Premier League UCL&UEL

တန်ဟတ်ကို ဂုဏ်ပြုခဲ့တဲ့ ဖာဂူဆန်နဲ့ ဝင်ဘလီမှာ ရှန်ပိန်ချောင်းစီး အောင်ပွဲခံတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်ရဲ့ နယူးကာဆယ်လ်ကို ဝင်ဘလီကွင်းကြီးမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီးတဲ့နောက် ကာရာဘောင်းဆုဖလားကို လက်ခံသိမ်းပိုက်ပြီး အောင်ပွဲခံခဲ့တဲ့ အဝတ်လဲခန်းထဲက ရှမ်ပိန်ချောင်းစီးပါတီမှာ အသင်းရဲ့ ဂန္ထဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်ကပါ ပါဝင်အားပေးဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။

အသင်းရဲ့ ဖလားလက်မဲ့ဖြစ်နေခဲ့တဲ့ ငါးရာသီအပြီးမှာ နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ လူသစ်စိတ်သစ်ဖြစ်အောင် တည်ဆောက်ပေးထားနိုင်မှုနဲ့ အတူ EFL လိဂ်ဖလားလို့ မူလအမည်ရှိတဲ့ ကာရာဘောင်းဖလားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးတို့ စိုးမိုးထားတဲ့ ပြိုင်ပွဲမှာ ပြန်လည်အမောက်ထောင်ပြနိုင်ခဲ့တာပါ။

ပွဲကြီးတွေကို ဘယ်လိုကစားရမယ်မှန်း ကောင်းကောင်းသိတဲ့ ကွင်းလယ်လူ ကာစီမီရိုရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ စတင်ဦးဆောင်ခဲ့တဲ့နောက် ငှက်ကျားတွေရဲ့ ပုံမလာပန်းမလာ ကစားကွက်ကို ရက်ရှ်ဖို့ဒ်က ဖောက်ထွက်ပြီး ဒုတိယဂိုး သွင်းယူသွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့သလို ပွဲချိန်အပြည့်မှာလည်း ဒီရလဒ်နဲ့ပဲ သရဲနီတွေ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

ဆုဖလား ချီးမြှင့်မှုကို ရယူခဲ့အပြီးမှာတော့ ယူနိုက်တက်အသင်းသားတွေအနေနဲ့ ဝင်ဘလီကွင်းကြီးရဲ့ အဝတ်လဲခန်းထဲမှာ ရှန်ပိန်ပုလင်းတွေ ကိုယ်စီနဲ့ အောင်ပွဲခံခဲ့ကြရာမှာ ဆာအဲလက်စ်တစ်ယောက် ပေါက်ချလာခဲ့ပြီး နည်းပြ တန်ဟတ်ကိုလည်း ချီးကျူးအားပေးခဲ့သလို ပရိသတ်တွေအတွက် ပျော်စရာ မြင်ကွင်းလည်း ဖြစ်ခဲ့ရတာပါ။

အသင်းကို ၆ နှစ်စောင့်ပြီးမှ ဖလားရစေခဲ့တဲ့ တန်ဟတ်ကတော့ “သူ(ဖာဂူဆန်)ရောက်လာပြီး ပျော်နေတာဗျ။ ညစာစားပွဲမှာလည်း ကျွန်တော်တို့ ပျော်စရာတွေ ကြုံခဲ့ရပြီး ဆာအဲလက်စ်ကတော့ ဒီအသင်းအပေါ် သူဘယ်လောက် စိတ်နှစ်ထားတယ်ဆိုတာကို ပါဝင်ပြသနေခဲ့တာပါ။ သူ့ဆီက ကျွန်တော်တို့ အများကြီး သင်ယူရဦးမှာဖြစ်သလို ဒီအသင်းအတွက် သူလုပ်ပြခဲ့တာတွေက အတုယူစရာတွေပါပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီရာသီမှာမှ အသင်းနဲ့ ပွဲထွက်ခွင့် စရတဲ့ လူငယ်ကစားသမား အာလေဟန်ဒရို ဂါနာချိုနဲ့ ဆောင်းရာသီမှာမှ အသင်းကို ခြောက်လငှားနဲ့ ရောက်လာခဲ့တဲ့ တိုက်စစ်မှူး ဗောက် ဗက်ဂ်ဟော့စ်တို့ကတော့ ဒီနေ့ ဖလားရယူမှုမှာ ကံအလိုက်ဆုံးလူတွေဖြစ်ခဲ့ကြပြီး နောက်ပြောင်နေကျ ဘောလုံး ပရိသတ်တွေကတော့ မဆီမဆိုင်ပဲ စပါးစ်အသင်းရဲ့ ဂိုးသွင်းဘုရင် ဟာရီကိန်းကို ဒီမှာ ဖလားတွေ ရကုန်ကြပြီလို့လည်း ထိုးနှက်သွားခဲ့ကြတာပါ။

၂၀၁၇ ခုနှစ်က EFL ဖလား ဖိုင်နယ်မှာ ပါဝင်ခဲ့သူတွေထဲကနေ ဒီနေ့လူစာရင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သူကတော့ နှစ်ဦးသာ ရှိခဲ့ပြီး ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ဖြစ်ခဲ့ကြသလို အင်္ဂလန်တိုက်စစ်မှူးအနေနဲ့ ကမ္ဘာ့ဖလားအပြီး ၁၉ ပွဲမှာ ၁၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ထူးခြားမှတ်တမ်းနဲ့အတူ ဒီနေ့အောင်ပွဲက သူ့အတွက် လှပခဲ့တာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ နယူးကာဆယ္လ္ကို ဝင္ဘလီကြင္းႀကီးမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူၿပီးတဲ့ေနာက္ ကာရာေဘာင္းဆုဖလားကို လက္ခံသိမ္းပိုက္ၿပီး ေအာင္ပြဲခံခဲ့တဲ့ အဝတ္လဲခန္းထဲက ရွမ္ပိန္ေခ်ာင္းစီးပါတီမွာ အသင္းရဲ႕ ဂႏၴဝင္နည္းျပေဟာင္းႀကီး ဆာအဲလက္စ္ ဖာဂူဆန္ကပါ ပါဝင္အားေပးဂုဏ္ျပဳခဲ့ေၾကာင္း သိရပါတယ္။

အသင္းရဲ႕ ဖလားလက္မဲ့ျဖစ္ေနခဲ့တဲ့ ငါးရာသီအၿပီးမွာ နည္းျပသစ္ အဲရစ္ တန္ဟတ္ရဲ႕ လူသစ္စိတ္သစ္ျဖစ္ေအာင္ တည္ေဆာက္ေပးထားႏိုင္မႈနဲ႔ အတူ EFL လိဂ္ဖလားလို႔ မူလအမည္ရွိတဲ့ ကာရာေဘာင္းဖလားကို သိမ္းပိုက္ႏိုင္ခဲ့တာျဖစ္ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးတို႔ စိုးမိုးထားတဲ့ ၿပိဳင္ပြဲမွာ ျပန္လည္အေမာက္ေထာင္ျပႏိုင္ခဲ့တာပါ။

ပြဲႀကီးေတြကို ဘယ္လိုကစားရမယ္မွန္း ေကာင္းေကာင္းသိတဲ့ ကြင္းလယ္လူ ကာစီမီ႐ိုရဲ႕ ေခါင္းတိုက္သြင္းဂိုးနဲ႔ စတင္ဦးေဆာင္ခဲ့တဲ့ေနာက္ ငွက္က်ားေတြရဲ႕ ပုံမလာပန္းမလာ ကစားကြက္ကို ရက္ရွ္ဖို႔ဒ္က ေဖာက္ထြက္ၿပီး ဒုတိယဂိုး သြင္းယူသြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့သလို ပြဲခ်ိန္အျပည့္မွာလည္း ဒီရလဒ္နဲ႔ပဲ သရဲနီေတြ ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆုဖလား ခ်ီးျမႇင့္မႈကို ရယူခဲ့အၿပီးမွာေတာ့ ယူႏိုက္တက္အသင္းသားေတြအေနနဲ႔ ဝင္ဘလီကြင္းႀကီးရဲ႕ အဝတ္လဲခန္းထဲမွာ ရွန္ပိန္ပုလင္းေတြ ကိုယ္စီနဲ႔ ေအာင္ပြဲခံခဲ့ၾကရာမွာ ဆာအဲလက္စ္တစ္ေယာက္ ေပါက္ခ်လာခဲ့ၿပီး နည္းျပ တန္ဟတ္ကိုလည္း ခ်ီးက်ဴးအားေပးခဲ့သလို ပရိသတ္ေတြအတြက္ ေပ်ာ္စရာ ျမင္ကြင္းလည္း ျဖစ္ခဲ့ရတာပါ။

အသင္းကို ၆ ႏွစ္ေစာင့္ၿပီးမွ ဖလားရေစခဲ့တဲ့ တန္ဟတ္ကေတာ့ “သူ(ဖာဂူဆန္)ေရာက္လာၿပီး ေပ်ာ္ေနတာဗ်။ ညစာစားပြဲမွာလည္း ကြၽန္ေတာ္တို႔ ေပ်ာ္စရာေတြ ႀကဳံခဲ့ရၿပီး ဆာအဲလက္စ္ကေတာ့ ဒီအသင္းအေပၚ သူဘယ္ေလာက္ စိတ္ႏွစ္ထားတယ္ဆိုတာကို ပါဝင္ျပသေနခဲ့တာပါ။ သူ႔ဆီက ကြၽန္ေတာ္တို႔ အမ်ားႀကီး သင္ယူရဦးမွာျဖစ္သလို ဒီအသင္းအတြက္ သူလုပ္ျပခဲ့တာေတြက အတုယူစရာေတြပါပဲ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဒီရာသီမွာမွ အသင္းနဲ႔ ပြဲထြက္ခြင့္ စရတဲ့ လူငယ္ကစားသမား အာေလဟန္ဒ႐ို ဂါနာခ်ိဳနဲ႔ ေဆာင္းရာသီမွာမွ အသင္းကို ေျခာက္လငွားနဲ႔ ေရာက္လာခဲ့တဲ့ တိုက္စစ္မႉး ေဗာက္ ဗက္ဂ္ေဟာ့စ္တို႔ကေတာ့ ဒီေန႔ ဖလားရယူမႈမွာ ကံအလိုက္ဆုံးလူေတြျဖစ္ခဲ့ၾကၿပီး ေနာက္ေျပာင္ေနက် ေဘာလုံး ပရိသတ္ေတြကေတာ့ မဆီမဆိုင္ပဲ စပါးစ္အသင္းရဲ႕ ဂိုးသြင္းဘုရင္ ဟာရီကိန္းကို ဒီမွာ ဖလားေတြ ရကုန္ၾကၿပီလို႔လည္း ထိုးႏွက္သြားခဲ့ၾကတာပါ။

၂၀၁၇ ခုႏွစ္က EFL ဖလား ဖိုင္နယ္မွာ ပါဝင္ခဲ့သူေတြထဲကေန ဒီေန႔လူစာရင္းမွာ ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့သူကေတာ့ ႏွစ္ဦးသာ ရွိခဲ့ၿပီး ဂိုးသမား ေဒးဗစ္ ဒေဟးယားနဲ႔ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔ျဖစ္ခဲ့ၾကသလို အဂၤလန္တိုက္စစ္မႉးအေနနဲ႔ ကမာၻ႔ဖလားအၿပီး ၁၉ ပြဲမွာ ၁၇ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ထူးျခားမွတ္တမ္းနဲ႔အတူ ဒီေန႔ေအာင္ပြဲက သူ႔အတြက္ လွပခဲ့တာလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.