Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၇.၉.၂၀၂၀

– မန္ခ်က္စတာစီးတီးကို ေျပာင္းေရႊ႕ေတာ့မယ့္ သေဘာေဆာင္တဲ့ ႏွဳတ္ဆက္စကားကို ဘင္ဖီကာအသင္းနဲ႔ ပရိသတ္ေတြဆီ ပုိ႔ေဆာင္လိုက္ၿပီး ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ကို ေခၚယူႏုိင္ဖို႔ အစ္တီဟတ္ဘက္က ပရိသတ္ေတြ တက္ၾကြေနၾက။

– မန္ခ်က္စတာစီးတီးေနာက္ခံလူ နီကိုလတ္စ္ ေအာ့တာမန္ဒီအေနနဲ႔ ႐ူဘင္ ဒီယက္စ္ရဲ႕ အေျပာင္းအေရႊ႕တစ္စိတ္တစ္ပုိင္းအေနနဲ႔ ဘင္ဖီကာ အသင္းကို ေျပာင္းေရႊ႕သြားမွာျဖစ္ၿပီး ေပၚတူဂီကလပ္နဲ႔ သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိဖို႔ စီစဥ္ေန။

– ႐ူဘင္ ဒီယက္စ္အတြက္ မန္စီးတီးအသင္းအေနနဲ႔ ယူ႐ုိ ၅၅ သန္းနဲ႔ ေအာ့တာမန္ဒီကို ယူ႐ုိ ၁၅ သန္း သတ္မွတ္ေပးေခ်ခဲ့ရၿပီး ေပၚတူဂီလက္ေရြးစင္ေနာက္ခံလူအေနနဲ႔ တနဂၤေႏြေန႔(ဒီေန႔)မွာ လန္ဒန္ကို ေလယာဥ္နဲ႔ ေရာက္ရွိလာဖို႔ ရွိေန။

– မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာက အဂၤလန္ အက္ဖ္ေအအေနနဲ႔ ကစားသမားေတြကို ကိုယ္ခ်င္းမစာဘဲ ပြဲစဥ္ေတြကို ေရးဆြဲထားေၾကာင္းနဲ႔ သုံးရက္တစ္ပြဲေလာက္ ဆက္တုိက္ကစားရမယ့္ ဖလားပြဲနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ေဝဖန္။

– တုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးစ္အေနနဲ႔ ဝုလ္ဗ္စ္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ ၾကြက္သားဒဏ္ရာေၾကာင့္ တစ္လေလာက္ အနားယူရေတာ့မွာျဖစ္ၿပီး အေဂြ႐ို၊ ဘာနာဒို ေဆးလ္ဗား၊ ကန္ဆယ္လိုနဲ႔ ဇင္ခ်န္ကိုတုိ႔ရဲ႕ ဒဏ္ရာရလူစာရင္းမွာ အင္အားတုိးပြားလာခဲ့။

– ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရမွဳကေန ျပန္လည္ေပ်ာက္ကင္းသက္သာခဲ့တာ ရက္ပုိင္းသာ ရွိခဲ့ေသးေပမယ့္ ကာရာေဘာင္းဖလားပြဲမွာ စတင္ပြဲထြက္ခဲ့သလို အသင္းေဟာင္း လက္စတာကိုပါ ရင္ဆုိင္ကစားဖို႔ ရွိေနတဲ့ ေတာင္ပံကစားသမား မာရက္ဇ္ရဲ႕ ႀကံ့ခိုင္တဲ့ စိတ္ဓာတ္ကို ဂြါဒီယိုလာ ခ်ီးက်ဴး။

– အသက္ ၁၇ ႏွစ္အရြယ္တုိက္စစ္မွဴး လီယမ္ ဒီလက္ပ္ဟာ သူတုိ႔ေတြ ပုိင္ဆုိင္ထားတဲ့ တုိက္စစ္မွဴးေတြထဲမွာ ျခားနားတဲ့ ပုံစံနဲ႔ ႀကံ့ခုိင္မွဳ ဦးစားေပးတဲ့ ပုံစံကို ကစားႏုိင္သူျဖစ္ၿပီး ေလ့က်င့္ခန္းအစီအစဥ္ေတြမွာလည္း အဆုံးသတ္ေကာင္းမြန္မွဳကို ေတြ႕ျမင္ေနရတယ္လုိ႔ ဂြါဒီယိုလာ သုံးသပ္ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးကို ပြောင်းရွှေ့တော့မယ့် သဘောဆောင်တဲ့ နှုတ်ဆက်စကားကို ဘင်ဖီကာအသင်းနဲ့ ပရိသတ်တွေဆီ ပို့ဆောင်လိုက်ပြီး နောက်ခံလူ ရူဘင် ဒီယက်စ်ကို ခေါ်ယူနိုင်ဖို့ အစ်တီဟတ်ဘက်က ပရိသတ်တွေ တက်ကြွနေကြ။

– မန်ချက်စတာစီးတီးနောက်ခံလူ နီကိုလတ်စ် အော့တာမန်ဒီအနေနဲ့ ရူဘင် ဒီယက်စ်ရဲ့ အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဘင်ဖီကာ အသင်းကို ပြောင်းရွှေ့သွားမှာဖြစ်ပြီး ပေါ်တူဂီကလပ်နဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုဖို့ စီစဉ်နေ။

– ရူဘင် ဒီယက်စ်အတွက် မန်စီးတီးအသင်းအနေနဲ့ ယူရို ၅၅ သန်းနဲ့ အော့တာမန်ဒီကို ယူရို ၁၅ သန်း သတ်မှတ်ပေးချေခဲ့ရပြီး ပေါ်တူဂီလက်ရွေးစင်နောက်ခံလူအနေနဲ့ တနင်္ဂနွေနေ့(ဒီနေ့)မှာ လန်ဒန်ကို လေယာဉ်နဲ့ ရောက်ရှိလာဖို့ ရှိနေ။

– မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက အင်္ဂလန် အက်ဖ်အေအနေနဲ့ ကစားသမားတွေကို ကိုယ်ချင်းမစာဘဲ ပွဲစဉ်တွေကို ရေးဆွဲထားကြောင်းနဲ့ သုံးရက်တစ်ပွဲလောက် ဆက်တိုက်ကစားရမယ့် ဖလားပွဲနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဝေဖန်။

– တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်အနေနဲ့ ဝုလ်ဗ်စ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် တစ်လလောက် အနားယူရတော့မှာဖြစ်ပြီး အဂွေရို၊ ဘာနာဒို ဆေးလ်ဗား၊ ကန်ဆယ်လိုနဲ့ ဇင်ချန်ကိုတို့ရဲ့ ဒဏ်ရာရလူစာရင်းမှာ အင်အားတိုးပွားလာခဲ့။

– ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကနေ ပြန်လည်ပျောက်ကင်းသက်သာခဲ့တာ ရက်ပိုင်းသာ ရှိခဲ့သေးပေမယ့် ကာရာဘောင်းဖလားပွဲမှာ စတင်ပွဲထွက်ခဲ့သလို အသင်းဟောင်း လက်စတာကိုပါ ရင်ဆိုင်ကစားဖို့ ရှိနေတဲ့ တောင်ပံကစားသမား မာရက်ဇ်ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ကို ဂွါဒီယိုလာ ချီးကျူး။

– အသက် ၁၇ နှစ်အရွယ်တိုက်စစ်မှူး လီယမ် ဒီလက်ပ်ဟာ သူတို့တွေ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူးတွေထဲမှာ ခြားနားတဲ့ ပုံစံနဲ့ ကြံ့ခိုင်မှု ဦးစားပေးတဲ့ ပုံစံကို ကစားနိုင်သူဖြစ်ပြီး လေ့ကျင့်ခန်းအစီအစဉ်တွေမှာလည်း အဆုံးသတ်ကောင်းမွန်မှုကို တွေ့မြင်နေရတယ်လို့ ဂွါဒီယိုလာ သုံးသပ်ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.