲ့တဲ့ အခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳကလည္း သူ႔ရဲ႕ အခန္းက႑ကို ျမႇင့္တင္လာခဲ့တာပါ။

ေသာမတ္စ္ ပါေတးေနရာအတြက္ လူသစ္ေခၚမယ္လို႔ ဆိုတုန္းက အသင္းရဲ႕ ႀကိဳးစားမႈေတြနဲ႔ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္က တိုက္႐ိုက္ အစားထိုးမႈအျဖစ္ ဘ႐ိုက္တန္ရဲ႕ ကိုင္စီဒိုကို ေခၚယူဖို႔ ျဖစ္ခဲ့ေပမယ့္ အရန္ပစ္မွတ္ျဖစ္ခဲ့တဲ့ ရီးရဲလ္ဆိုစီဒက္ရဲ႕ မာတင္ ဇူဘီမန္ဒီကေတာ့ ေဂ်ာ္ဂ်င္ညိဳလိုမ်ိဳး Deep Lying ဆန္ဆန္ နည္းစနစ္ပိုင္း ႂကြယ္ဝတဲ့ ကြင္းလယ္အဖ်က္သမားျဖစ္ေနခဲ့ပါတယ္။

ပါေတး မပါဝင္ႏိုင္တဲ့ ဗီလာ၊ လက္စတာတို႔နဲ႔ ပြဲစဥ္ေတြမွာ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ မိနစ္ ၁၈၀ လုံးလုံး ကစားခြင့္ ရရွိခဲ့ၿပီး မတူညီတဲ့ ကစားဟန္နဲ႔ အာဆင္နယ္ကြင္းလယ္ကို ဦးေဆာင္မႈေပးႏိုင္ခဲ့သလို အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ကေတာ့ ဘရာဇီးလ္ဖြား အီတလီလက္ေ႐ြးစင္ရဲ႕ အသင္းကို ယူေဆာင္လာခဲ့တဲ့ ဉာဏ္ရည္ျမင့္မားမႈ၊ အေတြ႕အႀကဳံနဲ႔ ပြဲကို ထိန္းခ်ဳပ္ႏိုင္မႈေတြကို ေထာက္ခံခ်က္ေပးသြားခဲ့တာပါ။

နည္းျပ အာတီတာကေတာ့ အက္စ္တန္ဗီလာနဲ႔ လက္စတာတို႔ကို အေဝးကြင္းေတြမွာ ဆက္တိုက္အႏိုင္ရဖို႔ဆိုတာ ခက္ခဲတဲ့ စိန္ေခၚမႈျဖစ္ေပမယ့္ သူတို႔ေတြအေနနဲ႔ အႏိုင္ရဖို႔ ထိုက္ထိုက္တန္တန္ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ အသင္းကို ခ်ီးက်ဴးလိုက္ၿပီး ပါေတး ဒဏ္ရာရေနခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳရဲ႕ အစားထိုးမႈ တန္ဖိုးဟာ ႀကီးမားလြန္းေၾကာင္းလည္း ဝန္ခံေျပာၾကားသြားခဲ့ပါတယ္။

ဒီအခ်ိန္မွာ အာဆင္နယ္တို႔ရဲ႕ ေပါင္ ၃၃ သန္းတန္ ေခၚယူမႈႏွစ္ဦးနဲ႔ပဲ ခ်ိန္ၾကည့္ရင္ ကြင္းလယ္က အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ေတာင္ပံက မူဒရစ္ခ္တို႔ အတြက္ ေပါင္ ၁၉၅ သန္းအထိ အသုံးျပဳထားခဲ့ၿပီး ေပါင္ ၁၆၂ သန္းအထိ ပိုသုံးထားခဲ့တဲ့ ခ်ဲလ္ဆီးတို႔ကေတာ့ ရႈံးပြဲေတြနဲ႔ပဲ ႀကဳံေတြ႕ေနခဲ့ခ်ိန္မွာ ဂန္းနားေတြရဲ႕ ပါးနပ္တဲ့ Transfer Business ကေတာ့ ကြၽမ္းက်င္သူေတြ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့တာ မလြန္ဘူးလို႔လည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.