Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၇.၉.၂၀၂၀

– လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀+ ခံစားခြင့္ေတြနဲ႔ ေခၚယူဖို႔ ခရစၥတယ္လ္ပဲေလ့စ္အသင္းက ထိပ္ဆုံးက ဦးေဆာင္ေနေပမယ့္ လီဗာပူးလ္က ေတာင္းဆုိတဲ့ ျပန္လည္ေခၚယူခြင့္ကို ထည့္သြင္းမေပးခ်င္တာေၾကာင့္ အဆင္မေျပျဖစ္ေန။

– လီဗာပူးလ္အသင္းရဲ႕ ဘရာဇီးလ္လူငယ္ဂိုးသမားသစ္ မာဆယ္လို ပီတာလူဂါအေနနဲ႔ ဖလူမီနန္စီအသင္းကေန ေရာက္ရွိလာၿပီးတဲ့ေနာက္ ပထမဆုံး ထရိန္နင္ကို လာမယ့္အပတ္အတြင္း စတင္လုပ္ေဆာင္သြားဖို႔ရွိေန။

– ေရာင္းခ်ဖို႔ ဝယ္လက္ရွာမရခ်ိန္မွာ အသင္းရဲ႕ နာမည္ပ်က္နဲ႔ဂိုးသမား လိုရစ္ ကားရီးယပ္စ္ကို အငွားခ်သြားဖို႔ ရွိေနၿပီး ဘြန္ဒက္စ္လီဂါ ကလပ္ ယူနီယံ ဘာလင္အသင္းဆီ တစ္ႏွစ္အငွားနဲ႔ ပုိ႔ေဆာင္သြားဖို႔ စီစဥ္ေန။

– ဂ်ိမ္းစ္ မီလ္နာရဲ႕ ကြင္းလယ္ေနရာကို အစားထိုးဖို႔ ဆားဘီးယားကြင္းလယ္လူ မာကို ဂ႐ူယစ္ခ်္က လုပ္ေဆာင္ႏုိင္လိမ့္မယ္လို႔ စာရင္းအင္း အခ်က္အလက္ေတြ ေလ့လာသူေတြက ေဖာ္ျပခဲ့ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ကလည္း အေသးစိတ္ ေလ့က်င့္မွဳကို ညႊန္ၾကားေပးေန။

– သီယာဂို အယ္လ္ကန္တာရာဟာ ထိပ္တန္းအဆင့္ ကစားသမားတစ္ေယာက္ျဖစ္ၿပီး အသင္းရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္သြားႏုိင္ဖို႔ လုပ္ေဆာင္ေပးႏုိင္လိမ့္မယ္လို႔ ဂိုးသမား အယ္လီဆန္ ဘက္ကာေျပာၾကား။

– အာဆင္နယ္အသင္းကို ေနာက္ဆုံးေတြ႕ဆုံမွဳ ႏွစ္ႀကိမ္မွာ ရွဳံးနိမ့္ထားခဲ့ရတာကို လက္စားေခ်ဖို႔ အသင္းသားေတြအားလုံး စိတ္အားထက္သန္ေနၾကၿပီး အန္းဖီးလ္ဒ္မွာ ေျမာက္လန္ဒန္အသင္းကို အႏုိင္ရမယ္လို႔ ယုံၾကည္ေနေၾကာင္း ကေလာ့ပ္ ေျပာၾကား။

– အသက္ ၁၉ ႏွစ္အရြယ္ ကြင္းလယ္လူ ကားတစ္ ဂ်ဳံးစ္အတြက္ အသင္းႀကီးရဲ႕ တံခါးေပါက္က ဖြင့္လွစ္ထားၿပီးျဖစ္ၿပီး လီဗာပူးလ္အသင္းရဲ႕ ဒီရာသီပြဲစဥ္ေတြမွာ ၿပီးခဲ့တဲ့ႏွစ္ကထက္ ပုိမိုကစားခြင့္ရလိမ့္မယ္လို႔ ယာဂန္ ကေလာ့ပ္က အာမခံခ်က္ေပးထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀+ ခံစားခွင့်တွေနဲ့ ခေါ်ယူဖို့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းက ထိပ်ဆုံးက ဦးဆောင်နေပေမယ့် လီဗာပူးလ်က တောင်းဆိုတဲ့ ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းမပေးချင်တာကြောင့် အဆင်မပြေဖြစ်နေ။

– လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်လူငယ်ဂိုးသမားသစ် မာဆယ်လို ပီတာလူဂါအနေနဲ့ ဖလူမီနန်စီအသင်းကနေ ရောက်ရှိလာပြီးတဲ့နောက် ပထမဆုံး ထရိန်နင်ကို လာမယ့်အပတ်အတွင်း စတင်လုပ်ဆောင်သွားဖို့ရှိနေ။

– ရောင်းချဖို့ ဝယ်လက်ရှာမရချိန်မှာ အသင်းရဲ့ နာမည်ပျက်နဲ့ဂိုးသမား လိုရစ် ကားရီးယပ်စ်ကို အငှားချသွားဖို့ ရှိနေပြီး ဘွန်ဒက်စ်လီဂါ ကလပ် ယူနီယံ ဘာလင်အသင်းဆီ တစ်နှစ်အငှားနဲ့ ပို့ဆောင်သွားဖို့ စီစဉ်နေ။

– ဂျိမ်းစ် မီလ်နာရဲ့ ကွင်းလယ်နေရာကို အစားထိုးဖို့ ဆားဘီးယားကွင်းလယ်လူ မာကို ဂရူယစ်ချ်က လုပ်ဆောင်နိုင်လိမ့်မယ်လို့ စာရင်းအင်း အချက်အလက်တွေ လေ့လာသူတွေက ဖော်ပြခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်ကလည်း အသေးစိတ် လေ့ကျင့်မှုကို ညွှန်ကြားပေးနေ။

– သီယာဂို အယ်လ်ကန်တာရာဟာ ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်သွားနိုင်ဖို့ လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ဂိုးသမား အယ်လီဆန် ဘက်ကာပြောကြား။

– အာဆင်နယ်အသင်းကို နောက်ဆုံးတွေ့ဆုံမှု နှစ်ကြိမ်မှာ ရှုံးနိမ့်ထားခဲ့ရတာကို လက်စားချေဖို့ အသင်းသားတွေအားလုံး စိတ်အားထက်သန်နေကြပြီး အန်းဖီးလ်ဒ်မှာ မြောက်လန်ဒန်အသင်းကို အနိုင်ရမယ်လို့ ယုံကြည်နေကြောင်း ကလော့ပ် ပြောကြား။

– အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူ ကားတစ် ဂျုံးစ်အတွက် အသင်းကြီးရဲ့ တံခါးပေါက်က ဖွင့်လှစ်ထားပြီးဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ ဒီရာသီပွဲစဉ်တွေမှာ ပြီးခဲ့တဲ့နှစ်ကထက် ပိုမိုကစားခွင့်ရလိမ့်မယ်လို့ ယာဂန် ကလော့ပ်က အာမခံချက်ပေးထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.